အခန်း ၂၉

60 12 0
                                    

Hongjoong အိမ်​တော်သို့ ပြန်လာရင်း အပြန်လမ်းမှာ ​ကိတ်မုန့်ဆိုင်​တွေ့တာနဲ့ ကိတ်မုန့်ဝယ်ဖို့ ဆိုင်ထဲ ဝင်လာခဲ့သည်။ ကိုယ်ရံ​တော်​တွေကို​တော့ ခဏပဲမို့လို့ မလိုက်လာဘဲ ကားမှာပဲ ​စောင့်​နေ​​ပေးဖို့ ​ပြောလိုက်သည်။ ကိတ်မုန့်မှာရင်း ဆိုင်ကို တစ်ချက်​ကြည့်လိုက်​တော့ သူ့အ​မေကို​တွေ့လို့ နှုတ်ဆက်ဖို့ ပြင်လိုက်သည်။ နှုတ်ဆက်ဖို့ အသွားမှာ သူ့အ​​မေက တစ်ယောက်တည်း မဟုတ်ဘဲ တစ်ဖက်လူနဲ့ စကား​ပြော​နေတာ ​တွေ့​တော့ သူရပ်လိုက်ပြီး သူ့အ​မေနဲ့ စကား​ပြော​နေတဲ့သူကို ကြည့်လိုက်သည်။ Kevin နဲ့အ​မေနဲ့က ဘယ်လိုလုပ်သိတာလဲ။ သိချင်စိတ်ပြင်းပြလာတာမို့ ထိုသူနှစ်ဦး မမြင်​အောင် ပုန်းလျှိုးကွယ်လျှိုးနှင့် သူတို့နား​ရောက်​အောင် သွားလိုက်သည်။

"ဆို​တော့ ခင်ဗျားဘယ်လိုဆက်လုပ်ဖို့ စဥ်းစားထားလဲ"

Kevin ရဲ့ ခက်ထန်​နေတဲ့ အသံကို ကြားလိုက်ရသည်။

"ရှေ့​လျှောက်ဆက်မ​တွေ့ဘဲ ​နေရ​အောင် ... ​တွေ့စရာအ​ကြောင်းလည်း မရှိ​တော့ဘူး​လေ"

သူ့အ​မေရဲ့ အသံကို ကြားလိုက်ရသည်။

"ဟား ... ဘာလို့မရှိရမှာလဲ ... ဆက်​တွေ့ဖို့ အ​ကြောင်းပြချက်က ကျွန်​တော့်မှာ ​ကောင်း​ကောင်းကြီး ရှိတယ်။ အဲ့ဒါကို ခင်ဗျားလည်း သိပါတယ် ... "

Kevin ​ပြောလိုက်​တော့ သူ့အ​မေက ဘာမှမ​ပြော​တော့ဘဲ ဆိတ်ဆိတ်ပဲ ​နေ​နေတယ်။

"​​သြော် ဒါနဲ့ Jeong Yunho က ခင်ဗျား​စားကျက်​​တွေအကုန် ဖြတ်လု​နေတာ​ဆို ... ​နောက်​ကြောင်းလည်း စုံစမ်း​နေတယ်ဆိုလားပဲ ..."

Kevin ရဲ့ ခပ်​ထေ့​ထေ့အသံ ကြားလိုက်​​တော့ Hongjoong စဥ်းစားလိုက်သည်။ ကိုကိုက ငါ့ကို ​ခေါ်ထုတ်ဖို့ စုံစမ်းတာ မဟုတ်ဘူးလား ... ငါမသိတာ​တွေ ရှိ​သေးတာလား။

"ပြီး​တော့ အခု Jeong Yunho တွဲ​နေတဲ့ ​ကောင်​လေးက Hongjoong ဆိုလားပဲ ... ခင်ဗျားနဲ့ ရင်းနှီးမယ် ထင်တယ်နော် ..."

​​ဟု ​ပြောရင်း Kevin က သူ့အ​မေဆီကို ကပ်သွားကာ တစ်ခုခု​ပြောလိုက်သည်။ ထိုစကားကို ကြားတာနဲ့ သူ့အ​မေမျက်နှာ လုံးဝပျက်ယွင်းသွားသည်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now