အခန်း ၁၆

79 13 0
                                    

ရင်ခွဲရုံတွင်...

"အရာရှိ Kang Yeosang ပါ မနက်က လွှဲလိုက်တဲ့ အ​လောင်းကို လာကြည့်တာပါ"

ရင်ခွဲရုံထဲဝင်ကာ အ​လောင်း​ကောင်ကို ကြည့်လိုက်ရင်း Yeosang သက်ပြင်းချမိသည်။ မ​နေ့ညကတင် သူနဲ့စကား​ပြောသွားခဲ့တဲ့သူက အခု​တော့ ​တစ်ကိုယ်လုံး​အေးစက်​တောင့်တင်းပြီး အသက်မရှိ​တော့ဘူးတဲ့လား။ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်​တွေ ခုခံထားတာ​တွေ ရှိမရှိ သူကြည့်လိုက်သည်။ အရင်က လူအတိုင်း ဓါးဒဏ်ရာနှစ်ချက်။ ထိုးချက်တိုင်း ​သေသပ်ပြီး တိကျသည်။ ထိုအချက်က သူ့ကို စဥ်းစား​စရာ​ပေးသည်။ ဘယ်လိုပဲ ကျွမ်းကျင်တဲ့သူ ဖြစ်ပါ​စေ အသက်ရှိ​နေတဲ့ လူတစ်​ယောက်ကို တစ်ချက်မှရုန်းကန်နိုင်​ခြင်း မရှိဘဲ ဓါးနဲ့ ဘယ်လိုထိုးလဲ။ ကြိုးနဲ့တုပ်တယ် ​ပြောရ​အောင်လည်း ဒဏ်ရာဒဏ်ချက်မ​​တွေ့ရ။ အဆိပ်​ငွေ့လွှတ်တယ်ဆိုရ​အောင်လည်း အသက်ရှူကြပ်ခဲ့တဲ့ပုံ​တွေ မ​တွေ့ရ။ ထိုစဥ် စခန်းမှူးဆီမှ ဖုန်းဝင်လာသည်။"

"အရာရှိ Kang စခန်းကို အခုချက်ချင်း ပြန်လာခဲ့ပါ။ ​သေဆုံးရတဲ့အ​ကြောင်းရင်းကို သိရပြီ။"
_________________________________________

"Nitrous Oxide! Laughing gas လို့လည်း ခေါ်တယ်။ ​ဆေးကုသတဲ့အခါ သုံး​ပေမယ့်လည်း ပမာဏများသွားရင် ရှူရှိုက်မိတဲ့သူက ​မူး​မော်လာပြီး စိတ်ဓါတ်ကျသွားမယ်၊ သတိလွတ်ချင်သလို ဖြစ်သွားမယ်။ အဲ့အချိန်မှာ လူသတ်သမားက ဓါးနဲ့ထိုး သတ်လိုက်တာပဲ။"

"​လူသတ်လက်နက်သိပြီဆို​တော့ လူသတ်သမားကို ​ဖော်ထုတ်ဖို့ပဲ ကျန်​တော့တယ်။ လူ​သေမှု နှစ်ခုကို ကြည့်ရင် လူသတ်သမားက တစ်​ယောက်တည်းသမား​တွေကို ပစ်မှတ်ထားတယ်လို့ ယူဆဖွယ် ရှိတယ်။ ... ပြီး​တော့ ​နောက်တစ်ခုက အလင်း​ရောင်​ဂေဟာက လူ​တွေကို ပစ်မှတ်ထားတာပဲ။"

စခန်းမှူးဆိုလာတဲ့ စကား​ကြောင့် Yeosang စခန်းမှူးကို ကြည့်လိုက်သည်။ အလင်း​ရောင်​ဂေဟာ။ ငါရင်းနှီး​နေသလိုပဲ။ ဘယ်မှာကြားဖူးတာပါလိမ့်။

"ကျွန်​တော်နဲ့ အရာရှိ Jeong တို့ အသတ်ခံရသူ နှစ်​ယောက်ရဲ့ အိမ်​တွေကို ထပ်သွားစစ်​တော့ ဒီပုံနှစ်ပုံတွေ့တယ်။ ကြည့်ကြည့်လိုက်။"

Everything I do, I do it For You (Unicode Only)Where stories live. Discover now