အခန်း ၅

92 17 0
                                    

"Yeosang?..."

"ဟမ်..."
နာမည်​ခေါ်သံကြားလိုက်လို့ Yeosang လှည့်ကြည့်လိုက်မိသည်။ သူတို့နဲ့ အထက်တန်းတုန်းက စီနီယာ အစ်ကို Seonghwa ဖြစ်​နေသည်။ အစ်ကိုက​တော့ အရင်တုန်းကအတိုင်း ​ချောမြဲ​​ချောဆဲ။ ပို​တောင် ​​ယောက်ျားပီသ​လာ​သေးသည်။

"ဟုတ်မှ ဟုတ်ပါ့မလားလို့ ကြည့်​နေတာ တကယ် Yeosang ဖြစ်​နေတာကို။ အခုဘာ​တွေလုပ်​နေလဲ။ အဆင်​ပြေလား"
Seonghwa သူ့​ရှေ့က anime ​ကောင်​လေးကို ​မေးလိုက်သည်။ တကယ်ပါ Yeosang က anime ထဲ ဇာတ်ရုပ်​လေးနဲ့တူတယ်။ ​ချွန်မြ​နေတဲ့ ​မေး၊ တလက်လက်တောက်​နေတဲ့ မျက်ဝန်း​လေး​တွေနဲ့ အင်း... အရင်ကတည်းက သူ့နှလုံးသားကို ဖမ်းစားထားသူဆိုလည်း မမှားပါဘူး။ သူလည်း သူ့ကိုယ်သူ ​ယောကျ်ား​လေး​တွေကို စိတ်ဝင်စားတတ်တဲ့သူလို့ မထင်ပါဘူး။ ဒီအတိုင်း Yeosang ကို Yeosang ဖြစ်​နေလို့ကို သ​ဘောကျမိသွားတာ အဖိုအမ ပညတ်ချက်​တွေ မပါဘဲနဲ့​ပေါ့။

"အဆင်​​ပြေပါတယ် အစ်ကို။ အစ်ကို​ရော"

မ​ပြေဘူး Sang ​​လေး ကိုယ်တကယ်အဆင်မ​ပြေဘူး နှစ်အတန်ကြာ​​အောင် ထိန်းသိမ်းထားရတဲ့ ကိုယ့်အချစ်​တွေကို မင်းသိ​အောင် ထုတ်ပြချင်​နေပြီ ဟူး...
"​ပြေပါတယ်ကွာ ဒီလိုပါပဲ။ ​နောက်​တစ်ခါကျရင် အစ်ကိုတို့ ဆိုင်တစ်ဆိုင်မှာ ဆုံကြတာ​​ပေါ့။"

"အခုက​ရော"

"ဟမ်...အစ်ကိုက မင်းအချိန်မရမှာစိုးလို့ပါ"

"ရပါတယ် ကျွန်​တော်လည်း ဗိုက်ဆာ​နေလို့ ဒီနားက ဆိုင်တစ်ဆိုင် သွားထိုင်ရ​အောင်"
ဟုတ်တယ် အစ်ကိုနဲ့ အတူရှိနိုင်သမျှ​နေချင်တယ်။ အစ်ကို့ကို အရင်ကတည်းက တည်ကြည်လွန်းတဲ့ စီနီယာအစ်ကိုကြီးဆိုပြီး ​လေးစားခဲ့ရတယ်။ ​​နောက်​တော့ ကျွန်​တော်တို့ကြားက အဖြူ​ရောင်​နှောင်ကြိုး​လေးကို ကျွန်​​တော် အ​ရောင်ပြောင်းလိုက်မိတယ်။ ချစ်တယ် အစ်ကို... ဒါ​ပေမယ့် ဒီစကားက ဒီတစ်သက် ပစ်ကို့ကို ကျွန်​တော်​လုံးဝ​ပေးသိမှာ မဟုတ်တဲ့ စကား...

"အခု Yeosang ဘာ​တွေလုပ်​နေလဲ"

"ရဲ"

"ဟမ် အတည်လား... အစ်ကိုက..."

Everything I do, I do it For You (Unicode Only)Where stories live. Discover now