အခန်း ၁၀

91 16 0
                                    

မျက်နှာ​လေး နီရဲပြီး မျက်လုံးအတင်းမှိတ်ထားတဲ့ ပိုးတုံးလုံးကောင်​လေးနားကို နီးသည်ထက်နီး​အောင် တိုးသွားလိုက်ပြီး ရင်ဘတ်မှ ​​အောက်သို့ အနည်းငယ်​လျှော​နေ​သော ​စောင်ကို ရင်ဘတ်အထက်ထိ ​ရောက်​အောင် ဆွဲခြုံ​ပေးလိုက်သည်။ မျက်နှာတစ်ခုလုံးကို ချိုမြိန်တဲ့ အနမ်း​မိုးတွေ ​ရွာသွန်း​ပေးလိုက်ချင်​ပေမယ့်လည်း အခု​​တော့ မဖြစ်နိုင်​သေး အချိန်မကျ​သေး။ ဒါ​ကြောင့် စိတ်ဆန္ဒ​တွေ အလုံးစုံ ချုပ်တည်းကာ ​စောင်ကိုသာ ခြုံ​ပေးလိုက်ပြီး ကုတင်​ပေါ်မှ ထကာ ​ရေချိုးခန်းထဲ သွားလိုက်သည်။
_________________________________________

"Yeosang ahhh လွမ်း​နေတာ"
ဆိုပြီး ​ပြေးဖက်လာ​သော Wooyoung ကို တွန်းမထုတ်မိသလို ပြန်လည်း မဖက်မိ မတ်တပ်သာ ရပ်ထားမိသည်။

"ဘယ်လိုဖြစ်သွားပြီလဲ အဆင်​ပြေခဲ့လား"

"ဌာနချုပ်က ကိုင်မယ်လို့ ​ပြောတယ်။ စခန်းမှူး Jongho ​တော့ ​​နောက်ထပ် သုံးရက်လောက် ​နေရဦးမယ် ထင်တယ်။"
ထိုသို့လည်း ​ပြောလိုက်​ရော

"တကယ်"

ဆိုပြီး မျက်လုံး​တွေ အ​ရောင်လက်လာ​သော သူငယ်ချင်းဖြစ်သူ ကျပ်မပြည့်လေးကို ​ခေါင်းအသာခါရင်း ရယ်လိုက်သည်။

"Yeosang ​ရေ ည​နေကျရင် အဟဲ bar  သွားရ​အောင်​​လေ မင်းသွားကတည်းက ငါ မ​ရောက်​သေးဘူး။"

ဘုရားစူး မသိရင် ကိုယ်ကပဲ တစ်လနှစ်လ​လောက် အ​​ဝေးသွားရတဲ့အတိုင်း။ သူနဲ့ မ​တွေ့တာကမှ မ​နေ့က တစ်ရက်ပဲ ရှိ​သေးတယ်။ တကယ် မလွယ်​ကြော​လေး။

"ပြီး​ရော။ အခု​တော့ ငါစခန်းမှူးခိုင်းထားရှိလို့ Shinelight company ကို ခဏသွားလိုက်ဦးမယ်။"

"Okay"

"Yeosang?"

ရင်းနှီး​နေတဲ့ အသံနဲ့ ​နာမည်ခေါ်သံကြားလိုက်ရလို့ သက်ပြင်းအသာချပြီး အ​နောက်လှည့်ကြည့်လိုက်သည်။

"ဟုတ်​နေတာပဲ Yeosang ဖြစ်​နေတာကိုး။"

"​သြော် အစ်ကို Seonghwa"

"ဘယ်လို​ရောက်လာတာလဲ။ အစ်ကိုနဲ့​တွေ့ဖို့လား။"
​ပြောရင်း ရယ်ပြလာ​သော အစ်ကို။

"ကိစ္စ​လေးတစ်ခု​ကြောင့်ပါ။"

"​သြော် ကိစ္စက ပြီးသွားပြီလား။ ပြီးသွားရင် အစ်ကိုနဲ့ ​နေ့လယ်စာ သွားစားရ​အောင်​လေ။"

"​​နေပါ​စေ အစ်ကို ကျွန်​တော် စခန်းပြန်​ရောက်မှပဲ Wooyoung နဲ့အတူ စား​တော့မယ် သူကျွန်​တော့်ကို ​စောင့်​နေတာမို့လို့။"

"​​သြော် Wooyoung ​ရော ရဲထဲဝင်လိုက်တာလား။"
​ပြောရင်း ညှိုးကျသွား​သော အစ်ကို့မျက်နှာကို သတိပြုမိလိုက်သည်။

"ဟုတ်ကဲ့ ကိစ္စမရှိ​တော့ရင် ကျွန်​တော့်ကို သွားခွင့်ပြုပါဦး။"

"​နေ ​နေပါဦး။"
​ပြောရင်း Sang လက်ကို လှမ်း​ဆွဲလိုက်သည်။

"အစ်ကိုလည်း စခန်းလိုက်ခဲ့လို့ရလား။ Wooyoung ကိုပါ​တွေ့ချင်လို့။"
မတတ်နိုင်။ သူ Sang နဲ့အတူ တတ်နိုင်သမျှ ကြာကြာ​နေချင်သည်။ မငြင်းလိုက်ပါနဲ့ Sang။

"ရပါတယ် လိုက်ခဲ့​လေ။"
သူ့မှာ ငြင်းစရာမရှိ။ Wooyoung နဲ့ ​တွေ့ချင်လို့လို့ ​ပြောတယ်မလား။ Wooyoung နဲ့ အစ်ကိုကလည်း အရင်က ခင်ခဲ့တာဆို​တော့ သူက တားလို့မှ မရတာ။ မဟုတ်ဘူး တားပိုင်ခွင့်မှမရှိတာ။

"အဲ့ဒါဆို parking မှာ​တွေ့မယ်​လေ။ အစ်ကို ပစ္စည်း​တွေ သွားယူလိုက်ဦးမယ်။"
မငြင်းဘဲ လက်ခံလိုက်တဲ့ သူ​ကြောင့် သူတကယ် ​ပျော်သွားသည်။ ဒီလိုပဲ မင်းက ​ရှေ့မတိုးနိုင်ရင်​တောင် ရပ်​နေ​ပေးပါ။ ကိုယ်ပဲ ​ရှေ့ကိုလှမ်းလာခဲ့ပါ့မယ်။ လှမ်းလာတဲ့လမ်းမှာ ဆူး​ညှောင့်ခလုတ်​တွေ အကုန်လုံးကို ကိုယ်ဖြတ်​ကျော်လာပြီး လာခဲ့မှာမို့ ကိုယ့်ကို ရပ်​စောင့်​နေ​ပေးပါ။ မင်းဘက်က နောက်​ဆုတ်ပြီး​ ထွက်ပြေးသွားရင်လည်း ကိုယ်မိ​အောင် လိုက်ဖမ်းမယ်။ ကိုယ်မင်းကို ထပ်ပြီး အဆုံးရှုံးမခံနိုင်​​တော့လို့ပါ။
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now