အခန်း ၃၀

69 14 0
                                    

Kevin သူ့တိုက်ခန်းသူ ပြန်လာခဲ့သည်။ အခုချိန်မှာ ဘယ်သူနဲ့မှ သူစကားမ​ပြောချင်။ သူတစ်​ယောက်တည်းသာ ​နေလိုသည်။ ​ရေမိုးချိုး အဝတ်အစားလဲပြီး ခုတင်​ပေါ်တက်လိုက်ရင်း သူအ​တွေးကမ္ဘာထဲ အလည်သွားလိုက်သည်။ သုံးနာရီ​လောက်ကြာ​တော့ သူဖုန်းဆက်ရန် ပြင်လိုက်သည်။

"တီ... Hello"

"Hello ... Dad"

"မင်း... ဘာလို့ဖုန်းဆက်တာလဲ"

"သားက အ​ဖေကို ဆက်တာ အ​ကြောင်းရှိရမှာလား"

"ဟိုတစ်​ခေါက်ကပဲ မင်းပိုက်ဆံ​တောင်းထားလို့ လှမ်းပို့ပြီးပြီ​လေ ... အခုက ဘာအတွက် ဆက်တာလဲ"

"ဟိုး ... ကျွန်​တော် ပိုက်ဆံ​တောင်းတာ အ​ဖေ့ဆီက မဟုတ်ပါဘူး ... အဟင်း ကြည့်ရတာ အဆက်အသွယ် ရှိ​နေ​သေးပုံ ရတယ်​နော်"

"ကိစ္စမရှိရင် ဒါပဲ ... ငါမအားဘူး"

"ခဏ ... ခဏ​လေးပဲ ... ကျွန်​​တော်​မေးစရာ​ရှိလို့"

"​မေး"

"ကျွန်​​တော့်ကို သားလို့ တစ်ခါ​​လောက် မြင်ဖူးလား ... အသိအမှတ်ပြုဖူးလား"

သူဒီ​​မေးခွန်းကို ​မေးလိုက်တာ ​မျှော်လင့်ချက်​တွေ ပါတယ်ဆိုတာ သူကိုယ်တိုင် အသိဆုံးပင်။

"ဟက် ... ထူးထူးဆန်းဆန်း ... မင်းပုံစံအတိုင်းပဲ မင်း​နေစမ်းပါ ... ဒါပဲ"

လိုင်းကျသွားတဲ့ဖုန်းကိုကြည့်ရင်း ဆုပ်ကိုင်ထားတဲ့လက်​တွေ တင်းကြပ်လာသည်။ ဘာလို့လဲ ဘာလို့သူ့ကို အမြဲအဲ့လိုဆက်ဆံကြတာလဲ။ ဆို့နင့်လာတဲ့ ခံစားချက်​ကြောင့် သူဖုန်းကို လွှင့်ပစ်လိုက်ကာ ​အော်ဟစ်ပစ်လိုက်သည်။ သူက အားလုံးအတွက် မ​ကောင်းဆိုးဝါးပဲ။ ဟက် ... အဲ့လို သတ်မှတ်ထားကြမှ​တော့ သူက ထူးပြီး ​ကောင်းပြ​နေစရာမလို​တော့ဘူးမလား။ နာကျင်​နေ​သော မျက်ဝန်းတစ်စုံနဲ့မလိုက်ဖက်စွာ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခုက ​နေရာယူထားသည်။
_________________________________________

"Yeosang"

သူ့ကို ​ခေါ်လိုက်တာ​ကြောင့် Yeosang သူ့သူငယ်ချင်း Wooyoung ကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်​ယောက်လုံး Jongho အိမ်မှာ ​သောင်တင်​နေခြင်းပင်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now