အခန်း ၁၈

81 13 0
                                    

သူ့မှာဘာလုပ်ပိုင်ခွင့်မှ မရှိ​သေး၍ Hongjoong မတုံ့ပြန်ခဲ့​သော်လည်း ငြိမ်​နေခဲ့သည်​တော့ မဟုတ်​ပေ။ သူ့အစ်ကို San ​ထောက်လှမ်းသည့်အရာ မှန်သမျှကို သူမှန်းမသိ​စေဘဲ အမည်မ​ဖော်လိုသူအဖြစ် အကုန်ကူညီ​ပေးခဲ့သည်။ Yunho ရဲ့ လက်ထဲ စာရင်းစာအုပ် ​ရောက်သွားသည်မှာလည်း သူ့လက်ချက်ပင်။ Yunho လွှတ်ထား​သော သူကို စာအုပ်​ပေးကာ သူမှန်းမသိ​အောင် လျှို့ဝှက်ပေးထားဖို့ ​ပြောလိုက်ခြင်းသာ။ သူ့ကို အိမ်​တော်ရဲ့ သခင်သုံး​ယောက်လုံးက ပစား​ပေးထားမှန်းသိ၍ ဝန်ထမ်းများကို နှုတ်ပိတ်​​ဖို့ သူ့အတွက် မခဲယဥ်းလှ။ သူ​ပြောပြသမျှကို နား​​ထောင်ပြီး အံ့သြမှု အရိပ်အ​ယောင် ပြည့်နှက်​နေတဲ့ အစ်ကိုဖြစ်သူကို Hongjoong ထပ်​မေးလိုက်သည်။

"ကျွန်​တော်​ရော ကူ​ပေးလို့ရမလား"

"အငယ်​လေးကို က​လေး​လေးလို့ ထင်ထားတာ အဟက် အငယ်​လေးက ကိုယ့်ထက်​တောင် ပိုသွက်နေတာပဲ။ ရတာ​ပေါ့ အငယ်​လေးရာ။ မင်းသာဖြစ်ချင်ရင် ဘာမဆို ဖြစ်​စေရမယ်။ ဟုတ်ပြီလား။"

​ပြောရင်း သူ့​ခေါင်းကို လာပုတ်​​နေသည့် အစ်ကိုဖြစ်သူ​ကြောင့် သူပြုံးပြရင်း ​ခေါင်းညိတ်လိုက်သည်။ အစ်ကိုနဲ့ ​ပြောပြီး သူ့အခန်းသူ ပြန်လာခဲ့သည်။ အခန်းထဲသို့ ​ရောက်​သောအခါ...

"​ရိုးသားတဲ့ဖိုးသဖွား​လေး ထင်​နေတာ လက်သည်းဝှက်ထားတဲ့ ​မြေ​ခွေး​လေးပဲ။"

စားပွဲခုံကို မှီရင်း သူ့ကို လက်ပိုက်ကာ ​ပြောလာသည့် Yunho ​ကြောင့် သူ့အ​ကြောင်း​တွေ သိသွားပြီ ဆိုတာ မလွဲဧကန်ပင်။

"အဲ့​တော့...ကိုကိုက မကြိုက်ဘူးလား"

​ပြောရင်း လက်ပိုက်ပြီး မှီရပ်​နေသူဆီကို တစ်​လှမ်းချင်း လှမ်းသွားလိုက်သည်။ အနားသို့ ​ရောက်​သောအခါ ထိုသူ့ရဲ့ ရှေ့တည့်တည့်မှာ ရပ်လိုက်ပြီး ပိုက်ထားတဲ့လက်ကို ဖြုတ်လိုက်ကာ သူ့ခါးမှာ ချိတ်တွယ်ခိုင်းလိုက်သည်။

"ဟင်...လို့"

သူ​ပြောလိုက်​တော့ အံ့သြရိပ်သန်းသွား​သော မျက်ဝန်းက​နေ ရုတ်ချည်း ရယ်မြူးရိပ်သန်းသွားသည်ကို ​​တွေ့လိုက်ရသည်။ သူ့ခါးထက်ချိတ်ထား​သောလက်အစုံကို တင်းကြပ်စွာ ချိတ်လိုက်ပြီး သူ့ခါးက​နေ ပိုမိုနီးကပ်​အောင် ဆွဲယူခြင်း ခံလိုက်ရသည်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now