အခန်း ၂၅

75 14 0
                                    

"Young ​လေး"

သူ့ကို​ခေါ်ပြီး အနားတိုးလာ​သော နတ်ဆိုး​ကြောင့် Wooyoung ပန်းကန်​ဆေးရင်း လှည့်ကြည့်ရန် ပြင်လိုက်သည်။ သူရယ်၊ Yeosang ရယ်၊ Jongho ရယ်၊ အစ်ကို Seonghwa ရယ်ကို အစ်ကို Hongjoong ​ခေါ်လို့ အိမ်​​တော်သို့ ​ရောက်လာကာ အခုပဲ ထမင်းစားပြီးသွားကြ၍ သူက ပန်းကန်​ဆေး​ပေး​နေခြင်း ဖြစ်သည်။ သူလှည့်ကြည့်မည်အလုပ် ခါး​ပေါ်ကို ​ရောက်လာ​သော လက်တစ်စုံ၊ ပုခုံး​ပေါ်ကို တင်လာ​သော ​​မေး​ကြောင့် ခန္ဓာကိုယ်က အနည်းငယ် တုန်သွားသည်။

"Young ​လေး ... ဒီမှာ အမြဲလာ​နေပါလား"

​ပြောရင်း သူကိုပိုပြီးတိုးဖက်လာတဲ့ နတ်ဆိုး​ကြောင့် ကိုယ်​လေးကို အနည်းငယ်ကျုံ့လိုက်သည်။

"ဟင်...လို့..."

​တင်ထား​သော ​မေးကို အသာပင့်ကာ သူ့လည်ပင်းနားကို ကလူကျီစယ်လာ​သော ​လေသံတိုးတိုး​​လေး​ကြောင့် Wooyoung ရင်ဘတ်ထဲ စစ်ဖြစ်​သွားသည်။

"မ​နေပါဘူး"

"ဘာလို့လဲ"

"အခုလို ခဏ​တွေ့ရတာ​တောင် မင်းက ဒီ​လောက် အသားယူ​နေတာ ​နေ့တိုင်း ​တွေ့​နေရင် မင်းက ငါ့ကို..."

သူ​ပြောရင်း အဓိပ္ပါယ်တစ်မျိုး သက်​ရောက်သွားသဖြင့် နှုတ်ခမ်းကို အသာစိလိုက်သည်။

"ဆက်​ပြော​လေ ကိုယ်က ဘာဖြစ်လဲ"

သူ့ကို မျက်ခုံးတစ်ဖက်ပင့်ပြကာ ဆက်​ပြောဟု ဆိုလာ​သော နတ်ဆိုး​ကြောင့်

"ဘာမှမဟုတ်​တော့ဘူး"

​ပြောပြီး သူပန်းကန်ဆက်​ဆေးဖို့ ပြင်လိုက်သည်။

"ကိုယ်ဘာမှမလုပ်ပါဘူး...ကတိ​ပေးတယ်...အဟမ်း Young ​လေး ခွင့်ပြုချက်မပါဘဲနဲ့​ပေါ့"

​ပြောပြီး ပြုံးပြလာ​သော ထိုလူ​ကြောင့် Wooyoung အသာ​ခေါင်းခါကာ ပန်းကန်ဆက်​ဆေး​နေလိုက်သည်။

"ချစ်တယ် ... Jeong Wooyoung ... အရမ်းချစ်တယ်။"

​ပြောပြီးသူ့ကို ပိုတိုးဖက်လိုက်ကာ သူ့လည်ပင်းနား ​ခေါင်းမှီလိုက်​သော သူကို ​ခေါင်းအသာငဲ့ကာ ကြည့်လိုက်ရင်း

Everything I do, I do it For You (Unicode Only)Where stories live. Discover now