​ကျေးဇူးတင်လွှာ

64 14 2
                                    

ကိုယ့်ရဲ့ "Everything I do I do it for You" fic ​လေးက အခန်း​ပေါင်း ၄၀ နဲ့ အဆုံးသတ်သွားခဲ့ပါပြီ။ ကိုယ့်ရဲ့ပထမဆုံးအကြိမ် ကြိုးစား​ရေးခဲ့တဲ့ fic ​လေးကို ဖတ်​ပေးကြတဲ့ စာဖတ်သူ​အ​ပေါင်းကို တကယ်​ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်း​ပြောရရင် ကိုယ်က ရသစာ​ပေထက် သုတပိုင်းကို ပိုဝါသနာထုံတဲ့သူမို့လို့ ကိုယ့်အ​ရေးအသား အဆင်မှ​ပြေပါ့မလား၊ စာဖတ်တဲ့သူ​တွေ နားလည်ပါ့မလား ဆိုတဲ့ အ​တွေး​ပေါင်းစုံကို ရင်ဝယ်ပိုက်ပြီး မရဲတရဲ ရေးခဲ့တာပါ။ ​ရေးရတဲ့အ​​ကြောင်းက​တော့ ATEEZ ကို သိပ်ကြိုက်လွန်းလို့ရယ်၊   fic ​တစ်ပုဒ်​လောက် ​ရေးရင် ​ကောင်းမလားဆိုပြီး စဥ်းစားမိ​နေချိန် Bryan Edams ရဲ့ Everything I do I do it For You ဆိုတဲ့ သီချင်းကို နား​ထောင်မိ​ပြီး ဇာတ်လမ်းစဥ်းစားမိလို့ ​ရေးလိုက်ခြင်းပါ။ ကိုယ့်အ​ရေးအသားမှာ အားနည်းချက်​တွေ ရှိ​နေ​ပေမယ့်လည်း ကိုယ့်အားနည်းချက်​တွေကို လျစ်လျူရှု​​ပေးပြီး အဆုံးထိ ဖတ်​ပေးတဲ့ စာဖတ်သူ​တွေကို ကိုယ်တကယ်ကျေးဇူးတင်ပါတယ်။ စာဖတ်သူတစ်ဦးတစ်​ယောက်ချင်းဆီကို ​ကျေးဇူးတင်ရင်း ကိုယ် နဲ့ ဒီ Fic ​လေးက​နေ နှုတ်ဆက်လိုက်ပါတယ်။
                           ____×××___

Everything I do, I do it For You (Unicode Only)Where stories live. Discover now