အခန်း ၁၇

76 13 2
                                    

"ကျွန်​တော်​ရော ကူချင်တယ်"

အသံကြားလိုက်ရသည့်အတွက် San အ​နောက်ကို လှည့်လိုက်တဲ့အခါ အငယ်​​လေးကို ​တွေ့လိုက်ရသည်။

"အငယ်​လေး"

"Mr. Choi က အစ်ကို့ကို နှိပ်စက်ခဲ့တာမလား... ကျွန်​တော့်​ကြောင့်လို့ ​ပြောပြီး တကယ်က အဲ့စာအုပ်နဲ့ ရှယ်ယာ​တွေကြောင့်မလား"

San တစ်​ယောက် အံ့အားသင့်သွားသည်။ အငယ်​လေးက သိ​နေခဲ့တာလား။

"ဟုတ်တယ် ကျွန်​တော် အကုန်သိတယ်။ Mr. Kim က ကျွန်​တော့်ကို အကုန်​ပြောပြထားတယ်။"

Flashback ~

Hongjoong ​အထက်တန်း​ကျောင်း စတက်သည့်​နေ့

"Hong ​လေး အ​ဖေနဲ့ အပြင်သွားရ​အောင်"

"ရှင် က​လေးကို ဘယ်​ခေါ်သွားမလို့လဲ"

"ဒီနားခဏပါကွာ က​လေးက ဖုန်းလိုချင်တယ် ပူဆာထားလို့ ဝယ်​ပေးချင်လို့ပါ"

"ပြီးတာပဲ သိပ်မကြာ​စေနဲ့ မြန်မြန်သွား မြန်မြန်ပြန်လာ"

"​အေးပါ​ကွာ မကြာ​စေရပါဘူး"

သူ့မိဘ​တွေ၏ ဆက်ဆံ​ရေးသည် ထိုသို့ဖြစ်သည်။ သူ့အ​ဖေသည် အ​မေ့ကို အရမ်း​ကြောက်ရသည်။ အ​မေကလည်း အ​ဖေ့ကို အရမ်းနိုင်လွန်းသည်။ ဒါ​ပေမယ့် သူ့ကို​တော့ အ​မေက အရမ်းချစ်ရှာသည်။ သည်းသည်းလှုပ်ချစ်သည် ဆိုရမလား။

ကား​​ပေါ်တွင်...

"သား Hong ​လေး အ​ဖေ​ပြောတာကို ​သေချာနား​ထောင်​နော်"

အ​ဖေ ​ပြောလာသည့်စကား​ကြောင့် အ​ဖေ့ကို Hongjoong ​မော့ကြည့်လိုက်သည်။

"သားက အ​ဖေတို့ သားအရင်းမဟုတ်ဘူး... အ​ဖေတို့က သားကို ခိုးလာတာ။"

သူတကယ်မထင်ထားခဲ့ပါ။ သူ့ကို အရမ်းချစ်​သော ​အ​မေ၊ သူ့ကိုဆို အမြဲဂရုစိုက်​သော အ​ဖေက သူ့မိဘအရင်း​တွေ မဟုတ်ဘူးတဲ့လား။ ပြီး​တော့ ခိုးလာတာ။ ဘာ​တွေလဲ။

"တကယ်​တော့ သားက Mr. Choi တို့ရဲ့ သားပါ။ အ​ဖေက သူတို့ဆီမှာ ဒရိုင်ဘာလုပ်ခဲ့ဖူးတယ်။ အ​ဖေတို့မှာ သားတစ်​ယောက်ရှိခဲ့တယ်။ Joong Hyo တဲ့။ Joong ​လေး ၃ နှစ်သား အရွယ်မှာ ကားမ​တော်တဆမှု​ကြောင့် ဒီ​လောကကြီးထဲက ထွက်သွားခဲ့ရတယ်။ အဲ့ဒါ​​ကြောင့် Hong ​လေးကို မြင်​တော့ သားအ​မေက သူ့သား​လေးပါဆိုပြီး အ​ဖေ့ကို ငို​ယို​ပြောတယ်။ သားတစ်​ယောက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ရဲ့ ခံစားချက်ကို အ​ဖေနားလည်ပါတယ်။ အဲ့ဒါ​ကြောင့်လည်း အ​ဖေ သူ့ကို နည်းမျိုးစုံနဲ့ နှစ်သိမ့်​ပေးခဲ့တယ်။ တစ်​နေ့ အ​ဖေ Mr.Choi ကို ခရီး​ဝေးလိုက်​ပေးရတုန်း သားအ​မေက သားကို ​ခေါ်လာခဲ့တယ်။ အ​ဖေလည်း မင်းဘာ​တွေလုပ်​နေတာလဲဆိုပြီး ​ပြောရင်း အ​ဖေတို့ စကားများကြရပါ​သေးတယ်။ သူက Mr.Choi တို့မှာ သားနှစ်​ယောက်​တောင် ရှိတာပဲ။ တစ်​ယောက်​လောက် ယူလိုက်လည်း ဘာမှဖြစ်မသွားပါဘူး။ ခံစားရ တစ်နှစ်၊ နှစ်နှစ်​ပေါ့တဲ့။ အ​ဖေလည်း သားအ​မေကို မနိုင်တာရယ်၊ သားကိုလည်း သံ​ယောဇဥ် ရှိတာရယ်​ကြောင့် မကြံသင့်တာ ကြံလိုက်မိတယ်။ ဒါ​ပေမယ့် သားကို သားတစ်​ယောက်လို တကယ်ချစ်တယ်ဆိုတာ​တော့ ယုံ​ပေးပါ။ အ​ဖေဘာလို့ သားကို ဒါ​တွေ ​ပြောပြ​နေရတာလဲဆို​တော့ မ​နေ့က သားအ​မေ အပြစ်တစ်ခုထပ်လုပ်ပြန်တယ်။ သားကို Choi မိသားစုဆီက ​ခေါ်ထုတ်လာတဲ့​နေ့က Mr. Choi ရဲ့ စာရင်း​တွေလိမ်ထားတဲ့ စာရင်းအင်း စာအုပ်ကိုပါ ယူလာတယ်။ မ​နေ့က Mr. Choi အ​ဖေတို့ အလုပ်ကို ​ရောက်လာတယ်။ သားကို ပြန်​ပေးဖို့​လာ​ပြောတာပေါ့။ အဲ့ဒီမှာ သားအ​မေက အဲ့စာရင်းစာအုပ်ကို ချပြပြီး ဒီစာရင်းမ​ပေါက်ကြားချင်ရင် မသိသလို​နေလိုက်ဆိုပြီး သွား​ပြောလိုက်တယ်။ သားအ​မေက ​ခေါင်းမာတယ်။ တဇွတ်ထိုးဆန်ပြီး သူ့ဆန္ဒအတိုင်း အကုန်လုပ်တတ်တာ သားလည်း သိပါတယ်။ Mr. Choi က အခု ငြိမ်​နေ​ပေမယ့် ​နောက်ကျရင် ဘယ်လိုလုပ်လာမလဲ မသိနိုင်တာမို့ သားကို ဒါ​တွေ​ပြောပြတာပါ။ အမှန်အတိုင်း ​ပြောရရင် အ​ဖေ သားကို ဆက်မလိမ်ချင်​တော့ဘူး။ ဒါ​ကြောင့် အကုန်​ပြောပြတာပါ။ သားအ​ဖေတို့နဲ့ဆက်​နေမလား၊ Choi မိသားစုဆီ ပြန်သွားမလားဆိုတာကို​တော့ သားဆုံးဖြတ်ပါ။ သားသ​ဘောပါပဲ။"

Everything I do, I do it For You (Unicode Only)Donde viven las historias. Descúbrelo ahora