အခန်း ၁၁

89 16 5
                                    

စခန်းသို့​ရောက်​သောအခါ...

"Yeosang ​လေး ငါဗိုက်ဆာ​နေပြီ" ဟု ဆိုကာ ​လူကို မှီတွယ်လာ​သော Wooyoung ​ကြောင့် ​ခေါင်းခါပြီး အသာရယ်လိုက်မိသည်။ တကယ်ပါ သူဒီသူငယ်ချင်း​လေး​ကြောင့် အရာရာကို ​ကျော်ဖြတ်နိုင်ခဲ့တာမို့ ​ကျေးဇူးတင်မိသလို ခင်လည်းခင်တွယ်မိသည်။ အဲ သူ့ကို အမြဲလိုက်ချွဲ​နေလို့ တစ်ခါတ​လေ ကသိကအောက် ဖြစ်ရတာက လွဲလို့​ပေါ့။ စိတ်ဆိုးလို့ မဟုတ်ဘဲ ဘယ်လို​နေရမလဲ မသိလို့ပါ။
"Wooyoung အစ်ကို Seonghwa ကို မှတ်မိလား"  သူ့​ဘေးမှာရပ်​နေတဲ့ Seonghwa ကို လှမ်းကြည့်ပြီး ​မေးလိုက်သည်။

"အစ်ကို Seonghwa???....အာ... Senior Park... မှတ်မိတာ​ပေါ့" သိပ်ကိုမှတ်မိတာ​ပေါ့။ Yeosang ကို ကတိ​တွေ​ပေးပြီး ထားသွားခဲ့တဲ့ လူကြီး။ သူတကယ်ကြည့်မရပါ ထိုအစ်ကိုကြီးကို။ Yeosang နဲ့ သူနဲ့ ကြားထဲကို အတင်းတိုးဝင်​နေသလိုပဲ။ Yeosang က သူ့သူငယ်ချင်း။ ဘယ်သူ့မှ မ​ပေးနိုင်ဘူး။ အဲ့အစ်ကိုဆိုတဲ့တစ်​ယောက်က ရဲထဲဝင်ရ​အောင်ဆိုလို့ Yeosang က အိမ်နဲ့ဆန့်ကျင်ပြီး ရဲထဲဝင်တယ်။ ဖြစ်ချင်​တော့ အဲ့ဒီလူက ကတိမတည်တဲ့သူ။ အလကား ရဲထဲဝင်ဖို့ ​နေ​နေသာသာ ​စခန်း​​ရှေ့​တောင် ဖြတ်​လျှောက်ဖူးရဲ့လား မသိဘူး။

"Sang ​လေးနဲ့ တစ်​​​နေ့ကပဲ ​ပြန်တွေ့ဖြစ်တာ။ ဒီ​​နေ့လည်း Sang ​​လေးကို အစ်ကို့ရုံးမှာ ​တွေ့​တော့ ​နေ့လယ်စာအတူစားဖို့ ​ခေါ်တာ​လေ။ အဲ့ဒါကို Sang ​လေးက Wooyoung ​စောင့်​နေတယ်ဆိုလို့ စခန်းကို လိုက်လာခဲ့တာ။ မ​တွေ့တာကြာပြီ​နော် Wooyoung။"
Wooyoung က Sang ​လေးကိုဆို အမြဲကပ်လွန်းလို့ သူသိပ်ကြည့်မရ။ ဒါ​​ကြောင့် က​လေးဆန်ဆန်ပင် သူပြုမူလိုက်မိသည်။ Sang က ကိုယ်တစ်​ယောက်တည်း အတွက်ပဲ။

ဘာ!!! Sang ​လေး???
Yeosang တစ်​ယောက် Seonghwa ရဲ့ နာမည်အဖျားဆွတ် ​ခေါ်သံ​ကြောင့် မျက်ဝန်းများ ဝိုင်းစက်သွားပြီး နှလုံးခုန် မမှန်ချင်​တော့။

Sang ​​လေးချင်း ထပ်​အောင် မိုးမွှန်​​အောင် ခဏခဏ ​ခေါ်ပြ​နေသူကို ဖြစ်နိုင်ရင် Wooyoung လက်သီးသာ ​ကျွေးပစ်ချင်မိသည်။ သူမကြိုက်မှန်းသိလို့ တမင် ​ခေါ်​နေသလားပဲ။ စိတ်အလိုအတိုင်း လက်က သူ့အလိုလို တင်းကြပ်​နေ​အောင် ဆုပ်မိသွားသည်။
"ဟုတ်မှာ​ပေါ့ Yeosang က ကျွန်​တော့်ကို အရမ်း....ချစ်တာ...ဘာလုပ်လုပ် အမြဲ...ကျွန်​တော်နဲ့အတူလုပ်တတ်တာ...အဟင်း။"
​ပြောရင်း Yeosang လက်​မောင်းကို ပိုပြီး မှီတွယ်လိုက်ရင်း Yeosang မျက်နှာနား အတင်းကပ်ပြီး
"ဟုတ်တယ်မလား...လို့"

Everything I do, I do it For You (Unicode Only)Where stories live. Discover now