အခန်း ၃၁

52 14 0
                                    

Erika တစ်​ယောက် Wooyoung တို့ ထွက်သွားသည်နှင့် Yoyo ထံကို ဖုန်းဆက်လိုက်သည်။

"တီ...."

ဖုန်းဝင်သွား​သော်လည်း ဖုန်းမကိုင်။ ဒါ​ကြောင့် ကုမ္ပဏီရုံးဖုန်းကို လှမ်းဆက်လိုက်သည်။

"Hello ... Zeus Enterprise ကပါ"

"Hello ကျွန်မ Erika ပါ Kevin ရှိလား မသိဘူး"

"အာ ... မ Erika ... Boss က မနက်ကတည်းက ထွက်သွားတာ အခုထိ ပြန်မ​ရောက်​သေးဘူး ... ကျွန်​တော့်ကို မှာရင်မှာထားခဲ့​လေ Boss ပြန်​ရောက်တာနဲ့ ​ပြော​ပေးပါ့မယ်"

"Ahh ...  ရပါတယ် ... ​နေပါ​စေ ... ခဏ​နေမှပဲ ကျွန်မသူ့ကို ထပ်ဆက်လိုက်ပါ့မယ် ... ​ကျေးဇူးပါ ... ဒါပဲ​နော်"

​ပြောပြီး ဖုန်းချလိုက်သည်။ ဘယ်​တွေသွား​နေတာလဲ Yoyo ရယ် ... ငါထင်​နေတာ​တွေ မဟုတ်ဘူးမလား ...။
_________________________________________

ည​နေခင်းအချိန် Bar တစ်​နေရာတွင် ...

"တစ်​ယောက်တည်းလား"

Kevin စိတ်ညစ်​တာ​တွေကို အရက်နဲ့ ​ဖျောက်​နေတုန်း ​ကောင်မ​လေးတစ်​ယောက် သူ့နားကို ​ရောက်လာပြီး ရိသဲ့သဲ့ လုပ်လာသည်။

"ဘယ်နှ​ယောက်​တွေ့လို့လဲ"

"Bar လာတာပဲ မျက်နှာဖုံး​လေး ဘာ​လေး ချွတ်ပါလား Kevin"

အဟက် ... ​သေချာသည်။ သူ့ကို လာ​​ရောတာ ပိုက်ဆံအတွက် ဒါမှမဟုတ် သူ့သူငယ်ချင်း​တွေကို ပြန်ကြွားဖို့အတွက်ပဲ။ သူ​လှောင်ရယ်လိုက်ရင်း အရက်ဆက်​သောက်လိုက်​တော့သည်။

"အရက်ချည်းပဲ စွတ်​သောက်မ​နေပါနဲ့ ... ကျန်းမာ​ရေး ထိခိုက်လိမ့်မယ် ... အမြည်း​လေး ဘာ​လေးလည်း စားမှ​ပေါ့"

​ညှောင်နာနာနဲ့ ​ပြော​နေတဲ့ အသံ​ကြောင့် သူလှည့်​ကြည့်လိုက်​​တော့ နှုတ်ခမ်းသပ်ပြကာ မိတ်လိုက်ဖို့ ခေါ်​နေသလိုပင်။ ဟုတ်တယ် အဲ့လို လူ​တွေက အဲ့လို အသုံးအနှုန်း​တွေနဲ့ပဲ တန်တယ်။

"အ​ဆင်မ​ပြေ​လောက်ဘူး ထင်တယ်"

"အရင်စမ်းကြည့်ပါဦး ... မကြိုက်ဘူးဆိုမှ သ​ဘောပေါ့"

"​ကောင်းပြီ​​လေ"

ဟု ဆိုကာ သူ​ထို​ကောင်မ​လေးနဲ့အတူ bar မှ ထွက်လာရင်း ထို​ကောင်မ​လေးအိမ်ကို လိုက်သွားလိုက်သည်။

​ကောင်မ​လေးအိမ်တွင် ...

"ကျွတ်"

အရက်​ကြောင့် ကိုက်ခဲလာတဲ့ ​ခေါင်းကို အသာကိုင်လိုက်ကာ ​ဘေးကို ကြည့်လိုက်​တော့ လွန်ခဲ့တဲ့ နာရီပိုင်း​လောက်က သူ့နာမည်ကို အ​သေ​အော်ပြီး ငိုယို​နေခဲ့တဲ့ ​ကောင်မ​လေး။ သူထို​ကောင်မ​လေးကို တစ်ချက်ကြည့်ပြီး ထိုအိမ်မှ ထွက်လာခဲ့သည်။
_________________________________________

နာရီပိုင်းမျှ ကြာပြီး​နောက် ​မြေ​အောက်ခန်း တစ်​နေရာတွင်...

"အဟွတ် အဟွတ်"

Lucy အခန်းတစ်ခုထဲ ​ရောက်​နေပြီး အသက်ရှူကြပ်လာသလို ခံစားလာရသည်။ သူဘယ်လိုလုပ် ဒီအခန်းထဲ ​ရောက်​နေတာလဲ။ ခုနကတင် Kevin နဲ့အတူ ကိစ္စပြီး​​တော့ သူ့အိမ်မှာပဲ အိပ်​နေ​သေးတာကို။ ဒါ ဘယ်​နေရာလဲ။ သူ​တွေးရင်း ​တွေးရင်း ပိုပိုပြီး အသက်ရှူကြပ်လာသည်။ အနံ့တစ်ခုရလိုက်သည့်အတွက် ​သေချာရှူကြည့်​တော့ ပိုပြီး မူး​မော်လာသည်။ ဘာလဲ အဆိပ်​ငွေ့လိုမျိုးလား။ အခု သူအဆိပ်ခတ်ခံ​နေရတာလား။ သူ့ကို သတ်​တော့မှာလား။ ဘယ်သူကလဲ။ ဘာလို့လဲ။ သူ​တွေးရင်း ​ခေါင်းထဲက ထိုးကိုက်လာကာ သတိလွတ်ချင်သလိုလို ရယ်ချင်လာသလိုလို ငိုချင်လာသလိုလို ခံစား​နေရသည်။ ဒီလို​သေရမယ်ဆိုရင်လည်း ဖြစ်သင့်ပါတယ်​လေ။ သူက မ​ကောင်းတာ​တွေပဲ လုပ်ခဲ့မိတာမလား။ ပိုက်ဆံ​တွေ၊ ဂုဏ်​တွေကို မက်လို့ သူ့ခန္ဓာကိုယ်ကို အသုံးချပြီး လူပျို၊ လူအိုမ​ရွေးဘဲ ဆန္ဒဖြည့်ဆည်း​ပေးခဲ့သည်။ သူ့ကို ချစ်ပါတယ်ဆိုတဲ့ ချစ်သူကိုကျ​တော့ ဆင်းရဲတယ်ဆိုတဲ့ အ​ကြောင်းပြချက် တစ်ခုတည်း​ကြောင့် သူထားခဲ့သည်။ အများအမြင်မှာ ​မောက်မာပြီး လူရှိန်​​အောင် ​နေခဲ့​ပေမယ့်လည်း တကယ်တမ်းကျ​တော့ သူ့ဘဝကြီးက အညစ်​ထေးဆုံး ဖြစ်​နေပြီ။ သူ့ရဲ့မ​ကောင်းမှု​တွေ​ကြောင့် သူဒီလိုအဆုံးသတ်ရတာပဲ ဆိုကာ သူမျက်ရည်များ ကျလာပြီး သတိလစ်သွားသည်။ သတိမလစ်ခင် ​ပြောင်လက်​နေ​​အောင် တိုက်ချွတ်ထားသော ဘွတ်ဖိနပ်တစ်ရံ သူ့​ရှေ့လာရပ်သည်ကို ​တွေ့လိုက်ရသည်။ ထို့​နောက် သူ့ကမ္ဘာသည် အ​မှောင်အတိကျသွားသည်။
_________________________________________

Phone Vibrating ...

"Hello ... ဟုတ် Jongho ​ပြောပါ"

"ဗျာ... ဟုတ် ကျွန်​တော်နဲ့ Yeosang တိတ်တဆိတ်သွားစုံစမ်းလိုက်ပါ့မယ်"

ဖုန်းချလိုက်ပြီး သူ့ကို ကြည့်လာတဲ့ Wooyoung ပုံစံက စိတ်ရှုပ်​ထွေး​နေပုံ ​ပေါက်​နေသဖြင့် Yeosang ​မေးလိုက်သည်။

"ဘာတဲ့လဲ"

"ငါတို့အရာရှိ Mr. Won ရဲ့ သမီး Lucy ... မ​နေ့ညက အသတ်ခံရလို့တဲ့"

"ဘာ!"
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now