အခန်း ၂၀

75 10 0
                                    

Jongho သူ့​​တပ်ဖွဲ့နဲ့အတူ car parking က​နေ ပထမထပ် အခန်းထဲသို့ ​ဝင်လာခဲ့သည်။ ​မြေညီထပ်ကိုဆင်းတဲ့ ဓါတ်​လှေကား​က​နေ တစ်ဆင့် ဓါးစာခံများရှိရာ အခန်းထဲသို့ ဝင်​ရန် အခန်းအ​နေအထားကို တစ်ချက်ကြည့်လိုက်သည်။ ​ခေါင်း​ဆောင်ဆိုသူက ​သေနတ်ကိုင်ထားသည်မှာ တုန်လှုပ်​နေဟန် ရသည်။ အဖွဲ့သားများကို ကြည့်ပါကလည်း ​သေနတ်ကိုင် ကျွမ်းကျင်သူများနှင့်မတူ။ အခုမှ ​သေနတ်ကိုင်ဖူးသူများနဲ့​တောင် တူ​နေ​သေးသည်။ အ​ခြေအ​နေကို ​လေ့လာရင်း ​ခေါင်း​ဆောင်ကို ကြည့်လိုက်​တော့ သူ့ဆီကို ​လျှောက်လာ​နေသည့်အတွက် အကာအကွယ်ယူရင်း ပုန်းလိုက်သည်။ car parking တွင် ​စောင့်​နေ​သော သူ့တပ်ဖွဲ့ကိုလည်း သူတို့ရှိရာ ​နေရာသို့ လာရန် ​အမိန့်​ပေးလိုက်သည်။ သူ့တပ်ဖွဲ့ဝင်များအကုန် ​ရောက်လာသည်နှင့် Jongho ပုန်း​နေရာမှ ထကာ​ ​​ခေါင်း​ဆောင်ဖြစ်သူကို လှမ်းဆွဲလိုက်ပြီး နားထင်ကို ​သေနတ်နဲ့ချိန်လိုက်သည်။

"တစ်​ယောက်မှ မလှုပ်နဲ့။ လက်နက်ချလိုက်။"

သူ​အမိန့်​ပေးလိုက်​တော့ ​​သေနတ်ကိုင်ထားသူအကုန်လုံး တစ်​ယောက်ကို တစ်​ယောက်ကြည့်ရင်း ​သေနတ်​တွေကို ​အောက်ချလိုက်သည်။ ထိုသူ​တွေကို သူ့တပ်ဖွဲ့​တွေက ဝင်​ရောက်ဖမ်းဆီးလိုက်သည်။

"ဘဏ်ဓါးပြတိုက်မှု၊ ပြန်​ပေးဆွဲမှု​တွေနဲ့ ဖမ်းဆီးလိုက်ပါပြီ။ တရားရုံးက​နေ ​ရှေ့​နေငှား​ပေးမှာဖြစ်လို့ ပြန်လည်​ချေပ​လျှောက်ထားခွင့် ရှိပါသည်။"

ထို့​နောက် ​ခေါင်း​ဆောင်ကို သူ့လက်​အောက် အရာရှိထံ အပ်လိုက်ပြီး သူက ထို​နေရာမှ ဝန်ထမ်းများ ထိခိုက်မှု ရှိ၊မရှိ စစ်​ဆေး​နေလိုက်သည်။ တစ်ဆိတ် အရမ်းလွယ်လွန်းမ​နေဘူးလား။ ဘဏ်ဓါးပြတိုက်မှုဆိုလို့ သူ့မှာ​တော့ ခွင်အကြီးကြီး ထင်ပြီး အက်ရှင်​ကား​တွေလို ကြမ်းရပြီ ထင်လိုက်တာ...အဟက်...။ စစ်​ဆေးမှု​တွေ အကုန်ပြီးသွား​တော့ သူလည်း ထို​နေရာမှ ထွက်လာခဲ့လိုက်သည်။

"အင့်"

ထွက်လာလာချင်း အဖက်ခံလိုက်ရ၍ တွန်းထိုးပြီး ဖယ်မယ်လုပ်​တော့ ရင်းနှီး​နေသည့် ကိုယ်သင်းရနံ့​ကြောင့် ငြိမ်​နေလိုက်သည်။

Everything I do, I do it For You (Unicode Only)Tempat cerita menjadi hidup. Temukan sekarang