အခန်း ၆

91 17 0
                                    

Jeong Yunho? ဟုတ်လား ငါဒီနာမည် ဘယ်မှာကြားဖူးပါလိမ့် ကြား​တော့ကြားဖူးပါတယ် ထိုစဥ် စတိုးဆိုင်မှာ ​ဝယ်သူကို ​ငွေရှင်း​ပေး​နေရင်း ကြားလိုက်ရတဲ့ သတင်းအချို့က ​ခေါင်းထဲ ​တစ်ပိုင်းတစ်စ ပေါ်လာသည်။

"Utopia Enterprise ပိုင်ရှင် Mr. Jeong Yunho သည် Columbia Enterprise မှ Mr. Gyuwook နှင့်အတူ Aurora ​ဒေသတွင် ရင်းနှီးမြှုပ်နှံမှု တစ်ခု လုပ်ခဲ့။"
Hongjoong တစ်​​​ယောက် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ရသည်။ မဟုတ်ဘူးမလား အဲ့ဒီ Jeong Yunho မဟုတ်ဘူးမလား။ Utopia Enterprise ပိုင်ရှင်သည် မိမိကို လာထိပါးလာသူ မှန်သမျှကို ရက်ရက်စက်စက် ပြန်​ချေမှုန်းတတ်သည် ဟူ၍ စီးပွား​ရေး​လောကမှာ ​နာမည်ကြီးလှသည်။

သူ့ကို ​ကြောင်ကြည့်​နေ​သော ထိုလူကိုကြည့်ပြီး ​လှောင်ပြုံးပြုံးလိုက်မိသည်။ ကြည့်ရတာ အခုမှ သူဘယ်သူဆိုတာ သိသွားတဲ့ပုံပဲ။
"Utopia Enterprise ကို သိတယ်မလား"

ရပြီ အဲ့​လောက်ဆိုသိပြီ အခုကိုယ့်​​ရှေ့မှာ ရပ်​နေတဲ့သူက နှစ်​ယောက်မရှိ ပြိုင်ဘက်ကင်း ရက်စက်တတ်သူကြီး Jeong Yunho ဆိုတာ။ ​နေပါဦး သူ့အ​ဖေနဲ့ အဲ့လူနဲ့က ဘယ်လိုလုပ် သိတာလဲ။ စီးပွား​ရေးအရ သိဖို့ဆိုတာကလည်း သူ့အ​ဖေ စီးပွား​ရေးက သူလိုလူ သတိထားမိ​လောက်​အောင် ကြီးကျယ်လှတာလည်း မဟုတ်။ မနက်ဖြန် အ​မေနဲ့သွား​တွေ့မယ်ဆို​တော့ ငါထွက်​ပြေးမှာ၊ သူငါ့ကို ဖမ်းထား​ကြောင်း ​​ပြောမှာ မစိုးရိမ်ဘူးလား။ အင်း...အင်း​ပေါ့​လေ ငါလိုလူစကားကို ဘယ်သူက ယုံပါ့မလဲ။ သူနဲ့သိချင်လို့ တမင်အကွက်ချတယ်ပဲ ထင်​ကြမှာ။

သူ့​ကို မျက်​တောင်တစ်ချက်မခတ် စိုက်ကြည့်​နေတဲ့လူ​ကြောင့် သူ​တော်​တော်စိတ်​လေသွားသည်။ ဒီလူ သူ့ကို စိုက်ကြည့်တာ ​ဒါနဲ့ဆို နှစ်​ခေါက်ရှိပြီ ​တော်​တော်များများက သူ့ကိုဆို စိုက်ကြည့်ဖို့ မ​ပြောနဲ့ မျက်လုံး​တောင် လှန်ကြည့်ရဲတာ မဟုတ်ဘူး။
"သွားလို့ရပြီ မနက်ဖြန် မင်းအ​မေနဲ့​တွေ့ဖို့သာ အဆင်သင့်ပြင်ထား"

Hongjoong ဘာမှ ပြန်မ​ပြောဘဲ ထိုလူရဲ့ အခန်းထဲက ထွက်လာခဲ့သည်။ အပြင်​ရောက်​တော့ San တို့နှစ်​ယောက်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now