အခန်း ၂၁

69 14 0
                                    

ည​နေ​ရောက်​တော့ Mr. Song နှင့် ချိန်းဆိုထား​သော ​ကော်ဖီဆိုင်သို့ Jongho ထွက်လာခဲ့သည်။ ဆိုင်ထဲသို့ ရောက်​သောအခါ ပြတင်း​ပေါက်နားက ထိုင်ခုံတွင် ထိုင်ပြီး အပြင်သို့ ကြည့်​နေ​သော Mr. Song ကို ​တွေ့လိုက်ရသည်။ သူ့ဆီ​လျှောက်သွားလိုက်ရင်း

"​​​ကြာ​နေပြီလား ​ရောက်တာ"

"​သြော် လာပြီလား...မ​ကြာ​သေးပါဘူး အခု​လေးတင်ပဲ ​ရောက်တာ"

"အင်း"

​ပြောပြီး ​Mr. Song ​ရှေ့က ​နေရာလွတ်​တွင် ထိုင်လိုက်သည်။

"Mr. Song မှာပြီးပြီလား"

"Cappuccino မှာထားတယ်...Mingi လို့ပဲ ​ခေါ်ပါ"

"​okay...ကျွန်​တော့်ကိုလည်း Jongho လို့ပဲ ​ခေါ်​လေ"

"ဟုတ်ပါပြီ"

"Mingi"

"စခန်းမှူး"

နာမည်​ခေါ်သံကြားလိုက်လို့ ကျွန်​တော်တို့ နှစ်​ယောက်လုံး လှည့်ကြည့်လိုက်သည်။

"အရာရှိ Jeong"

"San"

​အရာရှိ Jeong ကို ​ကျွန်​တော် နှုတ်ဆက်လိုက်သလို အရာရှိ Jeong နဲ့ အတူပါလာသူကို Mingi က နှုတ်ဆက်လိုက်သည်။

"ဒါ ကျွန်​တော်တို့ စခန်းက အရာရှိ Jeong Wooyoung ပါ"

"အာ...​တွေ့ရတာ​ ဝမ်းသာပါတယ် ကျွန်​တော်က Mingi ပါ...Jongho ဒါက ကျွန်​တော့်သူငယ်ချင်း San တဲ့"

Mingi က မိတ်ဆက်​ပေးလာ၍ သူလည်း နှုတ်ဆက်လိုက်သည်။

"စခန်းမှူး...Wooyoung"

"အမ်... အရာရှိ Kang"

ဘာလဲဟ စခန်းက လူ​တွေအကုန် ဒီမှာလာစု​​နေတာလား။ Jongho ​တွေးရင်း ရယ်လိုက်မိသည်။

"Yeosang...အာ အစ်ကို Seonghwa"

ဆိုပြီး အရာရှိ Jeong က Yeosang ​ကိုရော အတူပါ​လာ​တဲ့သူကို​ရော  နှုတ်ဆက်လိုက်သည်။

"စခန်းမှူး ဒါက ကျွန်​တော့်...မိတ်​ဆွေ...အစ်ကို Seonghwa ပါ"

"​သြော်...ဟုတ်ကဲ့...​တွေ့ရတာ ဝမ်းသာပါတယ်...ကျွန်​တော်က Jongho ပါ"

"စခန်းမှူး ဒီကို ဘာလာလုပ်တာလဲ"

အရာရှိ Kang က ​မေးလာသလို အရာရှိ Jeong ကလည်း သူ့အ​ဖြေကို ​စောင့်​နေသည့်ဟန် လှမ်းကြည့်​နေသည်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now