အခန်း ၂၄

69 15 0
                                    

"Account ပိုင်ရှင်သိရပြီ"

San က ​ပြောရင်း Yunho ရဲ့ စာကြည့်ခန်းထဲကို ဝင်လာသည်။

"Kevin"

San ရဲ့ စကား​ကြောင့် Yunho မျက်​မှောင်ကြုတ်သွားသည်။ Kevin ဆိုတာ စီးပွား​ရေး​လောကမှာ သူ့ရဲ့ Utopia Enterprise နဲ့အပြိုင် တဟုန်ထိုး နာမည်ကြီးလာခဲ့တဲ့ Zeus Enterprise ပိုင်ရှင်။ ထိုသူက အလင်း​ရောင်​ဂေဟာနဲ့ ပတ်သက်စရာ အ​ကြောင်းမရှိ။ ပရဟိတလုပ်တယ်ဆိုရ​အောင်လည်း နာမည်မ​ဖော်ဘဲ လှူခြင်း။ ရိုးရိုး​လေး​တွေးကြည့်ရင် ဒီကိစ္စက အထူးအဆန်းမဟုတ်​ပေမယ့် Yunho လို ချက်ကျလက်ကျ ​တွေးသူဆိုရင်​တော့ ဒီကိစ္စသည် လျစ်လျူရှုစရာ ကိစ္စမဟုတ်မှန်း ​တွေးမိ​လောက်သည်။ ထိုသူကို မြင်ဖူးသူ ဟူ၍ လုံးဝမရှိ။ သူကိုယ်တိုင်လည်း public ထွက်ပြသူမဟုတ်​ပေမယ့် အ​ရေးကြီးတဲ့ ပွဲ​တွေဆိုရင်​တော့ သူကိုယ်တိုင်တက်​ရောက်သည်။ ဆိုလိုချင်သည်က သူ့ကိုဆို ဘယ်လိုပုံစံမှန်း သိကြသည်။ Kevin က ထိုသို့မဟုတ်။ မဖြစ်မ​နေမို့ ပွဲတက်ရရင်​တောင် မျက်လုံးနဲ့ နှာ​ခေါင်းကို ဖုံး​သော အနက်​ရောင် မျက်နှာဖုံးကို အမြဲတမ်းတပ်လာသည်။ လုပ်ငန်းရှင်​တွေပဲ တက်တဲ့ပွဲမှာ ထိုသို့ပွဲတက်ခြင်းက ရိုင်းရာကျ​ပေမယ့် အပြစ်​ပြောမယ့်သူမရှိ။ သူကလည်း မိမိကလွဲ သူများကို စိတ်မဝင်စားတဲ့အတွက် ​ခေါင်းထဲကို အ​ရေးတယူ ထည့်မ​နေ။ အခု​တော့ ထိုသို့ လုပ်လို့မရ။ ဘယ်သူ​ပြောနိုင်မှာလဲ ဒီကွင်းဆက်လူသတ်မှုက Kevin နဲ့ မဆိုင်ဘူးလို့။ သူတို့စကား​ပြော​နေတုန်း Hongjoong နဲ့ Mingi အခန်းထဲ ဝင်လာသည်။ ဒီနှစ်​ယောက်က ဘာလို့ အမြဲတပူးပူး တတွဲတွဲလဲ။ တကယ်​တော့ သူသဝန်အတိုလွန်​နေမှန်း Yunho သိပါတယ်။ ဒါ​ပေမယ့်လည်း မတတ်နိုင်ဘူး​လေ ... ချစ်တာကိုး။

"ကိုကို ... Jongho တို့ဆီ သွားချင်လို့"

သူ့ကို ပြုံးပြပြီး ခွင့်​တောင်းလာတဲ့ ပိုးတုံးလုံးကို သူ့မှာ အသည်းတယားယားနဲ့။

"ဘာလုပ်ဖို့လဲ"

"ဒီအတိုင်း ... သွားလည်ချင်လို့​လေ ... အိမ်မှာက ပျင်းစရာကြီး ... ကိုကိုတို့ကလည်း ကုမ္ပဏီသာ မသွားတာ အား​နေ အဲ့ laptop ကြီးပဲ ကြည့်ပြီး တစ်ချိန်လုံး အလုပ်လုပ်​နေတာကို"

Everything I do, I do it For You (Unicode Only)Where stories live. Discover now