အခန်း ၁၄

90 13 4
                                    

Necktie ဖြည်ခြင်း အမှု ပြီးသွား​သောအခါမှ Hongjoong အသက်ကို ရဲရဲရှူရဲ​တော့သည်။

"​ဒေါက် ​ဒေါက်"

တံခါး​ခေါက်သံကြား၍ Yunho နဲ့ အတတ်နိုင်ဆုံး ခွာရပ်လိုက်သည်။

"Yunho ​ရေ ငါတို့... ​သြော် Hongjoong ​​ရောရှိ​နေတာလား"

Mingi ဝင်လာပြီး ​ပြောလိုက်သည်။

"သွား​တော့"

Yunho က သူ့ကို ကြည့်ပြီး ​ပြောလိုက်သည့်အတွက် Hongjoong လည်း Mingi ကို နှုတ်ဆက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

"စလှုပ်ရှားပြီ။"

"ဟက်...ထားလိုက်...အငိုက်မိမယ့်အချိန်ကို ​စောင့်မယ်...​​​လော​နေတဲ့သူက အမှားလုပ်မိဖို့ ပိုလွယ်တယ်​လေ"

​နှုတ်ခမ်းထက်ဝယ် ​လှောင်ပြုံးဆင်ပြီး ​ပြောလိုက်တဲ့ Yunho ရဲ့စကားကို Mingi အပြည့်အဝ ​ထောက်ခံလိုက်သည်။ စိတ်ထဲမှလည်း ဆု​​တောင်းမိသည် ဒီကိစ္စမြန်မြန် အပြီးသတ်သွားပါ​စေ...။
_________________________________________

ခွင့်ရက်ရ​နေတဲ့ Jongho တစ်​​ယောက် အ​ပျော်ကြီး ​ပျော်​နေမိသည်။ နားရက်​လေးကို အိမ်မှာပဲ ​​ကုန်ဆုံးဖို့ စဥ်းစားထားသည်။ အခုလည်း အိမ်မှာ ရိက္ခာကုန်​နေ၍ ​စျေးလာဝယ်ခြင်း။

"ဘုတ်"

​ဝင်တိုက်မိတဲ့သူ​ကို ​သေချာကြည့်လိုက်​တော့ Mr. Song။

"​သြော် ဟိုရဲ"

သူ့ကို မြင်တာနဲ့ လက်ကို အ​နောက်ယှက်ပြီး တစ်ခုခုကို ဝှက်လိုက်ပုံရတာ​ကြောင့် ထိုလက်ကို စူးစမ်းမိသွားသည်။ ရဲဆိုမှ​တော့လည်း ဘာ​နေ​နေ မယုံသင်္ကာဖြစ်မိတာ မဆန်းပါဘူး...။

"ကျွန်​တော့စီမံကိန်းက အမှု ဘယ်လိုဖြစ်သွားပြီလဲ ဒီက..."

"Jongho ပါ အမှုက အထက်ကို လွှဲထားပါတယ်"

"​​သြော် ကျွန်​တော်လိုက်ခဲ့ဖို့​ရော လို​သေးလား"

သူ့ကို ​လှောင်ပြုံးနဲ့ ​မေးလာတဲ့ Mr. Song ​ကြောင့် တစ်ခါတည်း ဖမ်းပြီး အချုပ်ထဲ ထည့်လိုက်ရ ​ကောင်းမလားဟု ​တွေးလိုက်မိသည်။

"အခု​တော့ မလို​သေး​ပေမယ့် ​နောက်​တော့ လိုချင်လိုလာမှာ​ပေါ့ ဒီကြားထဲ ​ရေခြား​မြေခြား မသွားရင် ပို​​ကောင်းတာ​ပေါ့"

Everything I do, I do it For You (Unicode Only)Where stories live. Discover now