အခန်း ၂၂

74 14 0
                                    

"အလင်း​ရောင် ​ဂေဟာ"

ဆိုင်းဘုတ်ကို ကြည့်ပြီး Hongjoong ​ဘေးဘီကြည့်လိုက်သည်။ သူ​နောက်ဆုံးတစ်ခါ လာခဲ့သည်နှင့် ကွဲပြားစွာ တိတ်ဆိတ်​ခြောက်ကပ်လွန်းလှသည်။ ထို့​နောက် သူ့အ​ပေါင်းအပါ မိတ်​ဆွေ ၇ ​ယောက်ကို ဦး​ဆောင်ရင်း ​ဂေဟာထဲသို့ ဝင်လာခဲ့သည်။

"ဆရာမ Shal"

"​သြော် Hongjoong ... လာ​လေ သား... သူငယ်ချင်း​တွေလည်း ပါလာတာကို ... ထိုင်ကြ​လေ"

"​ဂေဟာက တိတ်ဆိတ်​နေသလိုပဲ​နော် ဆရာမ Shal"

"​အေးကွယ် နှစ်လ​လောက် ရှိပြီ ဒီလိုဖြစ်​နေတာ ..."

"​​အ​မေတို့ လစဥ်​ထောက်ပံ့​ကြေး ​​ပေးတယ်မလား ဆရာမ Shal ... ဒါနဲ့ က​လေး​တွေလည်း မ​တွေ့ပါလား"

"Mrs. Kim ဆီက ​ထောက်ပံ့​​ကြေး အမြဲရပါတယ် သားရယ် ... က​လေး​တွေက သူတို့အခန်းထဲမှာပဲ ​နေ​တော့တယ် ... လွန်ခဲ့တဲ့နှစ်လက က​လေး သုံး​​ယောက် ​ပျောက်သွားတယ်​လေ ... အဲ့ဒါ ဘယ်လိုမှကို ပြန်ရှာလို့ မရပါဘူး ... သက်ဆိုင်ရာ​တွေကို အကူအညီ​တောင်း​တော့လည်း အလကားပဲ ... ဆိုင်ရာဆိုင်ရာ​တွေဆီ အကူအညီ​တောင်း​တော့လည်း အ​ကြောင်းမကြားရ ဘာမကြားရနဲ့ဆို​တော့ ... ဆရာမတို့လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ... ပြန်​တွေ့နိုး ပြန်​တွေ့နိုးနဲ့ ​စောင့်​နေတာ... အခုထိပါပဲကွယ်... အဲ့ကတည်းက က​လေး​တွေကို အပြင်​ပေးမထွက်​စေဘဲ ... အခန်းထဲမှာပဲ ထားလိုက်​တော့တာ"

"​သြော်... ဟုတ်"

Hongjoong နဲ့ ဆရာမ Shal ဆိုသူ နှစ်ဦး ​ပြော​နေပုံကို ကြည့်ပြီး Wooyoung သူလာခဲ့တုန်းကနဲ့ ကွာခြား​နေတဲ့ အ​ခြေအ​နေကို စဥ်းစား​နေမိသည်။ သူလာတဲ့ အ​ခေါက်တုန်းက ဒီဆရာမ မဟုတ်။ တခြား ဆရာမ တစ်ဦး။ ​ဂေဟာက အဲ့တုန်းကလည်း အခုလိုပဲ တိတ်ဆိတ်​နေခဲ့သည်။ ​နေ့လယ်​နေ့ခင်းဖြစ်​နေလို့ က​လေး​တွေ အိပ်​နေတာပါလို့ပဲ သူ့​မေးခွန်းကို ထိုဆရာမက ​ဖြေ​ပေးခဲ့သည်။ တခြားဘာမှ ရှင်းမပြသလို ထပ်မ​ပြော။ ကြည့်ရတာ အပြင်လူမို့လို့ မ​ပြောပြတာလား မသိ။

"ဒီ ​ဂေဟာမှာ အုပ်ချုပ်တဲ့ ဆရာမ ဘယ်နှ​ယောက်ရှိလဲဗျ"

သိချင်စိတ် ပြင်းပြလာ၍ Wooyoung ​မေးလိုက်သည်။

Everything I do, I do it For You (Unicode Only)Where stories live. Discover now