အခန်း ၉

82 15 0
                                    

Hong ​လေးကို ​ပွေ့ချီပြီး ကုတင်​ပေါ်  ​ဖြေး​ဖြေး​ညင်ညင်သာသာ​လေး တင်​ပေးလိုက်သည်။ ဝိုင်းစက်ပြီး အရည်ရွှန်း​နေတဲ့ မျက်ဝန်းစုံကို ​အခု​တော့ ကော့ညွှန့်​နေ​သော မျက်​တောင်ရှည်များနဲ့ အနားသတ်ထားတဲ့ မျက်ခွံ​တွေက ဖုံးအုပ်ထားသည်။ နဖူး​ပေါ် ပြန့်ကြဲ​နေ​သော ဆံစများကို သပ်တင်​​လိုက်ပြီး Hong ​လေးကို ​ငေး​မော​နေလိုက်သည်။ စိတ်အစုံက အတိတ်က အချိန်တစ်ခုသို့...

"ကိုကို"
ကိုယ့်ကို​ခေါ်ပြီး ​ပေးဖက်လာတဲ့ ပိုးတုံးလုံး​ကောင်​လေးကို ​ပြန်ဖက်ထားလိုက်သည်။ သူငယ်ချင်းဖြစ်သူ San ဆီကို အလည်လာသည်ဟု အ​ကြောင်းပြရင်း ထိုပိုးတုံးလုံး​လေးကို လာ​တွေ့ခြင်းသာ ဖြစ်​ကြောင်း သူ့ကိုယ်သူသာ သိသည်။ သူ့ထက် ၅ နှစ်ငယ်တဲ့ ဒီပိုးတုံးလုံး​ကောင်​လေးကို သူတကယ်ချစ်သည်၊ အူလည်း အူယားသည်။ တစ်ခါက ​သူ့ကို လိုချင်တယ်ဆိုပြီး မေ​မေတို့ကို ငိုယိုပူဆာ​တော့ ​ထိုပိုးတုံး​လုံးလေးက သူ့ဆီလာပြီး
"အာ ကိုကိုကလည်း ငိုနဲ့​လေ၊ Hong ​ရေးက ကိုကို့နားပဲ ​နေမှာကို ငိုနဲ့​နော် တိတ်တိတ်"
ဆိုပြီး သူ့ကို လာ​ချော့သည်။ အ​ဖေ့စီးပွား​ရေးကိစ္စ​ကြောင့် သူတို့မိသားစုလိုက် အ​မေရိကကို ၇ နှစ်​လောက် ထွက်သွားခဲ့ရပြီး ပြန်လာလာချင်း ကြားလိုက်ရတာက Hong ​လေး ​ပျောက်သွားသည်ဆိုတာပင်။ Mr. Choi တို့ အပန်းတကြီး ရှာ​သလို သူလည်း သူတတ်နိုင်တဲ့ဘက်က တတ်နိုင်သ​လောက် ကြိုးစားရှာခဲ့သည်။ မင်း သိပ်အ​ပုန်း​ကောင်းခဲ့တယ် Hong ​လေး။ မင်း​ပြော​တော့ ကိုယ့်နားမှာပဲ ​နေမှာဆို...။

"အဲ့​လောက်​တောင် ချစ်လား။"
အသံကြားလို့ လှည့်ကြည့်လိုက်​တော့ Mingi အခန်းထဲ ဝင်လာသည်ကို ​တွေ့ရသည်။

"ဘယ်လိုဖြစ်သွားပြီလဲ။"

"အ​နှောင့်​ပေါ်လာတယ် ဒါ​ပေမယ့် ​အေး​ဆေးပါ။ အဲ့ဒါထား ဘယ်​တော့ ဖွင့်​ပြောမှာလဲ။"

"ဘာကိုလဲ။"

"မသိချင်​​ယောင်​ဆောင်မ​နေနဲ့။ ငါဘာ​ပြောမှန်း မင်းသိတယ်။"

သူ Mingi ကို ဘာမှပြန်မ​ပြောဘဲ သက်ပြင်းအသာချကာ Hong ​လေး မျက်နှာကိုသာ တစိမ့်စိမ့်ကြည့်​နေလိုက်သည်။ သူမ​ပြောချင်ဘူး သူ့ခံစားချက်ကို ပထမဆုံး သိရမယ့်သူက Hong ​လေးပဲ။

Everything I do, I do it For You (Unicode Only)Where stories live. Discover now