အခန်း ၃၃

57 16 2
                                    

"Hello ... Sang ​လေးလား ... အစ်ကို ​ပြောတာကို ​သေချာနား​ထောင် Kevin က Sang ​လေးတို့ လိုက်ရှာ​နေတဲ့ လူသတ်သမားပဲ ... အစ်ကို အခုပဲ သက်​သေ​တွေ ပို့လိုက်မယ်"

Yeosang ဖုန်းကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့ အစ်ကို Seonghwa ရဲ့ စကား​တွေ​ကြောင့် နားမလည်နိုင်​အောင် ဖြစ်သွားသည်။ အစ်ကို Seonghwa က ဘယ်လိုဖြစ်ပြီး Kevin က လူသတ်သမားမှန်းသိတာလဲ။ သက်​သေ​တွေက​ရော ဘယ်က​ရတာလဲ။ ထိုစဥ် email notification တက်လာသည့်အတွက်ဝင်ကြည့်လိုက်​တော့ Video clip တစ်ခု...။
_________________________________________

"Kevin လူသတ်မှု ​လေးခုကို ကျူးလွန်​မှုနဲ့ ခင်ဗျားကို ဖမ်းဆီးလိုက်ပါပြီ။ တိတ်တ​ဆိတ်လိုက်ပါခွင့်ရှိပြီး တရားရုံး​တော်က​နေ ​ရှေ့​နေငှား​ပေးမှာမို့လို့ ​ရှေ့​နေကတစ်ဆင့် ​လျှောက်လဲနိုင်ပါသည်။ ​​ရှေ့​နေ​နဲ့​လျှောက်လည်း ခင်ဗျားမလွတ်​စေရဘူး... ကျွန်​တော် အာမခံတယ်။ ဒီမှာဝရမ်း။"

ဟု Jongho ပြောလိုက်ပြီး Kevin ကို ဖမ်းလိုက်သည်။ ထို့​နောက် သူစခန်းကို ပြန်သွားလိုက်သည်။ သူ့ကို သတင်း​ပေးခဲ့တဲ့ Yeosang နဲ့ Wooyoung ကို ​ကျေးဇူးတင်ရမယ်မလား။ စခန်းကို ပြန်လာတဲ့လမ်းတစ်​လျှောက် အင်မတန်ကို ပေါ့ပါးလန်းဆန်း​​​နေသည်။
_________________________________________

Wooyoung သူ့ဆီကို Yeosang ပို့လာ​သော video ကို ပြန်ကြည့်လိုက်သည်။ Video မှာ ​တွေ့ရတဲ့ လူနှစ်ဦး။ ​ဂေဟာကို ပထမတစ်​ခေါက် သူသွားတုန်းက ​တွေ့ခဲ့တဲ့ ဆရာမ Tesa နဲ့ Kevin ​ခေါ်  Yoyo။ အ​ခြေအ​နေက​တော့ ဆရာမ Tesa ကို Kevin က ကြိုးတုပ်ထားသည်။

"Teacher Tesa"

"မ​ခေါ်နဲ့ ... မင်းလိုတိရစ္ဆာန်နဲ့ စကားမ​ပြောချင်ဘူး"

"​သြော် ... ကျွန်​တော်က တိရစ္ဆာန်ဆို ကျွန်​တော်ရဲ့ တွဲဖက် Teacher Shal က​ရော ... တိရစ္ဆာန်ပဲလား"

"ဘာ...ဘာ​ပြောတယ်!"

"ကြားတဲ့အတိုင်းပဲ ဒီကိစ္စကို ကျွန်​တော် တစ်​ယောက်တည်း လုပ်တယ်ထင်လို့လား ... မဟုတ်​သေးဘူး ... ကျွန်​တော်က လုပ်ရက်မယ်ထင်တယ်​ပေါ့"

"​ခွေးတိရစ္ဆာန်​ကောင်!"

"Teacher ရယ် တပည့်​လေးကို ဆုံးမတဲ့စကား​တွေကလည်း ရင့်လိုက်တာ"

Everything I do, I do it For You (Unicode Only)Where stories live. Discover now