Part 1 (U+Z)

51.5K 1.5K 45
                                    

#Unicode

"မုန်း"

"ဟင် . . .အလင်းပြော"

"ဘာကိုကြည့်နေတာလဲ"

"နွေ့ကိုကြည့်နေတာ။ နွေ့ကိုကြည့်စမ်းတဖြည်းဖြည်း ချောလာတယ်နော် ငါသဘောကျတယ်။ မင်းရော"

"အင်း . . . ငါရောပဲ"

တကယ်တော့ အလင်းကိုယ်တိုင်လည်း နွေ့ကိုသဘောကျလား မကျလားဆိုတာကို သေချာမသိပါဘူး။ ဘာလို့ အင်းလို့ ပြောလိုက်မိပါလိမ့်။

ဒီလိုပါပဲ မုန်းက ကောင်မလေးတစ်ယောက်ကို သဘောကျတယ်လို့ပြောတိုင်း အလင်းလည်း သဘောကျနေတတ်ပြီး အလင်းသဘောကျတယ်လို့ပြောတိုင်းလည်း မုန်းကသဘောကျနေတတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုပြီးတော့ မတွေးဖြစ်ခဲ့ကြဘူး။ ဒါကြောင့်လည်း အတူတူပြိုင်လိုက်ပြီး ရတဲ့သူကို မရတဲ့သူက ကျေကျေနပ်နပ်နဲ့ နောက်ဆုတ်ပေးခဲ့ကြတာချည်းပါပဲ။

"ဒါဆို အရင်လိုပဲ တူတူလိုက်မယ်လေ။ ရှူံးတဲ့သူကနောက်ဆုတ်။ First Date ကို ဒကာခံ။ အရင်လိုပဲ ဘယ်လိုလဲ Ok"

"Ok"

"ဒါဆို ငါပြန်မယ်မုန်း အိမ်လိုက်ခဲ့ဦးမလား"

"ဒီနေ့တော့ မလိုက်တော့ဘူး။ မေ့ကို ငါသတိရတယ်လို့ ပြောပေးကွာနော်"

"Ok ငါသွားပြီမုန်း"

မုန်းနဲ့လမ်းခွဲပြီး အလင်းလည်း အိမ်ကိုပြန်လာခဲ့လိုက်တယ်။ ဒါပေမဲ့ စိတ်‌ထဲမှာတော့ ခုနကတွေ့လိုက်တဲ့ ကောင်မလေးကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာကို စဉ်းစားရင်းတွေးရင်း လမ်းလျှောက် လာခဲ့မိတယ်။

ညနေဆို မုန်းနဲ့ကျွန်တော် ဘောလုံးကန်ကြတယ်။ ပြီးရင်အိမ်ကို လမ်းလျှောက်ပြန်ကြတယ်။ ဒါဟာ ကျွန်တော်နဲ့မုန်းရဲ့ ညနေတိုင်းလုပ်နေကြ လုပ်ငန်းဆောင်တာပါ။

အလင်းတို့အိမ်ကို မုန်းလိုက်လာတဲ့နေ့တွေမှာဆို နှစ်ယောက်အတူတူ လမ်းလျှောက်တာဆိုတော့ စကားတပြောပြောနဲ့ လမ်းလျှောက်ရတာ မမောပေမယ့် ခုလိုမုန်းမပါဘဲ တစ်ယောက်တည်း လမ်းလျှောက်ရတဲ့ နေ့တွေဆိုမောတယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now