Part 32 (U+Z)

8.4K 549 17
                                    

#Unicode

စာမေးပွဲဖြေဖို့နှစ်ရက်အလိုညမှာ အလင်းတောင်းဆိုထားတဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် အလင်းတို့အိမ်မှာ မုန်းလာအိပ်ခဲ့ရတယ်။ မေမေ့ကိုတော့ သူငယ်ချင်းတွေ စာစုလုပ်မှာလို့ ညာခဲ့ရတာပေါ့။ သူရဲကောင်းဟာ ချစ်တတ်သွားတဲ့နောက်ပိုင်း အလိမ်အညာတွေ ကျွမ်းကျင်လာခဲ့ပါတယ်။

“မုန်း”

“ဟင်”

“စာလုပ်လေကွာ”

“စာတွေက အကုန်ရပြီးပါပြီဆို”

“သေချာတယ်နော်မုန်း”

“အင်းပါ‌ဆို”

မုန်းကို ကျက်စာမှန်သမျှ အလင်းစိတ်ကြိုက် တွေ့ရာကောက်မေးကြည့်တော့ အကုန်ဖြေနိုင်တာမို့ စာကျက်ပျင်းတဲ့ကောင်လေး စာထပ်မကျက်ရဖို့သေချာသွားပါပြီ။

“ဒါဆို ဒီ 104 ကရော အကုန်ရပြီလား”

“အဲ့ဒါက Programming တွေအလင်းရ။ ကျက်စာမဟုတ်ဘူး။ C#တွေက Program ရေးရတာ အဲ့ဒါတွေက ငါကျွမ်းပြီးသားတွေ”

“အင်း ဒါဆို ကိုယ့်မုန်းလေးက စာအကုန်ရနေပြီပဲ။ ကိုယ့်ဘေးမှာထိုင်ပြီး ကိုယ်စာလုပ်တာကို စောင့်နေပေးပါ့လားမုန်းလေး”

“Ok ပါ”

မုန်းအလင်းဘေးနားမှာ ဝင်ထိုင်ပြီး ဂိမ်းထိုင်ဆော့နေလိုက်တယ်။ စာလုပ်တဲ့ဘေးမှာထိုင်ရတာ အရမ်းပျင်းဖို့ကောင်းလွန်းနေလို့ပါ။

ဘေးနားမှာ ငြိမ်ချက်သားကောင်းနေတဲ့မုန်းကြောင့် ဘာလုပ်နေလဲသိချင်လို့ ခိုးပြီးကြည့်တော့ ကိုယ်တော်လေးက ဂိမ်းဆော့နေတာမဟုတ်ဘဲ Messenger မှာ ကောင်မလေးတွေနဲ့ စကားပြောနေတာပါ့လား။

“မုန်း”

“ဟင်”

လန့်သွားလို့ထင်ပါရဲ့။ တုန်းတက်သွားတာများ တစ်ခုခု မဟုတ်တာ လုပ်ထားမှန်း သိသာတယ်။

“ဘာလို့ အဲ့လောက်တောင် လန့်သွားရတာလဲ ကိုယ်တော်လေးရဲ့။ ပြောပါဦး”

“ဟို Fbကြည့်နေတဲ့အထဲ ဈာန်ဝင်ပြီး အာရုံရောက်နေတာမို့ မင်းကခေါ်လိုက်တော့ လန့်သွားတာပေါ့”

“ဟုတ်လားးး ဪ . . . မသိပါဘူး ကောင်မလေးတွေနဲ့ စကားပြောနေလို့များ ငါခေါ်တာကို လန့်သွားတာလားလို့”

အလင်း မုန်းကို အငေါ်တူးပြီးပြောလိုက်တော့ မုန်းတစ်ယောက် ပြာပြာသလဲကို ငြင်းရှာတယ်။

“မဟုတ်ပါဘူး ငါက ဘယ်ကောင်မလေးနဲ့ ပြောရမှာလဲ“

“ဒါဆို အဲ့ဒီ့စန္ဒီဆိုတာ ဘယ်သူလဲမုန်း”

“ကျောင်းကသူငယ်ချင်းပါ။ ဒီတိုင်း စာရပြီလားလို့ လာမေးတာ”

“ကိုယ်မြင်လိုက်တာတော့ အဲ့လိုမဟုတ်ပါ့လားမုန်း။ ကိုယ့်ကို ဘာလို့ညာနေတာလဲ”

“ညာတာမဟုတ်ပါဘူး မင်းကလည်း။‌ ရှားနဲ့ပြတ်သွားပြီလားပဲ မေးတာပါ”

“ပြီးတော့ရော ဘာထပ်ပြောသေးလဲ”

“ရှားနဲ့ပြတ်သွားရင် သူရှိသေးတယ်လို့ပြောတာ။ စတာပါသူက။ သူငယ်ချင်းတွေဆိုတော့ ဒီလိုပဲစကြတာပါ”

“အဲ့ဒါကို ကိုယ့်ကိုဘာလို့ညာတာလဲ”

“ငါက မင်းတစ်မျိုးထင်မှာဆိုးလို့ မပြောတာပါ။ ခုတောင် စိတ်ဆိုးနေတယ်မို့လား”

“စိတ်ဆိုးတယ်ဆိုတာ မင်းကိုယ့်ကိုညာနေလို့လေ။ မင်းအပေါ်ကို မရိုးသားတဲ့ဘယ်သူနဲ့မှ စကားမပြောနဲ့ ကိုယ်မကြိုက်ဘူး။ မင်းအပေါ်ကို မရိုးသားတဲ့စကားတွေပြောပြီး မရိုးသားတဲ့စိတ်ရှိနေတဲ့သူဆိုရင် အဲ့လူက ယောင်္ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်သဝန်တိုတယ်မုန်း။ ဒါပေမယ့် ကိုယ့်ကိုသာ အမှန်အတိုင်းပြောရင် ကိုယ်လုံးဝစိတ်ဆိုးမှာ မဟုတ်ဘူး။ ကိုယ်က မုန်းအမှန်အတိုင်းပြောရင် မုန်းကို စိတ်ဆိုးရက်မဲ့သူလား။ ခုက ကိုယ့်ကိုညာလို့ စိတ်ဆိုးတာ။ ကိုယ်ပြောတာကို နားလည်လားမုန်း”

မုန်းခေါင်းငြိမ့်ပြမလို့ရှိသေးတယ် ပြောချင်ရာပြောပြီးထွက်သွားတဲ့ အလင်းကြောင့် မုန်းငိုမဲ့မဲ့လေးနဲ့ ကျန်ခဲ့ရတယ်။ အလင်းကတော်ရုံဆို စိတ်မဆိုးတတ်ပေမယ့် သူ့ကိုညာရင်တော့ တအားစိတ်ဆိုးသလို စိတ်ဆိုးရင်လည်း တော်တော်နဲ့ စိတ်ဆိုးမပြေတတ်‌ပေ။

ညာတာကို အလင်းရော၊ ဖေရော၊ မေရောက လုံးဝမကြိုက်တာမို့ အလင်းတို့တစ်မိသားစုလုံးက သူတို့ကိုယ်တိုင်လည်းမညာသလို သူများက သူတို့ကိုညာရင်လည်း လုံးဝမကြိုက်ကြပါ။ အလင်းမကြိုက်ဆုံးအရာက လိမ်တာနဲ့ကျိန်တာပါ။ ဒါကို သိသိရက်နဲ့ မုန်းညာလိုက်မိတာ။ သွားပါပြီ အလင်းကို မုန်းဘယ်လိုချော့ရပါ‌တော့မလဲ။ အမှန်အတိုင်း ပြောပြလိုက်လည်း ရနေတာကို။ ဘာလို့များ ညာလိုက်မိပါလိမ့်။ ကိုယ့်ချစ်သူမကြိုက်ဘူးဆိုတာကို သိသိရက်နဲ့ လုပ်လိုက်မိတာ ကိုယ့်အမှားပဲ မဟုတ်လား။ စိတ်ဆိုးပြေအောင်သာ တောင်းပန်ပေတော့မုန်းရေ။ ငိုချင်နေပါပြီနော်။ ကိုယ့်အပြစ်နဲ့ကိုယ်ပဲမုန်း ဘာလို့သွားညာလိုက်တာလဲ။ သေလိုက်တော့အဲ့မှာ။

မုန်းစိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတုန်း သုတက အနားမှာလာထိုင်တာမို့ သုတနဲ့ပဲ စကားထိုင်ပြောနေလိုက်တော့တယ်။ စကားများများပြောရင် စိတ်ညစ်စရာတစ်ဝက် သက်သာတယ်လေ။ ဒါကြောင့် အသည်းကွဲရင် သူငယ်ချင်းနဲ့ အရက်သောက်ပါတဲ့။ ဘယ်သူပြောတာလဲလို့မမေးနဲ့ မုန်းမာန်ဆိုတဲ့ကျွန်တော်ပြောတာ။

“သုတထွန်းရှိန် အရင်ရက်က မင်းဘယ်တွေသွားနေတာလဲ။ အိမ်မှာမတွေ့တာ အတော်ကြာပြီ။ ဆယ့်ငါးရက်လောက်တောင် ရှိနေပြီလားလို့”

သုတနာမည်အရင်းက သုတထွန်းရှိန်ဆိုတာကို တော်ရုံလူမသိကြပါဘူး။ အားလုံးက သုတလို့ပဲ ခေါ်နေကြဆိုတော့ နာမည်ရင်း သုတထွန်းရှိန်ဆိုတာကို အားလုံးက မေ့နေကြလောက်ပါပြီ။ သူကိုယ်တိုင်တောင် မေ့နေလောက်ပြီဖြစ်တဲ့ နာမည်အရင်းကြီးကို ခေါ်လိုက်တော့ သုတကမုန်းကိုမဲ့ရွဲ့ပြီး ကြည့်လာပါလေရော။

“‌နာမည်အပြည့်အစုံခေါ်လိုက်ရတော့ မောနေမှာပေါ့ ရေသောက်ပါဦးလား”

“အေး လုပ်ပါဦး တစ်ခွက်လောက်”

ရွဲ့ပြီးမေးလာတော့လည်း ရွဲ့ပြီးဖြေလိုက်ရတာပေါ့။ ရောင်းသူဝယ်သူ အသံတူပဲ လာမပြောနဲ့ မုန်းတို့က ကိုယ့်ကိုလာရွဲ့ရင် ပြန်ရွဲ့လိုက်ရမှကျေနပ်တာ။

“မင်း ငါ့ကိုသာ ပြန်အငေါ်တူးတာနော်။ မင်းလင်မင်းကို ပြန်အငေါ်တူးတော့ကြ မျက်နှာငယ်လေးနဲ့ ပြန်တောင်မပြောရဲရှာဘူး။ ရုပ်လေးကိုက မျက်စိသူငယ် နားသူငယ်နဲ့  သနားကမားရုပ်လေး။ လင်ကြောက်လေး ဟားဟားဟားဟား”

“ရယ်ရင်းနဲ့လည်း အသက်ထွက်နေဦးမယ် မသာ။ အရယ်လွန်ပြီး သေတဲ့မသာဆိုပြီး လူကြားမကောင်း သူကြားမကောင်းဖြစ်ဦးမယ်။ ကြောက်တာမဟုတ်ဘူး ချစ်တာကွ။ ပြီးတော့ ကိုယ့်အမှားမို့ ငြိမ်နေလိုက်တာ နာခံလိုက်တဲ့သဘော သိလားအရူးရဲ့။ သိမှာလည်း မဟုတ်ပါဘူး ရည်းစားမှမရှိတာ စောင်FAကောင်”

ပြောချင်ရာပြောပြီး စောင့်အောင့်ထွက်သွားတဲ့ မုန်းကိုကြည့်ပြီး သုတတစ်ယောက် မဲ့ရွဲ့ပြီးကျန်ခဲ့ရတော့တယ်။ သူ့ကိုလင်ကြောက်လို့ ပြောလိုက်တာလေးနဲ့ လူကိုစောင်FAကောင်ဆိုပြီး နှိမ်သွားသေးတယ်။ ဘာမှမဆိုင်တာကိုဆွဲထည့်ပြီး ပြောသွားတယ် မုန်းစုတ်လေး။

မုန်းတစ်ယောက် အလင်းကိုချော့ဖို့အရေး နည်းမျိုးစုံတွေးပြီး အခန်းထဲကို ဝင်လာခဲ့ရတယ်။ အခန်းထဲရောက်တော့ ရွှေစိတ်တော်ကောက်နေတဲ့ ကျွန်တော့်ချစ်သူကြီးက ခေါင်းမြှီးခြုံထားလေရဲ့။ အလင်းကိုယ်ပေါ် တက်ခွထိုင်ပြီး ခေါင်းမြှီးခြုံထားတဲ့စောင်ကို ဆွဲခွာလိုက်တော့ မျက်နှာတော်လေး ပေါ်လာပါရော။ မုန်းတစ်ယောက် အလင်းနှုတ်ခမ်းလေးကို ငုံ့နမ်းပြီး စတင်ချော့ရတော့တယ်။

“မွစ် ကိုကို့ မုန်းတောင်းပန်ပါတယ်နော်။ ကိုကိုက ညာတာကို မကြိုက်မှန်းသိရဲ့သားနဲ့ ညာလိုက်မိလို့ တောင်းပန်ပါတယ်။ မုန်းကလေ ကိုကိုစိတ်ပူပြီး သဝန်တို့နေမှာဆိုးလို့ မပြောပြတာပါ။ စိတ်မကောင်းဖြစ်မှာလည်း ဆိုးလို့လေနော်။ နောက်တစ်ခါ လုံးဝမညာတော့ဘူးနော် . . နော်လို့။ ဒီတစ်ခါတော့ မုန်းကိုခွင့်လွှတ်ပေးနော် စိတ်ဆိုးပြေပေးတော့နော်။ ကိုကိုစိတ်ဆိုးရင် မုန်းမနေတတ်လို့ပါနော် ကိုကိုနော် ပြွစ်”

သူလေးအမှားလုပ်မိပြီဆိုရင် ကိုကို ကိုကိုနဲ့ ကိုကိုကိုပါးစပ်ဖျားက မချတော့တဲ့ ကျွန်တော့်ရဲ့ကလေးလေး။ နမ်းကလည်း နမ်းလိုက်သေးတယ်။ သူနမ်းလိုက်တာနဲ့ ဒီကောင်ကြီးက ခွင့်လွှတ်ပေးလိုက်ပေါ့ စိတ်ဆိုးပြေပေးလိုက်ပေါ့ဆိုတဲ့အထာ။

“ကိုကို့ကိုညာတာကို လုံးဝမကြိုက်ဘူးဆိုတာ မုန်းသိရက်နဲ့ ဘာလို့သိသိကြီးနဲ့ လုပ်တာလဲ။ ကိုယ်ကမုန်းအတွက်‌ အရေးရောပါရဲ့လား”

“ကိုကိုကလည်း ကိုကိုကမုန်းအတွက် အရေးအကြီးဆုံးပါနော်။ မုန်းဘဝမှာ ကိုကို့ထက်အရေးကြီးတာ ဘာမှမရှိဘူး။ ကိုကိုသာလျှင် TOP ONE ပါနော်။ နောက်နောင် ကိုကိုမကြိုက်တာကို လုံးဝမလုပ်သလို ညာလည်း မညာတော့ပါဘူးခင်ဗျ ပြွစ်။ ကိုကိုအသည်းတုံးကြီးကပဲ စိတ်ဆိုးပြေပေးပါတော့ခင်ဗျာ။ တောင်းပန်ပါတယ်နော် ပြွစ်”

တပြွစ်ပြွစ်နဲ့ အနမ်းပေးနေ‌ပါသော ကျွန်တော့်အသဲနှလုံး။ လူပေါ်ကိုလည်း ခွထိုင်ထားသေးတယ်။ ကုန်းပြီးတော့လည်း တပြွစ်ပြွစ်တမွမွနဲ့ နမ်းနေသေး‌တယ်။ ကျွန်တော့်ချစ်သူလေးဟာလေ ဘာလေးမှန်းကိုမသိပါဘူး။ သိပ်ကိုချစ်ဖို့ကောင်းလွန်းတဲ့ ချစ်မွှေးလေးပါဗျာ။

“ကိုကို့ကိုညာတာ ကိုကိုလုံးဝမကြိုက်ဘူးနော်မုန်းလေး။ ကိစ္စသေးသေးလေးတောင် မညာပါနဲ့မုန်း။ ဘာကိစ္စပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းအရာမျိုးပဲဖြစ်ဖြစ် ကိုကိုက မုန်းကိုနားလည်ပေးမှာ။ ကိုကို့ကိုညာတာရယ် ကျိန်တာရယ်ကို ကိုကိုတကယ်ကြီးစိတ်ဆိုးတယ်နော်”

“အင်းပါ နောက်ကို လုံးဝ လုံးဝ မညာတော့ဘူးနော်။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော် ကိုကို”

“မင်းလေးဟာလေ လုပ်ချင်ရာလုပ်ပြီးရင် ကိုကို ကိုကိုနဲ့ ကိုကိုကို ပါးစပ်ဖျားက မချဘူး။ ကျန်တဲ့အချိန်ဆို အလင်း မင်းနဲ့ငါနဲ့ပဲ။ တစ်ချိန်လုံးကိုကိုလို့ ခေါ်လို့မရဘူးလား ပြောပါဦးကိုကို့ကို”

“ဟွန့် မရပါဘူးနော်။ တစ်ချိန်လုံးခေါ်နေရင် ခင်ဗျားခုလိုစိတ်ဆိုးနေချိန်ဆို ဒီကကောင်က ဘယ်လိုချော့မလဲပြော”

“အလည်လေး မွစ် အရမ်းချစ်တာပဲကွာ မွစ် မွစ် မွစ်”

အနမ်းတွေအများကြီးပေးပြီး အိမ်ရာဝင်ခဲ့ကြတယ်။ အိမ်မက်လေးတွေ သိပ်ကိုလှပနေခဲ့ပါတယ်ဗျာ။

************

“မုန်းစာမေးပွဲဖြေနိုင်လား”

“ကိုကို့ မုန်းတစ်ဘာသာမဖြေနိုင်ဘူး”

“တစ်ဘာသာတည်းမို့လား မုန်းလေးရဲ့။ အများကြီးမဖြေနိုင်ခဲ့တာလား အကုန်မဖြေနိုင်ခဲ့တာလားကလေးလေး”

“03 နှစ်ပုဒ်မဖြေနိုင်ခဲ့ဘူး ကိုကို”

“အဲ့ဒါလေးပဲမို့လား”

“ဘာအဲ့ဒါလေးပဲလည်း ကိုကိုကလည်း အဲ့ဒါကြီးပါ”

“ဟုတ်ပါပြီ အသဲနှလုံးလေးရယ်။ မနက်ဖြန် စက်‌ဖြေတစ်ဘာသာပဲ ကျန်တော့တာမို့လား။ ကိုကိုလည်းပြီးပြီဆိုတော့ ခလေးပေါက် မနက်ဖြန်စာမေးပွဲပြီးတာနဲ့ ကိုကိုတို့အိမ်ဝင်ခဲ့နော်။ မုန်းမေမေကိုလည်းပြောခဲ့ဦးနော် ကိုကိုတို့အိမ်မှာ အိပ်မယ်လို့။ ကိုကိုနဲ့အိပ်မယ်မို့လား”

“မအိပ်ပါဘူး မေနဲ့အိပ်မှာ”

“မအိပ်ရပါဘူး ကိုကိုတစ်ယောက်လုံးရှိနေတာကို။ မေမေက မုန်းကိုယ်လုံးကြီးနဲ့ခွတာကို မခံနိုင်ဘူးတဲ့”

“မေကပြောတာလား”

“မဟုတ်ဘူး ကိုကိုပြောတာ ဟဲဟဲ”

“ဟွန့် ထင်သားပဲ”

ဟုတ်တယ်လေ ကျွန်တော့်ကလေးပေါက်က အိပ်ရင် သူများတွေလို Romantic ဆန်ဆန် လက်မောင်းလေးခေါင်းအုံးပြီး ရင်ခွင်ထဲတိုးဝင်ရုံလေး အိပ်တတ်တဲ့ကလေးမဟုတ်ဘူး။ လက်မောင်းခေါင်းအုံးတယ် ရင်ခွင်ထဲကိုဝင်တယ် အဲ့ထိတော့ Romantic ဆန်သေးတယ်။ ရင်ခွင်ထဲဝင်ပြီးတာနဲ့ လူကိုဖက်လုံး(ခွခေါင်းအုံး)လို သဘောထားပြီးကို ခွအိပ်တာ။ သူ့ခြေထောက်နဲ့ လူကိုဖိထားတဲ့အပြင် အားရပါးရဖက်အိပ်ဝောာ့ လူကိုတက်ဖိပြီး ချုပ်ထားသလိုပဲ။ အလင်းနဲ့အိပ်သလိုသာ ‌မေနဲ့အိပ်ရင် မေက သူ့ကိုယ်လုံးကြီးကို ဘယ်လိုခံနိုင်ပါ့မလဲ။ ကိုယ်လည်းအစတုန်းက မခံနိုင်ပေမယ့် ခုနောက်ပိုင်းတော့ ကျင့်သားရသွားလို့ထင်တယ် မဖြုံတော့ဘူး။ ဟဲဟဲ ခံနိုင်ရည်ရှိသွားပြီလေ။

“ဒါပဲမုန်းလေး။ မနက်ဖြန်စာမေးပွဲကို နောက်ဆုံးပိတ် အိတ်နဲ့လွယ်နိုင်ပါစေ။ Good Night ကလေးပေါက်။ အရမ်းချစ်တယ်”

“Love u more than KoKo”

ခလေးပေါက်နဲ့ဖုန်းပြောပြီးတာနဲ့ မနက်ဖြန်ဘာသာအတွက် စာလုပ်ရတော့တယ်။ တစ်ဘာသာပဲ ကျန်တော့တာမို့လား။ ရပြီးသား‌တွေဆိုပေမယ့် ‌နည်းနည်းတော့ နွှေးရဦးမယ်လေ။ မုန်းတို့ကျောင်းရဲ့စာမေးပွဲက အလင်းတို့ထက်‌စောပေမယ့် စက်ဖြေ ဖြေပြီးမယ့်ရက်နဲ့ အလင်းတိို့စာမေးပွဲပြီးမယ့်ရက်က အတူတူဆိုတော့ စာမေးပွဲအပြီးလူစုဖို့က ပိုအဆင်ပြေသွားတာပေါ့။

“ဘာတဲ့လဲအလင်း။ ခိုပေါက်လေးက ဖြေနိုင်လည်း သူ့ကိုယ်သူ စိတ်တိုင်းမကျတာနဲ့ မဖြေနိုင်ဘူးလို့ ညည်းပြန်ပြီလား”

“မုန်းအကြောင်းကို နင်အတော်အလွှတ်ရတယ်နော်နွေ”

“နွေပဲရတာမဟုတ်ပါဘူးကွာ။ ငါတို့တွေတောင် အလွှတ်ရနေပါပြီ”

“အေးပါကွာ သုတရာ။ မင်းတို့ကလည်း ငါ့ကလေးပေါက်ကို ပြောမယ်ဆိုတာချည်းပဲ။ ဒါနဲ့နွေ အားသစ်ကို မနက်ဖြန်အိမ်မှာ အိမ်ခိုင်းလိုက်ပါ့လား။ စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ငါတို့ မနက်ဖြန် လျှောက်လည်ကြမယ်”

“ပြောကြည့်ရဦးမယ်။ အားသစ်အကြောင်းလည်း နင်တို့သိသားနဲ့ သူ့အိမ်က ဒီလောက်စည်းကမ်းတင်းကြပ်တာကို”

“နင်တို့ ဒါတွေကိုသည်းခံပြီး လွတ်မြောက်နိုင်ဖို့နောက်ထပ် ခုနှစ်နှစ်လောက် ဖြတ်ကျော်ရဦးမယ်။ နင်တို့အစား ငါစိတ်ကျဉ်းကျပ်လိုက်တာနွေရာ”

“နင်ချစ်တတ်လာရင် ဒါတွေကို သည်းခံနိုင်လာလိမ့်မယ်သုတ”

“ဒါနဲ့ မင်းရော ရည်းစားမထားသေးဘူးလားသုတ”

“ချစ်နေတဲ့သူတော့ရှိတယ်။ ဒါပေမဲ့ ဖွင့်မပြောရဲသေးလို့။ ဖွင့်ပြောရဲလို့ သူ့ဆီကအဖြေရတဲ့နေ့ကြရင် မိတ်ဆက်ပေးမယ်။ ကြာတော့ နည်းနည်းကြာဦးမယ်”

“အင်း ငါတို့က မင်းမှာချစ်သူမရှိဘူးထင်လို့ ရှားနဲ့ရွက်ဝါ တစ်ယောက်ယောက်ကို လိုက်ပါ့လားလို့ ပြောမလို့”

“ရှားနဲ့ရွက်ဝါဆိုလို့ မင်းတို့ကိုပြောမလို့မေ့နေတာ။ ရွက်ဝါနဲ့ရှားက အရင်ကတည်းက အသိတွေလား”

“ဘာလို့လဲ မဟုတ်ပါဘူး။ မင်းသူငယ်ချင်းဆီကို အိမ်စာ‌သွားမေးတဲ့ရက်ကမှ မိတ်ဆက်ပေးထားတာ”

“ငါ စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ရုပ်ရှင်သွားကြည့်တုန်းက ရှားနဲ့ရွက်ဝါကိုပါ ရုပ်ရှင်ရုံထဲမှာ တွေ့ခဲ့လို့။ သူတို့နှစ်ယောက်ပုံစံက တစ်မျိုးတော့ တစ်မျိုးပဲ။ ပြီးတော့ သူတို့က အတွဲခုံမှာ ထိုင်ကြတာကွ။ သူတို့က ငါ့ကိုတော့ မမြင်လောက်ဘူး။ ငါကပဲ မြင်ခဲ့တာ”

“ဟုတ်ပါ့မလား သုတရာ။ မင်ကရွက်ဝါကို ဖုန်းထဲမှာပဲမြင်ဖူးပြီး အပြင်မှာမှ မမြင်ဘူးတာ။ ရှားသူငယ်ချင်းက ရွက်ဝါနဲ့ ရုပ်ချင်းဆင်တာနေမှာပါ”

“လူတော့မမှားဘူးဆိုတာ ကျိမ်းသေတယ်ကွ။ ရွက်ဝါကဒီလောက်လှတာ ငါလူတော့မမှားဘူး။ သူတို့နှစ်ယောက်က မင်းမိတ်ဆက်ပေးမှ သိတယ်လည်းပြောသေးတယ် ဘယ်လိုဖြစ်လို့ ရုပ်ရှင်အတူတူ လာကြည့်ရတာတုန်း”

“ဘယ်သိမလဲကွာ မင်းကလည်း တအားစပ်စုတာပဲ”

“စပ်စုတာတော့ မဟုတ်ဘူး။ မင်းနဲ့မုန်းလိုများလားလို့ တွေးမိသွားလို့။ အတွဲခုံထိုင်ကြတာဆိုတော့ အဟီး”

“မဟုတ်လောက်ပါဘူး ငသုရာ မင်းကလည်း။ ရှားကအဲ့လိုလို့ ထင်ချင်ရင် ထင်လို့ရ‌လောက်ပေမယ့် ရွက်ဝါပုံစံကတော့ အဲ့လိုမဟုတ်လောက်ပါဘူးကွာ”

“တပ်အပ်တော့ပြောလို့မရဘူးလေကွာ မင်းကလည်း”

“ဟုတ်ပါပြီ စာလုပ်ပါရစေ ကိုသုတရယ်။ ရှင်စာမေးပွဲပြီးတိုင်း နှောက်ယှက်နေတယ် တကယ်ပဲ”

နွေဝင်ပြောလိုက်မှပဲ ပြောလက်စ စကားတွေပြတ်ပြီး စာလုပ်ဖြစ်တော့တယ်။ သုတရဲ့စာ‌မေးပွဲရက်က မုန်းနဲ့အတူတူဆိုတော့ မုန်းတို့ရေးဖြေပြီးကတည်းက သုတလည်း စာမေးပွဲပြီးသွားတာပါ။ မုန်းက စက်ဖြေဖြေနေရသေးတော့ ခုထိစာမေးပွဲမပြီးသေးဘူး။ ငသုက စာမေးပွဲပြီးပြီဆိုတော့ အလင်းတို့စာလုပ်တဲ့ဘေးမှာလာထိုင်ပြီး စကားတွေလာပြောနေတာမို့ နွေတစ်ယောက် ဘုတောတောလိုက်တာပါ။

ဒါပေမယ့် ခုနကပြောတဲ့ကိစ္စက ငသုပြောသလိုတော့ မဖြစ်နိုင်လောက်ပါဘူး။ အတွေးကို ခေါင်းထဲကခါထုတ်ပြီး စာဆက်လုပ်ရတော့တယ်။ မနက်ဖြန်တစ်ရက်ပဲ ကျန်ဝောာ့တာဆိုတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ရမယ်လေ။

**************

စာမေးပွဲခန်းထဲကထွက်လာဝောာ့ အပြင်မှာမေသူနဲ့ရှားက မုန်းကိုစောင့်လို့နေပါတယ်။ ရှားနဲ့မေသူ့အနားကိုရောက်တော့ စက်ဖြေမဖြေနိုင်လို့ မေသူကစိတ်ညစ်နေတာမို့ အားပေးရသေးတယ်။

“ဘာမှစိတ်မညစ်နဲ့မေသူ။ စက်ဖြေက အရမ်းအရေးမကြီးဘူး။ ရေးဖြေက ပိုအရေးကြီးတာ။ ရေးဖြေကို နင်ဖြေနိုင်ခဲ့တယ် မဟုတ်ဘူးလား”

“မဖြေနိုင်ဘူးဟ 04ကို ရမ်းဖြေလာတာ။ အစကတည်းက Programming ကိုညံ့ပါတယ်ဆိုမှ။ ငါ‌ဖြေချင်ရာတွေ ဖြေလာခဲ့တာ။ အီးးဟီးးဟီး ငါတော့ 04တစ်ဘာသာ ကျပြီလားဘာလား အဟင့်”

“မငိုပါနဲ့မေသူရာ။ နင်ငိုတာ လှတာလည်းမဟုတ်ဘဲနဲ့။ မျက်နှာဆိုးကြီးနဲ့ မငိုစမ်းပါနဲ့ဟာ တောင်းပန်ပါတယ်”

“ငိုမှတော့လှမလား မုန်းစုတ်ရဲ့”

“ဒါနဲ့မုန်း ကျောင်းကအပြန် နင်ဘယ်သွားဦးမှာလဲ”

“ဘယ်မသွားဘူးလေ။ ဒီကပြန်ရင် အလင်းတို့အိမ်ကိုဝင်မှာ။ အလင်းတို့အိမ်မှာလူစုပြီးမှ ဘယ်သွားရမလဲ တိုင်ပင်ကြမှာ။ ဘာလို့လဲရှား”

“ဘာမှမဟုတ်ဘူး မေးကြည့်တာ။ အလင်းတို့အိမ်ကို ငါနဲ့မေသူပါ လိုက်ခဲ့မယ်လေ”

“လိုက်ခဲ့လေ။ ဟိုရောက်မှ ဘယ်သွားကြမလဲ စဉ်းစားကြတာပေါ့”

“Ok ဒါဆိုသွားရအောင်”

အလင်းတို့အိမ်ကိုရောက်တော့ အလင်းနဲ့နွေလည်း ပြန်ရောက်နေပြီမို့ သွားဖို့နေရာကို တိုင်ပင်ရပါတော့တယ်။

“ငါတို့ Hotpot စားကြမလား”

အစားသမား မေသူမကတော့ Hotpot ကိုပဲ အမြဲရွေးတယ်။

“No”

အလင်းကငြင်းတော့ ရှားမ ကတက်တက်ကြွကြွ ထပြောပါတယ်။

“Club”

ဒါကြတော့ No မယ့်သူတောင်မရှိဘူး ငြိမ်နေကြတာများ။

“ဟမ် အကုန်လက်ခံလိုက်ကြတာလား။ ဒါဆိုသွားကြမှာပေါ့။ အဲ့လိုလား”

“အဲ့ဒါဆို ငါ့ဘဲကိုပါ ခေါ်ဦးမယ်နော်”

“ခေါ်လေမေသူရဲ့။ ငါတို့နဲ့လည်း ခင်နေပြီပဲဟာ ခေါ်ခဲ့‌လေ။ ခုတော့ မေ့ကို အရင်ပြောကြည့်ရဦးမယ်။ မေခွင့်ပြုတယ်ဆို သွားကြမယ်လေ နော်”

နွေကပဲ မေ့ကိုဖုန်းခေါ်လိုက်ပါတယ်။ မေခွင့်ပြုရင်တော့ သွားကြရမှာပါ။

“ဟဲလို မေ”

“နွေလေးပြော”

“မေ့ သမီးတို့ ဒီနေ့စာမေးပွဲနောက်ဆုံးနေ့ဆိုတော့လေ အဲ့ဒါ သူငယ်ချင်းတွေစုပြီး Club သွားချင်လို့”

“အင်း သွားချင်ရင်သွား‌လေ မေခွင့်ပြု‌ပါတယ်‌နော်။ ဒါပေမဲ့ အရင်တစ်ခါလိုတော့ ရန်ဖြစ်မလာရဘူးနော်”

“ဟုတ်ကဲ့မေ စိတ်ချပါနော်။ မေ့ကိုအရမ်းချစ်တယ်”

“ဟုတ်ပါပြီရှင့် ဂရုစိုက်ကြနော်”

မေနဲ့ဖုန်းပြောပြီးတာနဲ့ Club ကိုသွားဖို့ပြင်ကြဆင်ကြရတယ်။ ရှားနဲ့မေသူမကတော့ ထုံးစံအတိုင်း နွေ့အဝတ်အစားတွေပဲ ယူဝတ်တာပေါ့။ မုန်းကတော့ ဒီအိမ်မှာ မုန်းအဝတ်အစားတွေက ရှိပြီးသားလေ။ အထွေအထူးမလိုဘူး ဟဲဟဲ။

Club ကိုရောက်ဝောာ့ အမောင်မုန်းလေးက ဝိုင်ခွက်ကို အရင်ဆုံး စ’ကိုင်တယ်။

“မုန်း အများကြီးမသောက်ရဘူးနော်”

“ဘာလို့လဲ ကိုကိုကလည်း။ ဒီနေ့တစ်ရက်ပဲ သောက်ရမှာကို”

လာပါပြီ သူတစ်ခုခုလုပ်ချင်ပြီဆို ကိုကိုကို ပါးစပ်ဖျားကကို မချဘူး။

“ဘာမှ မင်းယောင်္ကျားကို တစ်ကိုထဲကိုမနေနဲ့။ နည်းနည်းသောက်ပြီး မျာများမူးတတ်တာမင်းလေ။ သောက်ပြီးရင်လည်း ငြိမ်ငြိမ်နေတာ မဟုတ်ဘူး။ ငိုလိုက်ရယ်လိုက်နဲ့။ အလင်းပြောသလို နည်းနည်းပဲသောက်ဟေ့ကောင်”

“ချီးပဲ ငလူးကောင် သုတ”

“မုန်းလေး ဆဲလိုက်တာလား။ အဲ့လိုမဆဲရဘူးလေ။ ကိုကိုမကြိုက်ဘူးနော်”

“အင်းပါ နောက်မဆဲတော့ဘူးနော်။ ဒီနေ့တော့သောက်ခွင့်ပေးနော်။ နော်လို့ကိုကို”

“ဟုတ်ပါပြီဗျာ သောက်ပါ။ ဒီနေ့တစ်ရက်ပဲရမယ်နော် ခလေးပေါက်”

“အေးနော်အလင်း မင်းဟာလေးကို နိုင်အောင်ထိန်းနိုင်ရင်လုပ်နော်”

“အေးပါကွာငသုရာ။ ငါထိန်းပါ့မယ် မင်းတို့သာ ဝအောင်ကဲကြ‌။ ဟုတ်ပြီလား”

ဝအောင်ကဲလို့ပြောလိုက်လို့လားမသိ ဇောင်းထဲကမြင်းတွေကို လွှတ်လိုက်တဲ့အတိုင်းပဲ။ ကဲကြတာဆိုတာ ထိန်းမနိုင်သိမ်းမရတဲ့ ဟာလေးတွေ။

အကုန်လုံးရေချိန်ကိုက်သွားကြတော့ ပြန်ဖို့ပြင်ကြတဲ့အခါ ငသုက ခေါင်းအတော်စိုက်နေပြီ။ အားသစ်ကတော့ ဘေးမှာ သူ့ကိုထိန်းမယ့် နွေရှိတော့ သိပ်တော့မမူးဘူး။ မေသူကလည်း သူ့ဘဲနဲ့ဆိုတော့ မသောက်ရဲလို့ထင်တယ် မမူးဘူး။ ရှားတစ်ယောက်လည်း အတော်ခေါင်းစိုက်နေပါပြီ။ ကျွန်တော့်မုန်းလေးလား မူးလား မမူးလားတော့မသိဘူး အသံကုန်ခြစ်ပြီး အော်ငိုနေပြီလေ။

“ကိုကို့ မုန်းထပ်သောက်ချင်သေးတယ်။ ထပ်ဝယ်တိုက်လို့နော် နော်ကိုကို့”

အသံကုန်‌ခြစ်အော်တဲ့ ခလေးပေါက်ပါးစပ်ကို လက်နဲ့ပိတ်ပြီး မနည်းချုပ်ထားရတယ်။ ဒီလောက်ပိတ်ထားတာတောင် ဝူးဝူးဝါးဝါး အော်နေပါသေးတယ်။

“ကဲ ငါတို့ပြန်ရအောင် နွေ။ နင်က ရှားကိုထိန်း။ အားသစ် မင်းက ငသုကိုထိန်းလိုက်ကွာ ပြန်ရအောင်။ မေသူ နင်ငါတို့အိမ်ကို လိုက်အိပ်မှာမို့လား”

“အေးလိုက်မှာ”

“အေး အဲ့ဒါဆို ရှားမကို လာထိန်း”

“အေးအေးလာပြီ။ ဟဲ့ခဏနေဦးဟ ရှားဖုန်းကို တစ်ယောက်ယောက်ခေါ်နေတယ် ရွက်ဝါတဲ့”

မေသူ အလင်းတို့ကို ပြောပြရင်း ရှားဖုန်းကိုကိုင်လိုက်ပြီး ဖုန်ပြန်ဖြေလိုက်တယ်။

“ဟဲလို”

“ဟဲလိုရှား ဘယ်ရောက်နေတာလဲ”

“ရှားက မေသူတို့နဲ့ အတူတူရှိနေတာပါ။ ခုည မေသူတို့နဲ့ပဲ အလင်းတို့အိမ်မှာ အိပ်ကြမှာ။ ဘာပြောစရာရှိလို့လဲ ရွက်ဝါ။ မေသူ့ကို ပြောခဲ့လေ။ ရှားက နည်းနည်းမူးနေလို့”

“အော် မေသူလား။ ဘာမှပြောစရာတော့ မရှိပါဘူး။ ရှားကို ဂရုစိုက်လိုက်ပါဦးနော်။ ဒါပဲနော်မေသူ”

ရွက်ဝါဘက်ကဖုန်းချသွားတော့ မေသူက သူသိချင်တာကို မေးပါတော့တယ်။

“ရှားနဲ့ရွက်ဝါက ဘယ်ကနေဘယ်လို ဖုန်းဆက်တဲ့အဆင့်ထိ ခင်သွားကြတာလဲဟေ”

“မသိဘူးမေသူမရေ။ နင်လည်း သိပ်စပ်စုတာပဲ”

အားသစ်ကပြော‌တော့ မေသူကမျက်စောင်းထိုးပြီး ရှားလက်ကို နွေနဲ့တစ်ဖက်တစ်ချက်ချိတ်ကာ အရှေ့ကနေ စောင့်အောင့်ပြီး ထွက်သွားပါတော့တယ်။

ကျွန်တော့်အသဲညှာလေးကတော့ ရစ်လို့မဆုံးပေါင် တောသုံးထောင် ဖြစ်နေပါတော့တယ်။

“ကိုကို မုန်းသောက်လို့မဝသေးတာကို ဘာလို့ပြန်လာတာလဲပြော။ မုန်းသောက်ချင်သေးတယ်”

“ကဲပါမုန်းလေးရယ် ကိုကိုတို့ပြန်ရအောင်နော်။ အိမ်ကြမှ ဆက်သောက်လေ။ ကိုကိုဝယ်လာတယ်‌လေ‌နော် ခလေးပေါက်လေး။ လိမ္မာတယ် လာ ကိုကို့ကျောပေါ်တက်”

အမူးသမားလေးကို ဂုန်းပိုးပြီး ဆိုင်ပြင်ကို ထွက်လာခဲ့ရတယ်။ မေသူ့ကောင်လေးက ကားပါလာတာမို့ အလင်းတို့ကို အိမ်လိုက်ပို့တာကြောင့် အတော်လေး အဆင်ပြေသွားပါတယ်။ လူကအများကြီးဆိုတော့ ကားနဲ့မဆန့်တာကြောင့် ကားခေါင်းရဲ့အရှေ့ခန်းမှာ အားသစ်ပေါင်ပေါ်ကို သုတကို တင်ထားခိုင်းလိုက်တယ်။ အနောက်မှာတော့ နွေနဲ့မေသူမရဲ့ပေါင်ပေါ်မှာ ရှားကိုတင်ပေးထားရတယ်။ ကျွန်တော့်ရဲ့ပေါင်ပေါ်မှာတော့ ကျွန်တော့ခလေးလေးက ကျွန်တော့်ကို ရစ်လိုက်ငိုလိုက်နဲ့ ပါလာပါတော့တယ်။ ကားကနည်းနည်းကြီးလို့ တော်သေးတယ်။ ကားနည်းနည်းကြီးတာတောင် ပြွတ်သိပ်ညပ်နေပါတော့တယ်။

မုန်းတစ်ယောက်ကတော့ အားသစ်ပေါင်ပေါ် သုတထိုင်နေတာကိုကြည့်ပြီး အူလှိုက်အသည်းလှိုက်ကို ရယ်နေပါတော့တယ်။

“ကိုကို့ အားသစ်ကိုကြည့်ဦး။ သုတကို ပေါင်ပေါ်တင်ထားတယ်။ နွေမကို မတင်ထားဘဲ သုတကိုတင်ထားတယ်။ အားသစ် မင်းငသုကို ကြိုက်နေတာမို့လား။ နွေမ နင်တော့ရှပြီ ဟားဟား”

မုန်းစကားကို အားသစ်နဲ့နွေက စိတ်မဆိုးတဲ့အပြင် သဘောအကျကြီးကျပြီး တဝါးဝါးတဟားဟားနဲ့ကို အော်ရယ်နေပါတော့တယ်။ ဘယ်စိတ်ဆိုးနိုင်ပါ့မလဲ ဒါလေးက သူတို့တစ်ဖွဲ့လုံးရဲ့ အသည်းအူပွတ်လေး‌လေ။

“သုတပြောလည်းပြောချင်စရာ အလင်းရာ။ မင်းရဲ့ခလးပေါက်က မူးလာရင် အတော်မလွယ်တဲ့ဟာလေး”

မေသူ့ရည်းစားက ပြောလာတော့ အလင်းခေါင်းငြိမ့်ပြီး ထောက်ခံလိုက်တယ်။ မေသူ့ကောင်လေးက ပေါင်းတတ်သင်းတတ်လေးမို့ တစ်ခါတလေပဲ တွေ့ဖူးပေမယ့် အလင်းတို့နဲ့လည်း ခင်နေပါပြီ။ အရင်ကတော့ သူလည်း မေသူ့ကို အလင်းတို့အဖွဲ့နဲ့ သဝန်တိုပေမယ့် နောက်ပိုင်းတော့ မေသူက အလင်းတို့အဖွဲ့နဲ့ မိတ်ဆက်ပေးလို့ ခင်သွားတဲ့အချိန်မှာတော့ သဝန်မတိုတဲ့အပြင် အလင်းတို့အဖွဲ့နဲ့ဆို ဘယ်တောင်ရိုးတက်တက်ကို စိတ်ချသွားတာပါ။ သူလည်း တစ်ခါတလေ ခုလိုပဲ အလင်းတို့အဖွဲ့နဲ့ လိုက်လိုက်လာတတ်ပြီး အားလုံးရဲ့ဒုက္ခကို ခုလိုလည်း သည်းညည်းခံပေးရှာတယ်။ မေသူက ချစ်သူရတော့ ကံကောင်းပါတယ်။

“ကိုကို့ မုန်းကိုမချစ်ဘူးမို့လား။ မချစ်လို့ မုန်းကိုပစ်ထားပြီး ရှားကိုသဘောကျတယ်လို့ ပြောတာမို့လား။ မုန်းသာကိုကို့နောက်က တောက်တဲ့လိုကပ်မနေရင် ကိုကို့ကိုသာ မုန်းအတင်းလုမယူခဲ့ရင် ကိုကိုမုန်းကိုထားခဲ့မှာမို့လား အီးးဟီးးဟီး။ ကိုကိုမုန်းကိုမချစ်ပါဘူး။ မုန်းကသာ ကိုကို့ကိုချစ်ရတာ ဟီးးးဟီးးး”

“ပြွစ်”

ငိုနေတဲ့ကလေးပေါက်ကို အနမ်းပေးလိုက်တော့ ချက်ချင်းကိုတိတ်ပြီး ငြိမ်ကျသွားပါတော့တယ်။ မဆိုးတော့မဆိုးဘူး။ အနမ်းက ‌ကလေးပေါက်နဲ့ ပတ်သက်တဲ့ တော်တော်များများမှာတော့ အသုံးဝင်သားပဲ။

ပြောလိုက်ငိုလိုက်နဲ့ လွန်ခဲ့ပြီးသောတွေကို အစပြန်ဖော်ပြီး ရစ်နေပါသော ကျွန်တော့်ရဲ့ကလေးပေါက်လေး။ မုန်း မူးရင်အဲ့လိုပါ။ ဝမ်းနည်းစရာတွေကို ပြန်ပြောပြီးငိုမယ်။ ဘာမှမဟုတ်ဘဲ ထရယ်ရင် ရယ်မယ်။ ဒါ‌လေးကပဲ ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်ရဲ့ကမ္ဘာငယ်လေး ဖြစ်နေရတာပါပဲဗျာ။ ခုလည်း ကျွန်တော့်ရင်ခွင်ထဲမှာ ငြိမ်းချမ်းစွာ အိပ်စက်အနားယူနေပါ‌တော့တယ်။ ငိုရလွန်းလို့ မောသွားရှာပြီပေါ့။ အိမ်မက်လှလှမက်ပါစေ ကလေးငယ်။ ကောင်းသောညပါ။ ကိုကို့ရင်ငွေ့နဲ့ နွေးထွေးလုံခြုံပါစေသား။

မုန်းရဲ့အလင်းရောင်Where stories live. Discover now