Part 28 (U+Z)

10K 637 60
                                    

#Unicode

“အလင်းကိုပေးပါမေ”

“မေ့သားလေးက လိုချင်ရင် မေကပေးပါတယ်။ အရင်ဆုံးတော့ အလင်းကို ရအောင်စည်းရုံးလိုက်ပါဦးရှင့်”

“ချစ်တယ်မေ မွစ်”

မေ့ပါးလေးကို အနမ်းပေးလိုက်တော့ မေကလည်းမုန်းနဖူး‌လေးကို ပြန်နမ်းလာတယ်။ ကျေးဇူးပါမေ သားကိုချစ်ပေးလို့။ ကျေးဇူးပါ အလင်းကို ပိုင်ဆိုင်ခွင့်ပေးလို့။ ကျေးဇူးပါ အလင်းကို သားအတွက် မွေးဖွားပေးလို့။ မေ့ကိုဖက်ထားတဲ့အချိန် အခန်းထဲကို လူဝင်လာတာမို့ ကြည့်လိုက်မိတော့ အလင်းနဲ့သုတရယ်ပါ။

“ဟာ မုန်း။သတိရလာပြီလား။ သတိရတာ‌ရောကြာပြီလား။ နေရထိုင်ရတာရော အဆင်ပြေရဲ့လား”

ရောက်ကတည်းက မရပ်မနားမေးနေပါသော အမောင်သုတ။

“ဖြည်းဖြည်းမေးပါ သုတရာ။ ဖြေဖို့ အချိန်လေးလည်းပေး။ မရပ်မနားကို မေးနေတာပဲ။ သတိရတာ သိပ်မကြာသေးဘူး။ နေရထိုင်ရတာ အဆင်ပြေတယ်။ ရပြီလား”

“ငါက စိတ်ပူလို့ဟာကို။ မင်းအဆင်ပြေတယ်ဆိုလည်း ပြီးရော”

“သုတ သားလေး မေနဲ့အပြင်ခဏလိုက်ခဲ့ဦး။ မေဆေးသွားဝယ်ချင်လို့။ သားတို့တီသဲရော ဘယ်မှာလဲ”

“တီသဲက အိမ်မှာခဏဝင်ကျန်ခဲ့တယ်မေ။ ပြီးမှ မေသူတို့နဲ့ အတူတူ လာမယ်တဲ့။ မေဘာဆေးဝယ်ချင်လို့လဲ။ သားသွားဝယ်ပေးမယ်။ မေကျန်ခဲ့လေ”

“ရတယ်သား မေပါလိုက်မယ်။ မေတခြားဝယ်စရာလေးတွေလည်း ရှိသေးလို့။ မုန်းလေး မေသွားပြီ။ မေ့သားလေး အဆင်ပြေပါစေ”

သိပ်ကိုအလိုက်သိလွန်းပြီး ချစ်ဖို့ကောင်းလွန်းတဲ့မေပါ။ သုတကို ပထုတ်သွားတဲ့အပြင် မုန်းကိုလည်း အဆင်ပြေပါစေတဲ့။ ကျွန်တော့် ယောက္ခမမေမေက ဘယ်လောက်သဘောကောင်းလဲဆိုတာ စဉ်းစားသာကြည့်။

အခန်းထဲမှာ မုန်းနဲ့အလင်း နှစ်ယောက်တည်း ကျန်ခဲ့တာမို့ အလင်းကိုကြည့်ရတာ စိတ်ရှုတ်နေတဲ့ပုံပါပဲ။ အရင်ကတော့ နှစ်ယောက်တစ်ကုတင်အိပ်ပြီး ခုမှသူက ဘာဖြစ်နေတာလဲ။ ခဏကြာ‌တော့ လူနာကုတင်ဘေးက ခုံလေးမှာဝင်ထိုင်ပြီး မုန်းကို သက်သာလားလို့တော့ မေးတော့မေးရှာပါ‌သေးတယ်။

“သက်သာလားမုန်း။ ခေါင်မူးတာတွေ ဘာတွေရောရှိလား။ ခေါင်းကနာနေသေးလား”

“အင်း နာတယ်။ ခေါင်းထက် ဒီနေရာက ပိုနာ‌တယ်”

မုန်းရင်ဘတ်က နှစ်လုံးသားနေရာလေးကို လက်ညှိုးလေးနဲ့ ထိုးပြပြီးပြောတော့ ကိုယ်တော်ချောမျက်နှာက ရဲတက်လာတယ်။ အေးပါကွာ မင်းပဲရှက်ပါ။ ငါကအရှက်မရှိတဲ့သူကြီးလေ။

“ဘာတွေပြောနေပြန်ပြီလဲမုန်း”

“ဘာတွေပြောနေတာလဲဆိုတာ မင်းသိပါတယ်။ ငါမင်းကို. . .”

“မေတို့သွားတာကြာနေပြီ။ ငါလိုက်သွားလိုက်ဦးမယ်မုန်း”

လှည့်ထွက်သွားတဲ့ အလင်းလက်ကို မုန်းလှမ်းဆွဲလိုက်တယ်။

“ဒီတစ်ခါတော့ ထပ်ပြီး ရှောင်မပြေးပါနဲ့တော့အလင်း။ ငါမင်းကို စိတ်ကြိုက်ပြေးခိုင်းခဲ့ပြီးပြီမို့ ဒီတစ်ခါတော့ မင်းကို ပြေးခွင့်မပေးတော့ဘူး။ ငါမင်းကိုချစ်တယ်။ မင်လည်း ငါ့ကိုချစ်နေတယ်ဆိုတာ ငါသိတယ်”

“ဟင်”

အလင်းက တအံ့တဩဖြစ်သွားပြီး မုန်းကိုလှည့်ကြည့်လာပါတယ်။ ဘယ်လိုသိသွားတာလဲဆိုတဲ့ အကြည့်နဲ့လည်း ကြည့်နေသေးတယ်။ ငါမင်းလောက် မတုံးပါဘူး အလင်းရယ်။ မင်ဟာလေ မင်းကိုယ်မင်း ညာလို့ရပေမယ့် ငါ့ကိုပါ ညာလို့ရတယ်လို့ထင်ရင် မင်းမှားသွားမှာပေါ့ အလင်းစုတ်ရဲ့။ ငါက မုန်းပါ။ မင်းကလွဲပြီး တစ်ခြားသူနဲ့ မခင်တတ်ပေမယ့် မင်းမျက်နှာ၊ မင်းခံစားချက်ကို အလွတ်ရအောင်တော့ ဖတ်တတ်ပါသေးတယ်။

“ဘာလဲ ညာချင်သေးလို့လား။ မင်းရင်ခွင်ထဲကို ငါရောက်လာတိုင်း မင်းရင်ခုန်သံတွေ မူမမှန်တော့ဘဲ မြန်လာတာကို မင်းလက်ပတ်လေးကပြတယ်။ မင်းငါ့လက်ကို ကိုင်လိုက်တိုင်း ရင်ခုန်လာတာကို မင်းလက်ပတ်လေးက သက်သေပြတယ်။ ခုလည်း မင်းလက်ပတ်လေးက သက်သေပြနေပြန်ပြီအလင်း”

“. . .”

မုန်းပြောတော့ အလင်းက သူ့လက်ပတ်လေးကို ငုံ့ကြည့်လိုက်ပါသေးတယ်။ ဘယ်လိုလဲ မင်းရင်ခုန်သံတွေ 100 ကျော်နေပြီမို့လား။

“ငါမင်းကိုချစ်တယ်။ မင်းကို အဆုံးရှုံး မခံနိုင်လောက်အောင်ကို ချစ်တာမို့ ဘယ်သူ့လက်ထဲမှ အပါမခံနိုင်ဘူး။ အဲ့ဒါကြောင့် မင်းရှားကိုချစ်နေပါတယ်လို့ မင်းကိုမင်းညာနေလို့ မင်းရှားကိုချစ်ပါတယ်လို့‌ မပြောရသေးခင် ငါကရှားကို အကူအညီတောင်းပြီး ချစ်သူတော်ခဲ့တာ”

“ဟင်”

ငါ့ကို ခဏခဏအံ့ဩပြီး အလန့်တကြားဖြစ်အောင် လုပ်နေတာလားမုန်း။

“ဟုတ်တယ် ငါနဲ့ရှား တကယ်ချစ်သူတွေမဟုတ်ဘူး”

“တကယ်ချစ်သူတွေမဟုတ်ဘဲနဲ့ ဘာလို့ လူတွေအများကြီးကြားထဲမှာ ချစ်ခွင့်ပန်ခဲ့တာလဲ”

“အဲ့ဒါကတော့ မင်းအဲ့နေရာမှာ ရှိနေလို့လေ။ အဲ့အတွက်ရှားကိုလည်း တောင်းပန်ပြီးပြီ။ ရှားက ရပါတယ်တဲ့”

“ယုံအောင်ညာမုန်း”

“မင်းမယုံရင်ငါပြောပြမယ်။ နွေတို့ Anniversary နေ့က မင်းငါ့ကိုပြောတယ်လေ ရှားကိုချစ်နေပါတယ်လို့။ အဲ့ညက ငါဆုံးဖြတ်ချက်တစ်ခုချပြီး ရှားကိုဖုန်းဆက်ခဲ့တာ”

ဟုတ်ပါတယ် ရှားကိုအဲ့ညက ဖုန်းဆက်ပြီး အမှန်အတိုင်းဝန်ခံရင်း အကူအညီတောင်းခဲ့တာပါ။ အဲ့ညက ရှားကို ဖုန်းဆက်ခဲ့တယ်။

“ဟဲလို မုန်းပြော”

“ရှား ငါနင့်ကိုမေးမယ်နော်။ နင် အလင်းကို စိတ်ဝင်စားလား”

“ဟမ်! ရုတ်တရုက်ကြီး ဘာလို့လဲ”

“ကိစ္စတစ်ခုရှိလို့ပါ အမှန်အတိုင်းတော့ဖြေပေး”

“စိတ်ဝင်စားလားဆိုတော့ ဘယ်လိုပြောရမလဲ နည်းနည်းတော့ သဘောကျတယ်”

“ဒါဆို သူ့ဘက်က ဖွင့်ပြောလာခဲ့မယ်ဆိုရင် နင်ကလက်ခံမှာပေါ့ အဲ့လိုလား”

“အင်း သူကဖွင့်ပြောလာခဲ့ရင်တော့ ငြင်းစရာမလိုတဲ့သူမို့ လက်ခံဖြစ်လောက်ပါတယ်။ ဘာလို့လဲမုန်း။ ဘာလို့ ဒါတွေမေးတာလဲ”

“ငါအမှန်အတိုင်းပြောမယ်နော်ရှား။ ငါခုလိုပြောလို့ နင်ငါ့ကိုသူငယ်ချင်း မတော်ချင်ဘူးဆိုရင်လည်း သဘောပါ။ ငါအလင်းကိုချစ်တယ်ရှား”

“ဟေ။ ငါနားကြားတော့ မမှားပါဘူးနော် မုန်း”

ရှားတကယ်ကို အံ့ဩသွားတာပါ။ ခု ကျွန်မသူငယ်ချင်းလေးမုန်းက ယောက်ျားလေးတစ်ယောက်ကို ချစ်နေပါတယ်လို့ ပြောလိုက်တာလား။ ကျွန်မနားကြားမှားတာတော့ မဟုတ်ပါဘူးနော်။

“နင်နားကြားမမှားဘူးရှား။ ငါချစ်တာအလင်းကိုဆိုတာ တကယ်ပြောတာပါ”

“အင်းပါ။ ဒါနဲ့ ငါ့ကို ဘာလို့ ဒါတွေပြောပြရတာလဲမုန်း။ အကြောင်းတော့ရှိမှာပေါ့”

“အင်း အကြောင်းရှိတယ်။ နင်ငါ့ကို သူငယ်ချင်းအဖြစ် ဆက်ပြီးတော့ လက်ခံနိုင်သေးလား”

“အမလေး မုန်းရယ်။ ဒါ့ကြောင့်နဲ့တော့ နင်နဲ့ငါ သူငယ်ချင်း အဖြစ်က ပြတ်စဲစရာလား။ နင်က သူ့ကိုချစ်ပါတယ်ဆိုရင် ငါကနင်တို့ရဲ့ မားလုပ်ပေးမှာ”

ရှားဘက်က ရယ်ရယ်မောမောပြောပြီး စ’နောက်လာတော့ စကားဆက်ပြောဖို့ကို အတော်အားရှိသွားတယ်။

“အင်း ကျေးဇူးရှား။ ဒါဆို ငါနင့်ကိုပြောပြမယ်နော်။ ပြီးတော့ ငါ့ကိုကူညီပေးပါ”

“ပြောမှာသာပြော အကုန်ဖြစ်စေရမယ်မုန်း။ ငါတို့က Best Friend တွေလေ”

“နေ့ခင်းက အလင်းကငါ့ကိုပြောတယ်။ သူရှားကိုချစ်နေတာမို့ ဖွင့်ပြောတော့မယ်လို့ ပြောတယ်။ ဒါပေမဲ့ သူငါ့ကိုချစ်နေတယ်ဆိုတာကို ငါသိတာကို သူမသိဘူးထင်တယ်။ သူ့ရင်ခုန်သံတွေကို သူ့က်ိုယ်သူညာတာအားမရလို့ ငါ့ကိုပါ လာညာတယ်။ သူကနင့်ကိုအသုံးချပြီး ငါနဲ့ဝေးရာကို ပြေးချင်နေတယ်ဟာ။ သူငါ့ကိုချစ်နေတယ်ဆိုတာ ငါသိတယ်ရှား။ အဲ့ဒါကြောင့် ငါနင့်ကို အကူအညီတောင်းချင်တာကဟာ ဟို ငါဘယ်လိုပြောရမလဲ”

“Ok ငါသဘောပေါက်ပြီမုန်း။ သူ့ဘက်က ဖွင့်ပြောလာခဲ့ရင် ငါ့ဘက်က ငြင်းပေးရမယ်ပေါ့ အဲ့လိုလား”

“အင်း ဟုတ်တယ်ရှား။ ပြီးတော့ ရှိသေးတယ်။ ငါ့ကို နင့်ရဲ့ချစ်သူ ဖြစ်ခွင့်ပေးပါ။ ငါသူ့အချစ်တွေကိုဖော်ထုတ်ဖို့ နင့်အကူအညီလိုတယ်”

“မုန်းစုတ် နင်လည်း အလင်းစုတ်နဲ့ အတူတူပဲ။ ငါ့ကို အသုံးချဖို့ပဲ တွေးနေကြတယ်”

“နင်က ငါ့ကိုမကူညီနိုင်ဘူးလား။ ရပါတယ်ဟာ။ နင်ငြင်းပေးမယ် ပြောတာနဲ့ပဲ ကျေနပ်ရတော့မှာပေါ့ဟာ”

မုန်းအရမ်းဝမ်းနည်းနေတဲ့အသံလေးဖြစ်အောင် လုပ်ပြောလိုက်တော့ ဒေါ်ရှားတို့ လက်ခံလိုက်ပါတော့တယ်။

“အပိုတွေ သနားစရာကောင်းအောင် လာလုပ်ပြမနေနဲ့။ ကူညီမယ် ဟုတ်ပြီလား။ ကျေနပ်လား”

“အဟီး ကျေနပ်တယ်။ ငါ့သူငယ်ချင်းလေးကို အဲ့ဒါတွေ ချစ်နေရတာ။ ကူညီလက်စနဲ့ ဆက်ကူညီပါအုံး။ အခု နင်နဲ့ငါပြောတဲ့အကြောင်းကို ဘယ်သူ့မှမသိစေနဲ့နော်။ နင်နဲ့ငါပဲ သိရမယ်။ Ok”

“အေးပါဟယ်။ နင်ဟာလေ လိုချင်တာကို အကုန်ရအောင်ယူတဲ့ ဟာလေး။ ဒါပဲမို့လား အိပ်တော့။ ဘာမှမပူနဲ့ အိပ်ပျော်အောင်အိပ် ကြားလား”

“အင်း Good Night ရှား”

မုန်းအဲ့ဒီညက ရှားကိုအကူအညီတောင်းပြီး ဗုဒ္ဓဟူးနေ့ မုန်းတို့ Welcome မှာ ရှားကိုချစ်သူအဖြစ် လူကြားထဲမှာ ဖွင့်ပြောခဲ့တာပါ။

Welcome ပြီးနောက်နေ့မှာ ရှားကိုတောင်းပန်ခဲ့ပါတယ်။

“ရှား ငါနင့်ကိုတောင်းပန်ပါတယ်‌နော်။ ပွဲထဲမှာ အလင်းလည်းရှိနေတော့ ငါအဲ့လိုလုပ်မယ်လို့တွေးမိပြီး ချက်ခြင်းလုပ်လိုက်တာ။ နင့်ဘက်ကို မကြည့်ခဲ့မိဘူး”

“ငါဖြင့်လန့်သွားတာပဲမုန်းရယ်။ နင်ဟာလေ ငါ့ကို အကြောင်းမကြား ဘာမကြား လန့်အောင်လုပ်တယ်။ နည်းနည်းလေးတောင် မတိုင်ပင်ဘူး”

“ငါတောင်းပန်ပါတယ်။ ငါ့ကိုစိတ်ဆိုးနေလားဟင်။ မုန်းရော မုန်းသွားပြီလား”

“နင့်ကို မုန်းမှတော့ လူအများကြီးရှေ့က စင်ပေါ်မှာ အဖြေပြန်ပေးနေပါ့မလား။ အဲ့မှာကတည်းက ငြင်းလိုက်မှာပေါ့”

“ဒါဆို မမုန်းဘူးပေါ့”

“မုန်းတော့ မမုန်းဘူး။ ဒါပေမဲ့ စိတ်ဆိုးတယ်။ ငါ့ကိုကြိုက်မယ့်သူ မရှိတော့ဘူး ဗြဲ။ နင့်ကြောင့် ငါ့ကိုကြိုက်နေတဲ့ ကျောင်းကကောင်လေးတွေကို ငါမရနိုင်တော့ဘူး။ လူပုံအလယ်မှာ ငါ့ကိုရည်းစားစကား ပြောလိုက်မှတော့ ငါကဘယ်လိုငြင်းမလဲ။ ငြင်းလိုက်ရင်လည်း နင်အရှက်ကွဲမှာဆိုးပြီး မငြင်းရက်လို့ လက်ခံလိုက်ရတယ်။ အဲ့တော့ နင့်ကိုသနားမိလို့ ငါအခု ရည်းစားမရနိုင်တော့ဘူးပေါ့ဟဲ့။ နင်တစ်သက်လုံး ငါ့ကို တာဝန်ယူတော့ မုန်းစုတ် ဗြဲ။ အစုတ်ပလုတ်တွေ သူငယ်ချင်းကောင်းတွေ ငါ့ကိုပဲ ဝိုင်းပြီး အသုံးချနေကြတယ်။ အသုံးချရတာအားမရလို့ ရည်းစားမရတော့အောင်ပါ လုပ်ကြတယ်။ ငါနင့်တို့ကို စိတ်နာတယ်။ ငါ့ကို နင်တို့နှစ်ယောက်လုံး တစ်သက်လုံး ရှာကျွေးတော့။ ယောက်ျားရှာပေးရင်ပေး မရှာပေးလို့ ငါယောက်ျားမရလို့ကတော့ နင်တို့နှစ်ယောက်လုံးကိုယူမှာ”

ရှားကပြောရင်းပင် အော်ငိုပါတော့တယ်။

“အေးပါရှားလေးရယ် ငါတောင်းပန်ပါတယ်နော်။ ငါနင့်အတွက် ယောက်ျားရှာပေးမယ်ဟာနော်။ မဟုတ်လည်း သုတကိုနင်ယူလိုက် ဟုတ်ပြီလား”

“သေလိုက် မုန်းစုတ်”

သိပ်ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းတွေပါပဲ။ ကျွန်တော် သိပ်ကံကောင်းခဲ့ပါတယ်။ သူငယ်ချင်းတွေရဲ့အချစ်ကို အပြည့်အဝ ရခဲ့သလို ကျွန်တော်ချစ်ရသူရဲ့ အချစ်ကိုလည်း အပြည့်အဝ ရယူချင်ပါတယ်။

ကျွန်တော်နဲ့ရှားရဲ့ဇာတ်လမ်းလေးကို အစ အဆုံး အလင်းကိုရှင်းပြလိုက်တယ်။ မင်းမယုံဘူးပြောလို့ အမှန်တရားကို ရှင်းပြတာအလင်း။

“မင်းရှားကြောင့်ဆိုရင်တော့ ငါ့ကိုမငြင်းပါနဲ့။ ငါ အခု မင်းကိုပြောပြခဲ့တဲ့အတိုင်းပဲ ငါ့ကိုရှားက ကူညီပေးခဲ့တာ”

“ဒါပေမဲ့”

“မေတို့ကြောင့်ဆိုရင်လည်း ငါ့ကိုမငြင်းပါနဲ့။ ငါမေ့ကိုဖွင့်ပြောပြီး မင်းကို မေ့ဆီကတောင်းပြီးပြီ။ မင်းကလက်ခံရင် သူကမငြင်းပါဘူးလို့ မေကပြောတယ်”

“ဟင်! မေ့ကိုပါ ပြောပြလိုက်တာလား”

“ဟုတ်တယ် မေ့ကိုပါပြောပြီးပြီမို့ ငါ့အချစ်ကို လက်ခံပေးပါ။ မင်းပတ်ဝန်းကျင်ကိုကြောက်လို့ သတ္တိနည်းပြီး ရှောင်ပြေးနေတာဆိုရင်တော့ ငါ့ကိုဆက်ငြင်းပါ။ ငါကတော့ မေတို့ကြောင့် မင်းငါ့ကိုငြင်းတယ်လို့ ထင်ခဲ့လို့ ကြောက်ကြောက်နဲ့ အရဲစွန့်ပြီး မေ့ကိုဖွင့်ပြောပြီး မင်းကို မေ့ဆီကနေတောင်းထားတာ”

“အဲ့တော့ ငါက မင်းကို လက်ခံပေးရမယ်ပေါ့”

“အင်း”

“မင်းက ငါပတ်ဝန်းကျင်ကိုကြောက်လို့ သတ္တိနည်းပြီး ရှောင်ပြေးတယ်လို့ ထင်နေတာလား”

“အဲ့လို မဟုတ်ပေမယ့် အခု မင်းက ငါမေ့ကို့ဖွင့်ပြောပြီး မေ့ဆီက တောင်းထားပါတယ်ဆိုတာကို လက်မှမခံတာ”

“လက်မခံဘူးလို့ ဘယ်သူကပြောလဲ”

“မင်းလေ အခု ငါ့ကို အဖြေမှမပေးတာ”

“အဖြေက ပြန်ပေးရဦးမှာလား။ အ‌ဖြေတောင်းတာကို ရှက်ပြီးမူရအောင် ငါကမိန်းကလေးလားမုန်း”

“အဲ့ဒါဆို ငါ့ကိုမချစ်တော့ဘူးလား”

မုန်းငိုမဲ့မဲ့နဲ့မေးလာတော့ အလင်းမနေသာတော့ပါ။ အလင်း ပတ်ဝန်းကျင်ကို မကြောက်ပါဘူး။ မေတို့ အလင်းကြောင့် အရှက်ရပြီး သိမ်ငယ်ရမှာကို ကြောက်ခဲ့တာ။ မေတို့လက်မခံမှာကို ကြောက်ခဲ့တာ။ မေတို့သာလက်ခံပေးရင် မုန်းလက်ကိုဆွဲပြီး အရာရာကို ရင်ဆိုင်ဝံ့ပါတယ်။

“ချစ်တာပေါ့ မုန်းရာ။ ခုမှမဟုတ်ဘူး အရင်ကတည်းကချစ်ခဲ့တာ။ နည်းနည်းလေးတောင်မဟုတ်ဘူး အများကြီးခဲ့တာ။ မင်းမှမင်းကို ဆိုပြီးချစ်ခဲ့တာ။ မင်းကလွဲရင် တခြားတစ်ယောက်ကို မချစ်နိုင်တော့လောက်အောင် ချစ်ခဲ့တာပါ”

“ဟင်”

“ငါမင်းကို အရမ်းချစ်တယ်မုန်း”

“အီးးဟီးးဟီး လူယုတ်မာကြီး။ ချစ်နေတာကို ဖွင့်မပြောဘဲ ပတ်ပြေးနေရလား။ ငါဘယ်လောက်ခံစား‌နေခဲ့ရလဲ မင်းသိလား“

ပြောလည်းပြော အလင်းရင်ဘတ်ကိုလည်း အချက်ပေါင်းများစွာထုပြီး အော်ငိုနေတာမို့ ရင်ဘတ်တွေလည်း နာလာပါပြီ။

“အားးး နာတယ်လေမုန်းရာ။ ထုတာလည်းတော်တော့နော်။ ငိုလည်း မငိုနဲ့တော့။ ခေါင်းမှာဒဏ်ရာကြီး‌နဲ့ ငိုရင် ခေါင်းပိုကိုက်နေမယ်။ မငိုနဲ့တော့ တိတ်။ ရှောင်ပြေးခဲ့မိလို့ တောင်းပန်ပါတယ်။ မိအောင်လိုက်ဖမ်းခဲ့လို့ ကျေးဇူးတင်ပါတယ်။ မေတို့ ငါ့ကြောင့်စိတ်ဆင်းရဲမှာဆိုးလို့ မင်းအချစ်ကနေ ထွက်ပြေးခဲ့တာပါ”

“မင်း ငါ့ကိုထားပြီး ထပ်ထွက်ပြေးရင်း ဘယ်လိုလုပ်မလဲ”

ဟောကြည့်။ ထားပြီး ထပ်ထွက်ပြေးမှာဆိုးတယ်လို့ပြောပြီး ထပ်ခါငိုပြန်တဲ့ မုန်းပါ။

“ဟင့်အင် မင်းကိုထားခဲ့ပြီး ထွက်ပြေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး။ ဘာလို့ဆို မင်းကကိုယ့်ရဲ့မရှိမဖြစ် အိုအေစစ်လေးမို့ပါ။ မင်း ကိုယ့်အနားမှာ မရှိတဲ့အချိန်တိုင်းက ကိုယ့်အတွက် ပြဿဒါးပဲမုန်း။ မင်းကိုယ့်အနားမှာမရှိမှ မင်းကကို့အတွက် အရမ်းအရေးပါတယ်ဆိုတာကို သိလာတယ်။ မင်းမရှိဘဲ တစ်နေ့တာကုန်ဆုံးရတာက စားမပါတဲ့ဟင်းလိုပဲ ပေါ့ပျက်ပျက်နဲ့။ မင်းနဲ့ဝေးပြီး ကုန်ဆုံးရတဲ့နေ့ရက်တွေက နွေရာသီနေ့ရက်တွေလိုပဲ ပူပြင်းပြီး နေ့တာရှည်တယ်မုန်း။ ကိုယ့်မှာဘာပဲလုပ်လုပ် အဆင်မပြေဘူး။ နေရတာလည်း အဆင်မပြေဘူး။ အဲ့ဒါကြောင့် မုန်းအနားက ကိုယ်လုံးဝထွက်မပြေးသလို ကိုယ့်ဘဝထဲကနေလည်း မုန်းကို ထွက်အပြေးမခံနိုင်ဘူးမုန်း”

“. . .”

“ခုလုံးဝထွက်မပြေးတော့ဘူးနော်။ ကိုယ့်မုန်းလေးက ထွက်ပြေးတဲ့သူကို လက်မလျှော့ဘဲ မိအောင်ဖမ်းပေးခဲ့တာမို့ ကိုယ်က မုန်းကို အရမ်းကျေးဇူးတင်ပါတယ်။ အရမ်းလည်း ချစ်ပါတယ်။ နောက်ဆို မုန်းဆီကထွက်ပြေးမိတဲ့ အချိန်တွေအတွက် အတိုးချပြီး ချစ်ပေးမှာမို့ မုန်းကဒီတိုင်းလေးပဲ နေနေပေးနော်။ မငိုနဲ့တော့ ကိုယ့်ကလေးလေး လိမ္မာတယ်”

“ချစ်တယ် မင်းကို”

မုန်းပျော်လွန်းလို့ ထပ်ငိုရပြန်ပါပြီ။ နောက်ဆုံးတော့ အလင်းက ကျွန်တော့်ကို ပြန်ချစ်ခဲ့ပါပြီ။ ပြန်ချစ်ပေးလို့ ကျေးဇူးပါအလင်း။

“ကိုယ်ရောပဲ မုန်းကိုချစ်တယ်။ အဖမ်းတော်တဲ့ ကိုယ့်ကလေးလေးကို ဆုချရဦးမယ်”

မုန်းရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေက အံ့ဩထူးဆန်းလွန်းစွာနဲ့ အလင်းကို မော့ကြည့်လာတယ်။ ပြီးတော့ လူကို ထုပါလေရော။

“အလင်းစုတ် First Kiss လေးကို ခုလို ဆေးရုံမှာ ခေါင်းမှာဒဏ်ရာကြီးနဲ့ လူနာဖြစ်နေတဲ့အချိန် ပေးရလား။ အားးး First Kiss လေးကို ဆေးရုံမှာ မလိုချင်ပါဘူး အားးးး”

လူကို ထုပြီးအော်နေတာမို့ ထုနေတဲ့လက်လေးတွေကို ဖမ်းချုပ်လိုက်ပြီး အော်နေတဲ့ ပါးစပ်လေးကို ပိတ်သွားအောင် နှုတ်ခမ်းလေးကို အနမ်းလေးနဲ့ချိတ်ပိတ်လိုက်တော့ အော်သံက တိခနဲရပ်ပြီး ငြိမ်သွားပါတယ်။

“ဘယ်သူပြောလဲ ဒါက First Kiss ပါလို့”

“ဟမ်”

လာပြန်ပြီ အဲ့မျက်လုံးဝိုင်းလေးတွေနဲ့ တအံ့တဩ ပြူးကြည့်တဲ့ဒဏ်ကို ဒီကကောင်က မခံနိုင်ပါဘူးဆို။ မျက်လုံးဝိုင်းဝိုင်းလေးမှာ ငိုထားတဲ့မျက်ရည်တွေက မခြောက်သေးဘဲ မျက်ရည်ဥလေးတွေ တွဲခိုနေတာမို့ သိပ်ကို လှပလွန်းနေပါတယ်။ အဲ့ဒီ မျက်လုံးဝိုင်းဝိုင်းလေးတွေက အရမ်းချစ်ဖို့ကောင်းနေပါတယ်ဆိုမှ လူကို ခဏခဏလာပြူးပြနေတယ်။

“ကဲပါကွာ အဲ့ဒီမျက်လုံးဝိုင်းကြီးတွေ ကျွတ်ကျမတတ် ပြူးနေတာကို နည်းနည်းလျှော့ပါ”

မုန်းရဲ့မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်လေးနဲ့ဖျစ်ပြီး စု‌ပေးလိုက်တော့ နှုတ်ခမ်းလေး တထော်ထော်နဲ့ ရန်တွေ့နေပြန်ပါသေးတယ်။

“ခုမှ နမ်းတာကို First Kiss ပေါ့။ ဘယ်တုန်းက နမ်းဖူးလို့လဲ။ မင်းငါ့ကို ဘယ်သူနဲ့နမ်းဖူးတယ် ထင်နေတာလဲ။ ငါ့ကို မယုံမကြည်နဲ့။ ဒါက မင်းရဲ့ First Kiss လည်း မဟုတ်ဘူးလား”

“မင်းရဲ့ First Kiss လည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ First Kiss လည်း မဟုတ်ဘူး။ ကိုယ်ပြောပြမယ် သေချာနားထောင်။ မင်းရဲ့ ပထမဦးဆုံး First Kiss ကြောင့် မင်းကို ချစ်မိနေပြီဆိုတာကို ပထမဦးဆုံး စသိတာ။ ဆယ်တန်းတုန်းက သီတင်းကျွတ်မှာ မဲသွားတိုးတုန်းက မင်းဒဏ်ရာရတယ်လေ မှတ်မိလား”

“အင်း”

“အဲ့ဒီညက မင်းကိုယ်တွေပူပြီး အဖျားအရမ်းတက်နေလို့ ကိုယ်အင်္ကျီလဲပေးဖို့ အင်္ကျီချွတ်တဲ့အချိန် မင်းကအိပ်ပျော်နေတာမို့ ‌အရှေ့ကိုခေါင်းငိုက်စိုက်ကျလာပြီး ကိုယ့်နှုတ်ခမ်းကို မင်းနှုတ်ခမ်းနဲ့လာထိတာ။ အဲ့ဒါ ကိုယ်တို့ရဲ့ First Kiss”

“ဟင် မင်း အနမ်းသူခိုးပေါ့”

“ကိုယ်ခိုးတာ မဟုတ်ပါဘူး။ မုန်းက အရင်လာနမ်းတာလေ”

“အိပ်ပျော်နေတာကို ဘယ်လိုသိမလဲ။ အနမ်းသူခိုးကြီးရဲ့”

“အဲ့နေ့က မုန်းလာနမ်းတာမို့ ကိုယ့်မှာ ရင်တွေခုန်ပြီး မင်းအပေါ်ကို ထူးဆန်းတဲ့ခံစားချက်တွေ စဖြစ်လာခဲ့ရတာ သိရဲ့လား”

“မသိဘူး ထွက်ပြေးတဲ့အပြေးသမားရဲ့။ ငါသာ လိုက်မဖမ်းရင် ဘယ်ထိ ထွက်ပြေးဦးမလို့လဲ။ မိန်းမယူပြီး ခလေးတွေရတဲ့အထိ ထွက်ပြေးဦးမလို့လား”

“မိန်းမ မယူပါဘူး။ ကိုယ်က မုန်းကလွဲပြီး ဘယ်သူ့ကိုမှ ချစ်မရတော့တာမို့ လူပျိုကြီးလုပ်ပြီး မုန်းတစ်ယောက်တည်းကိုပဲ ဆက်ချစ်မှာ”

“ဒါဆို ရှားကိုချစ်တယ်လို့ ဘာလို့ပြောလဲ။ ရှားကို ဖွင့်ပြောမယ်လို့ ဘာလို့ပြောခဲ့တာလဲ”

“အဲ့အချိန်တုန်းက မုန်းကိုယ့်ကိုချစ်နေတာကို ပထမဆုံးစသိတာမို့ ရှားကိုချစ်နေတယ်ပြောလိုက်ရင် မုန်းကို ကိုယ်မချစ်ဘူးလို့ ထင်သွားအောင် တမင်ပြောလိုက်တာ။ ကိုယ်ချစ်နေတာကို မုန်းသိနေတယ်ဆိုတာ ကိုယ်မှမသိတာ။ ရှားနဲ့ကိုယ် ချစ်သူတွေဖြစ်ရင် မုန်းနဲ့ဝေးရာကို ထွက်ပြေးနိုင်မယ်လို့ထင်လို့ပါ။ ဒါပေမဲ့ မုန်းနဲ့ရှားချစ်သူဖြစ်မှ ကိုယ်သိလိုက်တာက ကိုယ်နဲ့ရှား ချစ်သူဖြစ်မှ မုန်းနဲ့ဝေးကွာနိုင်တာမဟုတ်မှန်း မုန်းနဲ့ရှားချစ်သူဖြစ်လည်း ဝေးကွာနိုင်တာကို နားလည်သွားတာ။ မုန်းကိုမရတော့မယ့်အတူတူ မုန်းကိုချစ်တဲ့အချစ်တွေနဲ့ တစ်သက်လုံး လူပျိုကြီးလုပ်ဖို့ တွေးခဲ့တာ။ ခုတော့ မုန်းလက်ကိုဆွဲပြီး မုန်းနဲ့အတူတူ အိုမင်းတော့မယ်”

“အပြောကောင်းပဲ အမောင်အလင်းက။ ဒါဆို ခုက Second Kiss ပေါ့”

“No”

“ဟမ်! မင်းငါမသိအောင် ဘယ်နှစ်ခါတောင် နမ်းခဲ့ပြီးပြီလဲ”

“မုန်းမသိအောင် နှစ်ခါတည်း နမ်းခဲ့တာပါကွာ။ Second Kiss က သိပ်‌တော့ မကြာသေးဘူး။ မုန်းနဲ့ရှား ချစ်သူဖြစ်ပြီးနောက်နေ့ မုန်းဖျားတုန်းက ကိုယ်မုန်းအခန်းကိုလာပြီး မုန်းအနားမှာ တစ်ချိန်လုံး ရှိနေပေးခဲ့တာ”

“ဟင်! ဒါဆို မင်းနဲ့နွေနဲ့ ငါ့ကိုညာခဲ့တာပေါ့”

“ကိုယ်က မုန်းကိုမသိစေချင်လို့ နွေ့ကိုပြောမပြဖို့ ကတိတောင်းခဲ့တာပါ။ အဲ့ဒါကြောင့် နွေကကိုယ့်ကို ကတိပေးခဲ့လို့ မုန်းအနားမှာ ကိုယ်ရှိခဲ့တယ်ဆိုတာကို ပြောမပြခဲ့တာ။ အဲ့နေ့က မုန်း‌ကိုရေပတ်တိုက်ပေးဖို့လုပ်တော့ မုန်းမျက်ရည်တွေကျလာပြီး ရှိုက်ပြီးငိုနေလို့ ကိုယ်က မုန်းအငိုတိတ်လိုတိတ်ညှား အနမ်းလေးနဲ့ အငိုတိတ်အောင်လုပ်ခဲ့တာ။ ဒါပေမဲ့ မုန်းက ချက်ချင်း အငိုတိတ်သွားတာနော်”

“အဲ့ဒါကြောင့် အဲ့တုန်းက မင်းငါ့ကို နမ်းတယ်လို့ အိပ်မက် မက်ခဲ့တာကိုး။ အိပ်မက်လို့ ထင်နေခဲ့တာ။ ခင်ဗျားကြီး ကျုပ်မသိဘဲနဲ့ ဘယ်နှစ်ခါတောင် ခိုးနမ်းခဲ့ပြီးပြီလဲ။ ခိုးနမ်းပြီးတော့လည်း ကျုပ်ကို မချစ်ဘူးလို့ပြောပြီး ထွက်ပြေးသေးတယ်။ လူယုတ်မာကြီး”

“ခိုးနမ်းတာလေးနဲ့ ကိုယ်က လူယုတ်မာ ဖြစ်ရရောလား။ အပြောခံရမယ့် အတူတူ တကယ်ယုတ်မာပစ်လိုက်ရ”

“မင်းနော်။ Third Kiss ကို First Kiss ထင်နေတဲ့ ငါလေးပါ့လား”

“ဘာရုပ်လေးလဲကွာ ပြွစ်”

နှုတ်ခမ်းလေးထော်ပြီးပြောနေတာမို့ ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ဖျစ်လိုက်ပြီး ထော်ထွက်လာတဲ့ နှုတ်ခမ်းလေးကို ဆွဲစုပ်လိုက်တော့ Lollipop လေးလိုပဲ ကျွန်တော့်မုန်းက ချိုပါတယ်။

“အာ ဘယ်လိုဖြစ်နေလို့ ခဏခဏ နမ်းနေရတာလဲ။ မင်းနော်”

“ချစ်လို့နမ်းတာကွာ။ ခုမှအတိုးချပြီးနမ်းတာ။ ဘာဖြစ်လဲ နမ်းတော့ ပြွစ် ပြွစ် ပြွစ်”

အလင်း ထပ်ခါထပ်ခါ နမ်းလိုက်တော့ မုန်းနားရွက်လေးတွေ ရဲတက်လာပါရောလား။ ကျွန်တော့်ကလေးလေး ရှက်နေပါပြီ။

“အလင်း တော်ပြီလို့။ မေးဦးမယ်”

“ဘာမေးမလို့လဲ မေးစေ”

“အဲ့ဖျားတုန်းက နို့ဆန်ပြုတ်က အလင်းပြုတ်တာလား”

“အင်း ဟုတ်တယ်။ နို့ဆန်ပြုတ်လည်း ကိုယ်ပဲပြုတ်တာ။ အဖျားကျအောင် ရေပတ်တိုက်ပေးတာလည်း ကိုယ်ပဲ။ အင်္ကျီလဲပေးရင် သိသွားမှာဆိုးလို့ မလဲပေးခဲ့တာ။ ဆေးတွေလည်း ကိုယ်ပဲဝယ်ပေးခဲ့တာ။ အနားမှာတစ်ချိန်လုံး ငုတ်တုတ်ထိုင်ပြီးလည်း စောင့်ခဲ့ပေးတယ်။ ညနေရောက်ခါနီးမှ ကိုယ်ပြန်တာ”

“မင်းငါ့အနားမှာ ရှိနေပေးခဲ့မှန်း မသိဘူး။ အဲ့အချိန်တုန်းက မင်းငါ့အနားမှာမရှိလို့ အားငယ်ပြီးငိုခဲ့ရတာ”

“ကဲ ဟုတ်ပါပြီ။ နောက်ဆို အမြဲအနားမှာ ရှိနေပေးမှာမို့ ကိုယ့်ကြောင့် နောက်ထပ် မငိုရတော့ဘူးနော်”

“အင်း ကျေးဇူးပါ အလင်း။ ငါ့ကိုပြန်ချစ်ပေးလို့”

“ကိုယ်ရောပဲ ကျေးဇူးတင်ပါတယ်။ သတ္တိနည်းပြီး ထွက်‌ပြေးခဲ့တဲ့ကိုယ့်ကို မိအောင်ဖမ်းပေးခဲ့လို့”

မုန်းရဲ့အလင်းရောင်Where stories live. Discover now