#Unicode
မုန်းစာသင်ခန်းထဲကိုရောက်တော့ ဖုန်းဖွင့်ပြီး ဂိမ်းဆော့နေလိုက်တယ်။ မုန်းရောက်ပြီး 15မိနစ်လောက်ကြာတော့မှ အလင်းက အခန်းထဲကို ဝင်လာပါတယ်။
“မင်းကို ရည်းစားစာပေးရင်း မင်္ဂလာဆောင်သွားပြီတောင် ထင်နေတာ”
မုန်းက ရယ်ရင်းပြောလာတော့ အလင်းလည်း ပါးချိုင့်လေးပေါ်တဲ့အထိ ပြုံးလိုက်မိတယ်။
“အဲ့လောက်ကြာသွားတယ်လား။ ဟဲဟဲ စောင့်နေရသေးတယ်ကွ”
“အေးပါကွာ ထားပါတော့။ ဒါနဲ့ မင်း မေ့ကို ဖုန်းဝယ်ပေးဖို့ ပြောပါလား အလင်း”
“ဘာလုပ်ဖို့”
“မင်းကကြတော့ ငါ့ကိုဆက်ချင်တဲ့အချိန်တိုင်းဆက်ရပြီး ငါကကြတော့ မင်းကိုဖုန်းခေါ်ဖို့ မေ့ ဒါမှမဟုတ် ဖေ့ဆီဆက်ရတယ်။ ဒီကြားထဲ မင်းအိမ်မှာမရှိရင် ဘယ်ဆက်လို့ ဆက်ရမှန်း မသိဘူး”
ဟုတ်တယ်လေ အဖိုးကြီးလူ့ဂွစာလေးက ဖုန်းကိုင်ပါဆို မကိုင်ဘူး။ အလုပ်ရှုပ်လို့တဲ့။ သူအိမ်မှာမရှိရင် ဒီက ဘယ်သူ့အဖေခေါ်ရမှန်း မသိဘူး တကယ်တည်း။
“ငါက အိမ်မှာ အနေများပါတယ်။ အိမ်မှာမရှိရင်လည်း သုတတို့ အားသစ်တို့နဲ့ အမြဲရှိတာပဲဟာ။ မင်းဆက်ချင်ရင် မေမေ့ကိုဆက်။ မေမေ့ကိုဆက်မရရင် အားသစ်တို့ကိုဆက်ပေါ့။ ခါတိုင်းလည်း ဒီလိုပဲ ဆက်နေကြကို”
“ခါတိုင်းက ခါတိုင်းပေါ့ အလင်းရ။ ခုက စာမေးပွဲ အစစ်ကြီး ဖြေရတော့မှာလေ။ ငါတခုခု မေးချင်တာဖြစ်ဖြစ် ငါလိုအပ်တဲ့အခါဖြစ်ဖြစ် မင်းမှာဖုန်းရှိတော့ ငါတန်းဆက်လို့ ရတာပေါ့ကွ။ မဟုတ်ဘူးလား”
“ . . . “
“ဒါမှမဟုတ် မေနဲ့ဖေက ဖုန်းဝယ်မပေးလို့လား ဟုတ်လား”
“မဟုတ်ပါဘူး။ ငါကိုယ်တိုင်က မလိုအပ်ဘူးထင်လို့ မကိုင်ချင်သေးလို့ပါ။ မေမေကတော့ ပြောပါတယ် သားဖုန်းကိုင်ချင်ရင် မေမေဝယ်ပေးမယ်တဲ့။ တကယ်လို့ မကိုင်ချင်ဘူးဆိုလည်းနေပါတဲ့။ မေမေကတော့ မကိုင်တာကို ပိုသဘောကျတယ်တဲ့။ ငယ်သေးတော့ ဖုန်းနဲ့အချိန်ဖြုန်းတာမျိုး မဖြစ်စေချင်ဘူးတဲ့ ဒါပဲပြောတယ်။ ငါခုလည်း အသုံးလိုရင် မေမေတို့ဖေဖေတို့ ဖုန်းကို ယူသုံးလို့ရနေတာပဲဟာ။ ငါ့အတွက် မလိုအပ်သေးပါဘူး”
YOU ARE READING
မုန်းရဲ့အလင်းရောင်