Part 31 (U+Z)

8.3K 575 16
                                    

#Unicode

မုန်းအိမ်ကိုပြန်ရောက်ပြီး‌ နောက်‌တစ်‌နေ့မှာပဲ မေမေရောက်လာတာမို့ အလင်းနဲ့မတွေ့ရတာ တော်တော်ကြာနေပါပြီ။ ဖုန်းပြောရတယ်ဆိုပေမယ့် လူချင်းမတွေရတာမို့ လွမ်းတာက လွမ်းတာပါပဲ။ မေမေက မုန်းစားမေးပွဲပြီးမှ ပြန်မယ်တဲ့။ စာမေးပွဲပြီးရင်လည်း အိမ်ကိုပြန်လိုက်ရဦးမယ်။ အူဝါးးး အလင်းနဲ့ ဘယ်နှစ်ရက်တောင် ခွဲရမှာပါလိမ့်။ ရှားနဲ့မေသူမကလည်း အိမ်ကိုစာလာလုပ်တာမို့ အလင်းတို့အိမ်ကိုလည်း မသွားဖြစ်ဘူး။ ခုညနေတော့ အလင်းနဲ့မုန့်သွားစားရမယ်။

“မေမေ”

“ရှင့်”

“သားခုညနေ အပြင်ခဏသွားဦးမယ်”

“သွားလေသား ဘယ်သူနဲ့သွားမှာလဲ”

“အလင်းနဲ့မေမေ”

“မေမေ ဒီကိုရောက်ကတည်းက အလင်းလေးနဲ့ မတွေ့ဖြစ်သေးဘူး။ အိမ်လည်ခေါ်ခဲ့ပါ့လားသား”

“မေမေကလည်း အလင်းအကြောင်းသိသားနဲ့။ ဘယ်တုန်းက အိမ်ကို ခေါ်လို့ရဘူးလို့လဲ”

“ဟုတ်သားပဲ အလင်းလေးက မာနခဲလေး။ သားစာမေးပွဲပြီးလို့ မေမေတို့ပြန်ခါနီးမှ အလင်းတို့အိမ်ကို အိမ်လည်သွားကြတာပေါ့”

“ဟုတ်မေမေ”

ညနေတွေ့ဖို့ အလင်းကိုဖုန်းဆက်တော့ ကိုယ်တော်ချောက ဖုန်းမကိုင်ဘူး။ ဘာလုပ်နေပါလိမ့်။ နည်းနည်းလောက်ကြာမှ ဖုန်းပြန်ခေါ်တော့လည်း မအားသေးပါရှင်တဲ့။ မဟုတ်သေးပါဘူး ဘယ်သူနဲ့များပြောနေလို့ မအားသေးပါရှင်တာလဲ။ ဆယ်မိနစ်လောက်ကြာတော့လည်း မအားသေး၊ နာရီဝက်လည်း မအားသေး၊ တစ်နာရီလည်း မအားသေးချည်း ပြောနေတာမို့ သည်းခံခွင့်လွှတ်မှုက မိုင်ကုန်သွားပါပြီ။ စိတ်လည်းတိုသလို စိတ်ပူမူကလည်း ဒီဂရီမြင့်တက်နေပါပြီ။

. . . လိုနေတာအနွေးဓာတ် အကြင်နာတွေအေးစက် တစ်စုံတရာကို တို့နှစ်ယောက်လိုက်လို့ရှာ . . အမှောင်ယံကိုထွေးဖက် Memories တွေမေ့ဖျက် အရာရာကို ဆုံးဖြတ်ထားပြီးသား . . အလွမ်းနဲ့ထပ်တူကျတဲ့ ငါ့ရဲ့နေ့များ . . မင်းရောကိုယ့်လို့လွမ်းနေသေးလား . .  ငါ့ရဲ့အနားမှာ မင်းမရှိတဲ့တဒင်္ဂ ဝမ်းနည်းမိတာ . . .

မုန်းရဲ့အလင်းရောင်Where stories live. Discover now