Part 14 (U+Z)

9K 716 11
                                    

#Unicode

ကျွန်တော်သူ့ကိုမပြောဘဲ ရန်ကုန်လာမိတဲ့နောက်ပိုင်း မုန်းက နေ့တိုင်းဖုန်းခေါ်သလို တစ်နေ့ကို လေးငါးခါလောက်ကို ခေါ်ခဲ့ဝာာပါ။ ခုလည်း ခေါ်‌နေပြန်ပါပြီ။

“ဟဲလို မုန်း”

“မောနီးအလင်း နိုးပြီလား”

“အင်း ငါကနိုးတာကြာပေါ့။ မင်းကို ခုပဲ ဖုန်းဆက်နှိုးမလို့”

“ငါလည်း ခုပဲနိုးတာ။ မင်း Breakfast စားပြီးပြီလား”

“အင်း”

“ဘာစားလဲ”

“ပဲပြုတ်ထမင်းဆီစမ်း ကြက်ဥဟဖ်နဲ့”

“ဒီနေ့ ဘယ်သွားဦးမှာလဲ”

“ဘယ်မှမသွားဘူး စာဖတ်မှာ”

“အင်း ဒါပဲ”

ဒါက မုန်းမနက်တိုင်း လုပ်နေကြအရာပါ။ အရင်ဆို မနက်တိုင်း အလင်းဖုန်းဆက်နှိုးမှ နိုးတတ်တဲ့မုန်းလေးက ခုဆို အလင်း ဖုန်းဆက်နှိုးစရာမလိုဘဲ အိပ်ရာထပြီး မနက်စောစော သူကပဲ ဖုန်းခေါ်ပြီး ခုလိုလေးတွေ မေးနေကြပါ။ နေ့ခင်းကြတော့ တစ်ခါ ဖုန်းထပ်ခေါ်ပြန်ပါရော။

“တူ . . .တူ”

“ဟဲလို မုန်း”

“အလင်း ဘာလုပ်နေလဲ”

“ဘာမှ မလုပ်ပါဘူး”

“အဲ့ဒါဆို လိုင်းပေါ်တက်ခဲ့ပေး”

“ဘာလို့”

“လွမ်းလို့”

ဟမ် ခုကျွန်တော် ဘာကြားလိုက်တာလဲဟင်။ နားကြားမှားတာတော့ မဟုတ်လောက်ပါဘူးနော်။ ခုရက်ထဲ မုန်းပဲထူးဆန်းနေတာလား ကျွန်တော်ပဲ ထူးဆန်းတဲ့စကားတွေကို နားကြားမှာပြီး ကြားနေရတာများလား။

ဟုတ်တယ် အလင်း။ နောက်ဆို လွမ်းရင် လွမ်းတယ်။ သတိရရင် သတိရတယ် ပြောမှာမို့ နေသားတကျဖြစ်အောင် ကြိုးစားထားပါ။

လိုင်းဖွင့်လိုက်တာနဲ့ တက်လိုက်တဲ့ Noti တွေက မနည်းမနောပေ။ နွေနဲ့သုတ ပြောလိုက်တဲ့ စကားဆိုတာ အားသစ်နဲ့က ချစ်သူလား သုတနဲ့က ချစ်သူလားတောင် မသဲကွဲဘူး။ Groupတစ်ခုလုံး သူတို့နှစ်ယောက်ချည်းပဲ။

“ဒေါ်နွေဦးမေ ခင်များနဲ့သုတ စကားပြောလို့ ပြီးဦးမှာလား ခင်ဗျာ”

“ဘာတက်မှာလဲပဲ မေးတာကို”

“အလင်း လိုင်းပေါ် ရောက်နေပြီ။ group video call ခေါ်မလို့”

Video call ခေါ်လိုက်တော့လည်း ဒေါ်နွေဦးမေတို့ အင်တာဗျူး စ’တင်ပါတော့တယ်။ ငါလွမ်းလို့ မျက်နှာလေး ကြည့်ချင်လို့ ခေါ်တာလေ ဒေါ်နွေဦးမေ။ ခင်များ အလင်းကို ဒီနေ့ရော မေးလို့ ပြီးဦးမှာလား။ စိတ်ရှည်လာပြီနော်။

“အလင်း”

“ဟင်”

“နင် ရန်ကုန်မှာ သင်တန်းတက်နေပြီလား”

“မတက်ရသေးဘူး နွေရ။ ဘာတက်ရင် ကောင်းမလဲ စဉ်းစားတုန်း။ ဂျပန်စာတက်ရင် ကောင်းမလားလို့။ နင်ရော”

“ငါက ရန်ကုန်လာချင်နေပြီ။ မေမေက ကျောင်းတက်ဖို့ မေဂျာရွေးပြီးမှ သွားဆိုလို့။ Result ထွက်ပြီးမှ လာရမယ်ထင်တယ်”

“အင်း မြန်မြန် လာခဲ့ကြဟာ။ တစ်ယောက်တည်း ပျင်းတယ်။ ဒါနဲ့ နင်က ဘာတက်မှာလဲနွေ”

“ဆေးကျောင်းတက်ချင်တာ နင်ရော”

“ငါလည်း ဆေးတက်မှာ။ သုတကရော ဘာတက်မှာလဲ”

“အေးကွာ ငါက အမှတ်လေးမှီရင် TU တက်ချင်တာ။ အားသစ် မင်းကရော ဘာတက်မှာလဲ”

“မှီမှာပါကွာ မင်းကလည်း။ ငါလည်း အမှတ်မှီရင် UFL တက်ချင်တာ မုန်းကရော”

“ငါက CU တက်ချင်တာ”

“ဟမ် ဆေးမတက်ဘူးလားမုန်း။ မင်းအိမ်က CU တက်ခိုင်းပါ့မလား မုန်းရာ”

အလင်း‌မေးလိုက်တော့ မုန်းက စိတ်ညစ်သွားတဲ့ပုံပင်။

“အဲ့ဒါတော့ ဘယ်လိုလုပ်ရမှန်း မသိဘူး။ ငါဆေးကို မတက်ချင်ဘူး ဝါသနာလည်း မပါဘူး။ ငါကမေ့လို ကွန်ပျူတာတက္ကသိုလ် တက်ချင်တာ။ မေပြောပြဘူးတဲ့ Coding တွေ ရေးချင်တာ”

“အိမ်က လက်ခံပါ့မလား မုန်းရာ။ မင်းအဖေနဲ့ အဆင်ပြေပါ့မလား”

“အေးကွာ ငါလည်း အဲ့ဒါတော့ မစဉ်းစားရသေးဘူး။ မစဉ်းစားရဲသေးပါဘူး အားသစ်ရာ။ ဒါနဲ့ငါတို့ တစ်ရက်လောက် ဆုံကြမယ်လေ။ My Mind မှာ မုန့်စားပြီး ကြိုးတံတားမှာ ဂစ်တာတီးရအောင်”

“ဆုံကြမယ်လေ ဘယ်နေ့ဆုံမလဲ”

“သောကြာနေ့ ဆုံကြအောင်”

“Ok လေ။ ဪ . . ဒါနဲ့ ဆရာမျိုးက ငါ့ကိုဖုန်းဆက်တယ်။ Result ထွက်ရင် ငါ့ကိုပဲ ဖုန်းဆက်မယ်ပြောတယ်။ အဲ့ဒါ နင်တို့ ခုံနံပတ်တွေ ငါ့ကို ပို့ပေးကြဦး”

“ဘယ်နေ့လို့ ပြောလဲ နွေ”

“သေချာတော့ မသိသေးဘူး။ အနားနီးရင်တော့ ဖုန်းဆက်မယ်တဲ့။ ရင်တော့ခုန်သား”

“အောင်မှာပါဟာ မပူပါနဲ့”

အားလုံးနဲ့ စကားပြောပြီးတော့ အလင်းကမုန်းကို နှစ်ယောက်တည်း စကားလာပြောခဲ့တယ်။

“မုန်း”

“ဟင်”

“ငါနဲ့ အတူတူ ဆေးမတက်ဘူးလား”

“မသိသေးပါဘူး အလင်းရာ။ ငါက ငါတက်ချင်တာကို ပြောတာပါ။ ဖေဖေ့ကို လွန်ဆန်လို့မရနိုင်တာ မင်းလည်း သိသားပဲ”

“အင်း”

ငါကတော့ မင်းနဲ့အတူတူတက်ရမယ်လို့ ထင်နေတာ မုန်း။ ငါ မင်းနဲ့အတူတူ ‌ကျောင်းတက်ရဖို့ မျှော်လင့်တယ်။

တကယ့်ကို မုန်းဝါသနာမပါတဲ့ဆေးကို တက်ကိုမတက်ချင်တာပါ။‌ မေဂျာလျှောက်ရင်တော့ ဖေဖေနဲ့ တိုက်ပွဲတွေဖြစ်ရမှာပဲ။ မတတ်နိုင်ဘူးလေ။ မုန်းဘဝမှာ ဖေဖေတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာပေးခဲ့ရတာခုထိပဲ။ မုန်းဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ ကိစ္စမှာတော့ မုန်းဖေဖေ့ကို အရှုံးမပေးချင်ဘူး။ မုန်းတစ်ဘဝလုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ  မုန်းကိုယ့်ဘာကိုယ်ပဲ ဆုံးဖြတ်ပါရစေဖေဖေ။ မုန်းအလျှော့ပေးမှာမဟုတ်လို့ တိုက်ပွဲတွေတော့ ပြင်းထန်ကောင်း ပြင်းထန်ပါလိမ့်မယ်။

                     **********

တူ . . .တူ

ဖုန်းခေါ်သံကြားလို့ကြည့်လိုက်တော့ ထင်တဲ့အတိုင်း မောင်မုန်းပင်။

“အင်း မုန်းပြော”

“အလင်း ဘယ်မှာလဲ”

“Junction Cityမှာ”

“ဘယ်သူနဲ့သွားတာလဲ”

“တစ်ယောက်တည်း သွားတာ”

“ဘာသွားလုပ်တာလဲ”

“Myanmar Book Plaza ကို သွားဝာာ။ စာအုပ်ဝယ်ဖို့”

“ဪ အဲ့ဒါကို ဘာလို့ Junction City ကို ရောက်နေတာလဲ”

“ပြန်လာတော့ မှတ်တိုင်မှာ မေသူသူလင်းနဲ့တွေ့လို့။ အဲ့ဒါ သူက Junction City ကို လိုက်ခဲ့လို့ပြောလို့ လိုက်လာရင်း J’Donuts စားနေတာ”

“ဘယ်က မေသူသူလင်းလဲ။ ငါနဲ့သိလား”

“ငါတို့ ကိုးတန်းတုန်းက အခန်းတူတယ်လေ။ ဒါနဲ့ မုန်း မင်း ခုနောက်ပိုင်း ခဏခဏ ဖုန်းခေါ်နေသလိုပဲ ဘာလို့လဲ”

“မင်းရန်ကုန်ပြောင်းတုန်းက ငါမင်းကို ဖုန်းမဆက်လို့ မသိလိုက်ရဘူးလေ။ အဲ့ဒါကြောင့် ငါဖုန်းမဆက်ဖြစ်ခဲ့လို့ နောက်တစ်ခါ မင်းက ထပ်ပြီးထားခဲ့ရင် မသိလိုက်မှာဆိုးလို့”

မုသားမပါတဲ့ မုသားပေမယ့် ဒါလည်း မုန်းအတွက်‌တော့ အမှန်တရား တစ်ခုပဲမို့။

ဟာကွာ မုန်းရာ မင်းဝမ်းနည်းတာကိုမကြည့်နိုင်လို့ မပြောဖြစ်ခဲ့တာက မင်းကိုစိတ်ဒဏ်ရာရအောင် လုပ်လိုက်မိသလိုများ ဖြစ်နေတာလားကွာ။

“မုန်းရာ နောက်ဆို ငါဘယ်သွားသွား ဘာလုပ်လုပ် မင်းကို ပြောမယ်နော်။ Ok လား”

“အင်း ဒါပဲ။ ခုတော့ မင်းအဲ့မှာ မေသူသူလင်းနဲ့ သာယာနေလိုက်”

“ဟမ်”

မုန်း ဘာပြောလိုက်တာပါလိမ့်။

အမလေး ကျွန်တော့်ရင်တွေ ပူလောင်လိုက်တာနော်။ သူက ရန်ကုန်ရောက်တာမှ နှစ်လတောင်မပြည့်သေးဘူး။ မေ‌သူသူလင်းနဲ့ JC တောင် ရောက်‌နေပြီတဲ့လား။ မရဘူး မုန်း ရန်ကုန်မှာသင်တန်းတက်ဖို့ ဖေဖေ့ကို ပြောကြည့်ရမယ်။

ကျွန်တော်မရှိတဲ့ အချိန်ခဏမှာ အလင်းကို တခြားသူဆီ ရောက်သွားတာမျိုး ကျွန်တော် မလိုလားတာမို့ အလင်းနဲ့အနီးဆုံးကို ကျွန်တော်လိုက်သွားမှဖြစ်သွားမယ်။ ကျွန်တော် ကာကွယ်နိုင်သလောက်အထိ‌တော့ ကာကွယ်ချင်သေးတယ်။ ကျွန်‌တော်ချစ်တဲ့သူကို တပါးသူနောက် အပါမခံနိုင်ဘူး။ အတ္တကြီးတယ်ပဲပြောပြော ကျွန်တော်ချစ်ရတဲ့သူကို ပိုင်ဆိုင်ချင်တယ်။ ဖေဖေကို‌တော့ အလိမ်အညာလေး နည်းနည်းသုံးပြီး လှည့်စားကြည့်ရမှာပေါ့။

“ဖေဖေ ကျွန်တော် ရန်ကုန်မှာ သင်တန်းတက်ချင်လို့”

“ဘာသင်တန်း တက်မှာလဲ”

“Language တခုခုပေါ့ ဖေဖေ”

“ဆရာဝန် လုပ်မယ့်သူက Language လိုလို့လား”

ဘယ်သူက ဆရာဝန်လုပ်မယ်ပြောလို့လဲ။ကျွန်တော်က ကွန်ပျူတာပဲ တက်မှာ။

ဒါပေမဲ့ ဒီစကားကို ခုချိန်မှာ ပြောလို့မဖြစ်သေးဘူးလေ။ အခြေအနေနဲ့ အချိန်အခါကို ကြည့်တတ်ရမှာပေါ့။ ခုချိန်မှာပြောလိုက်ရင် မုန်တိုင်း တိုက်သွားမှာပေါ့။

“အမေရိကန်သံရုံးမှာ အင်္ဂလိပ်စာ တက်ချင်လို့ဖေဖေ။ English 4skills ပိုကျွမ်းတော့ ကျောင်းတက်တဲ့အခါ ပိုအဆင်ပြေမယ်ထင်လို့ ဖေဖေ”

“တက်ချင်တယ်ဆို သွားလေ။ ရန်ကုန်အိမ်မှာနေ‌ပေါ့။ Driver တစ်ယောက်နဲ့ ထမင်းချက်တစ်ယောက် ထည့်ပေးလိုက်မယ်”

“အလင်းတို့အိမ်မှာ နေမလားလို့တွေးထားတာ”

“သူများအိမ်မှာ မနေရဘူးမုန်း။ သူများအိမ်မှာနေတာ‌ တော်သင့်ပြီ”

“ဒါဆိုလည်း ရန်ကုန်အိမ်မှာ‌တော့ မနေချင်ဘူး။ အိမ်ကြီး အကြီးကြီးမှာ ကျွန်တော်တစ်ယောက်တည်း မနေနိုင်ဘူး။ နေရမယ်ဆိုလည်း မေမေ့ကို ထည့်ပေးလိုက်”

“မင်းအမေကိုတော့ ထည့်မပေးနိုင်ဘူး။ နေချင်နေ မနေချင် မနေနဲ့”

သိတယ်လေ ဖေဖေကမေမေ့ကို ထည့်မပေးနိုင်ဘူးဆိုတာ။ စကားတစ်ခွန်းမှသာမပြောတာ မျက်စိအောက်ကတော့ အပျောက်မခံနိုင်ဘူးဆိုတာကို သိနေတယ်။

“မေမေ့ကိုထည့်မပေးနိုင်ရင် ကျွန်တော်တက္ကသိုလ်ရိပ်သာလမ်းက တိုက်ခန်းမှာနေမယ်ဖေဖေ။ ကားသမားလည်း မထည့်ပေးနဲ့။ ထမင်းချက်လည်း မလိုချင်ဘူး။ ကျွန်တော်တစ်ယောက်တည်းပဲ နေချင်တယ်”

“ယုံကြည်မှုကို အလွဲသုံစားမလုပ်ဘဲ ကိုယ့်ကိုယ်ကို ထိန်းနိုင်တယ်ဆိုရင်တော့နေပေါ့။ နေချင်သလို နေနေရင်တော့ ပြန်လာဖို့ပြင်ထားလိုက်မုန်း”

“ဒါဆို ဒီတစ်ပတ်တနင်္ဂနွေကို ကျွန်တော် သွားတော့မယ်”

ငါလာပြီ အလင်း။ မင်းအနားမှာ တောက်တဲ့လိုကပ်တွယ်နေဖို့ ငါလာမှာမို့ မင်းပြင်ဆင်ထားပါ။

ဘဝမှာ ပထမဦးဆုံး ဖေဖေ့ကို မုသားမပါတဲ့ မုသားတွေပြောခြင်းပါ။ ဒါမင်းကြောင့်အလင်း။ ငါမင်းကိုချစ်မိမှ မုသားမပါတဲ့ မုသားတွေ ပြောတတ်နေပြီ အလင်းရေ။ ချစ်တယ် မထင်မှတ်လောက်အောင်ကို။

မုန်းရဲ့အလင်းရောင်Where stories live. Discover now