Part 20 (U+Z)

9.2K 587 12
                                    

#Unicode

“အလင်း”

သင်တန်းပြီးပြီဆိုတော့ အလင်းတို့ပြန်ဖို့ပြင်နေတဲ့အချိန် မေသူခေါ်တာမို့ လှည့်ကြည့်ပြီး ထူးလိုက်တယ်။

“အင်း မေသူပြောလေ”

“အလင်းတို့တစ်ခါတည်း အိမ်တန်းပြန်မှာလား”

“အင်း ဟုတ်တယ် မေသူ။ ဘာလို့လဲ”

“ဪ . . . ဒီနေ့ မေသူ့ မွေးနေမို့လေ။ အဲ့ဒါ အလင်းကို မုန့်လိုက်ကျွေးချင်လို့”

“ဟာ မေသူ‌ရာ ကြိုမပြောဘူး။ ကြို‌ပြောရင် လက်ဆောင် ဝယ်ပေးလို့ရတာပေါ့။ ဘာမှဝယ်မပေးဘဲ လိုက်စားရမှာ အားနာစရာကြီး”

“ရပါတယ် အလင်းရဲ့။ မေသူက မွေးနေ့မှသူငယ်ချင်းတွေကို သီးသန့်ကျွေးချင်လို့ပါ။ လက်ဆောင်တွေ မလိုပါဘူးနော်။ လိုက်စားပေးရင်ပဲ ကျေနပ်ပါပြီ”

“ဒါဆိုလည်း ကျေးဇူးပါမေသူ။ မုန်း လိုက်မယ်မို့လား”

“မင်းကို ခေါ်တာလေကွာ။ ငါ့ကိုခေါ်တာမှမဟုတ်တာ မင်းကလည်း။ မွေးနေ့က မင်းတစ်ယောက်တည်း သီးသန့်ကျွေးတာ‌နေမှာပေါ့”

ဟုတ်တယ်လေ ကိုယ့်ခေါ်တာမှ မဟုတ်တာ။ စပြောကတည်းက အလင်းကိုလို့ပြောတာလေ။ အလင်းတို့ကိုမှ မဟုတ်တာ။ မွေးနေ့က အစစ်တောင်ဟုတ်ရဲ့လားမသိ။ တစ်ယောက်တည်း ကွက်ခေါ်ရတယ်လို့။

“အဲ့လိုမဟုတ်ပါဘူး မုန်းမာန်ရဲ့။ မုန်းမာန်လိုက်ချင်လည်း မေသူက ခေါ်ပါတယ်။ မုန်းမာန်အိမ်တန်းပြန်မယ် ထင်လို့ပါ။ မုန်းမာန်စားချင်ရင် လိုက်ခဲ့လေရပါတယ်။ မေသူက တစ်ယောက်စာလောက်တော့ ထပ်ပြီး အကုန်ခံနိုင်ပါတယ် ဟင်းဟင်း”

စားချင်ရင်လိုက်ခဲ့လေဆိုတာက ဘယ်လိုစကားကြီးတုန်း။ မူလီမ စားချင်ရအောင် ငါကငတ်နေလို့လား။ ကိုယ့်ဘာကိုယ်လည်း ဝယ်စားနိုင်ပါတယ် မူလီစုတ်မရဲ့။ တစ်ယောက်စာလောက်တော့ ထပ်အကုန်ခံနိုင်ပါတယ်ဆိုပဲ။ စကားပြောတာကိုက ဒေါင့်ကိုမကျိုးဘူး။ လူကို သက်သက်လာစိန်ခေါ်နေတာ။ တွေ့မယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now