Part 7 (U+Z)

9.3K 728 15
                                    

#Unicode

. . . တစ်လောကလုံးနှိုင်းယှဉ်လို့ထား . . ကမ္ဘာပေါ်မှာနင်အဓိကပါ . . အရိုးသားဆုံးငါ့ရင်ထဲ . . မင်းလေးအမြဲသာ သိမ်းပိုက်လို့ထား . . .

Ringtone သံကြားပေမယ့် မုန်းရဲ့မျက်လုံးတွေ ဖွင့်လို့မရဘူး ဖြစ်နေပါတယ်။ အလင်းတို့ ပုသိမ်ပြောင်းမယ်လို့ သိရတဲ့နေ့ကစပြီး မုန်းစိတ်မ‌ကောင်းဖြစ်ကာ အိပ်မရခဲ့တာ ခုဆို တစ်ပတ်လောက်ရှိရောပေါ့။ စသိတဲ့နေ့ကလည်း ငိုလိုက်ရတာအမော။ ဒီကြားထဲ အလင်းတို့အိမ်ကလည်း ဖုန်းလေးတစ်ချက်တောင် ဆက်သွယ်မလာခဲ့ပါဘူး။ မုန်းလည်း ဝမ်းနည်းလွန်းလို့ အလင်းတို့ အိမ်ကိုလည်းမသွားဘူး။ အလင်းကိုလည်း ဖုန်းမဆက်ဘဲ နေလိုက်တော့တယ်။

"Hello အလင်းပြော"

"ဟားးးးး အိပ်ချင်မူးတူးသံနဲ့ကွာ။ ခုထိ အိပ်ရာ မထသေးဘူးလား။ ခုဘယ်နှစ်နာရီရှိပြီလဲ"

"ဘယ်နှစ်နာရီရှိရှိကွာ။ အိပ်တော့ ဘာဖြစ်လဲ။ မင်းငါ့ကို ဖုန်းဆက်ဖို့ ခုမှ သတိရတာလားပြော"

"ဟ ပြောင်းရရွှေ့ရဖို့ အထုပ်တွေ ပြင်ရသေးတယ်မုန်းရဲ့"

အလင်းတို့က ပြောင်းတောင်ပြောင်းတော့မှာလား။ ဒီလောက်တောင် မြန်ရလားဗျာ။ ဖေပြောတာ ဒီလကုန်ဆို။ ဟုတ်သား ဒီနေ့လကုန်ပဲ။

"မုန်း မနက်ဖြန် အိမ်လာခဲ့နော်"

"အင်း"

"မင်း ငါတို့ First Date ကို ဒကာခံရမှာ သတိရသေးလား"

"ဟမ်"

ဟုတ်သားပဲ။ အလင်းနဲ့နွေနဲ့ ခုထိ မဒိတ်ရသေးဘူးပဲ။ စာမေးပွဲဖြေခါနီးမို့ စာတွေလုံးပန်းနေရတာနဲ့ မေ့သွားတယ်။

"အဲ့ဒါ မနက်ဖြန် ဖေဖေပုသိမ်ကိုပြောင်းရင် မင်းနဲ့နွေနဲ့ ပုသိမ်ကိုလိုက်ခဲ့လေ။ ငါတို့ First Date ကိုဒကာခံ။ ညနေကြရင် မင်းနဲ့နွေ့ကို အိမ်ပြန်လိုက်ပို့မယ် Okလား"

ဒါဆို မင်းငါ့ကိုဖုန်းဆက်တာ ငါ့ကို သတိရလို့မဟုတ်ဘဲ First Date ကို ဒကာခံပေးဖို့တဲ့လားအလင်း။ ဟွန့် . . . . .အမြင်ကပ်ချင်စရာကြီး။ ပြောင်းရရွှေ့ရခါနီးတောင် အတော်ရွချင်နေတဲ့အလင်းစုတ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now