Part 21 (U+Z)

7.9K 571 12
                                    

#Unicode

ဘာလိုလိုနဲ့ မုန်းတို့ကျောင်းတက်ခဲ့တာ တစ်လကျော်ခဲ့ပါပြီ။ ပထမဦးဆုံး ကျောင်းစတက်တဲ့နေ့က တစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်နေတုန်း ပထမဆုံး ကျွန်တော့်ကို လာနှုတ်ဆက်တဲ့သူက ဘယ်သူလို့ထင်ပါသလဲ။ ခင်ဗျားတို့ လုံးဝထင်မှတ် မထားရလောက်တဲ့သူပါဗျာ။ ကျွန်တော်လည်း လုံးဝ မထင်မှတ်ခဲ့တဲ့သူ။

“မုန်း”

Canteen မှာ ထိုင်နေတုန်း မုန်းနာမည်ကို ခေါ်သံကြားလိုက်ရတယ်။

ဘယ်သူပါလိမ့်။ ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးပါတယ်။ ဒါပေမဲ့ သူကတော့ ငါ့ကို မုန်းလို့မခေါ်ပါဘူး။ မုန်းမာန်ပဲ ခေါ်နေကြပါ။ ဘယ်သူပါလိမ့်။

မုန်း အသံလာရာဆီ လှမ်းကြည့်ပြီးရှာလိုက်တော့ တွေ့လိုက်ရတဲ့သူက လုံးဝ မထင်မှတ်ထားခဲ့တဲ့သူပါ။

“မေသူ”

“နင့်ပုံကလည်း တအံ့တဩနဲ့။ ဘာဖြစ်ရတာတုန်း”

“နင်တစ်ခါမှ ငါ့ကို မုန်းလို့မခေါ်ဘူးလေ”

“အဲ့တုန်းကတော့ အမြင်ကတ်လို့”

“ဟမ်”

“ဟုတ်တယ် ငါ့မှာ အလင်းကိုကြိုးစားတိုင်း နင့်နဲ့ပဲတိုးနေတော့ ကြာလာတော့ အမြင်ကတ်လို့”

“ခုကရော”

“ဟီးဟီး ဒီမှာ ကျောင်းလာတက်တာ ငါတစ်ယောက်တည်းထင်ပြီး စိတ်အားငယ်နေတာ။ နင့်ကိုတွေ့လိုက်မှ အားရှိသွားတော့တယ်ဟယ်။ တစ်ယောက်တည်း ယောင်တောင်ပေါင်တောင်နဲ့ ဘယ်သွားရမှန်းမသိ ဘာလုပ်ရမှန်းမသိနဲ့မို့ Canteen ကိုလာတာ။ တော်သေးတယ် နင့်ကိုတွေ့လိုက်ရလို့။ ဒါနဲ့ နင့်အဖွဲ့တွေရော မတွေ့ပါ့လား။ နွေတို့က ဘာတက်တာလဲ”

“အလင်းဘာတက်လဲ သိချင်တာမဟုတ်ဘူးလား”

“No ပါနော်။ အလင်းကို ငါ စိတ်မဝင်စားတော့ပါဘူးနော်။ အလင်းကချောလို့ ကလေးစိတ်နဲ့သဘောကျရုံပဲကျတာ။ အဲ့ဒါကို နင်က လိုက်ပြီး ဖျက်လို့ဖျက်စီး လုပ်နေတာ။ မပြောချင်ဘူးတကယ်ပဲ။ ငါ့မှာ ဘဲရှိနေပါပြီနော်။ လွန်ခဲ့တဲ့လေးလလောက်က နင်တို့နဲ့ Hotpot စားပြီး သိပ်မကြာဘူး ဘဲရသွားတာပါနော်”

မုန်းရဲ့အလင်းရောင်Where stories live. Discover now