Part 42 (U+Z) The End

18.4K 627 26
                                    

#Unicode

ဘာလိုလိုနဲ့ပဲ မုန်းရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့တဲ့ တနင်္လာနေ့ကို ရောက်လို့လာပါပြီ။ ဒီနေ့ မုန်းအလုပ်ရကြောင်း မရကြောင်းကို အကြောင်းပြန်မှာမို့ ဖေဖေ့အနားမှာ တစ်ချိန်လုံးထိုင်နေပြီး အလုပ်လည်းမလုပ်နိုင်ဘဲ Laptop ကြီးကို စိုက်ကြည့်ရင်း ဖင်တောင်မကြွရဲလောက်အောင်ကို ဖြစ်နေရပါတယ်။ ဈေးလည်းမရောင်းနိုင်သလို ဘာအစားမှလည်း မစားနိုင်နဲ့ ရေတောင်မသောက်နိုင်ဘဲ ဖြစ်နေရတယ်။ အဆိုးဆုံးကတော့ ဖင်တောင် မကြွနိုင်ပါဘူး။ နောက်ဆုံးတော့ ကျွန်တော့်ကိုကြည့်ပြီး ဖေဖေလည်း စိတ်မရှည် ဖြစ်သွားပုံရတယ်။

“ဟိတ်ကောင် ဖင်လေးဘာလေးလည်း ကြွပါအုံးကွာ။ အချိန်တန်ရင် သိရမှာပေါ့။ ငါဆိုင်ကိုလာပြီး ကျက်သရေမရှိ မင်္ဂလာမရှိ မျောက်မှိုင် မှိုင်မနေနဲ့ကွာ လာဒ်တိတ်တယ်”

“နေပါဦး ဖေဖေရာ။ ကျွန်တော် ခုချိန် ဘာမှ လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ခဏလေးပါဗျာ”

ကျွန်တော့်မှာ Mail ဝင်လာရင် မသိမှာဆိုးလို့ Mail ထဲကို ဝင်ပြီး Reload လုပ်ရတာအမော။

“ဟေ့ကောင် မင်းLaptop ကို ဒီတိုင်းထားခဲ့ပြီး အလုပ်သွားလုပ် သွား။ မင်း Laptop ကို ဘယ်သူမှ မကိုင်စေရဘူး။ သွားကွာ ငါ့အနားကနေ။ မင်းကိုကြည့်ရတာ စိတ်မချမ်းသာလို့”

“ဖေဖေကလည်းဗျာ”

ဖေဖေ့ကို ဘာမှပြန်ပြောမနေတော့ဘဲ ဖုန်းရောင်းတဲ့နေရာမှာ ငူငူကြီးနဲ့ ငုတ်တုတ်သွားထိုင်နေလိုက်တယ်။ ကျွန်တော်တစ်မနက်လုံး စောင့်နေတာကိုတောင် Mail ဝင်မလာပုံထောက်ရင် အလုပ်မရတာ သေချာနေလောက်ပါပြီ။ တကယ်ဆို အလုပ်မခန့်ဘူးဆိုလည်း Sorryဆိုတာလောက်လေးတော့ အကြောင်းပြန်သင့်ပါတယ်။ ခုတော့ Sorry လေးတောင် အကြောင်းပြန်မလာဘူး။ ညနေလေးနာရီထိုးလောက်ကြတော့ စိတ်ကမနေနိုင်တာမို့ Mail စစ်ကြည့်လိုက်မိတယ်။ တွေ့လိုက်ရပါပြီ Mail အသစ်တစ်‌စောင်။ ရင်တွေခုန်ပြီး တုန်ယင်နေတဲ့လက်ကလေးနဲ့ ကလစ်တစ်ချက် ထောက်လိုက်တယ်။ ပွင်လာတဲ့ Mail ကို ‌မရဲတရဲကြည့်လိုက်တော့ Congratulations တဲ့။ ဘုရား ဘုရား လုံးဝမယုံနိုင်တာမို့ မျက်လုံးလေးနှစ်ဖက်ကို လက်လေးနဲ့ ပွတ်သပ်ပြီး သေချာအောင် ပြန်ကြည့်လိုက်တော့ Congratulations ပါတဲ့။

ဝမ်းသာအားရ အကျယ်ကြီးအော်ပြီး ထခုန်လိုက်တော့ ဆိုင်ထဲမှာ ရှိသမျှလူတွေအကုန်လုံးက ကျွန်တော့်ကို မျက်လုံးလေးတွေပြူးပြီး ငေးကြည့်လာကြတယ်။ ကျွန်တော် ဖေဖေ့မျက်နှာကို သေချာကြည့်ပြီး ပြောလိုက်တယ်။

“ဖေဖေ ကျွန်တော် အင်တာဗျူးအောင်သွားပြီ။ တစ်လကို ဒေါ်လာ ၃၀၀၀ (မြန်မာငွေ သိန်းသုံးဆယ်ကျော်) ရမှာတဲ့ဖေဖေ။ ဖေဖေ့ကတိကို ဖေဖေတည်ပေးပါ။ ဒီလကုန် အလုပ်စဝင်ရမယ်ဖေဖေ။ လကုန်ဖို့ နှစ်ပတ်ပဲလိုတော့တာမို့ စင်္ကာပူကိုလိုက်ပို့ဖို့ ပြင်ဆင်ပေးထားပါဖေဖေ”

မုန်းတစ်ယောက် အပျော်တွေလွန်ပြီး ခြေထောက်နဲ့မြေကြီးတောင် မထိတော့ပါဘူး။ အရင်ဆုံး နွေ့ကိုဖုန်းဆက်ရမယ်။ ဆိုင်မှာထားတဲ့ အထိုင်ဖုန်းနဲ့ နွေ့ကိုဖုန်းခေါ်လိုက်တော့ ဖေဖေကအနားမှာ လာရပ်နေပါတယ်။ ရပ်ပေါ့ နွေ့ကိုဆက်တာ။ အလင်းကိုဆက်တာမှ မဟုတ်တာ။ နွေ့ကိုပြောလိုက်တာနဲ့ အလင်းဆီကို သတင်းက ချက်ချင်းရောက်မှာပါဖေဖေ။ သားကိုယ်တိုင် အလင်းကို ဖုန်းဆက်စရာ မလိုပါဘူးဗျာ။ ဖေဖေအရမ်းညံ့တာပဲ ဟဲဟဲ။

“ဟဲလို နွေ”

“အေး မုန်းပြောလေ။ ဘာပြောမလို့လဲ”

“ငါစင်္ကာပူမှာ လျှောက်ထားတဲ့အလုပ် ရသွားပြီ။ အင်တာဗျူးအောင်တယ်။ အဲ့ဒါ လကုန်တာနဲ့ ငါစင်္ကာပူကို သွားရတော့မယ်လို့ နင်တို့ကို လှမ်းကြွားတာ”

“ဟမ် နင်ဘွဲ့မယူတော့ဘူးလားမုန်းရဲ့”

“မယူတော့ပါဘူးဟာ။ ဘွဲ့ကို အဝေးရောက်ပဲ ယူတော့မယ်။ ဘွဲ့ဓာတ်ပုံကိုတော့ ရန်ကုန်ရောက်မှ ဖေဖေနဲ့မေမေ့ကိုခေါ်ပြီး ဓာတ်ပုံသွားရိုက်လိုက်တော့မယ်”

“အေးပါဟယ်။ အလုပ်ရတယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ နင်နဲ့ခွဲရမယ်ဆိုတော့ ငါတကယ်စိတ်မကောင်းဘူးဟာ”

“စိတ်မကောင်းမဖြစ်ပါနဲ့ဟာ။ ငါနင့်တို့ကို ဆက်သွယ်မှာပေါ့ဟ”

“အေးပါ မုန်းရယ်။ ငါ့သူငယ်ချင်းလေး အလုပ်ရပြီဆိုလို့ ဝမ်းသာပါတယ်”

“နင့်ကို အရင်ဆုံး လှမ်းပြောပြတာ။ ငါ မေ‌မေ့ကို ဖုန်းဆက်လိုက်ဦးမယ်။ ဒါပဲနော်”

“အေး‌အေး ဒါပဲနော် မုန်းလေး”

ငါ့ကို အရင်ဆုံး ပြောပြတာတဲ့လား။ ငါ့ကို အရင်ဆုံး ပြောပြချင်လို့ မဟုတ်ဘဲ အလင်းကို အရင်ဆုံး ပြောပြချင်တာမို့လား လူလည်လေး။ သူ့ကိုကို့ကို အရင်ဆုံးအသိပေးချင်လို့ နွေ့ကိုအရင်ဆုံးပြောပြသွားတာ။ မုန်းရဲ့အမှာစကားကိုပါးဖို့ အလင်းဆီဖုန်းခေါ်လိုက်တယ်။

“ဟဲလို နွေ”

“အလင်း မုန်းလေးက စင်္ကာပူမှာလျှောက်ထားတဲ့အလုပ် အင်တာဗျူးအောင်သွားပြီတဲ့”

“တကယ်လားနွေ။ ငါ့ကလေးပေါက်က တော်လိုက်တာဟာ”

“အင်း မုန်းက တကယ်တော်တယ်။ ပြီးတော့ ခုလကုန်သွားရမယ်လို့ပြောတယ်”

“တကယ်လားနွေ ခုလကုန် တကယ်လား။ မြန်လိုက်တာ။ လကုန်ဖို့ နှစ်ပတ်ပဲ လိုတော့တာလေ”

“အေး တော်တော်မြန်တယ်ဟာ။ ငါလည်း သူအလုပ်ရလို့ ဝမ်းသာပေမယ့် ငါတို့နဲ့ခွဲသွားတော့မယ်ဆိုတော့ စိတ်ထဲတောင် မကောင်းဘူးဟာ”

“ငါကတော့ ပျော်နေတယ် နွေ။ ဒီမှာနေတာ မတွေ့ရတဲ့အပြင် အဆက်အသွယ်လည်းမရှိ အသံလေးတောင်မကြားရတာ။ မုန်း စင်္ကာပူ မြန်မြန်သွားမှ အသံလေးကြားပြီး ရုပ်လေးပါမြင်ရမှာ။ ငါ့အသဲလေး ပိန်လား ဝလား ဘယ်လိုအနေအထားလဲတောင် မမှန်းတတ်တော့ဘူးဟာ။ လွမ်းတယ် အရမ်းပဲ”

“အေးပါအလင်းရယ် နင်တို့နှစ်ယောက် အမြန်ဆုံး နီးနိုင်ပါစေဟာ”

“ပေးတဲ့ဆုနဲ့ပြည့်ပါရစေနွေ”

ကလေးပေါက် အလုပ်ရသွားပြီတဲ့။ တကယ်ကို တော်လွန်းတဲ့ ကျွန်တော့်ရဲ့ကလေးပေါက်။ ဖြစ်ချင်လာပြီဆို မရ ရအောင် လုပ်တတ်လွန်းလို့ အချစ်တွေပိုရပါတယ်။ ကိုယ်တို့တွေ နီးရမယ့်ရက်ကို ရေတွက်ရင်း စောင့်နေပါ့မယ် ခလေးငယ်။

***********

စင်္ကာပူသွားဖို့အတွက် ရန်ကုန်ကို ဖေဖေနဲ့မေမေရယ် မုန်းရယ် ချီတက်ခဲ့ကြပါတယ်။ မုန်းမနက်ဖြန်ဆို သွားရတော့မယ်လေ။

“မေမေ”

“ရှင့်”

“သားမသွားခင်လေး အလင်းနဲ့ ခဏလောက်ဖြစ်ဖြစ် တွေ့ချင်တယ် မေမေရာ။ ကူညီပေးပါနော်”

“မေမေ ဘယ်လိုကူညီပေးရမလဲ”

“ဒီလိုလုပ် မေမေနေမကောင်းလို့ ဆေးခန်းသွားပြဦးမယ်လို့ ဖေဖေ့ကိုပြောလိုက်”

“သားအဖေက လိုက်ပို့တော့ ဘယ်လိုလုပ်မလဲ”

“မလိုက်ပို့လောက်ပါဘူး မေမေရာ။ သူ့အလုပ်နဲ့သူတောင် ရှုပ်နေတာကို။ ပြီးတော့ သားကိုမေမေ့ဖုန်းလေး ခဏငှား”

“ရော့”

မေမေ့ဖုန်းကိုယူပြီး အလင်းကို ဖုန်းခေါ်လိုက်တယ်။

“ဟဲလို အလင်း”

“မုန်း”

“ငါမနက်ဖြန် သွားရတော့မှာ။ ငါမင်းနဲ့ ခဏလောက်ဖြစ်ဖြစ် တွေ့ချင်တယ်။ အဲ့ဒါကြောင့် မင်းအသိ ဆေးခန်းလေးဘာလေး ငါတို့နားမှာရှိလား”

“အင်းရှိတယ်။ တီချယ်ဆုဆေးခန်း”

“အဲ့ဆေးခန်းလိပ်စာကိုပေး။ မင်းက ဆရာမကို အကျိုးအကြောင်းပြောပြီး ဆရာမဆေးခန်းထဲမှာ စောင့်နေပေး။ ငါနဲ့မေမေ ဆေးခန်းလာပြမလို့”

“အင်း လိပ်စာပို့ပေးမယ်”

ဟူးးးးး ရင်တွေခုန်လိုက်တာ။ ချစ်သူနဲ့ ခိုးတွေ့ရတာ ဒီလောက်ရင်ခုန်ရမှန်း မသိခဲ့ဘူး။ ဒါ့ကြောင့် ရှေးလူကြီးတွေက ကောက်ရိုးပုံမှာ ခိုးတွေ့ကြ‌တာနေမှာ။

“မေမေ သွားရအောင်”

“သားအဖေကိုပြောဦးလေ”

“ဟုတ်မေမေ။ သားအနောက်ကသာ မေမေလိုက်ခဲ့ပေး”

“သားအရှေ့ကသွား မေမေနောက်ကလိုက်ခဲ့မယ်”

အိမ်ရှေ့မှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ဖေဖေ့အနားကို သွားလိုက်တယ်။

“ဖေဖေ မေမေနေမကောင်းလို့ ကျွန်တော်ဆေးခန်းလိုက်ပို့မလို့”

“မြန်မြန်သွားပြီး မြန်မြန်ပြန်။ အိမ်က Driverကိုခေါ်သွား။ မင်းတို့သားအမိနှစ်ယောက်တည်း မသွားနဲ့”

“စိတ်မချရင် ဖေဖေလိုက်ပို့ပေးလေ”

“ဖြစ်နိုင်ရင် လိုက်ပို့ပေးတယ်။ မအားလို့”

သိနေတယ်လေ အဲ့လိုမျိုးလေးပဲ ကြားချင်တာပါဖေဖေ ဟဲဟဲ။

“ဆေးခန်းဆိုလည်း ဆေးခန်းပဲသွားနော်။ ဟိုဝင်ဒီထွက် လုပ်မနေနဲ့”

“စိတ်ချဖေဖေ သားလည်း လင်နောက်မလိုက်ပါဘူး။ ခုနေလိုက်လို့ မဖြစ်သေးလို့ မလိုက်သေးဘူးဖေဖေ။ ပိုက်ဆံစုပြီးမှ လိုက်မှာ”

“မင်းးးးးး”

ဖေဖေ့ကိုပြောပြီး အပြင်ကို ပြေးထွက်လာခဲ့လိုက်တယ်။ ဖေဖေကတော့ ဒေါသတွေ တပွေ့တပိုက်နဲ့ ကျန်ခဲ့လေရဲ့။ မေမေကတော့ အလိုက်သိတတ်စွာနဲ့ မုန်းနောက်ကနေ ထပ်ချပ်မကွာ လိုက်လာခဲ့ပေးတယ်။ သိပ်ကိုချစ်ဖို့ကောင်းတဲ့ မေမေရယ်ပါ။

အလင်းလိပ်စာပို့ပေးတဲ့ ဆေးခန်းကိုရောက်တော့ အလင်းကို ရှာကြည့်လိုက်တယ်။ မေမေ့ကို ဆရာမက သွေးပေါင်တိုင်းပေးနေတဲ့ အချိန်မှာ အလင်းက မုန်းလက်ကိုလာဆွဲပြီး ဆေးခန်းရဲ့နောက်က အခန်းငယ်လေးထဲကို ခေါ်သွားတယ်။

အခန်းထဲကိုရောက်တော့ မုန်းရဲ့ နှုတ်ခမ်းကို တရှိုက်မက်မက် နမ်းလိုက်တယ်။ ကျွန်တော် ဒီနှုတ်ခမ်းလေးကို အမြဲလွမ်းနေခဲ့တာပါ။ ကျွန်တော့်ရဲ့ ပူရှိန်းလေးကို ကျွန်တော်လွမ်းနေခဲ့တာ။ အနမ်းမိုးတွေ သည်းထံစွာရွာချပြီးတဲ့ နောက်မှာ‌တော့ ကျွန်တော့်ကလေးငယ်ကို အသက်ရှုခွင့်ပေးလိုက်တယ်။

“ကိုကို့ကို မုန်းအရမ်းလွမ်းနေခဲ့တာ”

အပြောလေးနဲ့အတူ နှုတ်ခမ်းကို ချိုမြိန်စွာ လာနမ်းတဲ့ ကလေးပေါက်လေးပါ။

“ကိုကိုရောပဲ မုန်းပေါက်ရယ်။ အရမ်းလွမ်းနေခဲ့တာ”

နဖူးလေးကို အနမ်းပေးပြီး တစ်ဆက်တည်းမှာပဲ ပါးလေးကိုပါ အားရပါးရ မွှေးကြူလိုက်တယ်။ ကျွန်တော်မြတ်နိုးတဲ့ ဒီပါးလေးတွေကို ဘယ်ချိန်ထိခွဲရမယ်မှန်း မသိဘူးလေ။

ကျွန်တော့်ကလေးလေးက မတွေ့ရတာ အရမ်းကြာနေပြီမို့လို့လား မသိဘူး အသားတွေ အရင်ကထက် ပိုဖြူလာတယ်။ မျက်နှာလေးသွယ်ပြီး လူလည်း နည်းနည်းပိန်သွားတယ်။ ဆံပင်လေးကတော့ ဂုတ်တောင်ကျော်နေပါပြီ။ မုန်းလေးက ဆံပင်အရှည်လေးနဲ့ သိပ်လိုက်တာပဲ။ အရမ်းချစ်ဖို့ကောင်းတယ်။

“မုန်းလေး ဆံပင်တွေ ဂုတ်တောင်ကျော်နေပြီ။ မညှပ်နဲ့ အရှည်ပဲထား။ မုန်းရဲ့ဆံပင်‌လေးတွေကို ကိုကို အရမ်းမြတ်နိုးတာမို့ လုံးဝမညှပ်ရဘူးနော်”

“ဟုတ် လုံးဝမညှပ်ဘူးကိုကို။ မုန်း အရှည်ထားလိုက်တော့မယ်”

“ချစ်လိုက်တာ အသဲပေါက်လေးကို။ ကိုကိုအရမ်းလွမ်းနေခဲ့ရတာ။ ဒီကလေးလေးကို”

“ကိုကိုနဲ့မုန်း အကြာကြီးခွဲရမှာ။ မုန်း ခွဲတောင် မခွဲချင်ဘူး”

“ကိုကိုရောပဲ။ ဒါနဲ့ ဘယ်နှစ်နှစ်နေမယ်လို့ ဆုံးဖြတ်ထားလဲ အသဲ”

“သုံးနှစ်ကိုကို”

“ဒါဆို ကိုကိုဆရာဝန်ဖြစ်ပြီးတော့မှ ပြန်လာမှာပေါ့”

“အင်း”

“ကိုကိုမျှော်နေမယ်နော် ကလေးပေါက်လေး”

“ဟုတ်ကဲ့ကိုကို။ မေမေပါလာတာမို့ မုန်းပြန်‌တော့မယ်။ ဟိုရောက်ရင် အမြဲဆက်သွယ်ပါ့မယ်ကိုကို”

“အင်း အသဲပေါက်လေး”

ပြန်ခါနီးတော့ နှုတ်ဆက်အနမ်းလေး ပေးဖြစ်ပြန်တယ်။ ဒီတစ်ခါလည်း အနမ်းကရှည်ကြာပါတယ်။ ဘယ်လောက်ကြာအောင် နမ်းလိုက်မိသလဲဆိုရင် မုန်းရဲ့နှုတ်ခမ်းလေးတွေ ဖူးယောင်လာတဲ့အထိပါပဲ။ ဆက်နမ်းရင် ဒီနေရာမှာ မိုးချုပ်သွားနိုင်တာမို့ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရတယ်။

“ကိုကို မုန်းသွားတော့မယ်နော်”

“ဟိုရောက်ရင် ကျန်းမာရေး ဂရုစိုက်နော်။ ဖေဖေနဲ့မေမေပြန်သွားတာနဲ့ ကိုကို့ကို နေ့တိုင်းဆက်သွယ်ပေးပါနော်“

“ဟုတ်ကိုကို။ ကိုကိုလည်း ကျန်းမာရေးကို ဂရုစိုက်ပါ။ အရမ်းကြီးချောအောင် မနေပါနဲ့။ မုန်းစိတ်မချဘူးကိုကို။ ခုတောင် မတွေ့ရတာကြာလို့လားမသိဘူး အရမ်းချောနေတယ်။ မုန်းမရှိတဲ့အချိန်မှာ ချောအောင်မနေပါနဲ့”

“ဟုတ်ကဲ့ပါဗျာ”

“မုန်းသွားပြီကိုကို”

“တာ့တာ မုန်း”

မုန်းထွက်သွားတော့မှ အလင်းတားထားသမျှ မျက်ရည်တွေက မရပ်တန့်နိုင်အောင် ဖိတ်စင်လာခဲ့တယ်။ ကျွန်တော် ဒီလောက်ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးလေးကို သုံးနှစ်ကြီးတောင် ခွဲရတော့မှာတဲ့ဗျာ။ ကျွန်တော်တော့ ရူးလောက်အောင်ကို လွမ်းနေရတော့မယ်ထင်ပါတယ်။

ဆေးခန်းကပြန်လာတဲ့လမ်းတစ်လျှောက် မေမေ့ရင်ခွင်ထဲကိုဝင်ပြီး ရှိုက်ကြီးတငင် ငိုခဲ့မိတယ်။ ကျွန်တော် အလင်းနဲ့ မခွဲနိုင်ဘူး။ ဒါပေမဲ့ မုန်းတို့ဘဝရှေ့ရေးအတွက် ခွဲရတော့မှာပေါ့။ မတတ်နိုင်ဘူးလေ။

မုန်း စင်္ကာပူကိုသွားတဲ့နေ့က အလင်းကလွဲရင် ကျန်တဲ့သူအားလုံးက လေဆိပ်ကို လာနှုတ်ဆက်ကြတယ်။ နွေ၊ ရှားနဲ့မေသူကတော့ လွမ်းနေမယ့်အကြောင်းတွေပြောပြီး ရှိုက်ကြီးတငင်ကို ငိုခဲ့ကြတာပါ။ နွေယံလေးကလည်း အားသစ်နဲ့ အတူတူလိုက်လာခဲ့ပြီး ကျွန်တော့်ကို ဖက်ပြီးငိုရှာတယ်။ အားသစ်နဲ့သုတကတော့ မငိုပေမယ့် စိတ်မကောင်းဖြစ်‌နေတဲ့ ရုပ်လေးတွေနဲ့ပါ။ ဖေဖေလူဆိုးကြီးကြောင့် အလင်းကတော့ ကျွန်တော့်ကို လာရောက်နှုတ်ဆက်ခွင့် မရဘူးလေ။

မုန်း စင်္ကာပူရောက်ပြီး နောက်တစ်နေ့မှာပဲ အလုပ်စ’ဆင်းရတယ်။ ဖေဖေက မုန်းကို ပထမဆုံး အလုပ်ဆင်းရတဲ့နေ့မှာ ရုံးကို လိုက်ပို့ပေးတယ်။ တကယ်ဟုတ်မဟုတ် သိချင်လို့နေမှာပါ။ မုန်းကို သူလည်း မယုံကြည်တော့ဘူးလေ။ အဲ့တော့ အလုပ်တကယ်ရ/မရကို အတည်လိုက်ပြုတယ်ဆိုပါတော့။ မုန်းတကယ်အလုပ်ရတယ်ဆိုတာ သိတော့ ဖေဖေမင်းအတွက် ဂုဏ်ယူပါတယ်တဲ့။ မုန်း စင်္ကာပူရောက်ပြီး နှစ်ပတ်အကြာမှာ ဖေဖေနဲ့မေမေပြန်သွားခဲ့တယ်။ မပြန်ခင်မှာ ဖေဖေကမှာသွားသေးတယ်။

“မုန်း ငါမင်းကို တစ်နေ့ Video Call သုံးခါ ခေါ်မှာနော်။ မင်းအဒေါ်တွေကိုလည်း နေ့တိုင်းဖုန်းဆက်မေးမှာ။ ဒီနိုင်ငံ‌ကနေ မင်းအကောင်ကို ခိုးတွေ့ဖို့ ပြန်လာမယ် မကြံနဲ့။ ငါမင်းကို မျက်လုံးဒေါက်ထောက်ကြည့်နေမှာ။ မင်းအကောင်ကို ဒီကိုလာခိုင်းပြီး ခိုးတွေ့ဖို့လည်း မစဉ်းစားနဲ့ ကြားလား”

“ခိုးလည်း မတွေ့ဘူး။ ပေါ်တင်လည်း မတွေ့ဘူး။ စိတ်ချဖေဖေ။ ကျွန်တော်မြန်မာပြည်ကို ပြန်လာတဲ့နေ့က ဖေဖေကျွန်တော့်ကို လုံးဝဆက်သွယ်လို့ မရတဲ့နေ့ပဲ။ ကျွန်တော့်ကို ဆက်သွယ်လို့ မရဘူးဆိုတာနဲ့ ကျွန်တော် မြန်မာပြည်ကို အပြီးပြန်လာပြီလို့ မှတ်လိုက်တော့ဖေဖေ။ ကျွန်‌တော် မြန်မာပြည်ပြန်လာလည်း အလင်းနဲ့မခွဲမခွာ အတူနေနိုင်မယ့်အချိန် နှစ်ယောက်တစ်ဘဝ ထူထောင်နိုင်မယ့် အချိန်ကြမှ အလင်းအနားမှာ အမြဲနေဖို့ပြန်လာမှာ”

“ . . . “

“ပြီးတော့ သူများရဲ့အဖိုးတန်သားသမီးကို အကောင်လို့ မခေါ်ပါနဲ့ဖေဖေ။ ဖေဖေခေါ်နေတဲ့ အဲ့ဒီအကောင်ဆိုတာ မကြာခင်မှာ ‌ဆရာဝန်ဖြစ်တော့မယ်သူပါ။ လူတကာက တရိုတသေ ဒေါက်တာအလင်းရောင်လို့ အခေါ်ခံရတော့မယ်သူပါဖေဖေ။ ဒါ့ကြောင့် အကောင်လို့မခေါ်ပါနဲ့”

“မင်းအကောင်ကို မင်းပဲအထင်ကြီးနေလိုက်မုန်း။ ငါကတော့ သားမွေးထားပြီး သားမက်မလိုချင်ဘူး ချွေးမပဲလိုချင်တာ”

“စိတ်ချဖေဖေ။ ကျွန်တော်ကလည်း ယောင်္ကျားယူပြီး ခလေးမွေးမှာမို့ ဖေဖေသားမက်ပဲရမှာလို့ တထစ်ချတွေးပြီး မြေးချီဖို့ ပြင်ထားပါဖေဖေ”

“မုန်းမာန်”

“ကဲ ကိုမာန်ထက် သားနဲ့ရန်ဖြစ်မယ်ဆို ရှင်ကျန်ခဲ့လိုက်။ ကျွန်မပြန်တော့မယ်”

ထိုနေ့က မုန်းအပြောတွေကြောင့် ဖေဖေသွေးတက်ပြီး မြန်မာပြည်ကို ပြန်သွားခဲ့ရတယ်။ မုန်းကို ပြန်ခေါ်သွာပြီး အိမ်‌မှာလှောင်ပိတ်ထားဖို့ မဖြစ်နိုင်တော့တာကို သိတာမို့ အလုပ်ရှာလို့ရရင် အလုပ်လုပ်ခွင့်ပြုမယ်လို့ ပေးထားတဲ့ သူ့ကတိနဲ့သူ မုန်းကိုထားမခဲ့ချင်ဘဲ ထားခဲ့ရပါတော့တယ်။

*************

မုန်း ပထမဆုံး အလုပ်စ’ဆင်းတဲ့နေ့မှာ ပထမဆုံးခင်မိတာက ကိုရီးယားသူမလေးနဲ့ပါ။ သူလေးကလည်း Fujoshi မလေး။ သူ့နာမည်က ယူမီတဲ့။ သူလည်းမုန်းလိုပဲ ပထမဆုံး အလုပ်စ’ဆင်းတဲ့ ဝန်ထမ်းအသစ်လေးပါပဲ။ မုန်းတို့ တစ်ယောက်ကိုတစ်ယောက် အားပေးရင်းနဲ့ အလုပ်လုပ်ခဲ့ကြတယ်။ နှစ်ယောက်လုံးက အမြဲတပူးပူး တတွဲတွဲနဲ့ မခွဲခဲ့ကြသလို တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြတယ်။ ပထမဆုံး အလုပ်တူတူဆင်းရတဲ့ ရွယ်တူသူငယ်ချင်းတွေမို့ ထင်ပါတယ်။ အရမ်းခင်တဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။ ယူမီက ပထမဆုံး စ’ခင်တဲ့နေမှာပဲ မုန်းကို ချစ်သူရှိလားလို့မေးလာခဲ့လို့ အလင်းပုံကိုပြပြီး ဒါငါ့ချစ်သူလို့ ပြောပြလိုက်တော့ ယူ့semeကြီးက အရမ်းချောတာပဲတဲ့။ ယူတို့နှစ်ယောက် သိပ်ကိုလိုက်ဖက်တယ်ပြောလို့ မုန်းမှာ ဘဝင်တွေ မြင်ခဲ့ရပါသေးတယ်။

နောက်ပိုင်း အလင်းနဲ့ video call ပြောဖြစ်တဲ့အခါ ယူမီနဲ့အလင်းကို မိတ်ဆက်ပေးဖြစ်ခဲ့တယ်။ အဲ့နောက်ပိုင်းတော့ မုန်းနဲ့အလင်း Video Call ပြောတဲ့အခါတိုင်းလိုလို ယူမီပါ စကားဝင်ပြောတာမို့ အလင်းနဲ့ယူမီလည်း တော်တော်ခင်နေကြပါပြီ။ ကျန်တဲ့ သူငယ်ချင်းအားလုံးနဲ့လည်း socialကောင်းလွန်းတဲ့ ယူမီ့ကို ခင်ကြတယ်။ သူငယ်ချင်းအားလုံးထဲမှာမှ ယူမီ့အချစ်တော်လေးက နွေယံပါ။ တစ်ခါက သုတနဲ့မုန်း Vidoe Call ခေါ်ပြီး စကားပြောဖြစ်တော့ နွေယံက သုတအနားမှာရှိနေတာမို့ ယူမီက ဘယ်သူလေးလဲမေးတော့ သုတရဲ့Ukeလေးလို့ ဖြေလိုက်တဲ့ အချိန်ကစပြီး နွေယံက ယူမီ့ရဲ့အချစ်တော်လေးဖြစ်ခဲ့တယ်။

စင်္ကာပူကို ရောက်ပြီးကတည်းက မုန်းနဲ့အလင်း မနက်တိုင်း ဖုန်းပြောဖြစ်ကြတယ်။ ညတိုင်း Video Call ခေါ်ပြီး စကားပြောဖြစ်ခဲ့တယ်။ သတိရရင် သတိရသလို Video Call ပြောဖြစ်ခဲ့ကြတယ်။ ဖေဖေက မုန်းတို့ကို လူချင်းပဲ ခွဲလို့ရခဲ့တာပါ။

ဖေဖေက မုန်းတို့နှစ်ယောက်ကို အဆက်အသွယ်လည်း ဖြတ်လို့မရခဲ့သလို မုန်းတို့အချစ်တွေကိုလည်း ဝေးသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ မုန်းဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ဖေဖေအတည်ပြုနိုင်ဖို့ ဖေဖေ့ကို တစ်နေ့ကို Video Callသုံးခါ ခေါ်ပေးရတယ်။

မုန်းနဲ့အတူနေတဲ့အဒေါ်က ဖေဖေ့ညီမဝမ်းကွဲဆိုပေမယ့် နိုင်ငံခြားမှာ အနေကြာနေတဲ့သူမို့ မုန်းနဲ့အလင်းရဲ့ချစ်ခြင်းကို နားလည်ပေးခဲ့တယ်။ ဒေါ်လေးက မုန်းတို့အကြောင်းကိုလည်း ဖေဖေ့ကို ဘာမှပြန်မပြောခဲ့ဘူးလေ။ အဲ့‌ဒါကြောင့် မုန်းနဲ့အလင်း ဖုန်းပြောတာ Video Callပြောတာကို ဒေါ်လေးရှေ့မှာလည်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောလို့ရခဲ့တယ်။ ဖေဖေကတော့ သူ့ညီမကိုယုံပြီး ထားခဲ့တာမို့ စိတ်ချနေမှာပေါ့။ တစ်ခါတလေကြတော့လည်း ဖေဖေက သိပ်ကိုသနားဖို့ကောင်းပါတယ်။ ဖေဖေ့ကိုသနားမိပေမယ့် အလင်းနဲ့လည်း မခွဲနိုင်ဘူးလေ။ တောင်းပန်ပါတယ်ဖေဖေ။

မုန်း စင်္ကာပူရောက်ပြီး နှစ်နှစ်မြောက်တဲ့အချိန်မှာ Project တစ်ခုအတွက် ယူမီနဲ့အတူ ကိုရီယားကိုသွားဖို့ အကြောင်းဖန်လာခဲ့တယ်။

“ဟဲလို ကိုကို”

“ဗျာ့”

“မုန်းနောက်လထဲမှာ ကိုရီးယားကိုသွားရမှာမို့ မုန်းကို ကိုရီးယားမှာ လာတွေ့ပေးပါ။ မုန်းကိုချစ်ရင်”

ပြောတာလေးကိုက မုန်းကိုချစ်ရင်တဲ့ စကားတတ်လေး။ မလာပေးရင်သူ့ကို မချစ်လို့ပေါ့။

“ဟုတ်ကဲ့ပါဗျာ လာခဲ့ပါ့မယ်။ ကိုကို ရက်အကြာကြီးတော့ နေလို့မရဘူး ကလေးပေါက်။ အလွန်ဆုံးနေလို့ရရင် နှစ်ရက်ပဲ နေလို့ရမှာ”

“ရတယ်ကိုကို။ ကိုကို့မျက်နှာလေးကို တစ်နာရီလောက် တွေ့ခွင့်ရရင်တောင်ဖြစ်တယ်”

“ဟုတ်ပါပြီဗျာ။ လာခဲ့ပါ့မယ်”

အလင်းက ကျောင်းပြီးလို့ ဆရာဝန်ဖြစ်တာ သိပ်မကြာသေးပါဘူး။ ကလောမှာတာဝန်ကျတာမို့ ကိုရီယားကိုသွားဖို့ ရန်ကုန်ကို တစ်ရက်ကြိုသွားမှ အဆင်ပြေမှာပါ။ ဆေးရုံအုပ်ကြီးကို တစ်လအကြိုကတည်းက ခွင့်တင်ပြီး ကိုရီးယားကိုသွားဖို့ စီစဉ်ရတယ်။ ကလောမှာ ကိုယ်ပိုင်ဆေးခန်းလေးလည်း ဖွင့်ထားသလို ပုဂ္ဂလိက ဆေးရုံတွေမှာလည်း အချိန်ပိုင်း ထိုင်ပေးဖြစ်တာမို့ အာလုံးကို ကြိုပြီးခွင့်တိုင်ထားရသလို လူနာတွေကိုလည်း ဘယ်နေ့တော့ ခရီးသွားရမှာမို့ အဲ့ရက်တွေ ဆေးခန်းပိတ်ပါမယ်ဆိုပြီး ကြိုတင်ပြောပြထားရတယ်။

မုန်းလေးကို သွားတွေ့ဖို့ စုဆောင်းထားသမျှပိုက်ဆံလေးတွေကို ထုတ်သုံးရတော့မှာပဲ မတတ်နိုင်ဘူးလေ။ အရမ်းလွမ်းနေပြီကိုး။

ကိုရီးယားကို မုန်းကိုတွေ့ဖို့သွားတဲ့နေ့က ကျွန်တော့်အတွက် ရင်အခုန်ရဆုံးနေ့ပါပဲ။ မုန်းနဲ့အပြင်မှာမတွေ့ရတာ နှစ်နှစ်တောင်ရှိခဲ့ပြီမို့လား။ လေဆိပ်မှာ ကျွန်တော့်ကိုလာကြိုတဲ့ မုန်းလေးက ဆံပင်းလေးကို စုစည်းထားပြီး ထိပ်ပေါ်တည့်တည့်မှာ ဆံထုံးလေး ထုံးထားတယ်။ အရင်လို ကလေးဆန်တဲ့ အငွေ့အသက်တွေ မရှိတော့ဘဲ လူကြီးဆန်စွာနဲ့ ရင်ကျက်တည်ငြိမ်ပြီး အရင်ကထက် ပိုချောလာတယ်။ အစကတည်းက အလင်းထက် အနည်းငယ်ပုပေမယ့် အရပ်ရှည်တဲ့အထဲမှာပါတဲ့မုန်းက လေ့ကျင့်ခန်းတွေ လုပ်ထားလို့နဲ့တူပါရဲ့ ခန္ဓာကိုယ်အချိုးအစားက အရင်ကလို သေးသေးလေးမဟုတ်ဘဲ ယောင်္ကျားပီပီသသ ဖြစ်လို့နေပါပြီ။ ကျွန်တော့်ကလေးပေါက်က လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ကျွန်တော်ချစ်ခဲ့ရတဲ့ ကလေးပေါက်လေးနဲ့မတူဘဲ ရင့်ကျက်တည်ငြိမ်တဲ့ ယောင်္ကျားတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာတော့ မုန်းက ကျွန်တော်အရမ်းချစ်ရတဲ့ ကျွန်တော့်ရဲ့ကလေးပေါက်လေးပါပဲ။

“ကိုကို့”

ခေါ်သံလေးနဲ့အတူ ‌အပြေးလေးလာပြီး ဖက်လာတဲ့ ကလေးငယ်။ ကျွန်တော်နဲ့တွေ့ရင် အရင်လို ကလေးဆန်နေတုန်းပါပဲလား။

“မွစ် ကိုကို့ကို မုန်းအရမ်းလွမ်းနေတာ မွစ် မွစ် မွစ်”

“ကိုကိုရောပဲ ပြွစ်”

မုန်းရဲ့နှုတ်ခမ်းလေးကို အနမ်းပေးလိုက်တော့ အနောက်မှာပါလာတဲ့ယူမီက ပြုံးပြုံးလေးကြည့်နေတာမို့ ကျွန်တော် နည်းနည်းတော့ ရှက်သွားတယ်။ အရမ်းလွမ်းနေခဲ့တာမို့ အနားမှာလူတွေရှိတာကို မေ့နေခဲ့တယ်။

“ကိုကို့ ဆေးရုံကို အရင်သွား‌ရအောင်”

“ဟင်ဘာလို့လဲ”

“Medical Checkup လုပ်ဖို့”

“ခုမှရောက်တာကို ခလေးပေါက်ကလည်း ချက်ချင်းကြီးလား”

“မရဘူး ခုဆို ခုပဲ”

ထိုနေ့က ခလေးပေါက်ရဲ့ ဆန္ဒအတိုင်း Medical Checkup လုပ်ခဲ့ရတယ်။

“မုန်း Medical Checkup က သုတ်ပိုးလိုလို့လား”

“မသိဘူး လိုလိုမလိုလို ဆရာဝန်ကတောင်းရင် ပေးခဲ့လိုက်ပေါ့။ ကိုကိုကဆရာဝန်ဆိုပြီး အရမ်းမေးတာပဲ”

“အော် အေးပါကွာ အသဲပေါက်ရာ”

ခလေးပေါက်ရဲ့ဆန္ဒအတိုင်း အားလုံးလိုက်လုပ်ပေးခဲ့ပြီးမှပဲ ဟိုတယ်ပြန်ပြီး အနားယူရတယ်။ ယူမီက သူတို့အိမ်ကိုလိုက်နေဖို့ ပြောပေမယ့် အားနာတာကြောင့် ဟိုတယ်မှာပဲ တည်းဖြစ်ခဲ့တယ်။

“လာပါဦး ကလေးပေါက်ရယ်။ ကိုကိုတစ်နေကုန် မနမ်းရသေးဘူး”

“ကျေးဇူးပါကိုကို မုန်းဆန္ဒအတိုင်း အကုန်လုံးကို မညည်းမညူ လိုက်လုပ်ပေးလို့”

“ရပါတယ်ဗျာ။ ကိုကို့ကျန်းမာရေးအတွက် ကလေးပေါက်က ပိုက်ဆံအကုန်ခံပြီး စစ်ပေးတာကို ကိုကိုက ကျေးဇူးတင်နေရတာပါ”

“အရမ်းချစ်တယ်”

“ကိုကိုရောပဲ”

မုန်းရဲ့နှုတ်ခမ်းလေးကို နှစ်နှစ်စာအလွမ်းပေးရင်း ထိုနေ့ညက မုန်းတိုင်းထန်ခဲ့ကြတယ်။ အလွမ်းတွေကို အတိုးချတယ်ဆိုပါတော့ဗျာ။

မနက်မိုးလင်းတော့ ဆံပင်အရှည်လေးကို ဖြန့်ချထာပြီး နောက်ခိုင်းထိုင်နေတဲ့ မုန်းကိုတွေ့လိုက်ရတာကြောင့် အိပ်ချင်မူးတူးနဲ့ ကြည့်လိုက်မိတော့ ဘယ်ကကောင်မလေး ငါ့အခန်းထဲကို ဝင်လာတာလဲဆိုပြီး လန့်သွား‌‌တာပဲ။ မနေ့က မုန်းကိုတွေ့ခဲ့ရတာ ဆံထုံးနဲ့ဆိုတော့ သတိမထားမိခဲ့ဘူးလေ။

“ဘယ်. . .ဘယ်သူလဲ”

“နေပါဦး ခင်ဗျားကြီးက ကျုပ်ကို ဘယ်သူလို့ထင်နေတာလဲ ဦးအလင်းရောင်”

“ဟင် . . . မုန်း”

“ဟုတ်တယ် မုန်း”

“ဆံပင်က ခါတိုင်းထုံးထားနေကြဆို‌တော့ အဲ့လောက်ရှည်နေမှန်း မသိဘူးလေကွာ။ အိမ်ချင်မူးတူးနဲ့ ရုပ်တရက်ကြီး မြင်လိုက်ရတော့ မိန်းခလေးမှတ်လို့ လန့်သွားတာပဲ”

“မိန်းခလေးထင်ပြီး ရင်ခုန်သွားတယ်မို့လား”

“ရင်မခုန်ရပါဘူးဗျာ ရင်တုန်သွားတာပါ”

“မယုံပါဘူးနော်”

“ယုံပေးပါဗျာ။ ကိုကို့ဆီလာပါဦး အသဲရာ ဖက်ထားချင်လို့”

“မျက်နှာမသစ်ရသေးဘဲနဲ့ ညစ်ပတ်ကြီး”

“ဘာလဲ မုန်းက ကိုကို့ကို ရွံလို့လား”

“မရွံရပါဘူးဗျာ ပြွစ်”

ချစ်မွှေးလေးက မရွံဘူးပြောပြီး နှုတ်ခမ်းကို လာနမ်းပါတယ်။ Morning Kiss ကနေ အစပျိုးလိုက်တာ ဂျိန်းပလိမ်းဒိန်းတဲ့ အဆင့်ကို ရောက်သွားခဲ့ရပြန်ပါတယ်။

“ခင်ဗျားကြီး ညစ်ပတ်ကြီး”

“ဘာညစ်ပတ်မိလို့လဲဗျာ”

“လူကို နှစ်နှစ်စာများ အတိုးချပြီး သတ်နေတာလားမသိဘူး။ ညရော မနက်ရောပဲ ခင်ဗျားကြီး လွန်လွန်းတယ် တကယ်”

“မလွန်ပါဘူးဗျာ။ ကျုပ်ဖြင့် နည်းတောင် နည်းနေသလားလို့”

“သွား လူရုပ်မာကြီး ရေချိုးတော့။ မုန်းပါ ရေချိုးပြီးသားကို ရေပြန်ချိုးရတော့မယ်”

“တူတူချိုးမယ်လေ”

“မချိုးဘူးဗျာ။ တူတူချိုးရင် ဒီနေ့ ဂျယ်ဂျူကျွန်းကို ရောက်မှာမဟုတ်တော့ဘူး။ ခင်ဗျား အရင်ချိူး”

“ဟုတ်ပါပြီဗျာ။ ကျွန်တော်မျိုး ရေအရင်ချိုးလိုက်ပါ့မယ်”

“အမြန်လုပ်”

နှစ်ယောက်သား ရေမိုးချိုးပြင်ဆင်ပြီးသွားတော့ ယူမီက လာခေါ်ပေးပါတယ်။ အဲ့ဒီနောက်မှာတော့ ယူမီရဲ့ကျေးဇူးနဲ့ ဂျယ်ဂျူကျွန်းကို သွားခဲ့ကြတယ်။

ဂျယ်ဂျူရဲ့အလှအပတွေကို အပြည့်အဝခံစားခဲ့ပြီးတော့ ဂျယ်ဂျူမှာ မုန်းနဲ့အတူ အမှတ်တရတွေအများကြီး ဖန်တီးဖြစ်ခဲ့ကြတယ်။ ကျေးဇူးတင်ပါတယ်ကလေးငယ်။ အမှတ်တရကောင်းတွေ ဖန်တီးပေးခဲ့လို့။

ဒီလိုနဲ့ကိုရီးယားမှာ နှစ်ရက်ဆိုပြီး သုံးရက်နေဖြစ်သွားခဲ့တယ်။ ကလေးပေါက်က အလင်းကိုရီးယားမှာနေတဲ့ သုံးရက်အတွင်းကို နေရာစုံလိုက်ပို့ပေးခဲ့တယ်။ သိပ်ကိုချစ်ဖို့ကောင်းပါတယ်ဗျာ။

မခွဲချင်ပေမယ့်လည်း တာဝန်ကိုယ်ဆီရှိနေခဲ့တာမို့ အလင်းပြန်လာခဲ့ရတယ်။ နောက်တစ်နှစ်ဆို ကျွန်တော်တို့ ပြန်လည်ဆုံစည်းရမှာပါ။

*************

မုန်းတို့ ကိုရီးယားက ပြန်လာပြီးတဲ့နောက်မှာတော့ မုန်းနဲ့ယူမီ တာဝန်ယူထားရတဲ့ အလုပ်ကိစ္စကြောင့် ကိုရီးယားနဲ့ စင်္ကာပူကို သွားလိုက်ပြန်လိုက်နဲ့ ကိုရီးယားကို အခေါက်အခါခါ ရောက်ဖြစ်ခဲ့ရတယ်။ ကိုရီးယားမှာ တာဝန်ယူထားရတဲ့ Project ကို တစ်နှစ်ခွဲအကြာမှာ အဆုံးသတ်နိုင်ခဲ့တယ်။ အလင်းကို သုံးနှစ်ပြည့်ရင် ပြန်လာမယ်လို့ ကတိပေးခဲ့ပေမယ့် သုံးနှစ်ကျော် လေးနှစ်ပြည့်ခါနီးမှ ပြန်ဖြစ်ခဲ့တော့တယ်။

“မုန်း ပြန်မလာသေးဘူးလားကွာ။ ကိုကိုလွမ်းနေပြီ။ မုန်းပြောတော့သုံးနှစ်ဆို အခု လေးနှစ်တောင်ပြည့်တော့မယ်။ ပြန်လာခဲ့တော့လေကွာ။ ကိုကိုမုန်းကို တင့်တောင်းတင့်တယ် ထားနိုင်နေပါပြီကွာ။ ပြန်လာခဲ့တော့နော်။ ပိုက်ဆံတွေလည်း ထပ်မရှာနဲ့တော့နော်။ ပိုက်ဆံတွေမလိုဘူး မုန်းပြန်လာရင်ရပြီ”

“နောက်လထဲ ပြန်လာတော့မှာပါဗျာ။ ကိုကို့အတွက် မုန်းလက်ဆောင်ပြင်ထားတယ်။ နှစ်ခုတောင်။ လက်ဆောင်ကိုမြင်လိုက်တာနဲ့ ကိုကိုအရမ်းကြိုက်သွားမယ်လို့ အာမခံတယ်။ ပြီးတော့ အရမ်းလည်းပျော်မှာ”

“ဘာမို့လို့လဲ မုန်းလေးရဲ့”

“ပြန်လာရင် သိရမှာပေါ့ဗျာ”

“မြန်မြန်ပြန်လာ‌တော့ ဘာလက်ဆောင်လဲတွေးပြီး ခုကတည်းက ကိုကိုရင်တွေခုန်နေပြီ”

“ဟုတ်ပါပြီဗျာ။ မုန်းပြန်လာရင်သာ ကိုကိုလာကြိုပါ”

“လာကြိုမှာစိတ်ချ။ ဒါနဲ့ မုန်းပြန်လာရင် ကိုကိုနဲ့ကလောမှာ လိုက်နေမှာမို့လား”

“အင်းပေါ့ ကိုကိုနဲ့ လိုက်မနေလို့ ဘယ်သူနဲ့လိုက်နေရမှာလဲ။ ဖေဖေတို့မသိအောင် ပြန်လာမှာပါဆို။ ပြန်လာရင် စင်္ကာပူကနေ ပြန်လာမှာမဟုတ်ဘူး။ ကိုရီးယားကနေပြန်လာမှာ”

“ဟင် ဘာလို့လဲ”

“အကြောင်းရှိလို့ပေါ့ဗျာ”

“ဟုတ်ကဲ့ပါဗျာ”

မုန်းရဲ့ထူးခြားတဲ့လက်ဆောင်ကို မျှော်ရင်းနဲ့ တစ်လပြည့်မယ့်အချိန်ကို ရင်ခုန်စွာနဲ့ စောင့်နေခဲ့ရတယ်။

မုန်းပြောတဲ့ တစ်လပြည့်တဲ့အချိန်မှာတော့ ပေးထားတဲ့ကတိအတိုင်း မုန်းပြန်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော့်ချစ်သူလေးက ကတိတည်ခဲ့ပါတယ်။ သုံးနှစ်လို့ပြောပြီး သုံးနှစ်ကျော် လေးနှစ်ပြည့်မှ ပြန်လာခဲ့တဲ့ ကလေးပေါက်ပါ။

ဒီနေ့ မုန်းပြန်လာမှာမို့ အလင်းလာကြိုတာပါ။ လေဆိပ်မှာ မုန်းကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေရပါတယ်ဗျာ။ ဒီနေ့က ကျွန်တော့်အတွက် ရင်အခုန်ရဆုံးနေ့ပါ။ ဒီနေ့ကစပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝလေးကို စတင်ထူထောင်ပြီး ကျွန်တော်တို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲရင်း အိုမင်းတဲ့အထိ အတူနေဖို့ စတင်ရမယ့်နေ့ပါ။ ဒီနေ့လေးက ကျွန်တော်လေးနှစ်တာ စောင့်မျှော်ခဲ့ရတဲ့ မုန်းကို တရားဝင်ပိုင်ဆိုင်ခွင့်ရမယ့်နေ့ မုန်းနဲ့အတူ ဘဝတစ်ခုကို ထူထောင်မယ့်နေ့လေးပါ။ ကျွန်တော့်ဘဝထဲကို ကလေးပေါက် အပြီးအပိုင် ဝင်လာမယ့်နေ့ပါ။ ဒါ့ကြောင့် ကျွန်တော် ရင်တွေ အရမ်းခုန်နေပါတယ်။ တနည်းပြောရရင် ကျွန်တော်ဒီနေ့ မုန်းကိုခိုးပြေးမယ့်နေ့ပေါ့။ ကျွန်တော်တို့နှစ်ယောက် လက်ထပ်မယ့်နေ့ဆိုလည်း မမှားဘူးပေါ့ဗျာ။

မုန်းလေယာဉ်ပေါ်ကဆင်းတော့ ကောင်မလေးတွေက မုန်းကိုကြည့်ပြီး ချောလိုက်တာလို့ ပြောကြတဲ့အသံကို ဆူညံနေအောင် ကြားခဲ့ရပါတယ်။

“ဟယ်ချောလိုက်တာဟယ်။ တရုတ်သိုင်းကားထဲက ရှောင်ကောကောလေးကြနေတာပဲ”

“အေးဟယ် ချစ်ဖို့ကောင်းလိုက်တာဆိုတာ”

ခါးအထိရှည်နေတဲ့ဆံပင်ကြီးကို ‌အပေါ်တစ်ဝက်လေးပဲစည်းထားပြီး ဖြန့်ချထားတာမို့ သူတို့လေးတွေပြောတဲ့ တရုတ်သိုင်းကားထဲက ရှောင်ကောကောနဲ့ တူနေတာတော့ အမှန်ပါပဲ။ ဖြူဖွေးလွန်းတဲ့ အသားအရေနဲ့အတူ ဖြောင့်စင်းနက်မှောင်တဲ့ ဆံနွယ်ရှည်တွေကြောင့် မုန်းက လူအများကြားမှာ ထင်းထွက်နေပါတယ်။

ဘာကြောင့် ဆံပင်အရှည်ထားတာလဲလို့ မုန်းကိုမေးလာရင် ဖြေရမှာက တစ်ခုတည်းပါ။ ကျွန်တော့်ကိုကိုက ကျွန်တော်ဆံပင်အရှည်လေးနဲ့ သိပ်ချောတယ်လို့ပြောလို့ မညှပ်ဘဲ ဒီတိုင်းထားခဲ့တာပါ။ အရင်က ဆံထုံးထုံးနေကြပေမယ့် ဒီနေ့တော့ ဘာစိတ်ကူးပေါက်ပြီး ဖြန့်ချထားမိမှန်း ကိုယ်ကိုယ်တိုင်တောင် မသိပါဘူး။

လေယာဉ်ပေါ်ကဆင်းတော့ ဧည့်ကြိုနေရာမှာ မုန်းကိုကြိုဆိုနေမယ့် အလင်းကို မျက်လုံးလေးဝေ့ပြီး ရှာလိုက်တယ်။ တွေ့ရပါပြီ ကျွန်တော်ချစ်ရတဲ့အလင်း။ မုန်းကိုမြင်တော့ မုန်းအနားကိုပြေးလာပြီး မုန်းလက်မှာကိုင်ထားတဲ့အရာကို အံ့ဩတကြီး ပြူးကြည့်နေပါတယ်။

“မုန်းဒါလေးတွေက”

“လူလေးတွေလေ”

“ဟင် ဘယ်သူ့ရဲ့လူလေးတွေလဲ”

“ကျွန်တော့်နဲ့ခင်ဗျားရဲ့ လူလေးတွေ”

“ဟင် မုန်းကိုယ့်ကို မနောက်နဲ့နော်။ ဘယ်သူ့ကလေးတွေကို ကူတွန်းပေးလာတာလဲ”

“ဟောဗျာ ကျုပ်က ဘယ်သူ့ကလေးတွေကို ကူတွန်းပေးရမှာလဲ။ ဒီလူလေးနှစ်ယောက်လုံးက မုန်းနဲ့ကိုကိုရဲ့သားနဲ့သမီးပဲ”

“ဟင် ဘယ်လိုကြီးလဲ”

“ကဲပါဗျာ လာပါ။ မုန်းတို့ အခု ကလောကို ဘာနဲ့သွားမှာလဲ”

“လေယာဉ်နဲ့လေ”

“အင်း ခုလေယာဉ်ကိုစောင့်ရမှာပေါ့ အဲ့လိုလား”

“အင်းဟုတ်တယ်။ မုန်းပြန်ရောက်မယ့်အချိန်နဲ့ ဒီကထွက်မယ့်အချိန်ကို မှန်းပြီးဖြတ်ထားတာ။ ခဏနေရင် ကလောကို ထွက်မယ့်လေယာဉ်ကို စီးရ‌တော့မှာ”

“အဲ့ဒါဆို လေဆိပ်က ကော်ဖီဆိုင်တစ်ခုခုမှာ မုန့်စားရင်း လေယာဉ်စောင့်ရအောင်လေ။ ကော်ဖီဆိုင်ရောက်ရင် ကိုကို့ကို အကြောင်းစုံ ပြောပြမယ်။ ခုတော့ ဒီလူလေးနှစ်ယောက်ရဲ့ တွန်းလှည်းကို ကိုကိုတွန်းလာခဲ့ပေး”

အလင်းကို ရယ်ပြပြီး အရှေ့ကထွက်သွားတဲ့ မုန်းရဲ့နောက်ကို အလင်းအူကြောင်ကြောင်နဲ့ ကလေးတွန်းလှည်းလေးတွန်းရင်း လိုက်ခဲ့ရတယ်။

ကော်ဖီဆိုရောက်တော့ မုန်းပေါက်က စတင်ရှင်းပြလာတယ်။

“ကိုကို ကိုရီးယားကို လာတုန်းကကွာ ကိုကို့သုတ်ပိုးကို ယူတာမှတ်မိတယ်မို့လား”

“အင်း”

“အဲ့ဒါ မုန်းကလေးယူဖို့အကြံနဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကိုကို့ဆီက ယူခဲ့တာ”

“ဟမ် အဲ့လိုလုပ်လို့ရလို့လား”

“ကိုကို့ကို မုန်းပေးတဲ့စာရွက်စာတမ်းတွေကို ကိုကိုသေချာမဖတ်ဘဲ လက်မှတ်ထိုးခဲ့တယ်လေ။ ကိုကို့လက်မှတ်တွေ ပါနေတာပဲဟာ ကာယကံရှင်က ကြည်ကြည်ဖြူဖြူပေးတာ မရဘဲနေမလား”

“မုန်းကိုယုံလို့လေ”

“အင်းပါ ဟုတ်ပါပြီဗျာ။ ဆက်ပြောမယ်နော်။ ယူမီနဲ့တိုင်ပင်ပြီး အမျိူသမီးတစ်ယောက်ဆီက မမျိုးဥအလှူခံခဲ့တယ်ကွာ။ လှူမယ့်သူရတော့ အငှားကိုယ်ဝန်ဆောင်သည်ကို ရှာခဲ့တယ်။ အငှားကိုယ်ဝန်ဆောင်ရတာနဲ့ ကိုကိုနဲ့မုန်းရဲ့သုတ်ပိုးနဲ့ အလှူခံထားတဲ့မမျိုးဥကို ပေါင်းစပ်ပြီးတော့ အငှားကိုယ်ဝန်ဆောင်ရဲ့ဗိုက်ထဲကို ထည်ခဲ့တာ”

“ဒါဆို ဒီကလေးနှစ်ယောက်က ကိုကိုနဲ့မုန်းရဲ့ သွေးသားပေါ့”

“Yes အမေတစ်ယောက်တည်းက လာတာမို့ မောင်နှစ်မအရင်းတွေပဲ။ ဘယ်သူက ကိုကို့ခလေး ဘယ်သူက မုန်းခလေးလည်းတော့ မုန်းလည်း မသိဘူး။ မုန်း DNA မစစ်ခဲ့ဘူး”

“စစ်စရာမလိုပါဘူးမုန်းရာ။ နှစ်ယောက်လုံးက မုန်းနဲ့ကိုကိုရဲ့ ကလေးပဲဟာ။ ခုလို တန်ဖိုးကြီးလက်ဆောင်ကို ယူလာပေးခဲ့တဲ့မုန်းကို ကိုကိုက ကျေးဇူးအများကြီးတင်ပါတယ်။ ကိုကို့မုန်းလေး ပင်ပန်းခဲ့မှာပေါ့”

“မုန်းက မပင်ပန်းပါဘူး။ ကိုကိုကျေးဇူးတင်ချင်ရင် ယူမီနဲ့ ယူမီ့မေမေတို့ကို ကျေးဇူးတင်။ အစအဆုံးကို ယူမီ့မေမေက ကူညီပေးခဲ့တာ။ မုန်းမြန်မာပြည်ကိုပြန်လာမှ ဒီကလေးလေးတွေကို ကိုရီးယားကနေ ဝင်ခေါ်လာခဲ့တာ”

“ကျေးဇူးတင်ပါတယ် ကိုကို့ကလေးပေါက်ရယ်။ မုန်းယူလာပေးတဲ့ လက်ဆောင်လေးတွေက ကိုကို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာလေးတွေပါ။ မေမေသာသိရင် အရမ်းပျော်နေတော့မှာပဲ”

“ကိုကိုပျော်တယ်ဆိုလို့ မုန်းကျေနပ်ပါတယ်ဗျာ။ တစ်ခုပြောစရာရှိတယ်။ ကိုကိုမုန်းကို တစ်သက်လုံး ရှာကျွေးတော့။ ဒီလူလေးနှစ်ယောက်ကိုရဖို့ မုန်းရှာထားသမျှ ပိုက်ဆံအကုန်လုံးနီးပါးကို သုံးခဲ့ရတာ။ ဒီလူလေးတွေကြောင့် မုန်းမှာ ပိုက်ဆံသိပ်မကျန်တော့ဘူး”

“ဟုတ်ပါပြီဗျာ။ ဒီလူလေးတွေကိုရော ဒီလူလေးတွေရဲ့ ဖေဖေကိုရော တစ်ဘဝလုံးစာ တာဝန်ယူပါတယ်ဗျာ”

ထိုနေ့က အလင်းရဲ့ ကလောကိုပြန်တဲ့ အိမ်ပြန်တဲ့ခရီးလမ်းလေးက မုန်းရယ်၊ သားသား မီးမီးလေးတွေရယ်နဲ့အတူ ပြီးပြည့်စုံခဲ့ပါတယ်။ သားသား မီးမီးလေးတွေနဲ့အတူ မုန်းနဲ့အလင်းရဲ့အနာဂတ်ခရီးလမ်းက လှပပြည့်စုံနေမှာ အသေအချာပါပဲ။

မုန်းရဲ့အလင်းရောင်Where stories live. Discover now