Part 18 (U+Z)

8.4K 672 38
                                    

#Unicode

မုန်းအခန်းမှာ မုန်းလိုအပ်တာတွေကိုဖြည့်ပေးပြီး နှစ်ရက်သုံးရက်ကြာတော့ မေမေတို့က ပြန်သွားကြပါတယ်။

“မေမေ သားတစ်ခုလောက် မှာချင်လို့”

“ပြောလေသား”

“စာမေးပွဲ Result တွေ ထွက်ပြီးလို့ ကျောင်းလျှောက်ဖို့‌ Formထုတ်ရင် သားကို‌ပြောပါနော်မေမေ။ ဖေဖေ သားကိုမပြောဘဲ သူကြိုက်တဲ့ကျောင်း လျှောက်လိုက်မှာဆိုးလို့”

“အင်း သားက ဘာတက်ချင်လို့လဲ”

“သား ကွန်ပျူဝာာတက္ကသိုလ်တက်ချင်တာမေမေ။ သားဆရာဝန်ကို ဝါသနာမပါဘူး”

“သားဝါသနာပါရာတက်ပါ။ မေမေ ဘာမှမပြောလိုပါဘူး။ အဲ့အချိန်ကြ မေမေလည်း မင်းဖေဖေကို ပြောကြည့်ပေးပါ့မယ်။ လျှောက်လွှာကို မေမေယူထားကြည့်လို့ရရင် ယူထားပေးမယ်”

“ကျေးဇူးပါ မေမေ”

“မေမေတို့နဲ့လိုက်ခဲ့ဦး မုန်းလေး။ မင်းဘကြီးဘုန်းကြီးကျောင်းကို ခဏဝင်မလို့”

“ဟုတ်မေမေ လိုက်ခဲ့မယ်လေ”

မုန်း မေမေတို့နဲ့ မေမေ့အစ်ကို ဘုန်းဘုန်းရဲ့ ဘုန်းကြီးကျောင်းကို လိုက်ခဲ့တယ်။ ဟိုရောက်တော့ ဘုန်းကြီးကျောင်းမှာ နေရတာ‌ ပျော်တာမို့ မေမေတို့ပြန်တော့ အိမ်ကိုပြန်ဝင်ပို့ပေးခဲ့မယ်ပြောပေမယ့် မလိုက်တော့ဘဲ ကျန်ခဲ့လိုက်ပါတယ်။ ဘဘုန်းကလည်း ကျောင်းကကားနဲ့ လိုက်ပို့ပေးလိုက်မယ်ပြောတာကြောင့် မေမေကစိတ်ချလက်ချ ထားခဲ့ရှာတယ်။

ခဏကြာ‌တော့ အလင်းက ဖုန်းဆက်လာခဲ့တယ်။

“ဟဲလို အလင်းပြော”

“မုန်း ဖေဖေနဲ့မေမေ ပြန်သွားပြီလား”

“အင်း ပြန်သွားပြီ”

ဖေ‌ဖေနဲ့မေမေရှိတဲ့ နှစ်ရက်သုံးရက်မှာ မုန်းနဲ့အလင်းနဲ့‌ မတွေ့ရဘူးလေ။ ဖုန်းတောင် ခဏလောက်ပဲ ပြောခဲ့ရတာပါ။ မုန်းလည်း အလင်းကိုလွမ်းနေပါပြီ။

“ဒါဆို ငါတို့တွေ့ရအောင်လေ။ ငါလာခေါ်မယ်”

“ငါ အိမ်မှာမဟုတ်ဘူး အလင်းရ။ ဘဘုန်းရဲ့ ဘုန်းကြီးကျောင်းမှာ။ မင်း မြေနီကုန်းကိုလာခဲ့လေ။ ငါလည်း အဲ့ကိုလာခဲ့လိုက်မယ်”

“အင်း ဒါဆို ငါ့ကို မြေနီကုန်းကစောင့်နေ ဒါပဲ”

အရင်လို တစ်ယောက်ယောက် လိုက်ပို့ပေးမယ်ဆိုတာသိလို့ မုန်းကို စောင့်နေလို့ အလင်းပြောလိုက်တာပါ။

အလင်းဘက်က ဖုန်းချသွားတာနဲ့ ဘဘုန်းဆီပြေးရတယ်။

“ဘဘုန်း”

“ပြော မုန်း”

“တပည့်တော် မြေနီကုန်းကိုသွားချင်လို့ ဘုရား”

“ဘုန်းဘုန်း ကျောင်းက တပည့်တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်မယ်လေ။ ခဏစောင့်”

“လိုက်မပို့ပေးပါနဲ့ ဘုရား။ တပည့်တော် လိုင်းကားစီးချင်လို့ လိုင်းကားပေါ်ပဲတင်ပေးပါဘုရား”

“စီးတတ်လို့လား မုန်းရ။ ဘဘုန်းစိတ်မချပါဘူးကွာ။ လိုက်ပို့ခိုင်းလိုက်ပါ့မယ်”

“ဟိုမှာ သူငယ်ချင်း စောင့်နေပေးမှာပါဘုရား။ စိတ်မပူပါနဲ့”

ဘဘုန်းကို မညာရကောင်းမှန်းသိပေမယ့် ညာလိုက်ရတယ်။ တကယ်တော့ ကိုယ်ကစောင့်ရမှာ။

“အေးအေး။ ပြည့်ဖြိုးကျော် . . . ပြည့်ဖြိုးကျော်. . .”

ဘဘုန်းက သူ့ကျောင်းမှာနေပြီး B.Edလာတက်နေတဲ့ ကျောင်းဆရာလေးတစ်ယောက်ကို ခေါ်လိုက်ပါတယ်။

“တင်ပါ့”

“ဒီကလေးကို မြေနီကုန်းကိုသွားမယ့်ကားပေါ် တင်ပေးလိုက်ပါကွယ်။ သေချာတင်ပေးခဲ့နော်”

“တင်ပါ့”

ကျောင်းဆရာပေါက်စလေးက ဖြူဖြူလုံးလုံး ချောချောလေးပါ။ ကျောင်းဆရာသာပြောတယ် ရုပ်က ဆယ်တန်းကလေး အရွယ်လောက်လေးနဲ့။ အရပ်က မုန်းပုခုံးလောက်ရှိပြီး ရယ်လိုက်ရင် သွားတက်လေးတွေနဲ့ တကယ့်ကလေးရုပ်လေး။ အတော်တော့ ချစ်ဖို့ကောင်းတယ်။ ဆရာဖြစ်ရင် တပည့်တွေ ရည်းစားစာပေးခံရမယ့်ရုပ်လေး အဟက်။

“အစ်ကိုက ဘဘုန်းကျောင်းမှာ နေတာကြာပြီလား”

“အင်း ကြာပြီ။ ကျောင်းစတက်ကတည်းက။ ခုဆို နှစ်နှစ်ရှိပြီ”

“ဪ”

“ညီ‌လေးက မြောင်းမြက ဘဘုန်းတူလေးလား”

“ဟုတ်ကဲ့ အစ်ကို”

“လူချောလေးပဲ”

“အစ်ကိုလည်း ချောပါတယ်”

“လာ ညီလေး ရောက်ပြီ။ ကားလည်းရောက်လာပြီ ကွက်တိပဲ။ ကားပေါ်တက်ပြီး အရှေ့ကပုံးလေးထဲကို 200 ထည့်လိုက်နော်။ သုံးမှတ်တိုင်မြောက်က မြေနီကုန်းမှတ်တိုင်ပဲ။ မြေနီကုန်းကိုရောက်ရင် အပေါက်ဝက ဘဲလ်ကိုတီးလိုက်။ ရပ်ပေးရင်ဆင်းလို့ရပြီ။ ဂရုစိုက် ညီလေး”

“ဟုတ်အစ်ကို သွားပြီနော်”

ကားပေါ်ရောက်တော့ ထိုင်စရာခုံရှိတာမို့ ဝင်ထိုင်လိုက်ရင်း အလင်းကို ဖုန်းခေါ်လိုက်တယ်။

“အလင်း”

“မုန်း ရောက်ပြီလား”

“မရောက်သေးဘူးအလင်း။ ငါYBSနဲ့ လာတာ။ အဲ့တာ မြေနီကုန်းကို ရောက်ရင် သိသာမယ့်ဟာလေး ပြောပြပါ့လား။ ငါ့ကို ကားပေါ်တင်ပေးလိုက်တဲ့ အစ်ကိုက သုံးမှတ်တိုင်လို့တော့ ပြောလိုက်တယ်”

“ဟာကွာ မုန်းရာ။ ဘဘုန်းက လိုက်မပို့ဘူးလား။ ခုမှရောက်တာကို ဘာလို့YBS စီးလာရတာတုန်း။ ငါကလည်း ရောက်ဖို့ အ‌ဝေးကြီး လို‌သေးတယ်။ မင်းကို စောင့်ပေးလို့မရဘူး။ မင်းက ငါ့ကို စောင့်နေပေးရမှာ။ ကားဆရာကိုပြောလိုက် ကျွန်တော့်ကို မြေနီကုန်းရောက်ရင် ပြောပေးပါအစ်ကိုလို့ပြောလိုက်”

“ဟင့်အင် မပြောရဲဘူး”

“ပြောရဲအောင် ပြောလိုက်ပါကွာ မုန်းရာ။ လိမ္မာတယ်နော်မုန်းက”

“ဟေ့အေကွာ မင်းသာ ငါ့ကိုပြောပြလိုက်စမ်းပါ”

“ဒါဆိုလည်း ဘေးကသူကို ဘယ်ကိုသွားမှာလဲ‌မေးလိုက်။ သူလည်း မြေနီကုန်းကိုသွားမှာဆို သူနဲ့အတူတူဆင်း။ မြေနီးကုန်းဆင်းမယ့်သူ မဟုတ်ရင် ကျွန်တော့်ကို မြေနီကုန်းရောက်ရင် ပြောပြပါလို့ ပြောလိုက်”

“မပြောချင်ပါဘူးဆိုကွာ။ မသိတဲ့ သူစိမ်းကိုမမေးချင်ဘူး။ မေးလည်း မမေးရဲဘူး”

“ဟ ရန်ကုန်မှာ မမေးချင်လို့ရမလား မုန်းရ။ မမေးရင် မင်သွားချင်တဲ့နေရာကို သွားလို့ မရဘူးလေကွာမုန်းရာ။ ငါတို့နဲ့ကြ ရေပက်မဝင်အောင်ပြောပြီး ဒါကခဏလေးမေးရမှာ မေးလိုက်ပါကွာနော်”

ပြောလို့လည်းရမယ့်ပုံ မပေါ်ပေမယ့် မုန်းမေးမှကို ဖြစ်မှာမို့ မေးခိုင်းဖို့ ပြောနေရတယ်။ မုန်းက အဲ့လိုပါပဲ မသိတဲ့သူဆို စကားပြောဖို့ ကြောက်သလို စကားလည်း လုံးဝမပြောတဲ့ လူစားမျိုးပါ။ ကျွန်တော်တို့နဲ့သွက်လက်ပေမယ့် တခြားသူတွေနဲ့ဆို လုံးဝတည်ငြိမ်‌တဲ့သူပါ။

“မမေးပါဘူးဆိုကွာ မင်းပြောလိုက်ပါဆို”

“ဟုတ်ပြီ။ မြေနီကုန်းကိုရောက်ရင် လမ်းသုံးလမ်းရှိတယ် အလယ်က ကားလမ်းက တံတားလိုပုံစံမျိုးနဲ့ အပေါ်ကို ထောင်တက်သွားတာ။ မင်းလာတဲ့ဘက်ကဆိုရင် ပထမဦးဆုံးတွေ့တဲ့ အပေါ်ကိုထောင်တက်နေတဲ့ ကားလမ်းကိုတွေ့ရင် မင်းဆင်းရမယ့် မှတ်တိုင်ပဲသိလား။ အပေါ်ကိုထောင်တက်သွားတဲ့ ကားလမ်းအောက်မှာ ထိုင်စရာနေရာလေးတွေရှိတယ်။ လူတွေ အများကြီးထိုင်နေလိမ့်မယ်။ မင်းလည်း အဲ့မှာထိုင်စောင့်နေနော်”

“အင်း အင်း သိပြီ စိတ်မပူနဲ့”

စိတ်မပူနဲ့လိုသာသူက အေးဆေးပြောသွားတာ ကျွန်တော်တကယ်ကို ရင်တွေပူနေပါပြီ။ ခုမှ ရန်ကုန်ကို ပထမဦးဆုံး စရောက်ဖူးတဲ့သူက YBS ကိုတစ်ယောက်တည်းစီးတယ်တဲ့။ မုန်းကွာ ငါ့ကိုရင်ပူအောင် လုပ်တယ်။ ကျွန်တော် မြေနီကုန်းကိုရောက်တော့ မုန်းကို မတွေ့တာမို့ ဖုန်းဆက်လိုက်ရတယ်။

“မုန်း မင်းဘယ်မှာလဲ။ ငါမြေနီကုန်းမှာ ရောက်နေပြီ”

“ငါလည်း ရောက်နေပြီလေ”

“ဟမ် ဘယ်နားမှာလဲ။ ငါမင်းကို မတွေ့ပါ့လား။ Dagon Center ထဲမှာလား။ ကားလမ်း‌အောက်မှာ လူတွေထိုင်နေတဲ့ နေရာကိုတွေ့လား။ မင်းရောက်နေတဲ့အနားမှာ ဘာရှိလဲ”

“စာသင်ကျောင်းရှိတယ်”

ဗုဒ္ဓေါ! ဘယ်နေရာကို ရောက်သွားတာလဲမုန်းရာ။ ငါရင်တွေပူလာပြီ မုန်းရယ်။

“စာသင်ကျောင်း ဘာစာသင်ကျောင်းလဲ”

“မသိဘူး ကျောင်းတော့တွေ့လိုက်တာပဲ။ ငါခုနကလာတော့ မင်းပြောတဲ့ အပေါ်ထောင်တက်သွားတဲ့ ကားလမ်းကိုတော့တွေ့တယ်။ ကားလမ်းအောက်မှာ လူတွေထိုင်နေတာလည်းတွေ့တယ်။ အဲ့နေရာမှာ ကားလည်းရပ်မပေးဘူး။ ကားတံခါးလည်း ဖွင့်မပေးလို့ မဆင်းသေးဘဲ သူရပ်ပေးတဲ့နေရာမှာ ဆင်းလိုက်တာ”

ဟာကွာ ဒါဆို မှတ်တိုင်ကျော်ပါသွားတာပေါ့။ မုန်းရာ ဘေးကလူကို မေးပါဆိုတာကို အဲ့လောက်ဝန်လေးရလား။

“သွားပြီ မှတ်တိုင် ကျော်ပါသွားပြီ။ မင်ရောက်တဲ့နေရာကနေ နောက်ဘက်ကို ပြန်လျှောက်လာခဲ့။ အဲ့ဒါကြောင့် ငါမင်းကို ပြောတယ်လေကွာ ဘေးကလူကို မေးပါလို့ဆိုတာကို”

စိတ်ကလည်းပူ ဘေးလူကို မမေးရကောင်းလားဆိုပြီး ဒေါသကလည်း ထွက်နေတာမို့ အသံနည်းနည်း ကျယ်သွားတာကို သူ့ကို အော်ပါတယ်ဆိုပြီး မုန်းက စိတ်ဆိုးပါလေရော။

“မင်းငါ့ကို လာမအော်နဲ့ အလင်း။ မင်းဆီလည်း မလာတော့ဘူး။ ငါ့ဘာငါ ခြေဦးတည့်ရာသွားမယ်”

“မဟုတ်ဘူးလေ မုန်းရာ။ မင်းကို အော်တာမဟုတ်ပါဘူး။ စိတ်ပူနေလို့ပါ။ လိမ္မာတယ်နော် မုန်းက။ နောက်ကို ပြန်လျှောက်မလာနဲ့တော့ Taxi ငှားစီးလိုက်နော် လိမ္မာတယ်”

“Taxi လည်း မတွေ့ဘူးအလင်း။ ကားလည်း မတွေ့ဘူး။ ခုက ရထားလမ်းပေါ် ရောက်နေတာ။ မင်းပြောသလို နောက်ကို ပြန်လျှောက်လာပေမယ့် ရထားလမ်းပဲတွေ့တယ်။ တော်ပြီ ထားလိုက်တော့ မတွေ့လည်း ရောက်ချင်တဲ့နေရာ ရောက်လိမ့်မယ်။ မင်းလည်း စိတ်ပူစရာ မလိုဘူး။ ငါ့ဘာငါပဲ အိမ်ရောက်အောင် ပြန်လိုက်မယ်”

ဗု‌ဒ္ဓေါ တစ်မှတ်တိုင်ကျော်ပါသွားတာမှ ဟုတ်ရဲ့လား မုန်းရယ်။ တစ်မှတ်တိုင်ပဲကျော်ပါရင် ရထားလမ်းကို ရောက်ပါ့မလားကွာ။ ငါရင်တွေပူလို့ သေတော့မယ်။ ငါမှားတာပါ ငါမှားတာ။ ခုမှရောက်တဲ့သူကို သွားခေါ်လိုက်ရမှာကို။ စိတ်လည်းဆိုးသွားပြီမို့ ဘယ်လို‌ပြောပြော ဘယ်လိုမေးမေး ရမှာလည်း မဟုတ်လောက်တော့ဘူး။ မုန်းက စိတ်ဆိုးသွားရင် ဘာမေးမေး မဖြေတတ်တော့ဘူး။

ဘာလို့အော်လိုက်ရတာလဲကွာ အလင်းရာ။ မုန်းက လမ်းပျောက်လို့ အားငယ်နေတာကို။ မင်းကိုလာတွေ့လို့လည်း ဖြစ်ရသေးတယ်။ မင်းကြောင့် မင်းကြောင့် ခုလိုဖြစ်ရတာကို အော်လိုက်ရလားကွာ။

အလင်း ကိုယ့်ကိုယ်ကို အပြစ်တွေတင်နေမိခဲ့တယ်။

ငါစိတ်ပူလွန်းလို့ ရူးတော့မယ် မုန်းရာ။

“ခု မင်း ဘယ်ရောက်နေလဲ ဆိုတာကို ဘေးလူကို နည်းနည်းလောက်တော့ မေးလိုက်ပါကွာ။ မုန်းက လိမ္မာပါတယ်နော်။ လူတွေ့အောင်ရှာပြီး မေးလိုက်နော် မုန်း လိမ္မာတယ်”

ဒီပုံစံအတိုင်းဆို မုန်းက အလင်းဘယ်လောက်ပဲ မေးခိုင်း မေးခိုင်း မေးမှာမဟုတ်ဘဲ ခေါင်းမာနေမှာပါ။ မုန်းနဲ့ဖုန်းပြောနေတာကို ချလိုက်ပြီး မေမေ့ကို ကူပြောပေးဖို့ ဖုန်းဆက်ရတော့တယ်။

“သား ပြော”

“မေမေ မုန်းကို ဖုန်းဆက်ပေးပါဦး မေမေရယ်။ မုန်းက မြေနီကုန်းကိုလာတာ မှတ်တိုင်ကျော်ပါသွားလို့။ ခု ရထားလမ်းပေါ် ရောက်နေတယ်လို့ပြောတယ်။ ဘယ်ရောက်နေမှန်းလည်း မသိဘူးတဲ့။ လူရှာပြီး မေးခိုင်းတာကိုလည်း သားကိုစိတ်ဆိုးပြီး မပြောတော့ဘူး။ မေမေ မုန်းကို ချော့ပြီး မေး‌ကြည့်ပေးပါဦးနော်”

“အေးအေး သား”

မေမေ့ကို ဖုန်းဆက်ပြီး ဘေးကအစ်ကိုတစ်ယောက်ကို မေးကြည့်ရတယ်။

“အစ်ကို ကျွန်တော့်ကို တစ်ခုလောက် ကူညီပါဗျာ။ ကျွန်တော့်ညီလေးက နယ်ကခုမှလာတာ။ အဲ့ဒါ ကျွန်တော်နဲ့ အတူလာရင်း ကားပေါ် ပါသွားတာကို ခုဘယ်ရောက်နေလဲမေးတော့ ရထားလမ်းပေါ် ရောက်နေတယ်လို့ပြောလို့။ ဒီကနေသွားရင် ဘယ်မှာ ရထားလမ်းရှိလဲ အစ်ကို”

“ဒီဘက်က သွားရင်တော့ ကြည့်မြင်တိုင်ဘက်ကိုရောက်တယ် ညီလေး။ အဲ့ဘက်မှာပဲ ရထားလမ်းရှိတာ။ ညီလေးရဲ့ညီလေးက ဘယ်အရွယ်လဲ”

“၆တန်းပါ အစ်ကို”

“အနားက လူ‌ကို ဘယ်‌နေရာမှာလဲ မေးကြည့်ခိုင်းပြီး ညီလေးက သွားခေါ်ရင်သွားခေါ်။ ဒါမှမဟုတ် ညီလေးကို Taxi နဲ့ ဒီကို လာခိုင်းလိုက်လေ”

“လူမတွေ့ဘူးပြောလို့ အစ်ကို။ ကားတွေလည်း မတွေ့ဘူးပြောလို့”

“လူတစ်ယောက်ကို အရင်တွေ့အောင်ရှာခိုင်းပြီး မေးခိုင်းကြည့်ညီလေး။ အဲ့ဒါမှ ရှာရလွယ်မှာ”

မေးတဲ့အစ်ကိုကလည်း သဘောကောင်းပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြရှာပါတယ်။ ခက်နေတာက မုန်းပါ။ သူ့ကိုလည်း စိတ်ဆိုးသွားတော့ ဘာမေးမေး မေးလို့မရဖြစ်နေတာပါ။ အသက် 16နှစ်အရွယ် ယောက်ျားလေးပျောက်နေတယ်ပြောရင် မယုံမှာဆိုးလို့ နယ်ကလာတဲ့ ညီလေး 6တန်းအရွယ်ပါလို့ပြောရတယ်။ ဒီအရွယ် ကြီးကောင့်ကြီးမား‌ ယောက်ျားလေးတစ်‌ယောက်ပျောက်တာကို စိတ်ပူပြီး ကမ္ဘာပျက်နေတယ်ဆိုတာသာသိရင် ရူးနေတာလားဆိုပြီး အလှောင်ကခံရဦးမယ်။

အလင်းစုတ် လမ်းပျောက်လို့ အားငယ်ပြီးစိတ်ညစ်ရတဲ့အထဲ လူကို ဘာလို့ လာအော်နေတာလဲ။ သူ့ကို လာတွေ့လို့လည်း ဖြစ်ရသေးတယ်။ အဟင့် ငိုပါငိုချင်လာပြီ။ လူကလည်း မတွေ့သေးဘူး။ လူတစ်ယောက်ကိုတွေ့အောင် အမြန်ရှာရမယ်။

လူရှာနေတုန်း မေမေ့ဆီက ဖုန်းဝင်လာလို့ကိုင်လိုက်ပါတယ်။

“ဟဲလို မေ”

“အမလေး မုန်း သားလေး ခု ဘယ်ရောက်နေလဲဟင်။ မေ့ကိုပြော မေစိတ်ပူလို့ သေတော့မယ်”

“ဟုတ်မေ ခဏနော်။ သား လူရှာနေတာ မတွေ့သေးလို့”

မေနဲ့ဖုန်းပြောရင်း လူတွေကိုမြင်လိုက်ရတာမို့ အပြေးသွားလိုက်ပြီး မေးလိုက်တယ်။

“အန်တီ အန်တီ့ ဒီနေရာက ဘယ်နေရာလဲ မသိဘူးအန်တီ”

“စာတိုက်မှတ်တိုင်သား”

“ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ။ မေ စာတိုက်မှတ်တိုင်တဲ့”

“ဟုတ်ပြီ သားလေး။ မေ့သားလေး မှတ်တိုင်မှာ စောင့်‌နေလိုက်နော်။ သားကို အလင်း လာခေါ်လိမ့်မယ်”

“ဟုတ်ကဲ့ မေမေ”

မေမေနဲ့ဖုန်းပြောပြီး မုန်းလည်း မှတ်တိုင်မှာ ရပ်နေလိုက်တယ်။

အလင်း ဘေးကအစ်ကိုကို မေးနေတုန်း မေမေ့ဆီက ဖုန်းဝင်လာပါတယ်။

“အစ်ကို ကျေးဇူးပါနော်”

“ရတယ် ညီလေး”

မေးနေတဲ့ အစ်ကို့ကိုနှုတ်ဆက်ပြီး မေမေ့ဖုန်းကို ကိုင်လိုက်တယ်။

“ဟုတ်မေမေ မုန်းဘာပြောလဲ”

“စာတိုက်မှာလို့ပြောတယ် သားရေ။ မေမေ ချော့မေးလိုက်ရတယ်။ စာတိုက်မှတ်တိုင်မှာ စောင့်နေလိမ့်မယ်။ သား သွားခေါ်လိုက်နော်”

“ဟုတ်ကဲ့ မေမေ”

မေမေ့ဖုန်းကိုချပြီး အလင်း Taxiအမြန်ငှားကာ  စာတိုက်မှတ်တိုင်ကို အပြေးသွားရတယ်။ စာတိုက်မှတ်တိုင်ကိုရောက်တော့ မုန်းကို ဖုန်းဆက်ကြည့်လိုက်တယ်။

“မုန်း ငါ စာတိုက်မှတ်တိုင်မှာရောက်နေပြီ။ မင်းက ဘယ်နားမှာလဲ”

“မှတ်တိုင်မှာပဲလေ”

“မှားနေပြီထင်တယ် အနားမှာ ဘာရှိလဲကြည့်ဦး”

“တိုက်ဝါဝါကြီးရှိတယ် အလင်း”

အလင်း လမ်းမပေါ်ကို လှမ်းကြည့်လိုက်တော့ တိုက်ဝါဝါတွေ့တာမို့ Taxi ဦးလေးကို တိုက်ဝါဝါနားကို သွားခိုင်းလိုက်တယ်။ တိုက်ဝါဝါနားကို ရောက်တော့ မုန်းကိုရှာလို့ မတွေ့တာမို့ ဖုန်းထပ်ဆက်ရပြန်တယ်။

“မုန်း ကိုယ်မင်းကို မတွေ့ဘူးရော။ ဘေးက လူကိုမေးကြည့်ဦးနော်။ မင်းရောက်နေတာ စာတိုက်မှတ်တိုင် သေချာလားလို့”

“အင်း ခဏ . . . အန်တီ ဒီနေရာက စာတိုက်မှတ်တိုင် သေချာလားဟင်။ ဒီနားမှာ Bus Stop လည်း မတွေ့လို့လေ”

“ဟုတ်တယ်သား။ ဒါက ဆူးလေ ဘက်က လာတဲ့ဘက်။ ဒီဘက်မှာ Bus Stop မရှိဘူး။ Bus Stop က ဟိုမှာတွေ့လားသား ကမ်းနားဘက်မှာ”

“ဟုတ်ကဲ့အန်တီ ကျေးဇူးပါနော်”

“အလင်း ငါစာတိုက်မှတ်တိုင်နဲ့ မျက်စောင်းထိုးမှာ ရပ်နေမိတာ။ ခု Bus Stop ကိုသွားပြီး စောင့်နေမယ်နော်”

“အေးအေး မုန်း”

အလင်းရောက်နေတဲ့ နေရာက ကြည့်မြင်တိုင်ညဈေးမို့ စာတိုက်မှတ်တိုင်ကို YBS ပြန်စီးပြီး လာလိုက်ရပါတယ်။ စာတိုက်မှတ်တိုင်ကိုရောက်တော့ တွေ့ပါပြီ ကျွန်တော့်ရဲ့မုန်း။ မျက်နှာလေးက ဇီးရွက်လောက်နဲ့ ရပ်စောင့်နေရှာတယ်။ ကျွန်တော်ကားပေါ်ကဆင်းဆင်းချင်း မုန်းကိုပြေးဖက်လိုက်မိတယ်။ တော်ပါသေးတယ် ခုမှ ရင်ထဲကအပူလုံးကြီး ကျသွားတော့တယ်။ စိတ်ပူလိုက်ရတာ မုန်းရာ။

“တော်ပါသေးတယ် မုန်းရာ။ ငါ့မှာ ရင်တွေပူလိုက်ရတာ။ နောက်တစ်ခါ ခုလို ထပ်မဖြစ်စေနဲ့နော်။ နောက်တစ်ခါဆို ငါစိတ်အပူလွန်ပြီး ရူးရလိမ့်မယ်”

“တောင်းပန်းပါတယ် အလင်း။ ငါမင်းကို စိတ်ပူစေမိလို့ အီးးဟီးးဟီး”

အလင်းကိုကြည့်ရတာ တအားစိတ်ပူနေပုံရတာမို့ မုန်းဝမ်းနည်းလာပြီး ငိုလိုက်မိတယ်။

“မငိုနဲ့‌လေကွာ မုန်းရာ။ ငါလည်း မင်းကို စိတ်အရမ်းပူပြီး အော်လိုက်သလို ဖြစ်သွားလို့ တောင်းပန်ပါတယ်”

ရင်ခွင်ထဲမှာ ငိုနေတဲ့အကောင်ပေါက်ကို ခွာလိုက်ပြီး မျက်ရည် သုတ်ပေးလိုက်တော့ အငိုမတိတ်နိုင်သေးဘဲ တအင့် အင့် ရှိုက်နေရှာတယ်။

အလင်းတို့နှစ်ယောက် ကားဆက်စီးလာပြီး ဗန္ဓုလ ပန်းခြံထဲရောက်တော့ မိုးတွေ သည်းသည်းမဲမဲရွာလာတာမို့ ဆူးလေဘုရားပေါ် ပြေးတက်ကာ မိုးအတိတ်ကို ခဏစောင့်နေလိုက်တယ်။ မိုးနည်းနည်းစဲသွားပြီး မိုးလေးဖွဲဖွဲကျနေတုန်း တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်း Junction City ကို လမ်းလျှောက်ခဲ့ကြတယ်။

ထပ်တူညီတဲ့ ရင်ခုန်သံတွေကြောင့် ပြိုင်တူလင်းလက်လာတဲ့ လက်ပတ်လေးတစ်စုံကိုတော့ ကောင်လေးနှစ်ယောက်လုံး သတိမထားမိခဲ့ကြဘူး ထင်ပါတယ်။ ရင်ခုန်သံတွေ ထပ်တူကျနေရင် အရာရာကိုဂရုမစိုက်နိုင်လောက်အောင် ဖြစ်သွားတတ်ကြတာက သဘာဝပဲ ဖြစ်ပါလိမ့်မယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now