Part 4 (U+Z)

10.2K 771 8
                                    

#Unicode

“မုန်း”

မိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံပါ။ အတိအကျပြောရရင် နွေ့ခေါ်သံပေါ့။ မုန်းတို့လေးယောက်လုံး ပြိုင်တူလှည့်ကြည့်မိကြတယ်။

သိပ်ကိုလှတဲ့နွေပါ။ ဆံပင်ကျောလယ်လောက်နဲ့ အသာရည်ကဝင်းဝါပြီး နှုတ်ခမ်းရဲရဲ၊ မျက်ခုံးထူထူ၊ မျက်တောင်ကော့ကော့၊ မျက်လုံးနက်နက် တောက်တောက်လေးတွေက နွေ့အလှကို ပိုလှအောင် ပံ့ပိုးပေးထားပါတယ်။ နွေဦးမှာထွက်တဲ့ ရွက်နုလေးတွေလိုပဲ နွေက သိပ်ကိုလှပါတယ်။

“အင်းနွေ ပြောလေ”

မုန်းပြောခိုင်းတော့ နွေက အဓိပ္ပါယ်ပါတဲ့ မျက်လုံးလေးနဲ့ လေးနက်စွာမေးလာတယ်။

“နင်နဲ့အလင်း ငါ့ကို တကယ်ချစ်လို့လိုက်တာလား။ ဒါမှမဟုတ် ငါကနင်တို့ပြိုင်ဆိုင်မှုရဲ့ အသုံးချခံလားမုန်း”

မုန်းရဲ့အဖြေကို နွေရင်ခုန်စွာနဲ့ စောင့်စားနေမိတဲ့အချိန် မုန်းဆီက စကားသံ ထွက်လာတယ်။

“နင်ထင်သလို မဟုတ်ဘူးနွေ။ ငါပြောတာကို ယုံပါ။ ငါတို့နင့်ကို တူတူသဘောကျမိလို့ တူတူလိုက်ခဲ့တယ်။ တရားမျှတစွာ လိုက်ခဲ့တာပါ။ နွေ့ကိုချိန်းတဲ့အချိန်နဲ့ နေရာတူတာကတော့ မထင်မှတ်ထားတဲ့ တိုက်ဆိုင်မှုပါ။ ငါတို့အသုံးချတာမဟုတ်သလို နွေ့ကိုငါတို့ တကယ်သဘောကျခဲ့တာပါ။ နွေရွေးချယ်တဲ့အခါ ရွေးချယ်မခံရတဲ့သူက အသာတကြည် နောက်ဆုတ်ပေးမှာမို့ နွေအားနာစရာမလိုသလို စိတ်ရှင်းရှင်းနဲ့ ယုံကြည်စွာ ရွေးချယ်နိုင်ပါတယ်နွေ”

မုန်းပြောလိုက်တဲ့အခါ နွေက သိပ်ကိုလှပတဲ့အပြုံးလေးပြုံးပြီး အာနာတဲ့ အကြည့်တွေနဲ့ မုန်းကိုကြည့်လာတယ်။ မုန်းသိလိုက်ပါပြီ။

“မုန်း . . . နွေတောင်းပန်ပါတယ်နော်။ မုန်းကို နွေသူငယ်ချင်းလို ခင်ပါတယ်။ ဒါပေမဲ့ အဲ့ထက်ပိုလို့မရတာမို့ နွေ့ကို နားလည်ပေးပါမုန်း”

မုန်း နွေ့ကို အထင်ကြီးလိုက်မိပြီ။ ဘာလို့ဆို တခြားမိန်းကလေးတွေနဲ့ မတူဘဲ အလင်းကို ချက်ခြင်းရွေးချယ်လိုက်လို့ပါ။ အရင်မိန်းခလေးတွေဆို စာအရမ်း‌တော်ပြီး တည်ကြည်ခန့်ညားတဲ့အလင်းနဲ့ ချမ်းသာပြီး ချောလွန်းတဲ့မုန်းကြား ဗျာများနေတတ်ကြပေမယ့် နွေကတော့ ဗျာများခဲ့ပုံမရဘူး။

မုန်းရဲ့အလင်းရောင်Where stories live. Discover now