Part 27 (U+Z)

8.7K 626 32
                                    

#Unicode

မုန်းနဲ့အလင်း မတွေ့ဖြစ်တာ အတော်ကြာပါပြီ။ ရှားနဲ့ကျောင်းမှာတွေ့ဖြစ်ပေမယ့် မုန်းကျောင်းတက်လိုက် မတက်လိုက်ဖြစ်နေတာ အတော်ကြာပါပြီ။ စိတ်တွေညစ်ပြီး စိတ်ဓာတ်တွေအောက်ဆုံးကို ရောက်နေပြီမို့ မုန်း စိတ်လွတ်ကိုယ်လွတ် တစ်ခုခုလုပ်ချင်တယ်။ ဟုတ်ပြီ သုတကိုဖုန်းခေါ်ရမယ်။ အားသစ်ကလာလို့မရလောက်ပေမယ့် သုတကတော့ရမှာပါ။

မုန်း သုတကိုဖုန်းဆက်တော့ ချက်ခြင်းကိုင်ပါတယ်။

“ဟဲလို မုန်းပြော”

“သုတ မင်းဘာလုပ်နေလဲ”

“ဂိမ်းဆော့”

“ငါမင်းနဲ့တွေ့ချင်တယ်။ ပြောပြစရာလည်းရှိတယ်။ ငါတို့ဒီနေ့ Club သွားရအောင်”

“မင်းဘယ်တုန်းက Club သွားဖူးလိုက်တာလဲ”

“မသွားဘူးလို့ သွားရအောင် မင်းကိုခေါ်တာပေါ့ကွ”

“Ok မင်းငါ့ကို လှည်းတန်းမှာ စောင့်နေပေး”

“Ok”

သုတကိုစောင့်ပြီးခဏကြာတော့ သုတကရောက်လာတာမို့ မုန်းနဲ့သုတို့ Club ကိုထွက်လာခဲ့ကြတယ်။ ဟိုရောက်တော့ သောက်စရာမှာလိုက်ပြီး မှာထားတွေလာချပေးတာနဲ့ သောက်လိုက်ပါတယ်။ များများသောက်ပြီး များများမူးမှ သုတကို ရင်ဖွင့်ပြောပြလို့ရမှာမို့လို့ပါ။ မုန်းနှစ်ခွက်လောက် သောက်ပြီးတဲ့အချိန်ရောက်တော့ သုတက အလိုက်တသိ မုန်းကိုမေးလာခဲ့တယ်။

“မုန်းဘာပြောမှာလဲ”

“ငါနဲ့အလင်း စကားမပြောတာကို မင်းသိမှာပေါ့”

“အင်း”

“ဘာကြောင့်လို့ထင်လဲ”

“ဘယ်သိမလဲကွ မင်းပြောမှ ငါသိမှာပေါ့”

သုတရိပ်မိသလိုရှိပေမယ့် ကာယကံရှင်ကိုယ်တိုင်က ဖွင့်ပြောမှ ပြောတာပိုကောင်းမှာမို့ မသိချင်ယောင်ဆောင်လိုက်ခြင်းပါ။

“ငါ အလင်းကိုချစ်နေတာသုတ။ သူကငါ့ကိုပြောတယ် ရှားကိုချစ်တယ်တဲ့။ အဲ့ကြောင့် ငါရှားကိုဖြတ်ယူခဲ့တာ။ ဘာလို့ဆို ငါသူ့ကို ဘယ်သူ့လက်ထဲမှ ထည့်မပေးနိုင်လို့။ ငါအရမ်းချစ်လို့ ဘယ်သူ့ကိုမှ မပေးနိုင်လို့ပါ။ ဒါပေမဲ့ သူကတော့ သူနားလည်ဖို့ ကြိုးစားကြည့်မှာမို့ ဒီကြားထဲ သူနဲ့ဝေးရာနေပေးပါတဲ့ကွာ”

မုန်းက ပြောလည်းပြော ငိုလည်းငိုပါလေရော။

“မငိုပါနဲ့ မုန်းရာ။ သူလည်း မင်းကိုချစ်နေပါတယ်ကွာ။ သူညတိုင်း အိပ်မပျော်ဖြစ်နေတာငါသိတာပေါ့။ စာလည်း ကောင်းကောင်းမလုပ်နိုင်ဘဲဖြစ်နေတာ ငါအသိဆုံးပါကွာ”

“သူငါ့ကိုချစ်နေတယ်ဆိုရင်လည်း သတ္တိရှိရှိဝန်ခံသင့်တာပေါ့ကွ။ ခုတော့ . . ခုတော့ကွာ နှစ်ယောက်လုံးခံစားရမယ့် လမ်းကိုရွေးတယ်။ အီးးဟီးးဟီး”

“မငိုနဲ့လေကွာ မုန်းရာ။ လူတွေအများကြီး ကြည့်နေတာကိုကွာ”

“မင်းရော ငါအလင်းကိုချစ်တာကို ရွံလား။ မခင်ချင်တော့ဘူးလား။ သူငယ်ချင်း မလုပ်ချင်တော့ဘူးဆိုလည်းပြော ဟေ့ကောင်”

“ဘာတွေပြောနေတာလဲမုန်းရာ။ မင်းဘယ်သူ့ကိုပဲချစ်ချစ် မင်းကငါ့သူငယ်ချင်းပဲ။ ရွံလည်းမရွံဘူး။ အခင်မင်လည်းမပျက်ဘူး။ မင်းသိပါတယ် ငါတို့ငါးယောက်က ထာဝရသူငယ်ချင်းဆိုတာ”

“ငါ့ကိုနားလည်ပေးလို့ ကျေးဇူးပါသုတရာ။ ငါအလင်းကို အရမ်းချစ်တာကွ”

မုန်းကထပ်သောက်ဖို့ ခွက်ကိုဆွဲယူနေတာမို့ သုတလှမ်းယူပြီး တားလိုက်ရတယ်။

“တော်ပြီမုန်း။ သောက်နိုင်တာလည်း မဟုတ်ဘဲနဲ့ လွှတ်သောက်မနေနဲ့တော့။ တော်ပြီနော် ပြန်မယ်”

“ခုမှလာတာကို ပြန်စရာလားကွ။ ခုမှရောက်တာကို”

“မင်းက ခုမှရောက်ပေမယ့် နှစ်ခွက်လေးနဲ့မူးနေတာကိုးကွ။ ပြန်မယ်နော် မုန်း။ လိမ္မာပါတယ်ကွာ ပြန်မယ်နော်”

“ဟင့်အင် မပြန်ဘူး”

မုန်းက Dancing floor ထဲကို ဝင်သွားတာမို့ မုန်းနောက်ကို သုတပြေးလိုက်ခဲ့ရပါတယ်။

                      ***********

ဒီနေ့နဲ့ဆို မုန်းနဲ့ဝေးကွာခဲ့ရတာ တစ်လပြည့်ပြီပေါ့။ လွမ်းတယ်မုန်း။ ဝေးကွာတဲ့ရက်တွေကို လက်ချိုးရေပြီး လွမ်းနေတယ်မုန်း။ ရုပ်ရှင်သွားကြည့်ပြီးကတည်းက အိမ်ကိုလည်း မလာတော့ဘူး။ မေမေကလည်းမေးနေပြီ ‘ဘာတွေဖြစ်ထားကြလဲ’တဲ့။ ဘာတွေဖြစ်ပါတယ်လို့ မပြောရဲလောက်အောင်ကိုပါပဲ။

တစ်ယောက်တည်းနေရတာ အဆင်ပြေရဲ့လားမုန်း။ ထမင်းရော အချိန်မှန်စားရဲ့လား။ ကျောင်းရော ပုံမှန်တက်လား။ ငါ့ကိုရော လွမ်းနေရဲ့လား။ မမေးသင့်ပေမယ့် မေးချင်တယ်။ မတွေ့သင့်တော့ပေမယ့် တွေ့ချင်တယ်။ မင်းမျက်နှာကိုကြည့်ပြီး အရင်လို စကားတွေအများကြီး ပြောချင်တယ်။ ငါမင်းကို သိပ်ချစ်တဲ့အကြောင်း မင်းမျက်နှာလေးကိုကြည့်ပြီး ပြောချင်တယ်။ မင်ကငါ့ဘဝပါလို့ ဖွင့်ပြောခွင့်ရချင်တယ်။ မင်းကလွဲပြီး တခြားတစ်ယောက်ကို ချစ်လို့မရတော့ဘူးဆိုတာကို မင်းကိုသိစေချင်တယ်။ စကားတွေအများကြီးပြောပြီး အလွမ်းတွေကိုအတိုးချရင်း မင်းနှုတ်ခမ်းပါးကို ထပ်နမ်းခွင့်ရချင်တယ်။

“အလင်း”

အလင်း ဟိုငေးဒီးငေး ဟိုးတွေး ဒီတွေး ဆွေးနေတုန်း နွေကအော်ခေါ်လိုက်တော့ အတော်ကို Feel ကြဲသွားရတယ်။ နွေစုတ် လွမ်းတာတောင် အေးဆေးမလွမ်းရဘူး။

“ပြော”

အလင်းနွေ့ကို ညင်ညင်သာသာပဲ စောင့်အောင့်ထူးလိုက်တယ်။

“ထူးတာလေးက ချိုသာတယ်နော်။ စာမေးပွဲ ဖင်ထဲဝင်နေပြီ။ စာလုပ်ဖို့ခေါ်တာ”

“မလုပ်ချင်သေးလို့။ ခဏနေဦးမယ်။ ပြီးရင်လာလုပ်မယ် Ok”

“အေး ပြီးရော”

“ဒါနဲ့ . . နင်မုန်းနဲ့ ဖုန်းပြောဖြစ်သေးလားနွေ”

“အင်း ပြောဖြစ်ပါတယ်။ ဘာလို့လဲ”

“သူအဆင်ပြေလား”

“အင်း ပြေတယ်ထင်တာပဲ။ ခုညတော့ သုတနဲ့ Club သွားမယ်လို့ ပြောသံကြားတယ်”

“ဘာ”

ဒေါသထွက်ထွက်နဲ့ နွေ့ကိုအော်လိုက်တာမို့ နွေလည်း အတော်လန့်သွားပုံပါပဲ။

“ဘယ်လိုဖြစ်လို့ အော်နေတာလဲဟယ်”

“သူက ဘယ်တုန်းက Club တက်တတ်သွားတာလဲ”

“I don’t know”

“သုတကရော မတားဘဲနဲ့ သူကပါ အလိုအတူအလိုပါ မြှောက်ပေးနေတာလား”

“I don’t know”

“နင်ကရော မတားဘူးလား”

“I don’t know”

“ဘာဖြစ်နေတာလဲ တနိုးတည်း နိုးနေတယ်”

“ငါ့ကိုမေးရမှာမဟုတ်ဘူး နင့်ကိုနင်မေးရမှာ။ နင်က ဘာဖြစ်နေတာလဲ။ နင့်ဘာနင် နေပါ့လား အနေသာကြီး။ စိတ်ပူမနေနဲ့ သူ့ရည်းစား ရှားတစ်ယောက်လုံးရှိတယ်။ သူ့ရည်းစားတောင်မပူတာ နင်လည်းပူမနေနဲ့”

အလင်းကို အမြင်ကတ်လွန်းလို့ နွေတမင်ရွဲ့ပြောလိုက်ပါ။ ဘယ့်နှယ် ချစ်ရင်လည်း ချစ်တယ်‌ဝန်ခံလိုက်ပေါ့။ မေတို့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရင် မေတို့ကငြင်းမှာမို့လို့လား။ သတ္တိကြောင်ပြီး ရှောင်ပြေးနေသေးတယ်။ ကျောင်းတက်လည်းတက်တာမို့ စာထဲစိတ်မဝင်စားဘူး။ အိမ်မှာနေတော့လည်း အိမ်မှာနေတာမို့ စိတ်နဲ့လူနဲ့မကပ်ဘူး။ ကြည့်ရတာ တော်တော်အမြင်ကတ်လာပြီ။ ပင်ကိုဉာဏ်ရည်လေး ကောင်းနေလို့သာပဲ။ ပင်ကိုယ်ဉာဏ်ရည်သာမကောင်းရင် ဒီပုံနဲ့ ဒီနှစ် First Year ကိုကျမှာ ကြိမ်းသေတယ်။

“သုတသွားပြီလား”

“ကြာပေါ့”

အလင်းကိုအမြင်ကတ်တာမို့ ဘုကလန့်‌တွေချည်းပြောပစ်ပြီး စာထိုင်လုပ်နေလိုက်တယ်။ ခဏကြာတော့ သုတဆီက ဖုန်းဝင်လာတာမို့ နွေကိုင်လိုက်ပါတယ်။

“ဟဲလိုနွေ လုပ်ပါဦးဟာ”

သုတက စိတ်ပျက်လက်ပျက်သံနဲ့ ပြောလာတာမို့ မုန်းတစ်ယောက် သုတကို‌မွှေနေပြီဆိုတာ နွေသိလိုက်ပါပြီ။

“ကဲပြော မုန်းမွှေနေပြန်ပြီလား”

“အေးဟာ။ ငါပြန်မယ်လို့ခေါ်တာကို ဘယ်လိုမှ ခေါ်လို့မရဘူး။ Dancing Floor ထဲမှာကနေတာ လုံးဝခေါ်လို့မရဘူး။ အဲ့ဒါနင်တို့လာခဲ့ပေးဟာ။ ငါတစ်ယောက်တည်းမနိုင်ဘူး”

“အေး ငါဘယ်ကိုလာရမှာလဲပြော။”

“Ywal Club ကို လာခဲ့ပေး”

“အေးငါလာမယ် ခဏစောင့်”

သုတဖုန်းကို ချလိုက်ပြီးတာနဲ့ အပြင်သွားဖို့ ပိုက်ဆံအိတ်ယူရင်း အနွေးထည် ထပ်ဝတ်လိုက်တယ်။ အပြင်ကိုထွက်မှာမို့ မေတို့ကိုတော့ ပြောသွားရမယ်။

“မေ ၊ တီသဲ”

“ဝေ့ . . သမီး ဘာပြောမလို့လဲ”

“မေ သမီးမုန်းကိုသွားခေါ်မလို့”

“ဟယ် သမီး။ ဒီအချိန်ကြီးတစ်ယောက်တည်း ဖြစ်ပါ့မလား။ မေလိုက်ခဲ့မယ်။ ခဏစောင့်ဦး”

ထိုအချိန်မှာ နွေဖုန်းပြောကတည်းက နွေလုပ်သမျှကို တစ်ချိန်လုံးလိုက်ကြည့်နေတဲ့ အလင်းက မနေနိုင်တော့တာမို့ ဝင်ပြောလိုက်ရတယ်။

“မေ‌မေ မလိုက်နဲ့ရတယ်။ သားလိုက်သွားလိုက်မယ်”

“အေးအေး သားလိုက်သွားမှာဆို မေမေစိတ်ချမယ်နော်။ သတိထားသွားနော်သား။ သမီးကိုလည်း ဂရုစိုက်ဦး”

“ဟုတ်မေမေ”

မေမေနဲ့ပြောပြီးဝောာ့ အလင်းနဲ့နွေ Club ကို Taxiငှာပြီး လာခဲ့လိုက်ကြတယ်။ မုန်းကို စိတ်ပူပါတယ်။ တစ်ခါမှလည်း မသောက်ဘူးဘဲနဲ့ သောက်တယ်။ လူကိုစိတ်ပူအောင်လည်း လုပ်တယ်။ လူကို မနေနိုင်မထိုင်နိုင်ဖြစ်အောင် အမျိုးမျိူးလုပ်နိုင်တဲ့ မုန်းရယ်ပါ။

Club ကိုရောက်တော့ အလင်းတို့ သုတကိုဖုန်းဆက်ပြီး ခေါ်လိုက်တဲ့အခါ မုန်းကိုဘယ်လိုမှခေါ်လို့မရတာမို့ အထဲကိုဝင်လာခဲ့ပေးပါတဲ့။ ဘာတတ်နိုင်မှာလဲ။ နွေ့လက်ကိုသေချာဆွဲပြီး ဝင်လာခဲ့လိုက်ရတယ်။ အထဲကိုရောက်တော့ ငနဲသား‌လေးက dancing floor ထဲမှာ ကွေးနေအောင်ကို ကနေပါတယ်။ နွေကပြန်ဖို့ပြောတော့ နွေ့လက်ကိုပါဆွဲပြီး ကပါ‌လေရော။ အလင်းစိတ်တိုလာတာမို့ မုန်းအနားကိုသွားပြီး မုန်းလက်ကို စောင့်ဆွဲလိုက်တယ်။

“ပြန်မယ်မုန်း။ တော်သင့်ပြီ”

“မပြန်ဘူး။ မင်းငါပြောတဲ့စကားကို ဆုံးအောင်နားထောင်ပေးမှ ပြန်မယ်”

“အေး နားထောင်ပေးမယ်။ ခုတော့ အပြင်ကို အရင်လိုက်ခဲ့။ မင်းပြောတာ ငါဘာမှမကြားရဘူးမုန်း။ လာပြန်မယ် လမ်းရောက်မှပြော”

“မပြောဘူး ဒီမှာပဲပြောမှာ”

မုန်းက သူ့လက်ကိုကိုင်ထားတဲ့ အလင်းလက်ကနေရုန်းပြီး နောက်ဆုတ်လိုက်တော့ လက်ကိုလွှဲခါသလိုဖြစ်ပြီး ဘေးမှာရှိတဲ့သူကို ပါးရိုက်သလိုဖြစ်သွားပါတယ်။ အဲ့ဒီအချိန် အနားကလူက မုန်းကို ဘာလုပ်တာလဲဆိုပြီး စောင့်ဆွဲလိုက်တာကြောင့် အလင်းစိတ်တွေ ထူပူပြီး ဒေါသလည်းထွက်သွားတာမို့ မုန်းကိုဆွဲထားတဲ့သူကို ဆွဲထိုးလိုက်တယ်။

အဲ့ဒီအချိန် တစ်ဖက်လူဘက်ကပါလာတဲ့ အဖွဲ့ထဲကတစ်ယောက်က အနားကိုရောက်လာပြီး လက်ထဲကပုလင်းနဲ့ အလင်းကိုရိုက်ချလိုက်တာမို့ ရှောင်ချိန်မရနိုင်တော့တာကြောင့် အလင်းမျက်လုံးကို စုံမှိတ်ပစ်လိုက်တယ်။ ဒါပေမဲ့ ခွပ်ခနဲဆိုတဲ့ အသံကိုကြားလိုက်ရပေမယ့် အလင်းဘယ်လိုမှ မခံစားရတာကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက အလင်းအသဲကို တစ်စစီ ဆွဲစုပ်လိုက်သလိုပါပဲ။

“မုန်း။ အမလေး လုပ်ပါဦး မုန်း မုန်း”

နွေက မုန်းကိုအော်ခေါ်ရင်း ငိုနေပါတော့တယ်။

“မုန်း မုန်း သတိထားစမ်း”

အလင်း မုန်းပါးလေးကိုကိုင်ပြီး လှုပ်နှိုးလိုက်ပေမယ့် မုန်းကတော့ ခေါင်းကဒဏ်ရာကြောင့် သတိမေ့သွားခဲ့ပါပြီ။ မုန်းရဲ့ခေါင်းမှာ သွေးတွေကဖြာထွက်နေပြီး မုန်းခေါင်းကိုကိုင်ထားတဲ့ အလင်းရဲ့လက်တစ်ခုလုံးမှာလည်း သွေးတွေချင်းချင်းနီနေပါပြီ။ ဟုတ်ပါတယ် ကျွန်တော့်ရဲ့မုန်းက ကျွန်တော့်ကိုရိုက်တဲ့ပုလင်းကို ကျွန်တော့်အစား အရှေ့ကနေဝင်ခံလိုက်တာပါ။

“သုတ လုပ်ပါဦး။ အလင်း အလင်း မုန်းကို ဂုန်းပိုးခဲ့”

နွေပြောတာတွေကို နားထဲမှာမကြားနိုင်တော့ဘဲ မုန်းကို ဒီလိုဖြစ်အောင်လုပ်တဲ့သူရဲ့ အင်္ကျီကော်လံစကိုစောင့်ဆွဲပြီး ဒေါသထွက်ထွက်နဲ့ သတိလက်လွတ်ကာ တစ်ချက်ပြီးတစ်ချက် ဆင့်ထိုးလိုက်တာ ဘယ်နှစ်ချက်တောင် ထိုးမိလိုက်လဲမသိတော့ပါ။ သုတ ဝင်ဆွဲမှ အလင်းသတိဝင်လာခဲ့တယ်။

“အလင်း တော်တော့လွန်မယ်။ မုန်းကို အရင်ဆေးရုံပို့ရအောင်ကွာနော်”

ထိုအခါမှ အလင်း ဆွဲထိုးနေတာကိုရပ်ပြီး မုန်းကိုအမြန်ဂုန်းပိုးကာ Club ကနေ ပြေးထွက်လာခဲ့လိုက်တယ်။ Taxi အမြန်ငှားပြီး နီးစပ်ရာဆေးရုံကို ပြေးခဲ့ရပါတော့တယ်။

                      *********

မုန်းအိပ်ရာနိုးတော့ မျက်လုံးဖွင့်ကြည့်တဲ့အချိန် တစ်ခါမှ မရောက်ဘူးတဲ့နေရာကို ရောက်နေပါရောလား။ ဒါငါ့အိမ်လည်း မဟုတ်ပါဘူး။ မေတို့အိမ်လည်း မဟုတ်ဘူး။ ညက Club မှာ ကနေတဲ့အထိမှတ်မိပြီး နောက်တော့ ဘာဆက်ဖြစ်သွားလဲ လုံးဝမသိတော့ပါ။

“သားလေး သတိရလာပြီလား”

ဟင် ဒါမေ့အသံပဲ။

“မေ သားဘယ်ရောက်နေတာလဲဟင်။ မေတို့အိမ်လည်း မဟုတ်ဘူး”

“ဘယ်ရောက်ရမှာလဲ သားရယ်။ သားတို့ညက club မှာရန်ဖြစ်တယ်လေ။ သားခေါင်းကိုဟိုဘက်က ပုလင်းနဲ့ရိုက်လိုက်လို့ ခေါင်းကွဲပြီး သားအခုဆေးရုံကို ရောက်နေတာပေါ့။ မေ့သားလေး အဆင်ပြေလား ခေါင်းရောကိုက်နေသေးလား”

“ဟုတ်မေ။ ခေါင်းနည်းနည်းကိုက်နေတယ်”

“ကိုက်မှာပေါ့။ မသောက်တတ်ဘဲနဲ့ ညကအများကြီးသောက်တာကိုး။ ခေါင်းကိုဓာတ်မှန်ရိုက်တာ ဘာမှမဖြစ်ဘူးတဲ့ ဆရာဝန်ကပြောတယ်။ ခုခေါင်းကိုက်တာက ညကသောက်ထားတဲ့အရှိန်ကြောင့် ကိုက်နေတာ။ နောက်တစ်ခါ နင် အရက်တို့ ဘီယာတို့ သောက်ရဲသောက်ကြည့်။ Clubကိုလည်း သွားရဲသွားကြည့် အသေသတ်ပစ်မယ်”

နွေက မုန်းကို စတင်ပြီး ဆူပါတော့တယ်။

“နွေကလည်းကွာ ခုမှသတိရတဲ့သူကို မဆူပါနဲ့”

တော်သေးတယ်။ အားသစ်က မုန်းဘက်က ဝင်ပြောပေးရှာလို့။ တော်တယ် အားသစ်။ မင်းဒီတစ်ခါတော့ တကယ်တော်တယ်။

“အေးလေကွာ အားသစ်ရာ။ မင်းကြည့်ပြောပါဦး။ ငါ့မှာအရိုက်ခံလို့နာရတဲ့အထဲ သူက ဆူနေတော့ ပိုခေါင်းကိုက်တယ်”

“အေးအေး ကိုက်ကိုက်။ ပြန်မကောင်းဘဲ မှတ်လောက်သားလောက်အောင် ကိုက်ရမှာ”

“နွေကလည်း”

“နွေကမလည်းနဲ့။ နင်ဖြစ်တော့ ငါဘယ်လောက်စိတ်ပူသွားလဲသိလား။ လူတွေအများကြီးနဲ့တောင် လူကထူပူပြီး အရှက်မရှိအကျယ်ကြီးအော်ငိုခဲ့ရတာ အီးးဟီးးဟီး”

နွေက မုန်းကိုပြောနေရင်းနဲ့ အော်ငိုပါ‌တော့တယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူလည်းညက အတော်စိတ်ပူသွားမှာပေါ့။ အစကတည်းက နွေက သူတို့ကိုအရမ်းချစ်တာမို့ သူတို့တစ်ခုခုဖြစ်ရင် သူလည်း ဖင်မထိုင်နိုင် စိတ်ပူပေးခဲ့တာပါ။ ခုလိုသူ့‌အရှေ့မှာ အရိုက်ခံရပြီး သတိပါလစ်သွားတာ‌ဆိုတော့ သူဘယ်လောက်တောင်လန့်ပြီး စိုးရိမ်ပူပန်နေရှာမလဲ။

“မငိုပါနဲ့နွေရာ။ လာပါဦးအနားကို ဖက်ထားချင်လို့”

“ခုမှ ဘာကိုဖက်ထားချင်တာလဲ သွား။ လာမခေါ်နဲ့”

လာမခေါ်နဲ့သာပြောတာ အနားလာပြီး ရပ်ပေးသေးတာ။ မုန်းလည်း နွေ့ကိုရင်ခွင်ထဲသွင်းပြီး ဖက်ထားပေးတော့ နွေမက ငိုနေတာ မပြီးနိုင်တော့ဘူး။ တကယ်ပါပဲ အလွန်တရာကို စိတ်ပူတတ်တဲ့နွေပါ။ ငိုလို့ဝတော့မှ ရင်ခွင်ထဲကထွက်ပါတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်သူငယ်ချင်‌လေး။

“ငါနင်ဖို့ ဆေးသွားဝယ်လိုက်ဦးမယ်နော်။ အားသစ်သွားမယ်”

မုန်းအတွက်ဆေးသွားဝယ်မယ်ပြောပြီး အားသစ်လက်ကိုဆွဲကာ နွေကထွက်သွားပါတယ်။

မေနဲ့နှစ်ယောက်တည်းကျန်ခဲ့တာမို့ တခြားသူတွေကို မတွေ့တာကြောင့် မေ့ကိုမုန်းမေးလိုက်တယ်။

“မေ သုတနဲ့အလင်းရော။ တီသဲကိုလည်းမတွေ့ဘူး”

“တီသဲရယ်၊သုတရယ် အလင်းရယ်က club ကို ညကပြဿနာအတွက် သွားရှင်းနေတယ်။ မေသူနဲ့ရှားက မေတို့အိမ်မှာ သားဆေးရုံတက်ဖို့ လိုအပ်တာတွေ ပြန်ယူတယ်”

“ဪ သားကြောင့် အကုန်အလုပ်ရှုပ်ရတယ်။ သားတောင်းပန်ပါတယ်မေ”

“အဲ့ကိစ္စကို ထားလိုက်တော့သား။ ဒါမဲ့ သားခုလိုဘာလို့သောက်ရတာလဲ မေသိချင်တယ်။ မေ့ကိုအမှန်အတိုင်းဖြေပါ”

“သားအမှန်အတိုင်းပြောရင် မေသားကို မုန်းမသွားပါနဲ့နော်”

မုန်းမေ့ကို ပြောပြသင့်ပြီလို့ထင်တယ်။ ဒီလိုကြီးရှေ့ဆက်သွားဖို့ဆိုတာ အဆင်မပြေနိုင်တော့ဘူးလေ။ ခုလို အလင်းနဲ့ မခေါ်မပြောဖြစ်တာကြာရင် နောက်လည်းရိပ်မိပြီး သိသွားနိုင်တာပဲဟာ။ မေတို့စောစောသိပြီး မုန်းကိုစောစောမုန်းသွား‌တော့လည်း အလင်းစိတ်ပူရလျော့တာပေါ့။ ဒါပေမဲ့ ပြောလိုက်လို့ မုန်းကို မေမုန်းသွားမှာကိုလည်း ကြောက်တာကြောင့် မမုန်းဖို့ကို ကြိုတင်ပြောထားရတယ်။

“သားရယ် သားလည်းမေ့သားပါပဲ။ သားသမီးကိုမုန်းတဲ့ မိဘဆိုတာမရှိပါဘူး။ သာပြောမယ့်အရာကိုသာ မေ့ကိုရဲရဲပြော။ ဟုတ်ပြီလား”

“ဟုတ်မေ။ ဒါဆိုသားပြောမယ်နော်”

“အင်း ပြော”

“သား အလင်းကိုချစ်နေတာမေ။ အလင်းက ရှားကိုလိုက်မယ်ပြောလို့ သားကသူ့ကို ဘယ်သူနောက်မှ အပါမခံနိုင်လို့ ရှားကို လုယူလိုက်တယ်မေ။ အဲ့ဒါကြောင့် အလင်းကသားကို စိတ်ဆိုးပြီးမခေါ်တာ”

“. . .”

“မေသားကို မမုန်းပါ‌နဲ့နော်။ သားတောင်းပန်ပါတယ်။ သား မေတို့မုန်းမှာကိုလည်း ကြောက်တယ်။ အလင်းကိုမချစ်ဘဲလည်း မနေနိုင်ဘူးမေ။ သားအလင်းကို သူငယ်ချင်းလိုချစ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမဲ့ ကြိုးစားလို့မရဘူးမေ။ သားတောင်းပန်ပါတယ်နော်။ သားကိုမုန်းမသွားပါနဲ့နော် အင့် . . ဟင့် . . ဟင့် . . အီးးဟီးးဟီး”

မေကဘာမှမပြောဘဲ စိုက်ကြည့်နေတာမို့ မုန်းအစိုးရိမ်လွန်ပြီး အော်ငိုမိပါတော့တယ်။

“သားရယ် မငိုရဘူးလေ။ ဒါငိုစရာမှ မဟုတ်တာ။ မေ့သားလေးက အလင်းကိုချစ်တာ မေက မုန်းစရာလားပြော။ မေရိပ်မိနေတာဖြင့် ကြာပေါ့။ သားတို့ဘယ်တော့များ မေ့ကိုဖွင့်ပြောလာမလည်းဆိုပြီး ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့တာ။ ပြောမယ်ပြောတော့လည်း ခေါင်းအရိုက်ခံပြီးမှပဲ ပြောတော့တယ်။ ဒီမှာသား မေကသိပေမယ့် အမေတစ်ယောက်မို့ ဘာမှမပြောဘဲ အသာကြည့်နေတာ။ အလင်းလေးကလည်း သားမုန်းကိုချစ်နေတာမဟုတ်ဘူးလား။ ဘာလို့ ရှားကိုချစ်တယ်လို့ သားကိုပြောရတာလဲ”

“‌သူက မေတို့ သူ့ကြောင့်စိတ်ဆင်းရဲမှာ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရမှာဆိုးပြီး ရှားကိုရွေးချယ်လိုက်တာနေမှာပေါ့။ မေ သားကို တကယ်မမုန်းပါဘူးနော်။ သားတို့ကို လက်ခံပေးမှာလား”

“သားရယ်။ အလင်းလေးက မေ့ဘဝရဲ့ဖြစ်တည်မှုပါ။ မေ့ဖြစ်တည်မှုလေး စိတ်ချမ်းသာရင် မေလည်းစိတ်ချမ်းသာတယ်။ မေဖြစ်တည်မှုလေး စိတ်ဆင်းရဲရင် မေလည်းစိတ်ဆင်းရဲတယ်။ မေ့‌ဖြစ်တည်မှုလေး မေ့ကြောင့်စိတ်ဆင်းရဲမှာကို မေကပိုမလိုလားပါဘူးသားရယ်။ မေ့သားတွေ ဘာပဲဖြစ်နေဖြစ်နေ မေကလက်ခံပေးမှာပါ။ သားတို့နှစ်ယောက်လုံးက မေ့သားတွေပဲလေ။ မေ့အချစ်ဆုံးလေးတွေ။ မေ့ကလေးလေးတွေ စိတ်ချမ်းသာဖို့ ပိုအရေးကြီးတယ်။ မေ့ကလေးတွေစိတ်ချမ်းသာရင် မေလည်းစိတ်ချမ်းသာတယ်”

“ကျေးဇူးပါမေ။ ချစ်တယ်။ အရမ်း အရမ်း အရမ်းကို ချစ်ပါတယ်မေ”

“ဟုတ်ပါပြီရှင် မေကလည်း‌ မေ့သားလေးကိုချစ်ပါတယ်ရှင့်”

“ဒါဆို သားမေ့ဆီက တစ်ခုတောင်းစရာရှိတယ်”

“ကဲပြော မေ့သားလေးက မေ့ဆီက ဘာလိုချင်တာလဲ”

“အလင်းကိုပေးပါ မေ”

မုန်းရဲ့အလင်းရောင်Where stories live. Discover now