Part 13 (U+Z)

9K 656 28
                                    

#Unicode

“ဟဲလို”

“အလင်း”

“ဟဲလိုလေးနဲ့ ငါမှန်းသိတယ်ပေါ့မုန်း”

“မင်းနှာစီးနေရင်တောင် မင်းမှန်းသိတယ်။ ငါ့ကို ဘာလို့ ပစ်ထားတာလဲ။ မုန့်စားဖို့လည်း လာမခေါ် အပြင်ထွက်ဖို့လည်း လာမခေါ်နဲ့ ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရဘူး”

“မင်းကရော ငါ့ကို ဘာလို့ ဖုန်းမခေါ်တာလဲမုန်း”

“မင်းကိုစိတ်ဆိုးနေလို့ မင်းဖုန်းခေါ်တဲ့အထိ စောင့်နေတာ”

“မင်းက အမြဲ ငါ‌ဖုန်းခေါ်တာကိုပဲ စောင့်တယ်နော်။ ငါ့ကို ဖုန်းစခေါ်ရင် မင်းငရဲကြီးမှာဆိုးလို့လား ဒါမှမဟုတ် နေနိုင်တာလား မုန်း”

“အဲ့လိုတော့ မဟုတ်ဘူးလေကွာ။ မင်းက အမြဲခေါ် နေကြဆိုတော့ မင်းခေါ်မလား ခေါ်မလားစောင့်ရင်းနဲ့ မင်း‌မခေါ်တော့ ငါက စိတ်ဆိုးပြီး မင်းခေါ်တဲ့အထိ စောင့်နေတာ အဲ့ဒါကြောင့်ပါ”

“ငါမခေါ်ရင် မင်းမခေါ်တော့ဘူးလား”

“ခေါ်မှာ မင်းမခေါ်တာ တစ်ပတ်ပြည်တဲ့နေ့ ငါခေါ်မှာ”

“အင်း နေနိုင်သားပဲ”

“မနေနိုင်ဘူး အောင့်အီးနေနေတာ”

မင်းနဲ့ တစ်နေ့တစ်ခါမှ ဖုန်းမပြောရရင် အဆင်မပြေဘူး သိလား။ ဒီစကားကို မပြောရဲပါဘူး။ ကိုယ့်ဘာကိုယ် စိတ်ထဲမှာပဲပြောရဲတာ ဟီးးးးး။

“အပိုတွေ ခုက ငါခေါ်လို့မို့လား”

“မဟုတ်ပါဘူးဆိုကွာ။ မင်းအပြစ်ကနေ ငါ့အပြစ်ဖြစ်အောင် မလုပ်နဲ့ အလင်း။ ခုဆက်တာ ဘယ်သူ့ဖုန်းနဲ့လဲ”

“ငါ့ဖုန်းနဲ့”

“တကယ် . . . ဘယ်တုန်းက ဝယ်တာလဲ”

“ခုမှဝယ်လာပြီး မင်းကို အရင်ခေါ်လိုက်တာ”

ဟအား ခုမှဝယ်လာတဲ့ဖုန်းအသစ်နဲ့ ငါ့ကိုအရင်ဆက်တာပေါ့ ဟုတ်လား အလင်း။ ငါက ပထမဦးဆုံးပေါ့။ ဒါဆို ငါကမင်းအတွက် အရေးအပါဆုံးလားအလင်း။

တွေးမိတာနဲ့တင် ရင်တွေခုန်လာတော့ လက်ပတ်လေးက လင်းလာတယ်။ Heart Beat က 100 တောင် ကျော်နေပါ့လား။ အရင်ဆုံးဖုန်းခေါ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် ဒီလောက် ဖြစ်သွားတယ်တဲ့လား မုန်း။ မင်းတော့ ရူးနေပြီမုန်း။ မင်း အတော်ကို ရူးသွပ်နေပြီ။

“အဲ့ဒါဆိုလည်း Facebook လေး ဘာလေး သုံးလေကွာနော်။ ငါတို့လေးယောက်က အမြဲအဆက်အသွယ်မပြတ်ဘူး။ messenger မှာ group ဖွဲ့ထားတော့ အမြဲ စကားပြောဖြစ်တယ်။ ဖုန်းလည်းပြောဖြစ်တယ်။ video call လည်း ခေါ်ဖြစ်ကြတယ်။ အဆက်အသွယ် မပြတ်ကြဘူး။ မင်းတစ်ယောက်ပဲ ကွက်ပြီး အဆက်အသွယ်ပြတ်နေတာ”

“အင်း အဲ့ဒါဆို Facebook ဖွင့်ပြီးရင် add လိုက်မယ်နော်။ ခုတော့ ပြောစရာရှိသေးတယ်”

“ဘာပြောမလို့လဲ”

“ငါ ရန်ကုန်ရောက်နေပြီမုန်း။ မေမေလည်း အလုပ်ပြောင်းခွင့် တင်ထားတာ ရပြီမို့ မေမေရန်ကုန်ပြောင်းလို့ တစ်ခါတည်း လိုက်လာလိုက်တာ။ မင်းကို ခုမှပြောလို့ စိတ်မကောင်း မဖြစ်နဲ့နော်။ စိတ်လည်း မဆိုးနဲ့။ အရမ်းအလုပ်ရှုပ်နေလို့ ဖုန်းမဆက်ဖြစ်တာ”

“ . . . “

“မုန်း”

“ဟင်”

“တောင်းပန်တယ်နော်”

“ရပါတယ်။ မင်း ဘယ်နေ့က ရန်ကုန်သွားတာလဲ”

“တနေ့က သွားတာ။ မင်းကို ဖုန်းစ မဆက်ဖြစ်တဲ့နေ့က ပြောင်းခွင့်စာကျတာကို သိရတဲ့နေ့ဆိုတော့ ပြောင်းဖို့ အလောသုံးဆယ် လုပ်လိုက်ရတာမို့ ဖုန်းမဆက်ဖြစ်တာ။ တနေ့ကရောက်ပြီး ပစ္စည်းတွေချရတော့ ပင်းပန်းနေတာမို့ ဖုန်းမဆက်တာ။ မနေ့က မေမေ့ဖုန်း မအားလို့ မဆက်တာ။ အဲ့ဒါကြောင့် ဒီနေ့မှ ဖုန်းသွားဝယ်ပြီး မင်းဆီကို အရင်ဆက်တာ။ စိတ်မဆိုးနဲ့နော် မုန်း”

အလင်းတစ်ယောက် မုန်း စိတ်ဆိုးသွားမှာဆိုးလို့ အသေးစိတ် ရှင်းပြနေမိတယ်။

“အင်း ဒါနဲ့ ဘယ်မှာနေလဲ”

“ဖော့ကန်မှာ။ တီသဲအိမ်မှာနေတယ်။ ဖော့ကန်ဈေးမှာပဲ နေတာ”

“အင်း လိပ်စာပေးထားဦး”

“ဖော့ကန် သုခလမ်း။ သုခလမ်းထဲကို ဝင်လာခဲ့ ဓမ္မာရုံရှေ့က လမ်းကြားလေးထဲမှာ ငါတို့အိမ်က။ လမ်းကြားလေးထဲရောက်ရင် မုန့်ဆိုင်တွေ့လိမ့်မယ် တန်းတန်းလာလိုက်။ မုန့်ဆိုင်ကနေ သုံးအိမ်မြောက် အုတ်တံတိုင်း အစိမ်းရောင်လေးနဲ့က ငါတို့အိမ်။ တိတိကျကျပြောထားတယ် လာမှာလား”

အလင်း စ‌နောက်ပြီးတော့ မေးလိုက်တယ်။

“ရန်ကုန်ကိုရောက်ရင် လာခဲ့မယ်။ လာခါနီးမှ မမေးချင်လို့ ကြိုမေးထားတာ။ မင်း မထင်မှတ်တဲ့အချိန် မင်းရှေ့ကို ဘွားခနဲ ပေါ်လာချင်လို့”

ဖြေပုံလေးကိုက ဘာလေးမှန်း မသိဘူးကွာ။ ဘွားခနဲတောင် ပေါ်လာဦးမယ်ဆိုပဲ။

“ဟုတ်ပါပြီကွာ။ ငါပြောတာ မှတ်ကော မှတ်မိရဲ့လား”

“ဦးနှောက်နဲ့မဟုတ်ဘဲ နှလုံးသားနဲ့ မှတ်ထားမှာမို့လို့ မမေ့ဘူး စိတ်ချ”

“အေးပါကွာ။ ငါတကယ် တောင်းပန်တယ်နော်မုန်း”

“အင်း ရတယ် ထားလိုက်တော့”

ငါတို့ ခွဲရတာကို ငါမသိခဲ့တာပေါ့။ မင်းဖုန်းမဆက်လို့ စိတ်ဆိုး‌နေတဲ့အချိန် မင်းက ရန်ကုန်ပြောင်းဖို့ပြင်နေရလို့တဲ့လား။ ငါကစိတ်ဆိုးလို့ ကောင်းနေတုန်းမှာ မင်းက ရန်ကုန်တောင် ရောက်သွားခဲ့ပြီ။

ငါသာ အရင်ရက်က မင်းကိုစိတ်မဆိုးဘဲ မင်းဖုန်းခေါ်တဲ့အထိ မစောင့်ဘဲ ငါ့ဘက်က တစ်ခါလောက်လေးဖြစ်ဖြစ် ဖုန်းဆက်ဖြစ်ခဲ့ရင် ငါ မင်းပြောင်းရမှာကို သိရမှာကိုလေ။ ငါသာသိခဲ့ရင် ခွဲခွာနီးလေး မင်းမျက်နှာကို မြင်ရဦးမယ်။ နှုတ်ဆက်လို့လည်း ရဦးမယ်။ ငါက မင်းဖုန်းခေါ်တာကိုပဲ အမြဲစောင့်နေမိခဲ့လို့ မင်းငါ့ကို ခွဲသွားတာကို ငါမသိရတာပေါ့။ နောက်ဆို မင်းဖုန်းခေါ်တာကို မစောင့်တော့ဘူး အလင်း။ ငါ့ဘက်ကပဲ အမြဲစခေါ်ပါ့မယ်။

“နောက်ဆို ငါမင်းကို ဖုန်းခေါ်ပါ့မယ်”

“ဟမ် ဘာကိုလဲ”

“ဘာမှ မဟုတ်ဘူး။ မင်းFacebook ဖွင့်ပြီးရင် ငါ့ကို addလိုက်နော်။ ဘာပြောဦးမလဲ”

“ဟင့်အင်”

“ဒါပဲနော်”

ဘာလို့လဲ မုန်းရယ်။ ငါ့ကို စိတ်ဆိုးသွားတာလားကွာ။ ငါက မင်းစိတ်မကောင်းဖြစ်မှာဆိုးလို့ မပြောခဲ့တာပါ။ ဟိုမှာကတည်းက‌ ပြောလိုက်လို့ မင်းသိခဲ့ရင် မင်းစိတ်မကောင်းဖြစ်နေမှာကို မကြည့်ရက်လို့ ဒီရောက်မှ ဖုန်းဆက်ပြောရတာပါ။ မင်း အခု ဝမ်းနည်းနေပြီလား မုန်း။

ငါလေ ခုနောက်ပိုင်း မင်းနဲ့ပတ်သက်ရင် ထူးထူးဆန်းဆန်းတွေ ခံစားနေရတယ် မုန်း။ မင်းဝမ်းနည်းတာမြင်ရရင် ငါ့ရင်ဘတ်တွေ နာတာမို့ မင်းဝမ်းနည်းတာကို မကြည့်နိုင်ဘူး။ မင်းနဲ့ ဖုန်းမပြောရတဲ့ရက်တွေ မတွေရတဲ့ရက်တွေမှာ ငါမင်းကို အရမ်းလွမ်းနေခဲ့တယ်မုန်း။ ငါ့ကိုငါ ဘာဖြစ်မှန်းလဲ မသိဘူး။ ငါ့ခံစားချက်တွေ ထူးဆန်းနေပြီမုန်း။

မုန်းဖုန်းချပြီးတာနဲ့ အလင်းအတွက် သီးသန့် Ringtone လေး ထားလိုက်တယ်။ သီးသန့်ထားတယ်ဆိုတာ ဖုန်းဝင်လာတာနဲ့ အလင်းမှန်း တန်းသိချင်လို့ပါ။ ဒါမှ ဖုန်းနဲ့ဝေးနေရင်တောင် Ringtone သံလေးကြားတာနဲ့ အလင်းမှန်းတန်းသိပြီး အမြန်ပြေးကိုင်နိုင်မှာ။

🎵🎵လိုနေတာအနွေးဓာတ် အကြင်နာတွေအေးစက် တစ်စုံတရာကို တို့နှစ်ယောက်လိုက်လို့ရှာ . . . အမှောင်ယံကို ထွေးဖက် Memories တွေမေ့ဖျက် အရာရာကိုဆုံးဖြတ်ထားပြီးသား . . . အလွမ်းနဲ့ထပ်တူကျတဲ့ ငါ့ရဲ့နေ့များ မင်းရောကိုယ့်လို လွမ်းနေသေးလား . . . ငါ့ရဲ့အနားမှာ မင်းမရှိတဲ့ တဒင်္ဂ ဝမ်းနည်းမိတာ🎵🎵

Double J ရဲ့ SMS(Seriously Missing Someone) ကို အလင်းအတွက် သီးသန့်ထားလိုက်တယ်။ ဒီသီချင်းကို ဘာလို့ မင်းအတွက် သီးသန့်ထားလဲဆိုတော့ ငါမင်းကို ပြင်းပြင်းထန်ထန် လေးလေးနက်နက် လွမ်းနေလို့လေ။

ဒီသီချင်းလေးလိုပဲ ငါ့ရဲ့အနားမှာ မင်းမရှိတဲ့ တဒင်္ဂလေးတောင် ဝမ်းနည်းမိတတ်တဲ့ငါက မင်းနဲ့အကြာကြီး ခွဲရမှာကို ခွဲခါနီးလေးတောင် မင်းမျက်နှာကို မမြင်လိုက်ရဘူး။ ဘယ်အချိန်ထိ ခွဲရမယ်မှန်း မသိတာကိုလေ။ မင်းက ဘာ့ကြောင့် မပြောခဲ့တာလဲ အလင်းရာ။ တစ်မြို့တည်းမှာနေပြီး မင်းကို တစ်နေ့မတွေရရင်တောင် ငါ့မှာ မနေနိုင်မထိုင်နိုင် ဖြစ်နေတာကို။ ခုလို အဝေးကြီးမှာ အကြာကြီးခွဲရမှာကို ငါ့အတွက် အဆင်မပြေဘူးအလင်း။ ငါ အခုတောင် မင်းကို အရမ်းလွမ်းနေတာ။

ဒီနေ့ မင်းဘက်က ဖုန်းမဆက်ရင် မင်းကို ငါက အလွမ်းပြေ လာတွေ့မလို့ကို။ ခုတော့ မင်းက ဖုန်းဆက်ပြီး ပြောတာက ရန်ကုန် ရောက်နေပြီတဲ့လား။ ငါ အခု မင်းကို အရမ်းလွမ်းနေတာကို ဘယ်လိုလုပ်ရမလဲ အလင်း။ ငါမင်းရှိတဲ့ဆီကို လိုက်လာခဲ့ရမလား။ မင်းတို့အိမ်က ပြန်လာကတည်းက ငါမင်းကို နေ့တိုင်း လွမ်းနေခဲ့တာ အလင်း။

အဟက် နည်းနည်းတော့ ထူးဆန်းတယ်။ ခုနောက်ပိုင်း အရမ်း လွမ်းတတ်လာတယ်။ လွမ်းတိုင်းလည်း နာရီကြည့်ဖြစ်လာတယ်။ ရင်ခုန်သံတွေလည်း မြန်လာတယ်။ မင်းအကြောင်းတွေးတိုင်းလည်း လက်ပတ်လေးက ခဏခဏလင်းလို့ ခလုပ်ကို ခဏခဏနှိပ်နေရတော့ ခလုပ်လေးတောင် ပျက်ချင်နေပြီ။ မင်းကြောင့် ရင်ခုန်သံတွေ ဆူညံနေပြီအလင်း။

ရင်ခုန်သံတွေဆူညံပြီး ခဏခဏ လွမ်းနေတာကအချစ်ဆိုရင် ငါမင်းကို အရမ်းချစ်မိနေပြီထင်တယ်အလင်း။ မင်းဒီမှာ မရှိတော့ဘူးဆိုတဲ့ အသိက ငါ့ကို နှိပ်စက်နေတယ်။ အရင်က မင်းကိုချစ်နေတာကို ငါလက်ခံဖို့ မရဲဘူး အလင်း။ ငါ့ရင်ခုန်သံ‌တွေကို မဟုတ်ဘူးဆိုပြီး ညာခဲ့တာ။ မင်းနဲ့‌ဝေးမှ ငါအရမ်းလွမ်းတတ်သွားလို့ မင်းကို ချစ်နေတယ်ဆိုတာကို ငါလက်ခံလိုက်ရပြီအလင်း။ မင်းရော?. . . . .

မုန်းရဲ့အလင်းရောင်Where stories live. Discover now