ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်

5.1K 267 38
                                    

#Unicode

မုန်းရဲ့အလင်းရောင်ဆိုတဲ့ ဒီFicလေးကို အစအဆုံးလိုက်ပါစီးမျောပေးခဲ့ကြတဲ့ ဒါဒါလေးတွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံးစရေးတဲ့ Fic လေးမို့ လိုအပ်ချက်တွေ မပြည့်စုံတာတွေ အများကြီးနဲ့မို့လည်း ဖတ်ရတဲ့ ဒါဒါလေးတွေကို တောင်းပန်ပါရ‌စေ။

ဒီFicလေးကို စရေးဖြစ်ခဲ့တာကတော့ ကလေးရူးရူးရင်း စရေးဖြစ်ခဲ့တာပါ။ Bl ဆိုတာကို TU ဆိုတဲ့ Bromance ဇာတ်ကားလေးကြောင့်စသိခဲ့ရတာ။ 2015/2016 လောက်တုန်းက ‌ကျောင်းမှာ သူငယ်ချင်းတစ်ယောက်ပေးတဲ့ Water Boy ဆိုတဲ့ series လေးကို ကြည့်ခဲ့ဖူးပေမယ့် ဒီတိုင်းကြည့်တယ်ဆိုရုံပဲကြည့်ခဲ့တာပါ။ BLတွေ ဘာတွေကို လုံးဝမသိခဲ့ရိုးအမှန်ပါ။ TU ဆိုတဲ့ Bromanceကားလေးကို မင်းသားလေးတွေချောလိုက်တာဆိုပြီး စကြည့်ရင်းက BL Series လေးတွေ ကြည့်ချင်တယ်ဆိုပြီး သူငယ်ချင်းဆီက တောင်းရင်းက SOTUS & Love By Chance ကနေစပြီး ကြည့်ခဲ့ဘူးတာပါ။ Wattpad ကို ခုနှစ်စမှ စသုံးပြီး ဖတ်တာတစ်ခုပဲသိခဲ့တဲ့သူပါ။ သာသာတွေကို follow လုပ်ရမှန်းတောင်မသိခဲ့ပါဘူး။

တနေ့တော့ ငါ့မှာသာ သားလေးရှိခဲ့ရင် ငါ့သားလေးသာ လိင်တူစိတ်ဝင်စားခဲ့ရင်ဆိုတဲ့အတွေးလေးနဲ့ ဒီFicကို ရေးခဲ့မိတာပါ။ ရေးရင်းနဲ့ မုဆိုးမလေး မဂင်္ဂါဖြစ်နေမှာဆိုးလို့ အမြန်ဇာတ်သိမ်းလိုက်တာပါ။ တကယ်တော့ နောက်ဆုံးပိုင်းမှာထည့်ရေးထားတဲ့အကြောင်းအရာလေးတွေကို သုံးပိုင်းလောက် ကျယ်ကျယ်ဝံ့ဝံ့ ရေးပြချင်ပေမယ့် အပိုင်း ၄၀ အတိထားချင်တဲ့စိတ်ကြောင့် တစ်ပိုင်းထဲအပြီး ရေးခဲ့မိပါတယ်။ အဲ့ဒါကြောင့်မို့လည်း ဒါဒါလေးတွေကိုတောင်းပန်ပါတယ်နော်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now