#Unicode
ဒီနေ့က တစ်လပိုင်း30ရက်နေ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ One Year Anniversary ပါခင်ဗျာ။ ဒီနေ့ဘာလုပ်ရမလဲ ဆိုတာကတော့ ကျွန်တော့်ဘေးမှာ အိပ်ပျော်နေတဲ့ အိပ်ပုတ်ကလေးကို မေးကြည့်ရတော့မှာပဲ။ ကျွန်တော့်မှာတော့ ကျွန်တော့်အစီအစဉ်နဲ့ ကျွန်တော် ရှိပါတယ်။ သို့ပေသည့် ဒီနေ့က ကျောင်းတက်ရက်ဆိုတော့ ကျွန်တော့်မုန်းလေး ကျောင်းသွားမှာလား ကျောင်းပြေးမှာလားကလည်း ရှိသေးတယ်လေ။
ဘေးနားမှာအိပ်ပျော်နေတဲ့ မုန်းကို ကြည့်လိုက်တော့ နှုတ်ခမ်းလေးတွေထော်ပြီး အိပ်နေတာ ဝက်ပေါက်လေးကြနေတာပဲ။ ချစ်ဖို့ကောင်းလိုက်တာ။ ကျွန်တော့်မုန်းလေးက ဆံပင်အရှည်ထားနေတယ် ထင်ပါတယ်။ ဆံပင်လေးတွေက ရှည်ပြီး ဂုတ်ထောက်နေပြီ မညှပ်သေးဘူးလားမသိဘူး။ မုန်းက ဆုတောင်းကောင်းတယ်ပြောရမယ် ဆံပင်အရှည်၊ အတို ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် မုန်းနဲ့လိုက်တယ်။ အသားဖြူတော့ ဆံပင်အရောင်ဆိုးရင် ဘာရောင်လေးပဲဆိုးဆိုး ချစ်ဖို့ကောင်းနေပြန်ရော။ သိပ်ကိုဆုတောင်းကောင်းတဲ့ မုန်းပေါက်ရယ်ပါ။ ထော်နေတဲ့ နှုတ်ခမ်းလေးကို အားရပါးရ ဆွဲစုပ်လိုက်ဝောာ့ မုန်းက အိပ်ရာနိုးလာမယ်လို့ ထင်ပါသလား။ မထင်ပါနဲ့။ ဒီလောက်က မုန်းကို အိပ်ရာနိုးစေဖို့မပြောနဲ့ အိမ်မက်တောင် မပျက်စေပါဘူး။
အိပ်လွန်းပါသော မုန်းပေါက်လေး။ ဒီနေ့လည်း ကျွန်တော်မနှိုးမချင်း ထမယ့်ပုံမရှိပေ။ တစ်ခါတလေ အိပ်ပါစေတော့ဆိုပြီး ကျောင်းသွားခါနီးမှ နှိုးမိရင်လည်း စောစောမနှိုးလို့ဆိုပြီး စိတ်ကောက်တော်မူသေးတယ်။ စိတ်ကောက်မှာဆိုးလို့ ကိုယ်အိပ်ရာထတဲ့အချိန် နှိုးပြန်တော့လည်း အစောကြီးနှိုးရလားဆိုပြီး စိတ်ဆိုးပြန်ရော။ သူ့အိမ်မှာ သူပြန်အိပ်ရင်လည်း မနက်ကို ဖုန်းသုံးခါလောက်ဆက်ပြီး နှိုးပေးရတယ်။ ကိုယ်အိပ်ရာနိုးတဲ့အချိန် ဖုန်းခေါ်လိုက်ရင် အစောကြီးရှိသေးတယ် ပြန်အိပ်ဦးမယ် 15မိနစ်လောက်မှ ပြန်ခေါ်ပေးဆိုတာကတစ်မျိုး။ 15မိနစ်ကြာပြီး ပြန်ခေါ်တဲ့အခါ အင်းဆိုပြီး ပြန်အိပ်တာကတစ်ဖုံ။ ကျွန်တော်ကျောင်းသွားခါနီး ဖုန်းထပ်ခေါ်ပေးတဲ့ အချိန်ကြရင်တော့ ကျောင်းနောက်ကျပါပြီဆိုပြီး ဝရုန်သုန်းကားနဲ့ အိပ်ရာထတဲ့မုန်းရယ်ပါ။ ကျောင်းကိုသွားတိုင်း အမြဲလိုလို နောက်က ကျားလိုက်တဲ့အတိုင်း ပြေးသွားရတတ်တဲ့ မုန်းလေးပါ။
အအိပ်မက်သလို အစားရော မမက်ဘူးလားလို့မေး အစုံစားတယ်။ အသားဆိုရင် သစ်သားပဲ မစားတာ။ အစားအသောက်ဆို ဘာလာလာ ဒေါင်းတယ်။ မုန်းက အပူအစပ်တော့ ရှောင်တယ်။ အပူအစပ် လုံးဝမစားနိုင်တာမို့ လက်ဖျားနဲ့တောင် မထိဘူး။ ဒါ့ကြောင့် သူ့ကိုမကျွေးချင်တဲ့ အစားအစာဆိုရင် ပူပူစပ်စပ်လေးသာလုပ်စား။ ဒါတောင် သူလုံးဝမစားနိုင်တဲ့ အရာမို့လို့။ သူ့အကြိုက်ဆုံးအရာဆို ဘယ်လောက်စပ်စပ် မျက်ရည်တောက်တောက် ကျနေရင်တောင် မျက်ရည်တွေ နှာရည်တွေနဲ့ တရှူးရှူးနဲ့ အစပ်ခံပြီးစားတယ်။ အဲ့ကြောင့်လည်း လူက တဖြည်းဖြည်းနဲ့ ပါးလေးတွေဖောင်းလာတာပါ။ ခုလည်း ဘေးကဝက်ပေါက်လေးက တရှူးရှူးနဲ့ အိပ်ပျော်နေလေရဲ့။
“မုန်း”
“ဟင်”
ဟင်ဆိုပြီး ဟိုဘက်ကို ပြန်လှည့်သွားတယ်။ တကယ်ပါ မုန်းကိုအိပ်ရာနှိုးမယ့်အစား ကျားဖင်သာ ပြေးနှိုက်လိုက်ချင်တယ်။
“မုန်း လိမ္မာတယ် ထတော့”
“ . . . “
တုပ်တုပ်မလှုတ် အဖက်တောင်မလုပ်ပါဘူးဗျာ။
“ကျောင်းမသွားဘူးလားမုန်း”
“အင်း”
သူ့က အင်းဆိုလို့ သူအင်းတာကို ယုံပြီး မနှိုးဘဲနေလိုက်မိရင် ကျွန်တော် ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်မှာပေါ့ဗျာ။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်တဲ့။ ကျွန်တော်ခံဘူးပြီးပြီမို့ မရ ရအောင်နှိုးရမှာပါပဲ။ ဘာကြောင့်ဆို အရင်တစ်ခါ အိပ်ရာနှိုးဝောာ့ ကျောင်းမသွားဘူးလားလို့ မေးတာကို အင်းလို့ဖြေလို့ တကယ်ထင်ပြီး ဆက်မနှိုးတော့ဘဲ ထားလိုက်တာ နေ့ခင်းလောက်ရောက်တော့မှ အိပ်ရာနိုးလာတယ်။ နာရီကိုကြည့်ပြီး အကျယ်ကြီး ကုန်းအော်လိုက်တာ လူကို လိပ်ပြာလွင့်သလားတောင် ထင်ရတယ်။ ဒီနေ့ Tutorial ရှိတာကို ဘာလို့အိပ်ရာမနှိုးတာလဲဆိုပြီး စိတ်ဆိုးသေးတယ်။ ကျောင်းမသွားဘူးလားမေးတာကို အင်းလို့ပြောလို့ ဆက်မနှိုးတော့တာလို့ပြန်ဖြေတော့ သူကအိပ်ချင်မူးတူးနဲ့ အင်းလိုက်တာပါတဲ့။ သူအင်းတာ သူတောင်မသိပါဘူးတဲ့ဗျာ။ Tutorial အမှတ်မရဝောာ့ဘူး သွားပါပြီဆိုပြီး တစ်နေကုန်ထိုင်ငိုနေလို့ မနည်းချော့လိုက်ရတယ်။ ခုတော့ ကျွန်ဝောာ် အထာနပ်နေပြီလေ။
“Tutorial မရှိဘူးလား”
“ဟင်”
အဲ့တော့မှ ပြူးပြူးပြဲပြဲလေးနဲ့ ဇတ်ခနဲထထိုင်ပြီး လန့်နေတဲ့ပုံလေးနဲ့ အသေအချာစဉ်းစားနေလေရဲ့။
“ရှိတယ်လား”
“အင်း ဟုတ်သားပဲ Tutorial တော့မဟုတ်ဘူး။ Presentation ရှိတာ။ အရေးကြီးတာကို မေ့နေရတယ်လို့။ ကျေးဇူးကိုကို”
“အင်း အဲ့ဒါဆိုလည်း ထတော့ မုန်းလေး။ ကျောင်းသွားဖို့ပြင်တော့။ ဪ . . . မေးရဦးမယ်။ ဒီနေ့ဘာနေ့လဲ သိလား”
“ဗုဒ္ဓဟူးလေ ဘာလို့လဲ။ ကျောင်းပိတ်ရက်တွက်နေတာလား ကိုကိုက။ ကလေးလေး ကြနေတာပဲကွာ။ ကျောင်းပိတ်ရက် တွက်နေရတယ်လို့”
“ကိုကို့ပုံက ကျောင်းတက်ရတာကို ပျင်းနေတဲ့ရုပ်ပေါက်နေလား ခလေးပေါက်။ တကယ်မသိဘူးလား။ မမှတ်မိဘူးလားပြော”
လေသံလေး နည်းနည်းမာလိုက်တော့မှ မျက်နှာက စပ်ဖြဲဖြဲနဲ့ လူကိုလာရယ်ပြပြီး ပြောရှာတယ်။
“သိပါတယ်ဗျာ။ ဒီနေ့က ခင်ဗျားကြီး ထွက်ပြေးတာကို လိုက်ဖမ်းလို့ မိခဲ့တဲ့နေ့လေ”
ဟင်! ဒါလူကို သက်သက်ရွဲ့တာ။ သူ့ကိုလေသံမာမာပြောမိလို့ ဒီလိုစကားတွေနဲ့ လူကိုစိတ်မကောင်းဖြစ်အောင် လုပ်နေတာ။
“ကဲပါဗျာ အဲ့လိုကြီး ပြန်မပြောပါနဲ့ဗျာ။ ကျွန်တော်မျိုး စိတ်မကောင်းဖြစ်မိလို့ပါ။ လေသံမာမိလို့လည်း တောင်းပန်ပါတယ်ခင်ဗျာ။ ကိုကို့ကိုနမ်းပါဦး အသဲပေါက်ရဲ့။ Morning Kiss လေး မစပါဦးနော် Please”
လက်အုပ်လေးချီပြီးပြောလိုက်တော့မှ လူကိုမျက်စောင်းထိုးပြီး အနမ်းပေးလာတယ်။ ချစ်ဖို့ကောင်းလိုက်တာဗျာ။ ချစ်လိုက်ရတာ ချစ်မဝလေး။
“ကိုကို့ ဒီနေ့ Anniversary လေးကို တူတူရှိချင်ပေမယ့် မုန်း ဒီနေ့ Presentation ရှိလို့ တူတူရှိနေမပေးနိုင်တာ ခွင့်လွှတ်ပါနော်။ အရမ်းအရေးကြီးလို့ပါ။ ဒါပေမယ့် မနက်တစ်ပိုင်းပဲသိလား။ မနက်ပိုင်းပြီးရင် ကိုကို့ကိုဖုန်းခေါ်လိုက်မယ်”
“ဟုတ်ကဲ့ပါခင်ဗျာ။ ကဲ ထ မျက်နှာသစ်တော့ မုန်းနောက်ကျတော့မယ်”
မျက်နှာသစ်ရေမိုးချိုးပြီးတာနဲ့ ကျောင်း Uniform ဝတ်ကာ အားလုံး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကျောင်းကိုအမြန်ရောက်ဖို့ အလျင်မြန်ဆုံးနည်းနဲ့ ပြေးမှရပါတော့မယ်။ မနက်စာတော့ မစားနိုင်တော့ဘူး ထင်တာပဲ။
မုန်းအခန်းထဲကထွက်တာနဲ့ ကျောင်းသွားဖို့လှမ်းအော်တော့ အလင်းက ထမင်းပန်ကန်လေးကိုင်ပြီး အနားကို ရောက်လာပါတယ်။ ထမင်းဆီဆမ်းပဲပြုတ်နဲ့ စားချင်စရာလေး။ ဒါပေမဲ့ အချိန်မှ မရှိတော့တာ စားဖို့ အဆင်မပြေနိုင်တော့ဘူး။
“မုန်း အာ”
အလင်းက ထမင်းခွံ့ဖို့ပြင်တော့ မုန်းပါးစပ်ဟပေးလိုက်တယ်။
“ကိုကို့တော်ပြီ မစားတော့ဘူး။ မုန်းနောက်ကျမှာဆိုးလို့။ ဒီနေ့နောက်ကျလို့မဖြစ်ဘူး”
သိနေတယ်လေ။ ဒါ့ကြောင့် မုန်းပစ္စည်းတွေရှာနေတဲ့အချိန် ထမင်းခွံ့ဖို့ အဆင်သင့်စောင့်နေတာ။ အအိပ်မက်မှုကြောင့် ဘယ်တော့မှ မနက်စာကို ကောင်းကောင်းမွန်မွန် ထမင်းဝိုင်းမှာ မစားရတဲ့ ကျွန်တော့်ရဲ့မုန်းလေး။ ဒါ့ကြောင့် လမ်းမှာစားဖို့ပြင်ဆင်ပေးထားသလို ကျောင်းသွားဖို့ပြင်ဆင်နေတဲ့အချိန်မှာလည်း ခွံ့လို့ရသလောက် ခွံပေးရတယ်။
“သိတယ် အဲ့ဒါကြောင့် သုံးလုပ်ပဲစားသွား။ ရော့ ဒါက ကားမှတ်တိုင်ကို လမ်းလျှောက်သွားရင်းနဲ့စား”
လက်ထဲကိုထည့်ပေးလာတဲ့ အရာကိုကြည့်လိုက်တော့ ပေါင်မုန့်ထောပတ်သုတ်နဲ့၊ နွားနို့နွေးနွေးလေးကို အနွေးခံဘူးလေးထဲ ထည့်ပေးထားပါတယ်။ ချစ်ဖို့ကောင်းလိုက်တာ ကျွန်တော့်အလင်းက။
“ကိုကို့ မုန်းရဲ့Laptopကို ညက အားသွင်းပေးထားသေးလား”
“အင်း ပေးထားတယ်။ အိမ်ရှေ့က စားပွဲခုံပေါ်မှာ။ အာ . . .”
အာ ဆိုပြီး ပါးစပ်ဟခိုင်းတော့ ထမင်း နောက်တစ်လုပ်ထပ်ခွံပေးတာမို့ စားလိုက်ရပြန်တယ်။ ဒါဟာ အလင်းအိမ်မှာအိပ်တဲ့ နေ့တွေမှာ မုန်းကျောင်းနောက်ကျတိုင်း ကျောင်းမသွားသေးခင် ပစ္စည်းတွေရှာနေတဲ့အချိန်၊ ကျောင်းသွားဖို့ပြင်ဆင်နေတဲ့အချိန်တိုင်း အမေကြီးတစ်ယောက်လို ဘေးကနေတကောက်ကောက်လိုက်ပြီး ထမင်းခွံ့တတ်တဲ့ အလင်းပါ။ အိမ်ကနေ မထွက်မချင်း ထမင်းကိုမရ ရအောင် ကျွေးပါလိမ့်မယ်။
Laptop ကို လွယ်အိတ်ထဲထည့်တော့တစ်ခါ ထမင်းတစ်လုပ် ထပ်ခွံ့တယ်။ ဖုန်းလိုက်ရှာတော့ ထမင်းတစ်လုပ်ခွံ့တယ်။ ဟိုပစ္စည်းရှာ ဒီပစ္စည်းရှာနဲ့ပဲ ကျွန်တော့်ပါးစပ်ထဲကို ထမင်းငါးလုပ်လောက်က အနည်ဆုံးဝင်တယ်။
“ကိုကို့ သွားမယ်”
“ယူစရာအကုန်စုံပြီလား”
“အင်း”
ဒီလိုနဲ့ ကျွန်တော်မုန်းရဲ့ မနက်တာကျောင်းသွားဖို့ ပြင်ဆင်မှုမှာ အလင်းရဲ့ထမင်းခွံ့ခြင်းနှင့်အတူ ထမင်းငါးလုပ်လောက်စားခဲ့ရသလို ကျောင်းသွားဖို့လည်း အဆင်သင့်ဖြစ်ခဲ့ပါပြီ။
အလင်းနဲ့အတူ လမ်းထိပ်အထိ လမ်းလျှောက်ခဲ့ပြီး ကျောင်းကိုအမြန်ရောက်ဖို့ မုန်း Taxi ငှားလိုက်တယ်။ အလင်းကတော့ YBSပေါ် တက်သွားလေရဲ့။
Taxi ပေါ်ရောက်တော့မှ အလင်းထည့်ပေးလိုက်တဲ့မုန့်ကို အေးအေးဆေးဆေးစားရတယ်။ ထမင်းငါးလုပ်ဆိုတာ မုန်းအတွက် ဗိုက်ဝနိုင်တဲ့ အနေအထား မဟုတ်ဘူးဆိုတော့ အလင်း အလိုက်တသိ ထည့်ပေးလိုက်တဲ့ နွားနို့နဲ့ပေါင်မုန့်ထောပတ်သုတ်ကိုစားပြီး ဗိုက်ဖြည့်ရတာပေါ့။ အလိုက်သိလွန်းတဲ့ ကျွန်တော့်ချစ်သူကြီးပါ။
မနက်ဘက် Presentation အပြီးမှာ အလင်းကို ဖုန်းဆက်ဖို့ပြင်တော့ ဖုန်းနံပတ်အစိမ်းတစ်ခု ဝင်လာတာမို့ ဖုန်းကိုင်လိုက်တယ်။
“ဟဲလို”
“ဟဲလို ကိုမုန်းလား”
ငါ့ကို ကိုမုန်းလို့ခေါ်တဲ့သူ မရှိပါဘူး။ ဘယ်သူပါလိမ့်။
“အင်း ဘယ်သူလဲ”
“ကျွန်တော်ပါ နွေယံလေ။ မှတ်မိလားအစ်ကို။”
“အင်း ဘာလို့လဲနွေယံ”
နွေယံဆိုတာ သုတသူငယ်ချင်း ဝသုန့်ရဲ့ညီ အမွှာအငယ်ကောင်။ ဒီကောင်က ဘာလို့ ဖုန်းခေါ်ပါလိမ့်။
“အစ်ကို့ကို အကူအညီတောင်းစရာရှိလို့။ ပြောစရာလည်းရှိလို့ပါ။ အစ်ကိုအားလား။ အားရင် လှည်းတန်းစင်တာကို လာခဲ့ပေးပါ့လား”
“အေး အားတော့အားတယ်။ မင်ကကြာမှာလား”
“မကြာပါဘူးအစ်ကိုရ။ ခဏလေးပဲ”
“အေးပါ မကြာရင်လာခဲ့ပေးမယ် ခဏတော့စောင့်”
မုန်းတို့နှစ်ယောက်ရဲ့ Anniversary အတွက် တစ်ခုခုဝယ်ချင်တာကြောင့် လှည်းတန်းကိုသွားဖို့ အစီအစဉ်ရှိတာမို့ နွေ့ယံကို လာခဲ့ပေးမယ်လို့ ပြောလိုက်တယ်။ ဟိုရောက်လို့ ပစ္စည်းရှာတဲ့အခါ သူ့ကိုပါ ကူရှာခိုင်းရမယ်။ ဘာဝယ်ပေးရင် ကောင်းမလဲဆိုတာ သူ့ကိုမေးကြည့်ရမယ်။
************
“မုန်း”
အမလေး ခေါ်လိုက်တဲ့အသံကလည်း မထိတ်သာ မလန့်သာရှိလိုက်တာ။ လှည်းတန်းစင်တာမှာ ကျွန်တော့်ကို ထသတ်တော့မယ့်အသံနဲ့ခေါ်တာ ဘယ်သူလို့ထင်ပါသလဲ။ ကျွန်တော့်ရဲ့အလင်းပါ။
အလင်းနဲ့ မေရွက်ဝါ လှည်းတန်းစင်တာကိုရောက်တော့ အလင်းတို့ရဲ့အရှေ့ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ကောင်လေးနှစ်ယောက်ဆီကို အကြည့်ရောက်သွားတယ်။ နေပါဦး မုန်းမို့လား မုန်းဘေးက ဘယ်သူပါလိမ့်။ မုန်းဘေးကတစ်ယောက်ကို တစ်ခါမှ မမြင်ဘူးသလို လူကိုကြည့်တော့လည်း ကလေးပေါက်စရုပ်လေးနဲ့။ ဒီကလေးနဲ့ မုန်းက ဒီကိုဘာလာလုပ်တာလဲ။ စိတ်တိုတိုနဲ့ အော်ခေါ်လိုက်တော့ မုန်းက မျက်လုံးလေးပြူးပြီး လှည့်ကြည့်လာပါတယ်။
မုန်းကြောက်ကြောက်လန့်လန့်နဲ့ လှည့်ကြည့်တော့ အလင်းနဲ့မေရွက်ဝါကို တွေ့လိုက်ရတယ်။ အလင်းကိုကြည့်ဝောာ့ ဒေါသချောင်းချောင်းထွက်ပြီး လူသတ်တော့မယ့်ရုပ်နဲ့။ ငါဘာအမှားများ လုပ်ထားမိလို့ပါလိမ့်။ သေချာစဉ်းစားပေမယ့် အဖြေကပေါ်မလာပေ။
“ဒီကိုဘာလာလုပ်တာလဲ”
ဘယ်အချိန် အနားရောက်လာလဲတောင် မသိလိုက်ဘူး။ အလင်းမေးမှပဲ လူက စဉ်းစားရာကနေ သတိဝင်လာတော့တယ်။
“ဟင် ဘာမှမလုပ်ပါဘူး။ မင်းကရော”
“ငါက ဝယ်စရာရှိလို့လာတာ။ ပြန်တော့မှာလား”
“အင်း”
“အဲ့ဒါဆိုပြန်မယ်လာ”
မုန်းကိုဆွဲခေါ်လိုက်တော့ မုန်းက ဟိုကလေးလေးကို ပြန်နှုတ်ဆက်နေသေးတယ်။ အတော်သံယောဇဉ်မပြတ်နိုင် ဖြစ်နေပုံပဲ။ လူက ဘာမှန်းမသိ ညာမှန်းမသိ စိတ်တိုရလွန်းလို့ ရူးတော့မယ်။ သူကနှုတ်ဆက်နေသေးတယ်။
“ညီလေး အစ်ကိုသွားတော့မယ်သလား”
“ဟုတ်အစ်ကို ကျွန်တော်ပြောထားတာလေး စဉ်းစားပေးဦးနော်”
ဘာ! ဘာကို စဉ်းစားခိုင်းတာလဲ။ ဘာတွေလဲ။ မနည်းလျှော့ချထားရတဲ့ စိတ်က မိုင်ကုန်ရောက်လာတာမို့ ရွက်ဝါကိုနှုတ်ဆက်ပြီး မုန်းကိုစောင့်ဆွဲကာ ခေါ်လာခဲ့လိုက်တယ်။
“ရွက်ဝါ ငါကျောင်းကို ပြန်မလိုက်တော့ဘူး။ အိမ်တန်းပြန်မှာမို့ ပြန်နှင့်လိုက်တော့မယ်နော်”
“အေးအေးအလင်း”
အလင်းက ရွက်ဝါကိုနှုတ်ဆက်ပြီးတာနဲ့ လှည့်ထွက်သွားတာမို့ မုန်းမှာ အလင်းရဲ့ဆွဲခေါ်ရာနောက်ကို ပါလာရတော့တယ်။ ငါလည်း ဘာအပြစ်မှ မလုပ်ထားမိပါဘူး။ သူက ဘာကို စိတ်ဆိုးနေတာပါလိမ့်။
Taxi ငှားတော့လည်း လိပ်စာပြောလိုက်တာက မုန်းရဲ့အိမ်လိပ်စာ။ အိမ်ပြန်လာတဲ့တစ်လမ်းလုံးလည်း စကားတစ်ခွန်းမှမပြောဘူး။ သူမပြောတော့ ကိုယ်မှာလည်း မမေးရဲဘူး။ အပြစ်ကလည်း ဘာမှန်းမသိနဲ့။ အိမ်ရောက်လာတော့လည်း မုန်းကိုထိုင်ကြည့်ပြီး ဘာမှမပြော။ ကြာတော့ လူက အနေရခက်လာတယ်။ အေးစက်နေတဲ့ အခြေအနေကို စတင်ဖြိုခွဲရတော့မှာပေါ့။
“ကိုကို့ ဘာဖြစ်နေတာလဲဟင်”
“ဘာမှမဖြစ်ဘူး”
“ဘာမှသာ မဖြစ်တာ။ ကိုကို့ပုံက တအားဒေါသထွက်နေသလိုပဲ”
“ခုနက ဘယ်သူလဲ”
“သုတသူငယ်ချင်း ဝသုန့်ရဲ့ညီ နွေယံ အမွှာအငယ်ကောင်။ မြောင်းမြပြန်တုန်းက သုတနဲ့အလည်လိုက်လာဖူးတယ်လေ။ ကိုကို့ကို ပြောပြဖူးတယ်”
“မုန်းက သူနဲ့ဘာလုပ်နေတာလဲ”
“သူက အကူအညီတောင်းစရာရှိလို့ဆိုလို့ ကမာရွတ်မှာ ပစ္စည်းတစ်ခုဝယ်ရင်းနဲ့ သွားတွေ့လိုက်တာ”
“ဘာအကူအညီလဲ”
“သူ့အစ်ကို နေယံက သုတကိုကြိုက်နေလို့ မုန်းကိုကူညီပေးဖို့ လာပြောတာ”
“ဒါဆို သူပြောတာကို စဉ်းစားပေးဆိုတာက ဘာလဲ”
“ခုနဟာပဲလေ။ နေယံက သုတကိုကြိုက်နေတာမို့ ကူညီပေးခိုင်းတာ။ သုတကလည်း နေယံကို ကြိုက်နေတယ်ထင်တာမို့ သုတဘက်က ဖွင့်ပြောလာအောင် ကူညီပေးပါလို့ပြောတာ”
“သေချာလား”
“အင်း။ နေပါဦး ကိုကိုက မုန်းကို အဲ့ဒါကြောင့် စိတ်ဆိုးနေတာလား”
“မုန်းပြောတော့ Presentation ရှိတယ်ဆို။ လှည်းတန်းမှာ ကိုကိုမသိတဲ့ တခြားသူနဲ့တွေ့လိုက်ရတာ ဘယ်လောက်စိတ်ပူသွားလဲ သိလား။ ဒီကြားထဲ ကျွန်တော်ပြောထားတာ စဉ်းစားပေးလို့ပြောသွားတော့ ဘယ်လောက်တောင် ရင်ပူပြီး စိတ်မကောင်းဖြစ်ရလဲသိလား။ ဘာတွေလဲဆိုပြီး စိတ်ပူရ စိတ်ဆိုးရနဲ့။ ရူးတော့မလိုဘဲ”
“သဝန်တိုတာလား ကိုကိုက”
“ဘာလဲ သဝန်တိုလို့ မရဘူးလား”
“မတိုပါနဲ့လို့ မပြောပါဘူး တိုပါ။ ဒါနဲ့ ကိုကိုကရော ရွက်ဝါနဲ့ ဘာလာလုပ်တာလဲ။ မုန်းကရော သဝန်မတိုဘူး ထင်နေတာလား”
မုန်းပြန်မေးလိုက်မှ အပြစ်က ကိုယ့်ဆီ မြှားဦးပြန်လှည့်လာတော့တယ်။
“ကိုကိုက Anni အတွက် လက်ဆောင်ဝယ်မလို့လာတာ။ ပထမ နွေကလိုက်မယ်ပြောတာ။ ရွက်ဝါက သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာရှိလို့ သူပါအတူလိုက်ခဲ့မယ် သူကူရွေးပေးမယ်ပြောလို့ နွေကမလိုက်တော့တာ”
“တကယ်နော်”
“အင်း”
“နောက်ဆို ဘာမသိ ညာမသိ တစ်ယောက်တည်းအူတိုပြီး တစ်ယောက်တည်း စိတ်ဆိုးစိတ်ကောက် လုပ်မနေနဲ့ ကိုကိုပင်ပန်းတယ်။ ဒီက ခင်ဗျားတစ်ယောက်တည်းကိုပဲ အချစ်တွေပုံပေးထားတာ။ စိတ်ဆိုးပြေတော့”
“စိတ်ဆိုးပြေစေချင်ရင် ကိုကို့ကို အာဝါးပေး။ ကိုကိုလည်း မုန်းစိတ်ဆိုးပြေအောင် အာဝါးပြန်ပေးမယ်”
“ခင်ဗျားနစ်နာနေပါဦးမယ် ဦးအလင်းရောင်ရယ်”
ထို့နောက် မုန်းတစ်ယောက် ချစ်သူအလိုကျ ချစ်သူစိတ်ဆိုးပြေဖို့ နမ်းလိုက်တယ်။ အနမ်းကို စတင်နမ်းလိုက်တာက မုန်းဆိုပေမယ့် ပြန်လည်ဦးဆောင်သွားတာကတော့ကိုကိုပါ။
နှုတ်ခမ်းဖူးဖူးလေးကို အချိန်အတော်ကြာနမ်းရှိုက်ရင်း ညှင်သာသောအနမ်းတွေကနေ ကြမ်းတမ်းသောအနမ်းဆီကို ပြောင်းလဲလာတဲ့အခါ စိတ်ရဲ့လိုချင်တက်မက်မှုက အရှိန်ပိုပြင်းလာတယ်။ နှုတ်ခမ်းတွေကနေတစ်ဆင့် မုန်းရဲ့လည်တိုင်ဆီသို့ ခရီးဆက်မိတဲ့အခါ မုန်းဆီက ညည်းသံတိုးတိုးလေး ထွက်လာတယ်။
“အင်းးး”
မုန်းရဲ့လည်တိုင်ကို ကိုကိုနမ်းရှိုက်လာတဲ့အခါတိုင်း လေဟာနယ်ထဲကို ရောက်သွားသလိုပဲ ရင်ထဲမှာ တလှပ်လှပ်နဲ့။ မုန်းရဲ့စိတ်က တစ်ခုခုကို လိုချင်တောင်းတလာတယ်။
မုန်းရဲ့လည်တိုင်တစ်ဝိုက်မှာ အချစ်ရဲ့သင်္ကေတ Marking ရာတွေ ရဲရဲတောက်လာတဲ့အခါ မုန်းရဲ့နားလေးကို ဆွဲစုပ်လိုက်ခြင်းနဲ့အတူ အနမ်းတွေကို အဆုံးသတ်လိုက်တော့ မုန်းဆီကထွက်ပေါ်လာတဲ့ ညည်းသံလေးက အလင်းရဲ့သမာဓိအားကို ပြိုလဲစေတယ်။
“ဟင်းး”
မုန်းရဲ့စိတ်တွေ ပြိုလဲကျလာတဲ့အချိန်မှာ ကိုကိုကအနမ်းတွေကို ရပ်တန့်လိုက်တဲ့အခါ မုန်းဟန်မဆောင်နိုင်တော့ပါဘူး။
“ကိုကို့ မုန်းအတူနေချင်တယ်”
“ဟင်”
“ဒီတစ်ခါအတူတူနေရင် ကိုကို မုန်းကိုယူပါ”
“မုန်းတအားနာလိမ့်မယ်။ နာမှာမကြောက်ဘူးလား”
“ကြောက်တော့ ကြောက်တယ်။ ဒါပေမဲ့ ကိုကို့ကို ပေးချင်တယ်။ ကိုကိုယူတာကို လက်ခံကြည့်ချင်တယ်”
“ချစ်လိုက်တာ ကလေးပေါက်ရာ”
မုန်ကိုပွေ့ချီးရင်း အခန်းထဲကိုခေါ်လာခဲ့လိုက်ပြီး အိပ်ရာပေါ်ကို ညင်သာစွာချပေးလိုက်တယ်။ အဲ့ဒီနောက်မှာတော့ ပြင်းရှတဲ့အနမ်းတွေနဲ့အတူ မုန်းရဲ့အဝတ်အစားတွေကို ဆွဲချွတ်ပစ်လိုက်တယ်။
နှုတ်ခမ်းလေးတွေကို အပေါ်တစ်လှည့် အောက်တစ်လှည့်စုပ်ယူရင်း ခံတွင်းထဲကို ဝင်ခွင့်တောင်းလိုက်တဲ့အခါ မုန်းလေးက အလိုက်တသိလေး ဟပေးလာတယ်။ လျှာဖျားလေးကို ဆွဲစုပ်လိုက်တော့ အလင်းရဲ့လက်မောင်းကို သူ့လက်သေးသေးလေးတွေနဲ့ လာရောက်ဆုပ်ကိုင်ရှာတယ်။ နားလေးတွေကိုစုပ်ယူရင်း လည်တိုင်တစ်လျှောက် စုန်ဆင်းလာခဲ့ပြီး လည်းပင်းလေးကို လျှာဖျားလေးနဲ့ဆွဲစုပ်လိုက်တော့ မုန်းရဲ့ခန္ဓာကိုယ်လေး တစ်ချက်တွန့်သွားတယ်။
“ဟင်းးး”
မုန်းရဲ့သာယာစွာ ညည်းညူသံက အလင်းကို ပိုပြီးလိုချင်တက်မက်စေတယ်။
လည်တိုင်ကနေတစ်ဆင့် မုန်းရဲ့ရင်ညွန့်လေးကို ရောက်ရှိလာပြီး Marking ရာတွေ အပြည့်ပေးနေမိတယ်။ မုန်းရဲ့ရင်ဘတ်က ပွင့်ချက်လွှာနှစ်ခုကို လျှာဖျားလေးနဲ့ကစားပေးရင်း တစ်ဖက်ကပွင့်ချပ်လေးကို လက်လေးနဲ့ဖိချေပေးလိုက်တယ်။ အချိန်တော်ကြာ ပွင့်ချပ်လေးတွေကို ဆုပ်ယူပြီးတဲ့အခါ ဦးတည်ရာက မုန်းရဲ့ညီငယ်လေးဆီသို့။
မုန်းရဲ့တင်မားနေပြီဖြစ်တဲ့ အငယ်ကောင်လေးကိုငုံထွေးပြီး စုပ်ယူလိုက်တယ်။ အချိန်တော်တော်ကြာစုပ်ယူပြီး အရှိန်နှုန်းကို မြန်ပေးလိုက်တော့ မုန်းကကျွန်တော့်ရဲ့ဆံပင်တွေကို လာရောက်ဆုပ်ကိုင်ရင်း ညည်းသံသဲ့သဲ့လေး ထွက်လာတယ်။
“အင့်. . .ဟင်းးး”
မုန်းရဲ့အငယ်ကောင်ကို ပါးစပ်နဲ့ငုံထွေးရင်း မုန်းရဲ့တွင်းပေါက်လေးကိုလည်း လက်လေးတစ်ချောင်း ထိုးသွင်းလိုက်တယ်။
“အာ့ . . . ကိုကို့ . . . နာတယ်”
“ခဏလေးသည်းခံပေးနော်မုန်း။ ခဏနေရင် အဆင်ပြေသွားမှာနော်။ ခဏလေးပဲနော်”
ကိုကိုရဲ့လက်တွေက တစ်ချောင်းကနေ နှစ်ချောင်း၊ နှစ်ချောင်းကနေ သုံးချောင်မြောက်လာတဲ့အခါ နာကျင်မှုကလည်း တဖြည်းဖြည်းလျော့ပါးလာသလို တစ်ခုခုကိုလည်း လိုအပ်လာတယ်။
“ကိုကို့ မုန်းမနာတော့ဘူး အဆင်ပြေနေပြီထင်တယ်။ မုန်းတစ်ခုခုကို လိုအပ်လာသလိုပဲ”
မုန်းရဲ့စကားအဆုံးမှာ အလင်းစုပ်ယူထားတဲ့ မုန်းရဲ့အငယ်ကောင်းလေးကို အားပါပါနဲ့ တစ်ချက်ဆွဲဆုပ်ပြီး လွှတ်ပေးလိုက်တော့ မုန်းလေးက . . . “ကိုကို့ “. . .ဆိုတဲ့ ဖွင့်ဟသံလေးနဲ့အတူ နှုတ်ခမ်းလေးကို ကိုက်ထားရှာတယ်။
အဲ့ဒီနောက်မှာတော့ မုန်းရဲ့ တွင်းဝလေးထဲကို အလင်းရဲ့အငယ်ကောင်ကို ထိုးသွင်းလိုက်တော့ မုန်းက သူရဲ့တွင်းဝလေးကို ကြောက်လန့်တကြားနဲ့ ဆွဲကျုံ့ထားရှာတယ်။
“မုန်းလေး စိတ်ကို နည်းနည်းလျှော့လိုက်နော်။ မုန်းစိတ်ကိုတင်းထားရင် ကိုကိုဆက်သွင်းဖို့ အဆင်မပြေဘူး။ စိတ်လျှော့လိုက်နော်”
မုန်းစိတ်လျှော့လို့ရအောင် မုန်းရဲ့နှုတ်ခမ်းလေးတွေကို အလင်း အနမ်းပေးလိုက်တယ်။ အနမ်းတွေ ခဏကြာသွားတဲ့အခါ မုန်းလေးရဲ့စိတ်တွေ တဖြည်းဖြည်းလျော့လာတာမို့ မုန်းရဲ့တင်းကြပ်နေတဲ့ အတွင်းသား နုနုလေးထဲကို အလင်းရဲ့ ညီငယ်လေးကို တဖြည်းဖြည်း ထိုးသွင်းလိုက်တယ်။ အလင်းရဲ့ အငယ်ကောင် တစ်ဝက်လောက်ထိ ဝင်သွားတဲ့အခါ မုန်းက မျက်ရည်လေးတွေလည်လာပြီး ငိုမဲ့မဲ့လေးဖြစ်လာတယ်။
“အာ့ . . .ကိုကို့. . . မုန်းနာနေပြီ . . . အရမ်းနာတယ်ကိုကို့”
“ခဏလေးနော် ခလေး။ ခဏလေးပဲ ခဏနေရင် မနာတော့ဘူးနော်”
မုန်းရဲ့လည်တိုင်ကိုစုပ်ယူရင်း အောက်ကအကောင်ပေါက်ကိုလည်း တစ်ဆုံးထိထိုးသွင်းလိုက်တယ်။ မုန်းပေါက်ရဲ့နာကျင်မှုကို သက်သာစေဖို့ အသွင်းအထုတ်ကို ဖြည်းဖြည်မှန်မှန်လုပ်ရင်း မုန်းရဲ့ညီငယ်လေးကို အလင်းရဲ့လက်နဲ့ အပေါ်အောက် စည်းချက်ညီညီ လှုပ်ရှားပေးလိုက်တယ်။
ကိုကို့ရဲ့အသွင်းအထုတ်တွေ အရင်ကထက်ပိုမြန်လာတဲ့အခါ နာကျင်မှုကနေ သာယာမှုကို ကူးပြောင်းလာသလို ပိုပိုပြီးတော့ လိုချင်လာတယ်။
“ကိုကို. . .နည်းနည်းလေးမြန်ပေးပါ”
မုန်းရဲ့တောင်းဆိုမှုနောက်မှာ အလင်းရဲ့စိတ်တွေကို လွှတ်ချလိုက်ပြီး အရှိန်နှုန်းကို ပိုမြှင့်လိုက်တယ်။ ပူနွေးတဲ့ အတွင်းသားနုနုအိအိလေးတွေက စိတ်ခံစားမှုကို အသာယာဆုံးဖြစ်အောင် နှိုးဆွပေးနေသလို ခါးလေးတွေကော့တက်ပြီး အလိုက်သင့်လေး စီးမြောနေတဲ့မုန်းကြောင့် ခံစားချက်တွေ ပိုကောင်းလာတယ်။ အရှိန်နှုန်းက တဖြည်းဖြည်းမြန်လာတဲ့အခါ ခံစားမှုက အထွဋ်အထိပ်ကို ရောက်လာတယ်။
“ဟား. . .ကိုကို့. . . ချစ်တယ်”
မုန်းငယ်လေးရဲ့ချစ်တယ်ဆိုတဲ့စကားက တက်မက်မှုတွေကို ပိုမိုပြင်းထန်လာစေသလို အလင်းရဲ့စိတ်တွေ လိုချင်စိတ်တွေလည်း ပြင်းပြလာပြီး ထိုးသွင်းမှုတွေလည်း ပိုမိုမြန်ဆန်လာတယ်။
“ချစ်တယ်မုန်း”
“ကိုကို့. . .မုန်း . . .ပြီး. . .ပြီးတော့မယ်”
“ကိုကိုလည်း. . .ပြီးဝော့ာမယ်။ တူတူပြီးရအောင်နော် မုန်းလေး”
အသွင်းအထုတ်ကို အရှိန်နှုန်းပိုမြှင့်လိုက်သလို မုန်းညီလေးကို ဆုပ်ကိုင်ကစားပေးနေတဲ့ အလင်းရဲ့လက်တွေကိုပါ အရှိန်မြှင့်လိုက်တယ်။ အသွင်းအထုတ်က အကြိမ်ရေများလာတဲ့အခါ အလင်းရဲ့စိတ်တွေ အဆုံးစွန်ထိရောက်ပြီး အထွဋ်အထိပ်ကို ရောက်တဲ့အချိန် လေဟာနယ်ထဲကို ရောက်သွားတဲ့ခံစားချက်နဲ့အတူ အလင်းရဲ့ဆန္ဒတွေ ပြီးမြောက်ခြင်းကို ရောက်ရှိသွားတယ်။ တစ်ပြိုက်နက်တည်းမှာပဲ မုန်းရဲ့ညီငယ်လေးက အလင်းရဲ့လက်ထဲမှာ ပြီးမြောက်လို့သွားပါတယ်။
နာကျဉ်မှုတွေကနေ အစပျိုးခဲ့တဲ့ သာယာမှုတွေကနေတဆင့် သာယာခြင်းအထွဋ်အထိပ်ကို တက်လှမ်းပြီးတဲ့အခါ မုန်းလည်းအတော်ကို ပင်ပန်းလို့သွားပါတယ်။
လက်ထဲက ကလေးငယ်ရဲ့ ပြီးမြောက်ခြင်းတွေကို ရေချိုးခန်းထဲကိုသွားပြီး ဆေးကြောလိုက်တယ်။ ပင်ပန်းသွားပြီဖြစ်တဲ့ မုန်းပေါက်လေးကို အိပ်ရာပေါ်မှာ သေချာပြန်ရွှေ့ထားပေးပြီး နှဖူးလေးကို အနမ်းပေးလိုက်တယ်။ ညစ်ပတ်နေတဲ့မုန်းကို သန့်ရှင်းပေးပြီး အဝတ်အစားကို အသစ်တစ်ထည်ယူပြီး ဝတ်ပေးလိုက်တယ်။ သိပ်မကြာတဲ့အချိန်တွင်းမှာပဲ မုန်းက အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်သွားပါတော့တယ်။ ကိုကို့ကလေးလေး ပင်ပန်းသွားပြီ။ ကောင်းသောညလေးပါ ကိုကို့ကလေးငယ် မွစ်။
*********
မုန်းအိပ်ရာနိုးတော့ ဘေးမှာအလင်းကို မတွေရတော့တာမို့ ဘေးဘီကို လှည့်ကြည့်ပြီး ရှာကြည့်တော့လည်း အရိပ်အယောင်တောင် မတွေ့ပေ။ ရေချိုးခန်းထဲမှာများလား။ ရေကျတဲ့အသံလည်း မကြားရဘူးဆိုတော့ အဲ့မှာလည်း မဖြစ်နိုင်လောက်ပါဘူး။ ဒါဆို ကျောင်းသွားတာများလား။ အင်း ဒါတော့ဖြစ်နိုင်တယ်။ အားးး အစုတ်ပလုတ်ကြီး သူများသားသမီးကို လုပ်ချင်တာလုပ်ပြီးလို့ဝတော့ ထားခဲ့ပြီး ကျောင်းသွားတယ်။ မုန်းလိုက်တာ။
မျက်နှာသစ်ဖို့အတွက် ရေချိုးခန်းထဲကိုသွားဖို့ လှဲနေရာက ထလိုက်တော့ အောက်ပိုင်းဆီက နာကျင်မှုက စူးခနဲပဲ။ နာကျင်လာတဲ့ခံစားချက်နဲ့အတူ တစ်ယောက်တည်းဆိုတဲ့ အတွေးကြောင့် ဝမ်းနည်းလာပြီး ထားခဲ့တဲ့သူကိုမေတ္တာပို့ရင်း အော်ငိုလိုက်တော့တယ်။
“အီးးးဟီးးဟီးးး လူယုတ်မာကြီး။ သူများသားမီးကို လုပ်ချင်တိုင်း လုပ်ပြီးတော့ ထားခဲ့တယ်။ ရေချိုးခန်းထဲတောင် မသွားနိုင်တော့ဘူး။ အရမ်းနာနေပြီ။ အီးးဟီးး ဒီနေ့တော့ ဒီကုတင်ပေါ်မှာပဲနေပြီး တနေကုန် အငတ်ခံရတော့မယ် ထင်ပါတယ်။ အီးးးဟီးးဟီးးး”
အလင်းအိပ်ရာနိုးတော့ မုန်းစားဖို့အတွက် သီးစုံထမင်းကြော်ပြီး မြှူစွမ်ပြုတ်လိုက်တယ်။ အားလုံးပြီးစီးသွားတော့ မုန်းလေးလည်း နိုးလောက်ပြီမို့ အိပ်ခန်းရှိရာကို ပြန်လာတဲ့အချိန် အိပ်ခန်းထဲမဝင်မှီ မုန်းရဲ့ငိုသံကို ကြားလိုက်ရတယ်။ မုန်းကလူကို လူယုတ်မာကြီးလို့ ပြောပြီး ရှိုက်ကြီးတငင် အော်ငိုနေပါရောလား။ ငိုနေတဲ့ကြားက သူထမင်းငတ်မှာလည်း စိုးနေသေးတယ်။ ဘာလေးလဲကွာ တကယ့်အဆိုးအဆာလေး။
“ကဲ ကိုကို့မုန်းလေး ဘာလို့ငိုနေတာလဲ”
အလင်းအသံကိုကြားမှ မျက်လုံးလေးပြူးပြီး လူကိုတစ်ခါမှ မတွေးဘူးတဲ့အတိုင်း ပြူးကြောင်ကြောင်လေး ကြည့်နေလေရဲ့။
“ဟင် ကိုကို့ ကျောင်းသွားတာမဟုတ်ဘူးလား”
“မသွားရပါဘူးဗျာ။ ကိုကို့ကလေးလေးကို ဒီလိုအခြေအနေနဲ့ တစ်ယောက်တည်း ထားခဲ့ရက်ပါ့မလား။ မုန်းလေးနိုးရင်စားဖို့ ချက်ပြုတ်နေတာ”
အလင်းစကားကိုကြားမှ ငိုနေတာရပ်ပြီး မျက်ရည်လေးတွေသုတ်ရင်း သူ့အနားကိုလာပေးဖို့ လက်ယက်ခေါ်တယ်။ အနားထိသွားပြီး ကုတင်ဘေးမှာရပ်လိုက်တော့ မုန်းလေးက အလင်းခါးကိုဖက်ပြီး ရင်ခွင်ထဲကို တိုးဝင်လာတယ်။
“ကိုကို့ မုန်းမထနိုင်ဘူး နာလို့”
“ဟုတ်လား ကိုကို့ကလေးလေးကိုနာအောင် ဘယ်သူကလုပ်တာလဲ ကိုကို့ကိုပြော”
“ဦးအလင်းရောင် ရွှတ်”
ကျလာတဲ့နှာရည်တွေကို ရွတ်ဆိုကာ ပြန်ရှိုက်ယူနေတဲ့ ကလေးငယ်လေး။ ခေါ်လိုက်တာလေးက ဦးအလင်းရောင်တဲ့လား ကလေးငယ်ရယ် ချစ်ဖို့ကောင်းလိုက်တာကွာ။
“ဝောာ်တော်ဆိုးတဲ့ ဦးအလင်းရောင်ပါ့လား။ နောက်မလုပ်ရဲအောင် အပြစ်ပေးမှရတော့မယ်။ ဦးအလင်းရောင်ကို ဘယ်လိုလုပ်ပေးရမလဲပြော”
“နာနာရိုက်ပေး”
“ဟုတ်ပြီ ကိုကို နာနာရိုက်လိုက်မယ်နော်။ ခုတော့ မုန်းလေးကို မျက်နှာသစ်ပေးမလို့ ကိုကို့ကိုခဏလွှတ်ပေးဦးနော်”
ထိုအခါမှ ခါးကိုဖက်ထားတာကို လွှတ်ပေးပြီး ရင်ခွင်ထဲက ထွက်တော့တယ်။ ရေဇလုံနဲ့စနိုးတာဝါယူလာပြီး မျက်နှာသစ်ပေးတော့ သတိတရမေးရှာတယ်။
“ကိုကို့တုန်းကလည်း အရမ်းနာမှာပေါ့နော်” . . .တဲ့။
“အင်း နာတော့နာတာပေါ့”
“ကိုကို့တုန်းက မုန်းဘာမှသိပ်မလုပ်ပေးလိုက်ရဘူး။ မုန်းအလှည့်ကြမှ ကိုကိုက အကုန်လိုက်လုပ်ပေးနေရတယ်”
“ကဲ ဘာမှ တွေးမနေနဲ့။ ကိုကိုက မုန်းကို ချစ်လို့လုပ်ပေးတာ။ အခု မနက်စာစားပြီး ဆေးသောက်ရမယ်နော်”
ခေါင်းလေးငြိမ့်ပြရင်း အလင်းရဲ့အင်္ကျီကော်လံကို လှမ်းဆွဲတာမို့ ဘာပြောချင်လို့ပါလိမ့်ဆိုတဲ့အတွေးနဲ့ အလိုက်သင့်လေး ခေါင်းကိုနှိမ့်ချပေးလိုက်တော့ နှုတ်ခမ်းကိုလာနမ်းပါတယ်။
“ပြွစ် ချစ်တယ်ကိုကို”
“ကိုကိုကလည်း ချစ်ပါတယ်ဗျာ မွစ်”
“ဒါနဲ့ ကိုကို့ဖို့ မနေ့ကဝယ်လာတဲ့လက်ဆောင် မပေးရသေးဘူး။ မေ့နေတာ။ မုန်းလွယ်အိတ်ထဲက ရွှေစံအိမ်ဆိုတဲ့ အိတ်အဝါလေးကို နှိုက်ပေးပါကိုကို”
မုန်းယူခိုင်းတဲ့အတိုင်းယူပေးလိုက်တော့ မုန်းလေးက အိတ်ထဲက ဗူးလေးတစ်ဗူးကို ဆွဲထုတ်တယ်။ ဗူးလေးကို ဖွင့်လိုက်တဲ့အချိန်မှာ တွေ့လိုက်ရတာက အနက်ရောင်လက်ပတ်ကြိုးလေးပါ။ ကြိုးအနက်ရောင်လေးရဲ့အလယ်မှာ ယုန်ရုပ်လေးရယ် Mစာလုံးလေးရယ်က နေရာယူထားတယ်။ ကျွန်တော် လုံးဝကို အံ့ဩသွားရပါတယ်။
“ကိုကို့ လက်ပေး“
မုန်းရှေ့ကို အလင်းလက်ကလေး ထိုးပေးလိုက်တော့ အလင်းလက်မှာပတ်ထားတဲ့ လက်ပတ်လေး(Heart Beat ပြတဲ့လက်ပတ်လေး)ကို မုန်းကချွတ်လိုက်ပြီး သူဝယ်လာတဲ့ လက်ပတ်ကြိုးလေးကို ကျွန်တော့်လက်မှာပတ်ပေးလာတယ်။
“မုန်း ဒါက”
“ဒါက မုန်းဆံပင်လေးတွေနဲ့ကျစ်ထားတဲ့ လက်ပတ်ကြိုးလေး။ ဒီMစာလုံးလေးက မုန်းနာမည်အစM။ ဒီယုန်ရုပ်လေးက မုန်း။ ဒီနေ့ကစပြီးပတ်ထားပေး။ ဘာအကြောင်းကြောင့်နဲ့မှ မချွတ်မိစေနဲ့”
“ဟုတ်ကဲ့ပါဗျာ။ ဒါနဲ့ ကိုကိုနဲ့မုန်းက ဘာလို့ အရာရာအားလုံးနီးပါးကို တစ်ထပ်တည်း တူနေရတာလဲ”
“ဟင်! ဘာလို့လဲ”
“ကိုကိုလည်း ကိုကို့ဆံပင်လေးနဲ့ကျစ်ထားတဲ့ လက်ပတ်ကြိုးလေးကို ရွှေစံအိမ်ကနေ ဝယ်လာတာ ဒီမှာ”
အလင်းက လွယ်အိတ်လေးထဲက ဘူးလေးကိုထုတ်ပြီး ဖွင့်ပြလိုက်တဲ့အချိန်မှာ မုန်းမျက်လုံးလေးတွေ အဝိုင်းသားဖြစ်သွားတဲ့အထိ တကယ်ကို အံ့ဩသွားရတယ်။ အလင်းဝယ်လာတဲ့ လက်ပတ်ကြိုးလေးရဲ့အလယ်မှာက မီးလုံးပုံစံ ရွှေပြားသေးသေးလေးပါ။
“ဒီမီးလုံးလေးက ကိုကိုလေ။ မီးလုံးက Light၊ Light ကအလင်းလေ အဲ့တော့ကိုကိုပေါ့ သိလား”
“အင်း မုန်းသိပြီ။ ဒါနဲ့ မုန်းနဲ့ကိုကိုဖုန်းထားတဲ့ Ringtoneတောင် တူနေမလားပဲ။ ပြောကြည့် ကိုကိုမုန်းအတွက် သီးသန့်ထားတဲ့ Ringtoneက ဘာလဲ”
“Double J ရဲ့ SMS”
“ဝိုးးးးး ကိုကိုနဲ့မုန်းက အရာအားလုံးနီးပါးကို အတွေးချင်း ထပ်တူကြနေတတ်တယ်နော်”
“ဘာလို့လဲ”
“မုန်းလည်း အဲ့ဒါကိုပဲ ကိုကို့အတွက် သီးသန့် Ringtone ထားထားတာ”
“အင်း ဒီလိုအတွေးချင်တူနေတော့ ဒီလိုအရာတွေကို အနက်အဓိပ္ပါယ် ကောက်ကြည့်လိုက်မယ်ဆိုရင် ကိုကိုတို့နှစ်ယောက်က ဘယ်တော့မှ မခွဲရဘဲ အသက်ကြီးတဲ့အထိ အိုအောင်မင်းအောင်းပေါင်ရမယ်ဆိုတဲ့ သဘောပဲ”
“ဘယ်သူပြောတာလဲ”
“ကိုကိုပြောတာ”
“လိပ်ကြီး”
“ဟားဟား ချစ်တယ်ကွာ ကလေးပေါက်ရာ မွစ်”
ထိုနေ့က တနေကုန် မုန်းရဲ့အနားမှာနေပြီး မုန်းလေးချွဲသမျှကို အလိုလိုက်ခဲ့ရတယ်။ ဂိမ်းအတူတူဆော့ရင်း မုန့်တွေမှာစားရင်းနဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ရပြန်တယ်။ မုန်းနဲ့ရှိတဲ့အချိန်တိုင်းက ကျွန်တော့်အတွက် အချိန်ကုန်မြန်လွန်းနေသလားလို့။
YOU ARE READING
မုန်းရဲ့အလင်းရောင်