Part 12(U+Z)

8.6K 664 8
                                    

#Unicode

စာမေပွဲနောက်ဆုံးနေ့ရောက်တော့ မေ့ရုပ်ရှင်ရုံမှာ မုန်းတို့ငါးယောက်အတွက် မေက လက်မှတ်ကြိုဖြတ်ပေးထားတာမို့ ရုပ်ရှင်ကြည့်ဖြစ်ကြတယ်။ ရုပ်ရှင်က ‘ဝိဉာဉ်ကကြိုး’တဲ့။

ရုပ်ရှင်ရုံထဲရောက်တော့ မေက မုန်းတို့ငါးယောက်အတွက် မုန့်တွေဝယ်ပြီး လာပေးပါတယ်။ ရုပ်ရှင်ကြည့်နေတုန်းမှာ အလင်းက မုန်းအနားကို ကပ်လာတယ်။

“မုန်းလေး”

“ပြောကြည့်”

မုန်းထင်တာမမှားရင် အလင်းတစ်ယောက် မုန်းကို နေကြာစေ့ ခွာခိုင်းတော့မှာပါ။ နေကြာစေ့ကို တအားကြိုက်ပြီး အခွံခွာရမှာ အလွန့်အလွန်ကို ပျင်းပါသော မောင်အလင်းပါ။

“နေကြာစေ့လေး ခွာကြွေးပါ့လား”

“အေး ထင်ပါတယ်။ ပြောတောင် ပြောပါ့မလားလို့ တွေးနေတာ။ မပြောရင် ငါဒီနေ့ ထီးထိုးမလို့”

“မုန်းလေးကလည်း လုပ်ပါ။ မင်က ခွာတာမြန်ပြီး တအားကျွမ်းတာပဲဟာကို နော်”

ဟုတ်ပါတယ် မုန်းက နေကြာစေ့ခွာတာ တအားမြန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာကိုယ် ခွာစားတာပဲ မြန်တာပါ။ သူများကို ခွာမကြွေးတတ်ပါဘူး။

ထောက်ခနဲ့ ခွာလိုက်တာနဲ့ လျှာဖျားပေါ်ကိုအရောက်မို့ အလင်းကိုကြွေးတဲ့အခါ ပါးစပ်ထဲကနေ ပြန်ယူပြီးမှ ကြွေးတာပါ။ ပါးစပ်ထဲရောက်ပြီးသားကို ပြန်ထုတ်ကျွေးလို့ အလင်းက ရွံမယ်လို့ မထင်ပါနဲ့။ ရွံတာထက် ခွာရမှာကို ပိုပျင်းပြီး မစားဘဲလည်း မနေနိုင်တာမို့ စားပါတယ်။

နေကြာစေ့ခွာလိုက် သူ့ကြွေးလိုက် ကိုယ်စားလိုက်နဲ့ နှုတ်ခမ်းတွေ ခြောက်လာရတယ်။

“အလင်း ရေတိုက်”

အလင်းက ရေဘူးကိုကိုင်ထားပြီး ပိုက်ကို ပါးစပ်နားတည့်ပေးတာမို့ စုပ်လိုက်ရုံပဲဆိုတော့ ကိုင်စရာမလိုဘူးလေ။ ဘယ်လောက် ဇိမ်ကျလိုက်သလဲ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့ ဟဲဟဲ။ နေကြာစေ့ခွာကြွေးလိုက် ရေတောင်းလိုက် အချိုရည်တောင်းလိုက်နဲ့ပဲ ရုပ်ရှင်တစ်ကား ပြီးသွားပါတော့တယ်။

ရုပ်ရှင်ကြည့်ပြီးတော့ မုန်း‌က ရွှေမှုံရတီကိုသနားလို့ စိတ်မကောင်းဖြစ်နေတုန်းမှာ နွေကပြောလာခဲ့တယ်။

“ရွှေမှုံရတီလေးကို သနားလိုက်တာဟာ။ တစ်ဖက်သတ်ချစ်ရတာ အရမ်းပင်ပန်းတာပဲနော်”

“ဟုတ်တယ် ငါလည်းသနားလို့။ ရွှေမှုံရတီ့နေရာမှာ ငါဆိုလည်း သူ့လိုပဲ လုပ်မှာ။ ကိုယ်တကယ် နှစ်နှစ်ကာကာ ချစ်ရတဲ့သူဆိုရင် ရအောင်ယူမှာ။ ဘယ်သူ့နောက်မှ အပါမခံဘူး”

ဟုတ်တယ် မုန်းအချစ်က နည်းနည်းတော့ အတ္တဆန်လိမ့်မယ်။ ဒါပေမဲ့ မုန်း ချစ်နေတဲ့အတွက်ကြောင့် ပိုင်ဆိုင်ချင်တယ်။

“ငါကတော့ သူချစ်တဲ့သူနဲ့နေရလို့ သူစိတ်ချမ်းသာတယ်ဆိုရင်ရပြီ။ ငါ့အတွက် ကျန်တာမလိုဘူး။ အချစ်ဆိုတာ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူးလေ။ သူပျော်ရွှင်နေတာကို ငေးကြည့်နေရရုံနဲ့လည်း အချစ်ကပြည့်စုံပါတယ်။ မပိုင်ဆိုင်ရလည်း သူပျော်ရွှင်နေတယ်ဆိုရင် ငါကျေနပ်ပြီ”

“ဒါတော့ မင်းနဲ့ငါ ထပ်တူကျတယ်အလင်း”

အားသစ်က အလင်းကို ထောက်ခံလိုက်တယ်။

“ဒါပေမဲ့ မင်းကတော့ ဖွင့်ပြောဖို့လိုပြီထင်တယ် အားသစ်”

အလင်းရဲ့အပြောကြောင့် အားသစ် ဒီနေ့လုပ်ရမယ့်အရာကို သတိရသွားပါတယ်။

“နွေ ခဏ”

အလင်းတို့သုံးယောက် ရုပ်ရှင်ရုံထဲက ထွက်သွားကြတော့ နွေ့လက်ကို ဆွဲထားပြီး ရုံထဲကလူတွေ အကုန်ကုန်အောင် စောင့်နေလိုက်တယ်။ ရုံထဲကလူ‌တွေ တစ်ယောက်မကျန် အကုန်ထွက်သွား‌တာ သေချာတယ်ဆိုတော့မှ နွေ့မျက်နှာကိုကြည့်ပြီး ရင်ထဲက ခံစားချက်တွေကို ဖွင့်ပြောလိုက်တယ်။

“ငါနင့်ကိုချစ်တယ်နွေ”

“ဟင်”

“ဟုတ်တယ်နွေ။ ငါနင့်ကိုချစ်တာ နင်နဲ့အလင်း မပြတ်ခင် ငါတို့စခင်ကတည်းကပါ။ နင်နဲ့အလင်း ပြတ်သွားပေမယ့် ကျောင်းစာအတွက် အရေးကြီးနေတာမို့ နင့်ကို အနှောက်အယှက် ဖြစ်မှာဆိုးလို့ ဖွင့်မပြောခဲ့တာပါ။ ခုတော့ ငါ့ကို စဉ်းစားပေးပါနော်နွေ”

“နင် တကယ်ပဲ မသိခဲ့တာလား အားသစ်။ ငါနဲ့အလင်း ဘာလို့ လမ်းခွဲခဲ့တာလဲဆိုတာကိုလေ”

“နင်တို့ တစ်ယောက်ကိုတစ်ယောက် သဘောကျတာထက် မပိုခဲ့လို့ မောင်နှစ်မလို သူငယ်ချင်းလိုပဲချစ်တာမို့ လမ်းခွဲတာလို့ အလင်းကပြောတယ်။ ပြီးတော့ မင်းသူ့ကိုချစ်နေရင် ဖွင့်ပြောလိုက်ပါလို့တော့ ပြောတယ်”

“အဲ့ဒါပဲလား။ ငါချစ်နေတာ အားသစ်ကိုပါဆိုတာကိုရော သူက နင့်ကို မပြောပြဘူးလား”

“ဟင့်အင် မပြောပြဘူး။ တောင်းပန်ပါတယ် နွေရယ်။ နင်အားသစ်ကို ချစ်နေမှန်းမသိလို့ ငါနင့်ကိုဖွင့်ပြော . . .ဟမ် . . နေပါဦး အားသစ်က ငါလေနွေ”

“အေးလေ”

“ဒါဆို နင်ငါ့ကိုချစ်တာပေါ့ ဟုတ်လားနွေ”

“ဟေ့အေ အားသစ်ကိုချစ်တာ”

“ဟ အား ဝမ်းသာလိုက်တာ ဟီးးး ကျေးဇူးပါနွေ။ ငါနင့်ကို အများကြီးချစ်ပေးပြီး စိတ်ချမ်းသာအောင်ထားပါ့မယ်။ ငါ့ကြောင့် ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူးလို့ ကတိပေးတယ်နွေ”

အားသစ်က ပြောလည်းပြော နွေ့လက်ကလေးကိုလည်း ကိုင်လိုက်တော့ နွေကမရုန်းဘဲ အေးချမ်းတဲ့အပြုံးနဲ့ အားသစ်လက်ကို နွေးထွေးစွာဖြင့် ပြန်လည်ဆုပ်ကိုင်လာခဲ့တယ်။

အားသစ်က နွေ့လက်ကိုမလွှတ်တော့ဘဲ လက်တွဲပြီး ရုပ်ရှင်ရုံထဲက ထွက်လာတော့ အလင်းပြောပြထားလို့ သိနေကြပြီဖြစ်တဲ့ သုတနဲ့မုန်းက အလင်းနဲ့အတူ ဂုဏ်ပြုစကားဆိုကြတယ်။

“Congratulations အားသစ်”

“နွေ့အပေါ် အများကြီးချစ်ပေးပြီး အများကြီးကောင်းပေးပါ အားသစ်။ နွေက ငါတို့အဖွဲ့ရဲ့ နွေဦးလေးမို့ သူမင်းကြောင့် စိတ်ဆင်းရဲရပြီဆိုတာနဲ့ ငါနဲ့မုန်းနဲ့အလင်းက မင်းကိုအရှင်မထားဘူး ကြားလား”

“အေးပါ သုတရာ။ နွေ့ကို ငါကြောင့် စိတ်မဆင်းရဲစေဘူးလို့ ကတိပေးတယ်။ ငါ့ကြောင့် နွေစိတ်ဆင်းရဲပြီဆိုတာနဲ့ မင်းတို့ရှေ့ကို ငါကိုယ်တိုင်လာပြီး အထိုးခံပါ့မယ်”

“နွေ နင်က ပြောစရာမလိုအောင် နားလည်မှုအပြည့်ရှိတယ်ဆိုတာ သိပေမယ့် အရင်ကထက် အားသစ်ကို ပိုနားလည်ပေးနော်။ နင်တို့နှစ်ယောက် ရှေ့ဆက်ရမယ့် အနာဂတ်မှာလှပပြီး ပျော်ရွှင်စရာ ကောင်းတာတွေပဲ ကြုံရပါစေ ငါတို့ချစ်တဲ့နွေ”

“ကျေးဇူးမုန်း ငါနင်တို့ကို အရမ်းချစ်တယ်”

“ငါတို့ရောပဲ”

မကြာခင်မှာဘဲ အားလုံး ခွဲခွာရတော့မှာမို့ ဝေးနေတဲ့ အချိန်ခဏမှာ နင်တို့အာလုံး အဆင်ပြေပါစေ။ ချစ်ရတဲ့ သူငယ်ချင်းလေးတွေ။ မကြာခင်မှာ ငါတို့ပြန်တွေ့ကြရအောင်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now