Part 34 (U+Z)

9K 552 27
                                    

#Unicode

ကျွန်တော့်မုန်းပေါက်လေးကို ကျွန်တော်လည်း အရမ်းလွမ်းနေရပါတယ်။ တနေ့တစ်ခါ ဖုန်းမပြောဘဲတောင် မနေနိုင်တာ ခုလိုသုံးရက်တောင် ဖုန်းမပြောဘဲနေရတာက ကျွန်တော့်အတွက် တော်တော်ကို အဆင်မပြေပါဘူး။ ကျွန်တော်ခုလိုမှမလုပ်ရင် နောက်ဆို ကျွန်တော့်စကားတွေကို နားမထောင်မှာဆိုးလို့ပါ။ ကျွန်ဝောာ်က ကျွန်တော့်စကားကို အလေးထားစေချင်ယုံလေးပါပဲ။

ဒီနေ့ အလင်းကို ဖုန်းဆက်လို့ရပါပြီ။ မနေ့က သုံးရက်ပြည့်သွားပြီလေ။ ဒီသုံးရက်လုံး အလင်းကိုဖုန်းမဆက်ဘဲ နေရတာမို့ တအားကိုလွမ်းနေပါပြီ။ လွမ်းတိုင်းလည်းငိုရလွန်းလို့ မျက်လုံးတွေအစ်ပြီး ပါးတွေဖောင်းကားနေပြီ။ အလင်းကိုဖုန်းခေါ်တော့ သုံးခါမြောက်မှ ဖုန်းကိုင်တယ်။

“ဟဲလို ကိုကို့”

“အင်း ပြော”

“မုန်းတောင်းပန်ပါတယ်နော်ကိုကို”

“အင်း”

“မုန်းကိုကို့ကို တအားလွမ်းတယ်”

“အင်း”

“ကိုကိုမုန်းကို အဲ့လိုအေးတိအေးစက်ကြီးမဆက်ပါနဲ့ အဟင့်. .ဟင့်. .အီး. .ဟီး. .ဟီး”

“နေပါဦးမုန်း။ မင်းက ဘာတွေမှန်တာလုပ်ထားလို့ မတရားခံရသလို ငိုနေရတာလဲပြော”

“မုန်း ကိုကို့ကို ခွင့်မတောင်းဘဲ သောက်လိုက်မိတာလည်း မှားပါတယ်။ ကိုကိုစောစောပြန်ခိုင်းတာကို ကိုကို့စကားကိုနားမထောင်ဘဲ နောက်ကျတဲ့အထိ နေမိတာလည်း မှားပါတယ်။ မူးအောင်သောက်တာလည်း မှားပါတယ် အီးးဟီးးးဟီးးး”

“မင်းအမြဲပဲ အမှားလုပ်ပြီးတိုင်း ငိုတယ်မုန်း”

“ကိုကို့”

မုန်းရဲ့ခေါ်သံနဲ့အတူ နောက်ကနေ အဖက်ခံလိုက်ရတာမို့ အလင်းတော်တော်လေးကို လန့်သွားပါတယ်။ ခုကျွန်တော့်နောက်ကနေ ကျွန်တော်ကိုဖက်လိုက်တာက မုန်းတဲ့လား။

“မုန်း”

နောက်ကိုလှည့်ကြည့်ဖို့ပြင်တော့ အလှည့်မခံဘဲ အလင်းကို တင်းတင်းကြပ်ကြပ်ကိုဖက်ထားပြီး လှည့်ခွင့်မပေးပါဘူး။

“ကိုကို့ မုန်းတောင်းပန်ပါတယ်နော်။ နောက်ဆို ကိုကိုမကြိုက်တာကို မုန်းလုံးဝမလုပ်တော့ပါဘူးနော်။ ကိုကို့စကားကိုလည်း မုန်း အလေးအနက်ထားပြီး နားထောင်ပါ့မယ်နော်။ တောင်းပန်ပါတယ်။ မုန်းကို အေးတိအေးစက်ကြီးလည်း မဆက်ဆံပါနဲ့။ လေသံမာမာနဲ့လည်း‌ မပြောပါနဲ့နော်။ မုန်းမခံစားနိုင်လို့ပါ အဟင့် . . ဟင့်”

“ကိုကို့ကို လှည့်ကြည့်ခွင့်လေးပေးပါဦးလား ကလေးငယ်”

ထိုကဲ့သို့ပြောလိုက်မှပဲ ဖက်ထားတဲ့လက်ကို‌ ဖြည်ပေးပါတယ်။ မုန်းပေါက်နဲ့ မျက်နှာချင်းဆိုင်ဖို့လှည့်လိုက်တော့ မုန်းပေါက်လေးက ရင်ခွင်ထဲကို တိုးဝင်လာတာမို့ အလိုက်တသိနဲ့ ဖက်ထားပေးလိုက်ရတယ်။

“ကိုကို့ကို လွမ်းနေတာ”

ဟား!!!!! လူကိုယ်တိုင်ရောက်ချလာပြီး သတ်တာအားမရလို့ အပြောလေးတွေနဲ့ပါ သတ်နေတာလား မုန်းပေါက်ရာ။

“ကိုကိုလည်း အရမ်းလွမ်းနေတာ”

ရင်ခွင်ထဲက ကလေးပေါက်ကို ဆွဲထုတ်လိုက်ရင်း မျက်နှာလေးကို လက်လေးနှစ်ဖက်နဲ့ကိုင်ပြီး နေရာအနှံ့ အနမ်းမိုးတွေ ရွာချလိုက်တယ်။ နောက်ဆုံးအဆုံးသတ်ကဝောာ့ ကျွန်တော်သိပ်မြတ်နိုးပြီး အရမ်းကြိုက်နှစ်သက်တဲ့ ရှိန်းမြတဲ့နေရာလေးမှာ အဆုံးသတ်လိုက်တယ်။ နှုတ်ခမ်းလေးတွေကို အနမ်းပေးတော့ ကျွန်တော့်အနမ်းတွေကို ကလေးပေါက်က ငြိမ်ငြိမ်လေးခံယူနေတယ်။ ပြီးတော့ နမ်းနေရင်းနဲ့ တစ်ချက် တစ်ချက် ရှိုက်လိုက်သေးတယ်။ ကျွန်တော့်ကလေးပေါက်လေးက ခုထိ အငိုမတိတ်သေးဘူးပဲ။

“ကိုကို မုန်းကို စိတ်မဆိုးပါနဲ့တော့နော် အီးဟီးဟီး”

ငိုပြန်ပါပြီ။ စိတ်ဆိုးပြေလို့ပဲ နမ်းနေတာကို။ ဘယ်လိုကလေးဆိုးလေးပါလိမ့်။

“ကဲ ကလေးလေး မငိုပါနဲ့တော့ကွာနော်။ မုန်းတအားငိုရင် နှလုံးအားနည်းပြီး နေမကောင်းဖြစ်တတ်‌တယ်လေကွာ။ မငိုနဲ့တော့‌နော် လိမ္မာတယ်။ ကိုကိုစိတ်ဆိုးပြေလို့ပဲ မုန်းလေးကိုနမ်းတာပေါ့။ စိတ်ဆိုးမပြေမှဖြင့် နမ်းမလား။ မငိုနဲ့တော့ တိတ် တိတ် ကိုကို့ရဲ့ကလေးပေါက်လေး မွစ်”

ထိုအခါမှပဲ ကိုယ်တော်ချောလေးက ပြုံးတော်မူတော့တယ်။

“ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲဆိုတာ ကိုကို့ကို ပြောပြပါဦး”

“မုန်းမနက်အစောကြီး ထလာတာ”

“ဟမ်”

“မေမေ့ကို ရန်ကုန်မှာ ဝယ်စရာရှိလို့လို့ပြောပြီး ထွက်လာတာ။ ကိုကို့ကို ဖုန်းခေါ်တော့ လမ်းထိပ်မှာရောက်နေပြီ။ ဓမ္မာရုံရှေ့မှာ ကားခဏရပ်ထားပြီး ခဏနေနေတာ”

“ဟောဗျာ ဘာလို့လိုက်လာရတာလဲ မုန်းပေါက်ရယ်။ ပင်ပန်းမှာပေါ့။ ကိုကိုက မုန်းလိုက်မလာလည်း စိတ်ဆိုးပြေမှာပဲဟာကို”

“ဟင့်အင် ဖုန်းမပြောရတဲ့ရက်အတွင်းမှာ မုန်းကိုကို့ကို အရမ်းလွမ်းနေတာ။ ကိုကိုစိတ်ဆိုးနေတာကိုလည်း မခံနိုင်ဘူး။ တအားလည်း လွမ်းနေတာမို့ လိုက်လာတာ”

“အားးးးး ချစ်လိုက်တာကွာ။ ကိုကို့ကလေးလေး တအားချစ်ဖို့ကောင်းပါ့လား မွစ်”

“မုန်းညနေပြန်ရမှာကိုကို”

“အင်း ခုလိုလိုက်လာပေးတာကိုပဲ ကျေးဇူးတင်ပြီး ပိုပိုချစ်ရပါတယ် ကိုကို့ကလေးလေးရယ်။ အလွမ်းနည်းနည်းပြေသလို ရှိသွားတယ်။ ဒါနဲ့ လိုက်ပို့ပေးတဲ့ ဦးလေးကြီးကရော ဘယ်မှာလဲ”

“ဘဘုန်ကျောင်းကိုသွားတယ်။ ညနေ မုန်းပြန်ချင်တဲ့အချိန်မှ ဖုန်းဆက်လိုက်မယ်”

“မုန်းမနက်အစောကြီး အိပ်ရာထလာရလို့ အိပ်ရေးမဝဘူးမို့လား။ ပြန်အိပ်လိုက်နော်။ လာ ကိုကိုပါ တူတူအိပ်ပေးမယ်”

နာရီကိုကြည့်လိုက်တော့ လက်တံက မနက်ရှစ်နာရီကို ညွှန်ပြနေတာမို့ ဒီအချိန် ဒီကိုရောက်ဖို့ဆိုရင် မနက်လေးနာရီကတည်းက ထွက်လာရမှာပါ။ ကျွန်တော့်‌ကလေးလေး သုံးနာရီ၊ သုံးနာရီခွဲလောက်ကတည်းက နိုးနေမှ လေးနာရီထွက်ဖို့ အဆင်သင့်ဖြစ်မှာပါ။ အအိပ်မက်တဲ့ အကောင်ပေါက်လေး ကျွန်တော့်ကြောင့် အိပ်ရေးပျက်ရသလို အရမ်းငိုထားလို့ထင်တယ် မျက်လုံးလေးတွေလည်း ဖောင်းအစ်လို့နေပါတယ်။

ဘယ်လောက်တောင် အိပ်ရေးပျက်ထားလဲမသိဘူး ခဏလေးနဲ့ကို တရှူးရှူးနဲ့ အိပ်ပျော်သွားတဲ့ မုန်းငယ်လေး။ အိပ်နေပုံကိုလည်း ကြည့်ဦး။ လူကို သူ့တစ်ကိုယ်လုံး ပစ်တင်ထားပြီး ခွထားတာ။ ဒီလိုအခွမခံရ အဖိမခံရတာတောင် အတော်ကြာနေပြီမို့လား။ ကျွန်ဝောာ်လည်း တအားကိုလွမ်းနေခဲ့တာပါ။ အိပ်တဲ့အချိန်ဆို ကျွန်တော့်ကို ခွဖက်ထားပြီးမှ အိပ်တတ်တဲ့ ကျွန်တော့်ရဲ့ကလေးပေါက်ကို အရမ်းလွမ်းနေခဲ့တာ။ နှုတ်ခမ်းလေးထော်နေဝာာက ဆွဲကိုက်ချင်စရာလေး။

ကလေးပေါက်ကို ငေးကြည့်ရင်း အလင်းလည်း အိပ်ပျော်သွားတာမို့ နေ့လည်ရောက်မှ နိုးလာခဲ့တယ်။ မျက်လုံးနှစ်ဖက်ကိုအားယူပြီး ဖွင့်လိုက်တော့ ကျွန်တော့ကို ငေးစိုက်ကြည့်နေတဲ့မုန်းလေး။

“ဘာလို့ အဲ့လောက်ကြည့်နေရတာလဲ မုန်းပေါက်လေး”

“အရမ်းချစ်လို့”

“ဟောဗျာ ချစ်ပေးတာနဲ့တင် ကျေးဇူးတင်နေတာမို့ ပို၍ချစ်ပေးပါ ကလေးငယ်။ ကိုကိုကလည်း ပို၍ပို၍ ချစ်ပေးပါ့မယ်”

“မွစ်”

“ဟာ ဘာလေးလဲကွာ။ လူကိုခွင်မတောင်းဘဲ နမ်းရလားမုန်းပေါက်ရဲ့။ လာပါဦး ကိုကို့ရဲ့ အသည်းနှလုံး ပုလဲလုံးလေးရဲ့”

လက်လေးနှစ်ဖက်ကို ဆန့်တန်းပြီးခေါ်လိုက်‌တော့ ရင်ခွင်ထဲကို တိုးဝင်လာကာ ကျွန်တော့်ရင်ဘတ်လေးကို ခေါင်အုံးလုပ်ပြီး ကျွန်တော့်ကိုမျက်လုံးဝိုင်းလေးတွေနဲ့ ရွှန်းရွှန်းဝေအောင်ကြည့်ပြီး လူကိုပြုစားနေတဲ့ကလေးငယ်လေး။

“ကိုကို့”

“ဗျာ”

“နောက်ဆို မုန်းကို လေသံမာမာနဲ့ မပြောပါနဲ့နော်။ မုန်းအရမ်းဝမ်းနည်းလို့ပါ”

“ဟုတ်ပါပြီအသဲရယ်။ ကိုကိုကစိတ်ဆိုးနေလို့ နည်းနည်းလေး လေသံမာသွားတာပါ။ နောက်ဆို မုန်းလေးကလည်း ကိုကို့စကားကို နားထောင်ပါ”

“ဟုတ်ကိုကို”

“လိမ္မာလိုက်တဲ့ ကလေးလေး။ ကိုကိုရဲ့ အသည်းကျော် ပဲလှော်လေးပါကွာ မွစ်။ အသည်းယားလိုက်တာ မွစ်”

အနမ်းတွေကို အလွမ်းတွေနဲ့အတိုးချပြီး အဆက်မပြတ်ပေးနေမိတယ်။ တအောင့်လောက်ကြာမှ တွေးမိတယ် ကျွန်တော့်ကလေးလေး ဗိုက်ဆာနေရောပေါ့။

“ကဲကိုကို နမ်းလို့ဝရင်လည်း ထတော့။ မျက်နှာသစ်မယ်”

“မုန်းဗိုက်ဆာနေပြီမို့လား”

“အင်း”

“ဘာစားချင်လဲ ကိုကိုဘာလုပ်ပေးရမလဲ”

“ထမင်းသုပ်စားချင်တယ်ကိုကို။ ထမင်းသုပ်ကျွေး”

“Ok ဘေဘီ။ ကိုကို မျက်နှာအရင်သစ်လိုက်မယ်နော်။ ပြီးရင် ကိုကိုမနက်စာပြင်ထားပေးမယ်”

မျက်နှာသစ်ပြီးတာနဲ့ မုန်းငယ်လေးစားချင်တဲ့ ထမင်းသုပ်ကို သုပ်လိုက်ပြီး ကြက်ဥလေးကို အနှစ်မကျက်အောင်ကြော်ကာ ကော်ဖီပူပူလေးဖျော်ရင်း အဆင်သင့်ပြင်ထားလိုက်တယ်။ မုန်းလေးက ရေချိုးနေလို့ထင်ပါရဲ့ နည်းနည်းကြာနေတယ်။ ထင်တဲ့အတိုင်းပါပဲ မုန်း‌လေးက ခေါင်ပေါ်လေးကို တဘက်နဲ့အုပ်ပြီး ထွက်လာပါတယ်။

“လာမုန်း ကိုကိုပြင်ပြီးသွားပြီ။ ခေါင်းတွေခြောက်အောင် မသုတ်ဘူးလား။ ကိုကိုသုတ်ပေးမယ် ဒီကိုလာ”

အနားကခုံလေးကို လာထိုင်ခိုင်းပေမယ့် မုန်းပေါက်က အလင်းရဲ့ပေါင်ပေါ်ကို လာထိုင်ပါတယ်။ မုန်းက ကိုယ့်ရဲ့ သမာဓိအားတွေကို လာစမ်းနေတယ်။ ခေါင်းကို ရေသုတ်ပေးတော့ မုန်းပေါက်‌လေးက ငြိမ်းနေရှာတယ်။

“ကိုကို့ မုန်းဗိုက်ဆာတယ်”

“စားလေ မုန်းပေါက်ရဲ့”

“ကိုကို ခွံ့ကျွေး”

“ဟုတ်ပါပြီဗျာ။ ခေါင်းကတော့ မခြောက်သေးဘူး။ ထမင်းကုန်မှ ဆက်သုတ်ပေးမယ်နော်။ ကိုကိုထမင်းခွံ့မယ် မုန်းက ကိုကို့ဘေးကခုံကို ရွှေ့ထိုင်ပေး”

“Ok”

မုန်းကိုထမင်းခွံ့ကျွေးတော့ ထမင်းဝါးနေတဲ့ပါးလေးတွေက ဖောင်ဖောင်းလေးဖြစ်နေတာမို့ အသဲယားပြီး ပါးလေးကိုဖျစ်လိုက်မိတဲ့အခါ လူကိုဆူပုတ်ပုတ်လေး ကြည့်လာတယ်။ ဘာလေးလားကွာ ချစ်ဖို့ကောင်းလွန်းလို့ ဖျစ်ထားတဲ့ပါးလေးကိုအနမ်းပေးတော့ ပြုံးနေလေရဲ့။ အမျိုးမျိုးတတ်နိုင်တယ် ဆယ့်နှစ်မျိုးဂျင်းသုတ်လေး။

စားပြီးသောက်ပြီးတော့ နှစ်ယောက်သား ဇာတ်ကားကြည့်ဖို့ နေရာယူလိုက်တယ်။ အလင်းက ဆိုဖာပေါ်မှာထိုင်ပြီး မုန်းက အလင်းရဲ့ ခြေထောက်နှစ်ချောင်းကြားမှာ နေရာယူကာ အောက်မှာဝင်ထိုင်တယ်။ အလင်း အပေါ်ကနေ မုန်းပေါက်ရဲ့ မခြောက်သေးတဲ့ခေါင်းကို ဆက်သုတ်ပေးနေရပါသေးတယ်။ နှာစီးမှာဆိုးလို့ပါ။

ကြည့်မိတဲ့ဇာတ်ကားက The daughter of war ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကားက စကြည့်ကတည်းက ကလေးလေးနဲ့ စစ်ဗိုလ်ရဲ့ မေတ္တာတရားကို အပြည့်အဝပုံဖော်ထားတာမို့ အတော်လေးကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်သိမ်းခါနီး ခွဲရတော့ ကျွန်တော်တောင် တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော့်အောက်မှာထိုင်နေတဲ့ အကောင်ပေါက်ကတော့ တရှုံ့ရှုံ့နဲ့ ငိုနေပါရောလား။ ဇာတ်သိမ်းလေးမှာ သူတို့နှစ်ယောက်ကို ပြန်ဆုံပေးတော့ ကျွန်တော့်ကလေးပေါက်လေးက ချုံးပွဲချ ငိုပါတော့တယ်။

“ကဲပါကွာ မုန်းလေးရာ ဟိုကပြန်ဆုံရပြီလေ။ မငိုနဲ့တော့ တိတ်တိတ်။ တနေ့လုံးငိုထားရတာ ခေါင်းကိုက်နေမယ်။ နှလုံးအားနည်းပြီး ဖျားမှဖြင့် ကိုကိုစိတ်ပူနေရဦးမယ် မုန်းပေါက်ရယ်”

“တော်သေးတာပေါ့ ပြန်ဆုံရလို့”

“ဟုတ်ပါ့ကွာ။ ဒါနဲ့ နောက်မကျခင် ပြန်ဖို့ပြင်တော့နော်”

“မပြန်ချင်သေးဘူး”

“မပြန်ချင်လို့မရဘူး အသည်းအသက်လေးရဲ့။ စောစောပြန်ရမယ်။ နောက်ကျမှပြန်ရင် ဟိုကိုမိုးချုပ်မှရောက်မှာ။ ကိုကိုစိတ်မချပါဘူး။ စောစောပြန်နော် ကလေးလေးက လိမ္မာတယ်”

“အင်းပါ”

“မုန်းကို ကိုကိုပြောရဦးမယ်။ ကိုကိုသင်္ကြန်ကြ တီသဲနဲ့ တရားစခန်းဝင်မှာ။ ကိုကိုမုန်းကို စိတ်ချမယ်နော်”

“ဟင်! အဲ့ဒါဆို ဖုန်းလေးတောင် မပြောရတော့ဘူးလား”

“တစ်ပတ်ပါပဲကွာနော်။ မုန်းသာ အပြင်တွေအရမ်းထွက်ပြီး လျှောက်မလည်နဲ့နော်။ အရက်၊ ဘီယာ၊ ဝိုင် လုံးဝ မသောက်ရဘူးနော်။ ကြားလား မုန်းလေး”

“အင်းပါ။ လွမ်းနေရတော့မှာပဲကွာ”

“ကိုကိုလည်း လွမ်းရမှာပါပဲ။ ကဲ ပြန်ဖို့ပြင်တော့ အသည်းနှလုံး။ အိမ်ပြန်ရောက်ရင် ကိုကို့ကိုဖုန်းဆက်ပါ။ ဖုန်းမဆက်နိုင်ရင်လည်း ပြန်ရောက်ပြီဆိုတဲ့အကြောင်း message တော့ပို့နော်။ မုန်းအိမ်ပြန်မရောက်မချင်း ကိုကိုစိတ်ပူနေရမှာ”

“ဟုတ်ကဲ့ပါကိုကို”

ထိုနေ့က မုန်းတစ်ယောက် ကျွန်တော်စိတ်ဆိုးနေလို့ အိမ်ကိုညာပြီး ကျွန်တော့်ဆီကို လိုက်လာခဲ့တယ်။ ပြန်ဖို့ကိုလည်း မပြန်ချင်သေးဘူးဆိုပြီး ဂျီကျနေတာမို့ ချော့မော့ကာ ပြန်လွှတ်ခဲ့ရပါသေးတယ်။ အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ကျွန်တော့်ရဲ့ကလေးပေါက်လေးပါပဲ။

***************

သင်္ကြန်မှာအလင်းက တီသဲနဲ့တရားစခန်းဝင်ပြီး မုန်းကတော့ မေမေနဲ့ ဥပုဒ်စောင့်ရင်း ကုန်ဆုံးခဲ့ရတယ်။ သင်္ကြန်ပြီးတော့ ဒုတိယနှစ်ဝက် ကျောင်းပြန်တက်ရတော့မှာမို့ အကုန်လုံး ရန်ကုန်ကို ပြန်ရောက်လာခဲ့ကြတယ်။

ဒုတိယနှစ်ဝက်ကို ဖြတ်သန်းရင်း စာမေးပွဲဖြေရတော့မယ့် အချိန်ကိုတောင် ရောက်လာခဲ့ပါရောလား။ 9လပိုင်း 24 ရက်နေ့မှာကျရောက်တဲ့ အလင်းရဲ့မွေးနေ့ကိုတော့ စာမေးပွဲနဲ့ ဖြတ်ကျော်ခဲ့ရပါတော့တယ်။ ဒါပေမယ့် အားလုံးက စာမေးပွဲနဲ့ မအားတဲ့ကြားက မွေးနေ့လက်ဆောင်လေးတွေပေးတာမို့ ကိုယ့်မှာကြည်နူးရသေးတယ်။ မုန်းပေးတဲ့လက်ဆောင်ကိုတော့ အကြိုက်ဆုံးပါပဲ။ 12နာရီအတိမှာပေးတဲ့ Birthday Kiss ရယ် addiads ဖိနပ်ဆင်တူလေးရယ်ကို အကြိုက်ဆုံးပါ။

ဒုတိယနှစ်ဝက်စာမေးပွဲပြီးလို့ အကုန်လုံးအိမ်ပြန်သွားကြပေမယ့် မုန်းတစ်ယောက်ကတော့ Web Developer သင်တန်းတက်ဖို့ဆိုကာ ကျန်ခဲ့ပါတယ်။ သင်တန်းတက်ချင်တာကနည်းနည်း အလင်းနဲ့ အတူတူရှိနေချင်တာက များများဆိုပါတော့ အဟိ။

ဒီနေ့က 10လပိုင်း 25 ရက်နေ့ မုန်းမွေးနေ့ပါ။ အလင်းတစ်ယောက် သတိတောင်ရရဲ့လားမသိ။ ညကအလင်းတို့အိမ်မှာ လိုက်အိပ်တာမို့ မနက်အိပ်ရာနိုးတဲ့အချိန် ဘေးမှာအလင်းကိုမတွေ့တာကြောင့် တစ်အိမ်လုံးလိုက်ရှာနေပေမယ့် ခုထိမတွေ့ပေ။ ဘယ်များသွားပါလိမ့်။ ငါ့မွေးနေ့လေးကို သတိတောင်မရဘူးလားဘားလား အလင်းစုတ်ကြီး။

“မုန်း”

“ဘာလဲ”

မွေးနေ့မနက်အိပ်ရာနိုးတဲ့အချိန် သူ့ကိုအရင်ဆုံးမမြင်ရတာမို့ စိတ်တိုတိုနဲ့ စောင့်ကြီးအောင့်ကြီး ထူးလိုက်မိတယ်။

“ဟင် အသံက ဘယ်လိုဖြစ်ရတာတုန်းဗျာ”

“ဘယ်ကနေ ပြန်လာတာလဲ”

“ဟောဗျာ မနက်စောစော လေ့ကျင့်ခန်းလုပ်တာလေကွာ”

“ခါတိုင်းမလုပ်ဘဲနဲ့”

“လုပ်ပါတယ်ဗျာ။ ဒီနေ့ ကိုကိုအိပ်ရာထနောက်ကျလို့ မုန်းအိပ်ရာနိုးအမှီ ပြန်မရောက်တာ”

“ဟုတ်လို့လား”

“ဟုတ်ပါ့ဗျာ”

“ဒီနေ့ဘာနေ့လဲ”

“ဗုဒ္ဓဟူးလေ”

“ကိုကို့”

မုန်းစိတ်ဆိုးဆိုးနဲ့အော်လိုက်မှပဲ ရယ်ကျဲကျဲနဲ့ ပြောလာတယ်။

“စတာပါဗျာ ဟော့ဒီက မုန်းလေးမွေးနေ့ပါခင်ဗျာ”

“ပေး Birthday Kiss “

“ပေးပြီးပြီလေ ကလေးပေါက်ရဲ့”

“ဟမ် ဘယ်တုန်းကပေးလိုက်တာလဲ။ မုန်းလည်းမသိလိုက်ရပါဘူး။ မပေးရသေးဘဲနဲ့”

“ညက 12နာရီအတိမှာ Birthday Kiss ပေးပြီးပြီလေ”

“ဟမ် မုန်းလည်းမသိလိုက်ရပါ့လား”

“ဘယ်သိမလဲ။ မုန်းက တရှူးရှူးနဲ့ အိပ်ပျော်နေလို့ ကိုကိုက မနှိုးတော့တာ”

“နှိုးလိုက်တာမဟုတ်ဘူး”

“ကဲပါထ ဘုရားသွားရအောင်”

“Birthday Kiss ထပ်ပေး”

နှုတ်ခမ်းလေးထော်ပေးလာတော့ အလင်းငုံ့နမ်းလိုက်တယ်။

“မွစ် Happy Birthday ကိုကို့ကလေးလေး”

မနက်ဘက် မုန်းကို ဘုရားလိုက်ပို့ပေးပြီး နေ့ခင်းဘက် ရုပ်ရှင်လိုက်ပြရတယ်။ ညနေကြတော့ ကမ်းနားလမ်းမှာ မုန့်လိုက်ကျွေးလိုက်တယ်။ သူ့ကိုပဲကျွေးပြီး ကျွန်တော်တော့ မစားဖြစ်ခဲ့ပါဘူး။ ညရောက်တော့ ကလေးပေါက်ကို အိမ်ပြန်လိုက်ပို့ပေးတော့ ဒီနေ့တစ်နေ့လေး အိမ်ပြန်မအိပ်ချင်ဘူးဆိုပြီး ဂျီကျနေလေရဲ့။

“ကိုကို့ ဒီနေ့ အိမ်ပြန်မအိပ်လို့ မရဘူးလား။ ဒီနေ့တစ်နေ့လေး ကိုကိုနဲ့တစ်နေကုန် အတူရှိချင်လို့ပါဆို”

“ကိုကို မုန်းနဲ့တစ်နေကုန် အတူနေပေးတယ်လေကွာ။ ခုကလည်း ကိုကို့သူငယ်ချင်း ဆေးရုံတက်နေရလို့ ကိုကိုလူနာသွားစောင့်ပေးရမှာမို့ပါ။ လိမ္မာတယ်နော် မုန်းပေါက်က”

“မုန်းလည်း လူနာလိုက်စောင့်ပေးမယ်လေနော်”

“မုန်းက မနက်သင်တန်းတက်ရမှာလေ။ အိပ်ရေးပျက်နေမှာဆိုးလို့ မလိုက်နဲ့နော်”

“လိုက်ချင်ပါတယ်ဆို ကိုကိုကလည်း”

“မလိုက်ရပါဘူးဆိုကွာ။ ကိုကိုမုန်းကို လှည်းတန်းမှာ ချခဲ့ပေးမယ်။ အိမ်ကို မုန်းဘာသာမုန်း ပြန်လိုက်နော်။ အိမ်ကို တန်းတန်းမတ်မတ် ပြန်နော်။ ကိုကိုစိတ်ချမယ်နော် ကလေးလေး”

“အင်း”

မအင်းချင် အင်းချင်နဲ့ အင်းလိုက်ရပါတော့တယ်။ မုန်းတစ်ယောက် စိတ်မကောင်းလွန်းလို့ ဝမ်းနည်းပြီးငိုချင်လာတယ်။ မွေးနေ့မှာ တစ်နေကုန် သူနဲ့တူတူရှိချင်လို့ပါဆို။ မွေးနေ့မှာ သူနဲ့အိပ်ချင်လို့ပါ ဆိုတာကို။ မွေးနေ့လေးမှာ ကိုယ့်ချစ်သူဘေးမှာ နေပေးမယ်မရှိဘူး။ လူနာသွားစောင့်တယ်။ လူနာသွားစောင့်ရမယ်ဆိုလည်း အိမ်ထိတော့လိုက်ပို့ပေါ့။ ခုတော့ လူကို လမ်းမှာချထားခဲ့တယ်။ မုန်းလိုက်တာ။

ဒီလောက်စိတ်ဆိုးနေတာတောင် အိမ်ကိုတန်းတန်းမတ်မတ်ပြန်ပါ ဆိုတဲ့ သူ့စကားကိုနားထောင်ပြီး Taxi ငှားကာ အိမ်ကို ပြန်လာခဲ့လိုက်တယ်။ Taxi ပေါ်မှာလည်း ဝမ်းနည်းလွန်းလို့ ငိုပြီးလိုက်လာခဲ့တယ်။

အိမ်တံခါးဖွင့်ပြီး အထဲကိုခြေလှမ်းချတော့ မှောင်မဲနေပါ့လား။ အပြင်မှာမီးလာပါတယ် ငါ့တစ်အိမ်တည်းကွက်ပြီး မီးပြတ်နေတာလား။ အဆင်မပြေတော့ဘူးဆိုရင် အဲ့လိုပဲ အကုသိုလ်က အလုံးအရင်းနဲ့ကိုဝင်တာ။

အမှောင်ထဲက ဖယောင်းတိုင်မီးအလင်ရောင်လေးနဲ့အတူ ကိုကို့ရဲ့ မွေးနေ့သီချင်းလေးကို ကြားလိုက်ရတဲ့အချိန် လူက ကြက်သေသေနေမိတယ်။

. . . Happy Birthday to you
Happy Birthday to you
Happy Birthday
Happy Birthday
Happy Birthday to you . . .

“ကိုကို”

“Happy Birthday Day ကိုကို့ ကလေးလေး”

ကိတ်မုန့်လေးကို မုန့်ရှေ့ထိတိုးပေးလာဝောာ့ လက်အုပ်လေးချီကာ ဆုတစ်ခုတောင်းပြီး ဖယောင်းတိုင်မီးလေးတွေကို မှုတ်လိုက်တယ်။ ဖယောင်းတိုင်မီးလေး ငြိမ်းသွားတာနဲ့ တပြိုင်နက် ကိုကိုက သူ့ဘေးနားမှာရှိတဲ့ နံရံက အခန်းမီးခလုတ်လေးကို နှိပ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ မုန်းအော်ငိုလိုက်ပါတော့တယ်။

“ကိုကို အီးးဟီးးဟီးး”

“ဟာကွာ ငိုပြန်ပြီကွာ။ ဘာလို့ငိုရပြန်တာတုန်း”

“ကိုကိုမုန်းကိုထားခဲ့ပြီး ပြန်သွားလို့ မုန်းတအားဝမ်းနည်းပြီး တစ်လမ်းလုံးငိုလာတာ ကိုကိုသိရဲ့လား အီးးဟီးးဟီးး”

အလင်းတစ်ယောက် ကိုင်ထားတဲ့ကိတ်မုန့်ကို ဘေးကခုံပေါ်တင်ပြီး ကလေးပေါက်ကို ရင်ခွင်ထဲထည့်ကာ ဖက်ထားပေးရင်း အငိုတိတ်ဖို့ ချော့ရပါတော့တယ်။

“ဟုတ်ပါပြီ အသဲနှလုံးရယ် တိတ်တော့နော်။ ကိုကိုက မုန်းကို Surprise ဖြစ်အောင်လို့ လုပ်လိုက်မိတာပါ။ ကိုကို့‌ကြောင့် မုန်းတအားဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားရတယ်။ ကိုကိုတောင်းပန်ပါတယ်နော်”

တောင်းပန်နေတဲ့ ကိုကို့ကိုကြည့်ပြီး သနားလာတာမို့ ငိုနေတာကိုရပ်ကာ မျက်ရည်တွေကိုသုတ်ပြီး ကိုကို့ပါးလေးကို အနမ်းပေးရင်း အခန်းထဲကို ဝေ့ကြည့်လိုက်တယ်။ TVထားထားတဲ့ ဧည့်ခန်းလေးထဲမှာ Happy Birthday Mone ဆိုတဲ့ စာတန်းလေးရယ် တစ်ခန်းလုံးမှာလည်း အသဲပုံပူဖောင်းတွေအပြည့်နဲ့ပါ။ စားပွဲခုံပေါ်မှာလည်း addiads အဖြူရောင်ဆင်တူဦးထုပ်လေး နှစ်လုံးရယ်၊ ဝက်ရုပ်လေးရယ် တခြားမုန်းကြိုက်တဲ့ မုန့်လေးတွေရယ်ကို အသည်းပုံလေးဖော်ပြီး တင်ပေးထားပါတယ်။ တစ်ခန်းလုံးကိုလည်း နှင်းဆီပန်းပွင့်ဖတ်လေးတွေ အပြည့်ကြဲထားတာမို့ တစ်ခန်းလုံး နီရဲတောက်နေတာပဲ။ လှလိုက်တာ။

မုန်းငေးကြည့်နေတဲ့အချိန် ကိုကိုက မုန်းရှေ့မှာ ဒူးလေးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်တော့ မုန်းအံ့ဩသွားရတယ်။ မုန်းခြေထောက်လေးတစ်ဖက်ကိုယူပြီး ကိုကိုထောင်ထားတဲ့ ကိုကို့ဒူးခေါင်းလေးပေါ်ကို ဆွဲတင်လိုက်ပါတယ်။ ပြီးတော့ မုန်းခြေထောက်လေးကို အသည်းပုံပါတဲ့ ခြေကျင်းလေး ဝတ်ပေးလာတော့ မုန်းတကယ်ကို အံ့ဩလို့သွားရပြန်ပါတယ်။

“မုန်းအတွက် ကိုကို့ရဲ့လက်ဆောင်”

ကိုကို့စကားအဆုံးမှာ မုန်းမျက်ရည်လေးတွေ ဝေ့လာတယ်။

“ကျေးဇူးတင်ပါတယ်ကိုကို။ မုန်းအရမ်းကြိုက်တာပဲ။ မုန်းကိုဂရုတစိုက်နဲ့ အသေးစိတ်လေးကစ ဂရုစိုက်ပြီး ချစ်ပေးလို့ ကျေးဇူးတင်ပါနော် အဟင့်. .ဟင့်”

“ဟော ငိုပြန်ပြီကွာ ကိုကို့ခလေးက။ ကိုကို့ကိုချစ်ရင် မငိုနဲ့‌တော့ကွာနော် တိတ်တော့နော်”

အလင်းအငိုတိတ်ခိုင်းလိုက်တော့ မုန်းပေါက်က မျက်ရည်လေးတွေသုတ်ပြီး ချက်ချင်းတိတ်ရှာတယ်။

“မုန်းက စားပွဲပေါ်က ဆင်တူဦးထုပ်လေးနဲ့ အရုပ်‌တွေပဲလို့ ထင်နေတာ။ ကိုကို ပိုက်ဆံတွေ အများကြီးကုန်တော့မှာပဲ”

“မုန်းကိုလက်ဆောင်တွေ အများကြီးပေးချင်လို့ ကိုကို့မုန့်ဖိုးတွေကို စုထားတာ။ မုန်းကိုပေးချင်လို့ သီးသန့်စုထားတာမို့ ကိုကိုကတော့ ကုန်တယ်လို့ မထင်ပါဘူး”

“ကိုကိုဒါတွေကို ဘယ်အချိန်ကတည်းကလာပြီး ပြင်ဆင်ထားတာလဲ”

“မနက်က အစောကြီးထပြီး ကိတ်မုန့်မှာတယ်။ နှင်းဆီပန်းဝင်ဝယ်တယ်။ မုန်းအခန်းကိုလာပြီး ပူဖောင်းတွေမှုတ်ထားတယ်။ ကိုကိုဝယ်လာတဲ့ လက်ဆောင်လေးတွေကို အသည်းပုံလေးဖော်ပြီး ပြင်ပေးထားတယ်။ ခုနက မုန်းကိုလှည်းတန်းမှာထားခဲ့ပြီး ကိတ်မုန့်ဝင်ယူပြီး မုန်းအခန်းကို မုန်းထက်အရင်ရောက်ဖို့ ပြေးလာခဲ့ရသေးတယ်”

“အားးးး ချစ်လိုက်တာ ကျွန်တော့်ရဲ့ကိုကို့ကို။ အာာဘွာား အကြီးကြီး မွစ် မွစ်။ ဒီနေ့ရတဲ့ မွေးနေ့လက်ဆောင်တွေထဲမှာ ခုကိုကိုဝတ်ပေးတဲ့ ခြေကျင်းလေးကို အကြိုက်ဆုံးပဲ။ မုန်းက ကိုကို့ဆီက လက်ဆောင်မရတော့ဘူးလို့တောင် ထင်ထားတာ။ ခုလို အများကြီးရလိမ့်မယ်လို့ တွေးတောင် မတွေးထားဘူး။ ကိုကိုက ဒီနေ့တစ်နေကုန် လက်ဆောင်အကြောင်းမဟတော့ ကိုကို့မှာ မုန့်ဖိုးမရှိလို့ မုန်းကိုဝယ်မပေးနိုင်ဘူးလို့ထင်ပြီး ‌လက်ဆောင်အကြောင်း ပြောတောင်မပြောရဲဘူး။ ‌လက်ဆောင်အကြောင်းပြောလိုက်မိရင် ကိုကိုစိတ်မကောင်းဖြစ်မှာဆိုးလို့”

ဘယ်လောက်တောင် အလိုက်သိတတ်တဲ့ ကျွန်တော့်ရဲ့ချစ်သူလေးပါလဲဗျာ။ ကျွန်တော်စိတ်မကောင်းဖြစ်မှာဆိုးလို့ ကျွန်တော့်ရှေ့မှာ မွေးနေ့လက်ဆောင်အကြောင်း မပြောခဲ့တာပါတဲ့ဗျာ။

မနက်က Birthday Kiss ပဲတောင်းပြီး ဒီနေ့တစ်နေကုန် သူ့အတွက် မွေးနေ့လက်‌ဆောင်ပေးဆိုပြီး မတောင်းခဲ့ဘူး။ မွေးနေ့လက်ဆောင် ဘာပေးမှာလဲဆိုပြီးလည်း မမေးခဲ့ဘူး။ လက်ဆောင်မပေးလို့လည်း ဘာမှမပြောရှာဘဲနေတာက ကျွန်တော် စိတ်မကောင်းမှာဆိုးလို့တဲ့လား ကလေးပေါက်ရယ်။ ဒီလို အလိုက်သိလွန်းတာလေးတွေကြောင့်ပဲ ပို၍ပို၍ ချစ်နေရတာပါ။

“ဪ မေ့နေတာ။ မုန်းကို လက်ဆောင်ပေးစရာ ကျန်သေးတယ်”

“ဟမ် ကျန်သေးတယ်လား။ ဘာထပ်ပေးဦးမှာလဲ”

“ကိုကို့ကို”

“ဟမ် ကိုကို့ကို”

ကိုကိုပြောတဲ့ ကိုကို့ကို ဆိုတဲ့စကားလေးကို နောက်ကနေ သံယောင်လိုက်မိလိုက်တယ်။ ကိုကိုပြောချင်တာကို မုန်းတကယ်ကို နားမလည်ပါဘူး။

“ဟုတ်တယ် ကိုကို့ကိုပေးမှာ”

“ဟင်”

ဒီတစ်ခါလည်း မုန်းထပ်ပြီးအံ့ဩရပြန်ပါတယ်။

“ကိုကို့ကိုယူပါမုန်း”

မုန်းရဲ့အလင်းရောင်Where stories live. Discover now