Part 6 (U+Z)

9.4K 726 14
                                    

#Unicode

"မုန်း"

"ဟင်"

"ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ အိမ်လိုက်ခဲ့နော်။ မေမေက မင်းကြိုက်တဲ့ Hotpot လုပ်ကျွေးမယ်တဲ့။ အသားများများနဲ့တဲ့"

"တကယ်ကြီလား"

"တကယ်ပေါ့။ စာမေးပွဲဖြေပြီးရင် ကျောင်းတံခါးဝမှာ စောင့်နေမယ် ok"

"Oki ဖြေနိုင်ပါစေအလင်း"

"ဖြေနိုင်ပါစေမုန်း။ စိတ်အေးအေးထားဖြေနော်မုန်း"

အလင်းတို့ စာမေးပွဲခန်းထဲကို ကိုယ်စီကိုယ်စီ ဝင်ခဲ့ကြတယ်။ စာမေးပွဲဖြေပြီးတဲ့အခါ မုန်းကို ကျောင်းတံခါးဝမှာ စောင့်နေခဲ့လိုက်တယ်။

ခဏကြာတော့ . . . ဟော . . .မောင်မုန်းထွက်လာပါပြီ။ လာပါလိမ့်မယ် အဖြေတိုက်ဖို့။ ဖြေပြီးသားကို အဖြေတိုက်တာလည်း သူအကျင့်။ တိုက်ပြီးလို့ သူဖြေတဲ့အဖြေ မှားရင်လည်း စိတ်ဆင်းက ရဲတတ်ပါသေးတယ်။ ဖြေပြီးသားကို ပြန်ပြင်လို့ ရတော့တာလည်း မဟုတ်ဘဲနဲ့ သူပဲစိတ်ဆင်းရဲခံပြီး တိုက်နေသေးတယ်။

"အလင်း ငါ့မေးခွန်းစာရွက်မှာ အဖြေတွေရေးလာတယ်။ မှန်ရဲ့လားလို့ စစ်ပေးပါ"

ကဲ . . ကျွန်တော်ပြောတယ်မို့လား။ ဒီလိုပြန်စစ်မှမုန်းပီသမှာပေါ့။

"မုန်းရာ ဖြေပြီးသားကို ပြန်ပြင်လို့ရတော့တာလည်း မဟုတ်ဘဲနဲ့ စစ်မနေပါနဲ့တော့ကွာနော်။ မှားရင်လည်း မင်းပဲ စိတ်ညစ်ရအုံးမယ်။ စိတ်ညစ်ရင် မင်း Hotpot စားမကောင်းဖြစ်နေမယ်။ စားပြီးမှစစ်လေ ငါစစ်ပေးမယ်နော်"

"စားပြီးမှစစ်ရင်လည်း ငါက စိတ်တထင့်ထင့်နဲ့ စားဝင်မှာမဟုတ်ဘူးကွ။ စစ်ပေးပါနော် . . နော်။ ဒါမှ ငါ အစားဖြောင့်ဖြောင့် စားနိုင်မှာမို့လို့ပါ‌ . . နော် . . နော် အလင်း နော်" 

မျက်နှာငယ်လေးနဲ့ ပြောလာတော့လည်း အလင်းမှာ မနေနိုင်မထိုင်နိုင် စစ်ပေးရတော့တာပါပဲ။ ဒီက သူစိတ်ဆင်းရဲမှာမို့ စစ်မပေးတာကို။ မရတော့လည်း မတတ်နိုင်ဘူး စစ်ပေးလိုက်ရုံပေါ့။

"ဖေလာပြီ အလင်း"

အလင်းမော့ကြည့်တော့ ဖေဖေက အလင်းရှေ့တည့်တည့်တောင် ရောက်နေပါပြီ။

"သား . . ဆိုင်ကယ်ပေါ်တက်လေ။ ဘာတွေကို အဲ့လောက်ပြူးပြဲပြီး စစ်နေတာတုန်း"

"ဒီမှာလေ မုန်းပေါ့ဖေဖေရ။ ဖြေပြီးသားကို ပြန်ပြင်လို့ရတာလည်း မဟုတ်ဘဲနဲ့။ သားကိုအတင်းစစ်ခိုင်းနေလို့ သူစိတ်ချမ်းသာအောင် စစ်ပေးနေလိုက်တာ"

အလင်းက ဖြေပြီးသားကို ပြန်စစ်နေကြ မဟုတ်ပါဘူးလို့တော့ ထင်သား။ မုန်းလေးက အမြဲစိတ်ပူတတ်တဲ့ ကလေးလေးမို့ စိုးရိမ်နေရှာတာနေမှာ။ ဦးအောင်မြတ်မှာ သားအလင်းနဲ့ မုန်းလေးကိုကြည့်ပြီး တခုတော့တွေးမိတယ်။ ဆန့်ကျင်ဘက်နှစ်ယောက် ဘယ်လိုများ ခုချိန်ထိ တွဲလို့ရနေသလဲလို့ပေါ့။

အလင်းတစ်‌ယောက် ဆိုင်ကယ်ပေါ်မှာ တစ်လမ်းလုံး‌ မုန်းအဖြေလွှာကို စစ်လာရတယ်။ အိမ်ရောက်တော့လည်း လေးငါးခုလောက်မှားတာကို အကြီးအကျယ် စိတ်ဆင်းရဲပြနေ‌တဲ့ မုန်းကိုကြည့်ပြီး ကိုယ်ပါ စိတ်မသက်မသာ ဖြစ်ရပါတယ်။

"မုန်း မင်း ဒီနေ့ စိတ်ညစ်လို့ ပြီးဦးမှာလား။ Hotpot ရော စားဦးမှာလား။‌ ဖြေပြီးသားကို ပြန်ပြင်လို့ရတာလည်း မဟုတ်ဘဲနဲ့။ ဘာကို စိတ်ညစ်ခံနေတာလဲ ဟမ်။ ပြန်ပြင်လို့ ရတော့လို့လား။ ကဲ ပြော"

စိတ်တိုတိုနဲ့ ပြောလိုက်ပေမယ့် သူ့ကိုကြည့်ပြီး ကိုယ့်မှာ ရင်ထဲမကောင်းပေ။

"မင်းက စာတော်တော့ ပြောအားရှိတာပေါ့။ မင်းက အကုန်မှန်နေတော့လည်း ပြောပေါ့"

"အေး အဲ့တော့ မင်းမစားတော့ဘူးလားပြော"

"စားမှာ"

မုန်းလေးပြောတဲ့ပုံက စိတ်မသက်မသာဖြစ်နေပြီး မျက်နှာငယ်လေးနဲ့မို့ ဒေါ်ရတနာလည်း မနေသာတော့ဘဲ အလင်းကို ဝင်ပြောလိုက်ရပါတယ်။

"သားရယ် ဘာလို့ မုန်းကို ဆူနေရတာတုန်း။အားပေးမယ်တော့ မရှိဘူး။ သူလည်း စိတ်ညစ်နေရှာမှာပေါ့"

"ကဲ . . လာမုန်း စားမယ်။ အဲ့စိတ်ညစ်တာကို ခဏမေ့ထားလိုက် ကြားလား"

"အင်းပါ"

အလင်းပြောလိုက်တော့လည်း မျက်နှာငယ်လေးနဲ့ပြန်ဖြေပြီး စားရှာပါတယ်။

"ဪ . .  ဒါနဲ့ . . ကိုကိုပြောစရာရှိတယ် မိန်းမ"

"အင်း ပြောလေကိုကို။ ဘာပြောမလို့လဲ"

"ကိုယ်မန်နေဂျာရာထူးတိုးပြီး ပုသိမ်ရုံးကို ပြောင်းရမယ်"

"ဟမ်"

"ဗျာ"

ပြိုင်တူထွက်သွားတဲ့ အာမေဋိတ်သံရဲ့ အဆုံးမှာ အလင်းနဲ့မုန်း  တစ်ယောက်ကိုတစ်ယောက် တွေဝေစွာနဲ့ ငေးကြည့်နေမိခဲ့ကြတယ်။

ဖေ့စကားကိုကြားလိုက်တော့ မုန်းတကယ်ကို အံ့ဩသွားရတာပါ။

အလင်း ခုဖေဖေရာထူးတိုးလို့ ပျော်ရမှာလား။ နေရာပြောင်းရမှာမို့ ဝမ်းနည်းရမှာလား။

"ကိုကို့တကယ်လား"

"အင်းတကယ်"

"ဒါဆိုကျမတို့ပါ ပုသိမ်ကို လိုက်ပြောင်းရမှာပေါ့။ ဘယ်တော့ ပြောင်းရမှာလဲ"

"ဒီလကုန်မိန်းမ"

"ဟမ် ဖေဖေ့ဟာကလည်း မမြန်လွန်းဘူးလား"

"အင်း မြန်တော့မြန်ပေမယ့် ဖေဖေအရင်သွားပြီး ဟိုမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်မယ်။ ဖေဖေဟိုမှာ အဆင်သင့်ဖြစ်ပြီဆိုမှ သားနဲ့သားမေမေက နောက်ကလိုက်လာခဲ့ပေါ့"

မုန်းခုမှ တကယ်ကို မခံစားနိုင်တော့တာပါ။ ဒီလောက်မြန်မြန်ကြီး အလင်းတို့မိသားစုနဲ့ ခွဲရလိမ့်မယ်လို့ ဘဝမှာ တစ်ခါမှ တွေးတောင် တွေးမကြည့်ခဲ့ဘူးတာ အမှန်ပါ။

မုန်းတို့အားလုံး စားသောက်ပြီးတော့ ဖေဖေနဲ့အလင်းက မုန်းကို ပြန်လိုက်ပို့ကြပါတယ်။ မုန်းအိမ်ထဲဝင်ခါနီးတော့ ဖေ့ကိုပြောလိုက်တယ်။

"မုန်း ဖေတို့နဲ့ ခွဲနိုင်မယ် မထင်ဘူးဖေ"

မုန်းပြောပြီးတာနဲ့ အိမ်ထဲကို ပြေးဝင်ပြီး အခန်းထဲထိ တန်းဝင်လာခဲ့လိုက်တော့တယ်။ မေမေ့ကို သားပြန်ရောက်နေပြီလို့တောင် မပြောနိုင်တော့ပါဘူး။ မုန်းရဲ့ ရင်ဘတ်ကြီးတစ်ခုလုံး တင်းတင်းကြပ်ကြပ်ကြီး ဖြစ်နေတယ်။ မုန်းငိုချင်နေတယ်။ မုန်း ဖေတို့မေတို့နဲ့ မခွဲနိုင်လို့ မသွားပါနဲ့လို့ မုန်းမှာပြောပိုင်ခွင့်လည်း မရှိဘူးလေ။

အလင်းတို့ အိမ်ပြန်ရောက်တော့ ဖေဖေ‌နဲ့မေမေ့ကို ဧည့်ခန်းထဲမှာ ခဏထိုင်ကြဖို့ ခွင့်တောင်းလိုက်တယ်။

"သားခုမှတော့ ကျောင်းမပြောင်းချင်ဘူး‌ မေမေနဲ့ဖေဖေ။ သား အထက်တန်းကျောင်းပြီးဖို့ နှစ်နှစ်ပဲ ကျန်တော့တာ။ ဒီနှစ်နှစ်ပဲကျန်တော့မှ နေရာသစ်ကိုပြောင်းပြီး သူငယ်ချင်းအသစ်တွေ ထပ်ရှာရဖို့က သားအတွက် အဆင်မပြေဘူးဖေ‌ဖေ။ သားဒီမှာပဲ ကျောင်းဆက်တက်ချင်တယ်"

"အင်း ကျမလည်း ဒီလိုပဲ တွေးမိတယ်ကိုကို။ သားက အထက်တန်းကျောင်းပြီးဖို့လည်း သိပ်မလိုတော့ဘူးလေ။ နှစ်နှစ်‌လေးနဲ့တော့ နေရာသစ်၊ ပတ်ဝန်းကျင်အသစ်မှာ သားကို မျက်နှာမငယ်စေချင်ဘူး။ သားကျောင်းတက်ဖို့အတွက် အစိမ်းသက်သက်ကြ နည်းနည်းခက်ခဲမှာ။ ပြီးတော့ ကျမလည်း အလုပ်မထွက်ချင်သေးဘူး။ ချက်ချင်းထွက်ဖို့လည်း အဆင်မပြေဘူးလေ"

"အင်း . . အဲ့တော့ မင်းဘယ်လိုလုပ်ချင်လဲ ကိုကို့ကို ပြောပြလေ"

"ကျမကတော့ ဒီလိုလုပ်မလားလို့ ကိုကို"

"အင်း ဘယ်လိုလဲ"

"ကျမနဲ့သား ဒီမှာပဲ ကျန်ခဲ့လိုက်မယ်။ သား ကိုးတန်းပြီးလို့ ဆယ်တန်းတက်ချိန်ကျရင် ကျမကသားကို မဟာကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဘော်ဒါထားဖို့ စိတ်ကူးထားတာဆိုတော့ သားကိုဘော်ဒါထားလိုက်မယ်လေ"

"အင်း"

"သားက ဘော်ဒါနေရင် အိမ်မပြန်ရတော့ဘူးဆိုတော့ ကျမက သားဆယ်တန်းတက်မှ ရှင်ရှိတဲ့ ပုသိမ်ကို ပြောင်းလာခဲ့လိုက်မယ်လေ။ ဒီကြားထဲတော့ ရှင်ကရုံးပိတ်ရက် အိမ်ပြန်လာပေါ့"

"အင်း . . မင်းတို့သားအမိ အဆင်ပြေရင် ကိုကိုကရတယ်။ သားနဲ့မင်း အဆင်ပြေဖို့က အရေးအကြီးဆုံးပဲ"

"သားရော ဘယ်လိုသဘောရလဲ။ မေမေပြောတာကို လက်ခံနိုင်လား"

"သား လက်ခံနိုင်ပါတယ်မေမေ။ ကျေးဇူးပါမေမေ မွစ်. . ."

အလင်းတော့ ပျော်လွန်းလို့ မေမေ့ပါးကို နှာခေါင်းနစ်ဝင်တဲ့အထိ ဖိကပ်ပြီး အကြာကြီးနမ်းပစ်လိုက်တယ်။ အလင်းချစ်ရတဲ့သူတွေနဲ့ အလင်းမခွဲရတော့ဘူးလေ။

ကျွန်တော်ချစ်တဲ့မြို့ ကျွန်တော်ချစ်တဲ့သူတွေနဲ့ မခွဲရတော့ဘူးဆိုတာနဲ့တင် ကျေနပ်ပါတယ်။

ကျေးဇူးပါမေမေ။ သားအဆင်မပြေဘူးလို့ ပြောလိုက်တာနဲ့ သားအဆင်ပြေဖို့ကို အရင်စဉ်းစားပြီး သားအတွက် အဆင်ပြေမယ့် နည်းလမ်းကိုပဲ အမြဲရွေးချယ်ပေးခဲ့တဲ့ ဖေဖေနဲ့မေမေ့ကို သားကျေးဇူးလည်းတင်သလို ပြောမပြတတ်အောင်လည်းချစ်ပါတယ်။ သားကိုဘယ်တော့မှ စိတ်မညစ်စေခဲ့တဲ့ မျက်နှာတစ်ချက်မညှိုးစေခဲ့တဲ့ မေ‌မေနဲ့ဖေဖေ့ကို သားကလည်း စိတ်ချမ်းသာအောင် ပြန်ထားပါ့မယ်နော်။ ချစ်တယ် ဖေဖေနဲ့မေမေ။

မုန်းရဲ့အလင်းရောင်Where stories live. Discover now