Part 15 (U+Z)

8.8K 656 13
                                    

#Unicode

ခါတိုင်းဆို မုန်းကမနက်ပိုင်း ဖုန်းခေါ်နေကြပါ။ ဒီနေ့ ဖုန်းလည်းမခေါ်ဘူး။ ဘာလို့ပါလိမ့်။ အရင်က ကိုယ်ကပဲ ဖုန်းဆက်နေကြပေမယ့် မုန်းကို မပြောဘဲ ရန်ကုန်လာမိတဲ့နောက်ပိုင်းတော့ မုန်းကပဲခေါ်နေကြမို့ သတိမထားခဲ့မိပေမယ့် ဖုန်းခေါ်နေကြကို မခေါ်တော့လည်း ဟာတာတာနဲ့။ အလင်းဖုန်းခေါ်တော့လည်း မုန်းကမကိုင်ပြန်ဘူး။

နေ့ခင်းတောင်ရောက်နေပါပြီ။ မုန်းတစ်ယောက် ဘာများလုပ်နေလို့ ဖုန်းမခေါ်တာပါလိမ့်။ အလင်းထပ်‌ပြီး ခေါ် ကြည့်ပြန်‌တော့လည်း ဖုန်းမကိုင်ပေ။ တစ်ခုခုများ ဖြစ်နေတာလားကွာ။ ဘာလို့လဲကွာ မုန်းရာ ငါစိတ်ပူနေပြီ။ တစ်ခုခုလုပ်နေရင်လည်း လုပ်ပါ။ တစ်ခုခုတော့ မဖြစ်စေနဲ့မုန်း။

🎵🎵🎵မိုးတွေရွာတိုင်း မင်းကိုလွမ်းတယ် သိစိတ်ကရော မသိစိတ်ကရော မဖြစ်နိုင်ပေမယ့်ဘဝမှာ မင်းကို လိုချင်နေတုန်းပဲ🎵🎵🎵

ဖုန်းခေါ်သံကြားတော့ မုန်းများဖုန်းခေါ်တာလားဆိုပြီး အားသွင်းထားတဲ့နေရာကို အပြေးသွားကြည့်တော့ မုန်းမဟုတ်တဲ့ မေ‌သူသူလင်းပါ။ ပြေးရကျိူး မနပ်လိုက်တာ။

“ဟဲလို”

“အလင်း ငါပါ မေသူ”

“အင်း မေသူပြောလေ ဘာလို့လဲ”

“မေသူ့ကို တစ်ခုလောက် ကူညီပါ့လားဟင်။ မေသူ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံလိုက်ရပြီထင်တယ်။ ရှာတာမတွေ့တော့လို့လေ။ အဲ့ဒါ ပိုက်ဆံမရှိတော့လို့ မေသူ့ကို ပိုက်ဆံငါးသောင်းလောက် လာပေးလို့ ရမလားဟင်”

“အင်း ရပါတယ် မေသူရဲ့။ ဘယ်ကို လာပေးရမလဲ”

“စံရိပ်ငြိမ် ဂမုန်းပွင့်ကို လာပေးလို့ရမလား အလင်း”

“Ok ခဏစောင့်နော် မေသူ။ ငါ ခဏနေ ထွက်လာခဲ့မယ်”

“ကျေးဇူးပါ အလင်း”

“ရပါတယ် မေသူရဲ့ ဒါပဲနော်။ ရောက်ရင် ဖုန်းခေါ်လိုက်မယ်”

ဟူးးး ငါ့မှာ မုန်းများလားလို့ပျော်သွားတာ။ မဖြစ်သေးပါဘူး မုန်းကို Ringtone သီးသန့်ထားဦးမှပါ။ မုန်းအတွက် Ringtone သီးသန့်ထည့်လိုက်ပြီး အပြင်သွားဖို့ အင်္ကျီလဲပြီးတာနဲ့ မေသူ့ဆီ ထွက်လာခဲ့လိုက်တယ်။ နေ့ခင်းဘက်ဆို လမ်းကြောရှင်းတာမို့ နာရီဝက်လောက်ကြာတော့ စံရိပ်ငြိမ်ကို ရောက်လာပါတယ်။

လမ်းတစ်ဖက်ကိုကူးလိုက်ပြီး ဂမုန်းပွင့်ကိုရောက်တော့ မေသူ့ကို ဖုန်းခေါ်စရာတောင် မလိုလိုက်ပေ။ မေသူက အပေါက်ဝမှာ ထိုင်စောင့်နေလေတယ်။

“စောင့်ရတာ ကြာသွားလား မေသူ။ Sorry နော်။ ဖော့ကန်နဲ့ ဒီနဲ့က နည်းနည်းဝေးတော့ ကြာသွားတယ်”

“ရပါတယ် အလင်းရဲ့။ လာပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ။ လာလက်စနဲ့ မေသူနဲ့အတူတူ ရုပ်ရှင်ကြည့်ပေးပါ့လားဟင်။ မေသူတစ်ယောက်တည်း ဖြစ်နေလို့။ ဒီကားလေး မေသူ အရမ်းကြည့်ချင်နေလို့လေ။ ဧည့်သည်ကားလေးကို မေသူအရမ်းကြည့်ချင်လို့ တူတူကြည့်ပေးနော် . . နော်အလင်း”

မေသူက အရမ်းကြည့်ချင်နေပုံ ပေါက်တာကြောင့် ဇွတ်လည်း ခေါ်နေတာမို့ အားနာပြီး ခေါင်းငြိမ့်လိုက်ရတယ်။

“အင်း မေသူ ကြည့်ချင်ကြည့်လေ။ လိုက်ခဲ့ပေးမယ်”

“ကျေးဇူးနော် အလင်း။ ဒါဆို လက်မှတ်သွားဝယ်ရအောင်”

လက်မှတ်ဝယ်ဖို့ အပေါ်ထပ်ကိုတက်နေတုန်းမှာပဲ  ဖုန်း‌ခေါ်သံ ကြားလိုက်ရပါတယ်။

🎵🎵လိုနေတာအနွေးဓာတ် အကြင်နာတွေအေးစက် တစ်စုံတရာကို တို့နှစ်ယောက်လိုက်လို့ရှာ . . အမှောင်ယံကိုထွေးဖက် Memories တွေ မေ့ဖျက် အရာရာကို ဆုံးဖြတ်ထားပြီးသား . . အလွမ်းနဲ့ထပ်တူကျတဲ့ ငါ့ရဲ့နေ့များ မင်းရောကိုယ့်လို့လွမ်းနေသေးလား . . ငါ့ရဲ့အနားမှာ မင်းမရှိတဲ့ တဒင်္ဂ ဝမ်းနည်းမိတာ🎵🎵

Ringtone သီးသန့်မို့ ဒီတစ်ခါတော့ သေချာပါတယ် ဖုန်းခေါ်တဲ့သူက မုန်းပါ။ မောင်မုန်း ခုမှပဲ ဖုန်းခေါ်တော့တယ်။

“မေသူခဏနော်။ ဖုန်းခဏ ပြောလိုက်အုံးမယ်”

မေသူ့ကိုပြောပြီး အလင်း ဖုန်းကိုင်လိုက်တော့ ကိုယ်တောင် ဟဲလိုချိန် မရလိုက်ပါဘူး။

“အလင်း မင်းဘယ်မှာလဲ”

“ရုပ်ရှင်ရုံမှာ”

“ဘာ” 

မုန်းဒေါသထွက်ထွက်နဲ့ ပိတ်အော်ပစ်လိုက်တယ်။

“အမလေး ဖြည်းဖြည်းအော်ပါ မုန်းရာ။ လန့်သွားတာပဲ”

“ဘယ်သူနဲ့လဲ”

“မေသူနဲ့”

“ဘာ သူနဲ့မင်းက ဘာလို့ခဏခဏ တွေ့နေရတာလဲ”

“သူခေါ်လို့ပါကွာ။ သူ့ပိုက်ဆံအိတ် ပျောက်သွားလို့တဲ့။ အဲ့ဒါ ငါ့ကို အကူအညီတောင်းလို့ ပိုက်ဆံလာပေးတာ”

အလင်းက မုန်းကို ဖြစ်ကြောင်းကုန်စင် ရှင်းပြရင်း ရုပ်ရှင်ကြည့်ဖို့ခေါ်တဲ့အကြောင်းပါ အကုန်ပြောပြလိုက်ပါတယ်။

“ရုပ်ရှင်က ဘယ်တော့စမှာလဲ”

“လိုတော့ လိုသေးတယ် 2:30 မှ။ လက်မှတ်တောင် မဝယ်ရသေးဘူး။ ခုမှ ဝယ်မှာ”

“Ok ဒါဆို လက်မှတ်တစ်စောင် ပိုဖြတ်ထားလိုက်။ သုံးစောင် ဝယ်ထားလိုက်နော်။ လက်မှတ်ကို မင်းဖြတ်ပေးမယ်လို့ပြောပြီး မင်းဘာသာ ဖြတ်ထားလိုက်။ သုံးခုံ ဘေးချင်းယှဉ်လျက် ဖြတ်နော်။ သုံးခုံဖြတ်တာ သူမသိစေနဲ့”

“ဘာလုပ်မလို့လဲ မုန်းရာ”

“ငါပြောသလိုပဲ လုပ်ပါ။ မင်းငါ့ကို ဂရုမစိုက်တော့ဘူးလားဟမ်။ ငါ မေနဲ့ တိုင်ပြောမှာ”

“မဟုတ်ဘူးလေကွာ မုန်းရာ။ သုံးခုံဖြတ်တော့ တစ်ခုံက ဘယ်သူကြည့်မှာလဲ”

“ငါ့သူငယ်ချင်းတစ်ယောက် လာကြည့်လိမ့်မယ်”

“မင်းက ရန်ကုန်မှာ သူငယ်ချင်းရှိလို့လား။ ဒီမှာ ငါ့အပြင် မင်းမှာ တခြားခင်ရတဲ့ သူငယ်ချင်းရှိသေးလို့လား”

အမ် ဟုတ်သားပဲ။ မုန်းမှာ အလင်းတို့လေးယောက်ကလွဲရင် တခြားသူငယ်ချင်းမှ မရှိတာ။ ရန်ကုန်မှာလည်း မုန်းနဲ့သိတာ အလင်းပဲရှိတာပါ။

“လျှာရှည်လိုက်တာကွာ။ ငါက ရှိတယ်ဆို ရှိတယ်ပေါ့။ သူက ရုပ်ရှင်ကြည့်ချင်တယ် ပြောထားလို့။ ငါဖုန်းဆက်ပြီး သူ့ကို ပြောထားလိုက်မယ်။ ငါပြောတဲ့အတိုင်းသာ သုံးခုံဖြတ်ထားလိုက်။ မဖြတ်ထားရင် သူလာလို့ ရုပ်ရှင်လက်မှတ်မရရင် ငါမျက်နှာပျက်ရမှာနော်။ ငါလုပ်ဆို လုပ်ကွာအလင်း။ မင်းတို့ ခုဘယ်မှာလဲသာပြော။ ဘယ်မှာစောင့်နေမလဲ”

“အေး အေး ပြီးရောကွာ။ စံရိပ်ငြိမ် ဂမုန်းပွင့်မှာ။ မင်းသူငယ်ချင်းကို ဂမုန်းပွင့်က Lotteria မှာစောင့်မယ်လို့ ပြောလိုက်နော်။ ငါ့ဖုန်းနံပတ်ပေးလိုက် သူလာရင် ရှာရ‌လွယ်အောင်”

“Ok ခဏစောင့်”

မုန်းပြောတဲ့အတိုင်း အလင်းမှာ လိုက်လုပ်ရပါတော့တယ်။ မုန်းသူငယ်ချင်းဆိုတာ ဘယ်သူပါလိမ့်။ မုန်းမှာ ငါကလွဲလို့ ခင်ရတဲ့သူ ရှိလို့လား။ ငါမသိခင် သူက ဘယ်ကသူငယ်ချင်းကို ဘယ်လိုရသွားတာပါလိမ့်။ မုန်း ငါ့ကို ရင်ပူအောင် လုပ်ပြန်ပြီကွာ။

“Sorry မေသူ။ ငါဖုန်းပြောတာ ကြာသွားတယ်။ နင်ဒီမှာ ထိုင်စောင့်လိုက်ပါ့လား။ တန်းစီရဦးမှာဆိုတော့ ကြာမှာ။ ငါ လက်မှတ် သွားဖြတ်လိုက်မယ် ခဏစောင့်နော်”

မေသူ့ကိုပြောပြီးတာနဲ့ အလင်းလည်း လက်မှတ်ဝယ်ဖို့ တန်းစီလိုက်တယ်။ မုန်း‌ပြောတဲ့အတိုင်း မေသူမသိအောင်လည်း လက်မှတ်သုံးခုံ ဖြတ်ထားလိုက်ရတယ်။ လက်မှတ်ဖြတ်ပြီး Lotteria သွားဖို့ မေသူ့ကို ပြောကြည့်ရပါဦးမယ်။

“မေသူ ငါတို့ အောက်ထပ်က Lotteria မှာ ကြက်ကြော်စားရင်း စောင့်မယ်လေ။ ရုပ်ရှင်ချိန်က လိုသေးတာပဲဟာ”

“အင်း ကောင်းသားပဲ။ သွားမယ်လေ အလင်း”

တော်သေးတယ်။ အလွယ်တကူ ပြောလို့ရလို့။ အလင်းတို့ Lotteria မှာ ကြက်ကြော်စားရင်း မုန်းရဲ့ သူငယ်ချင်းကို‌ ထိုင်စောင့်နေလိုက်တယ်။

မေသူနဲ့အလင်း ရုပ်ရှင်ကြည့်ဖို့ စောင့်ရဦး‌မှာမို့ အလင်းပြောတဲ့အတိုင်းပဲ Lotteria မှာ ကြက်ကြော်ထိုင်စားရင်း အလင်းနဲ့ စကားပြောဖြစ်ခဲ့ကြတယ်။ ဟိုအကြောင်း ဒီအကြောင်း ပြောကြရင်း သင်တန်းတက်ဦးမှာလားလို့ အလင်းကိုမေးကြည့်လိုက်တော့ အလင်းက ဂျပန်စာ တက်ချင်တာတဲ့လေ။ Ok မေသူလည်း ဂျပန်စာတက်ရမယ်။

မေသူ့အကြံတော့ ဒီနေ့ အောင်မြင်မယ်ထင်ပါတယ်။ မေသူလည်း ဒီနေ့ကို စောင့်ခဲ့ရတာ ကြာပါပြီ။ ကျောင်းတက်တုန်းကတော့ မုန်းကအလင်းအနားမှာ အမြဲရှိ‌နေတော့ ကြိုးစားဖို့အဆင်မပြေခဲ့ဘူး။ ဒီနေ့တော့ မေသူသူလင်းနဲ့ အနီးတစ်ဝိုက်တွင် ရာသီဥတု သာယာပါလိမ့်မည်။ မေသူ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိတယ်။

မေသူတစ်ယောက် မသိလိုက်တာကတော့ မကြာခင် သူ့အတွေးနဲ့ တက်တက်စင်အောင် လွဲတော့မယ်ဆိုတာကိုပေါ့။

မုန်းကအလင်းကို ခဏစောင့်လို့ပြောပြီး ဖုန်းချလိုက်တယ်။ မေသူသူလင်း နင်ပိုက်ဆံအိတ်ပျောက်တာ အမှန်တကယ်ရော ဟုတ်ရဲ့လား။ သွေးရိုးသားရိုး‌ရော ဟုတ်‌ရဲ့လားဆိုတာကို ငါကိုယ်တိုင် ဆုံးဖြတ်ပေးမှာမို့ ခဏစောင့် . . .

မုန်းရဲ့အလင်းရောင်Where stories live. Discover now