Part 38 (U+Z)

7.8K 459 20
                                    

#Unicode

“တီးတောင်”

မုန်းအခန်းရှေ့က Bell သံကြားတာကြောင့် အလင်းတံခါးထဖွင့်ပေးတော့ တွေ့လိုက်ရတာက ဟိုတစ်ခါ မုန်းနဲ့လှည်းတန်းစင်တာမှာ တွေ့ခဲ့တဲ့ ကလေးလေး။ သူက ကျွန်တော့်ကလေးပေါက်အိမ်ကို ဘာလာလုပ်ပါလိမ့်။

“ဪ ကိုကိုလည်း ရောက်နေတာလား”

အလင်းဘာမှပြန်မပြောဘဲ ခေါင်းပဲငြိမ့်ပြလိုက်တယ်။ စိတ်ထဲမှာ မကြည်တာကြောင့် စကားမပြောချင်ပေမယ့် ကိုယ်က အကြီးဆိုတော့ မရိုင်းချင်တာမို့ ခေါင်းတော့ ငြိမ့်ပြလိုက်တယ်။ ခေါ်ပုံကိုလည်းကြည့်လေ ကိုကိုတဲ့။ အချိုးတစ်စက်မှမပြေတဲ့ စောင်ကလေး။ ကိုကိုဆိုတာ ငါ့ကလေးပေါက်ပဲ ခေါ်တာကွ။

နွေတို့ရောက်လာတယ်ထင်ပြီး မော့ကြည့်တော့ တွေ့လိုက်ရတာက နွေယံပါ။ ဒီကလေးလေး အိမ်ထိ ဘာလာလုပ်ပါလိမ့်။

“ကိုမုန်းရဲ့ကိုကိုပါ ရောက်နေတာနော်”

“အေးလေ စာလာလုပ်တာ။ ခဏနေရင် ကျန်တဲ့သူငယ်ချင်းတွေပါ လာကြမှာ။ မင်းကရော ဘာလာလုပ်တာလဲ”

“ကျွန်တော်က ဒီနားခဏလာရင်း လမ်းကြုံလို့ ဝင်လာတာ။ ဒါနဲ့ ကျွန်တော် ကိုမုန်းကိုပြောထားတဲ့ကိစ္စလေ အဲ့ဒါ ကူညီမှာလား”

“မင်းက တကယ်သေချာတာလား။ သုတကပါ တကယ်ကြိုက်နေတာ သေချာရင်တော့ ကူညီမယ်လေ”

“သေချာပါတယ်ဗျာ။ ကျွန်တော်ထင်ရင် လွဲရိုးထုံးစံမရှိပါဘူး။ ကိုမုန်းသာကူညီမယ်ဆိုရင် အဆင်ပြေပြီ”

“အေးပါကွာ သေချာရင် ကူညီပါ့မယ်”

“ဒါဆို ဒီတစ်ပတ် တနင်္ဂနွေ ရုပ်ရှင်ရုံကို အပါခေါ်ခဲ့နော်။ ကျွန်တော်လည်း နေယံကိုခေါ်လာပြီး အတွဲခုံဖြတ်ထားလိုက်မယ်။ ကိုမုန်းက ကိုသုတကို အပါခေါ်လာခဲ့ပေးဖို့ပဲလိုတာ။ ကျန်တာ ကျွန်တော် အကုန်စီစဉ်ထားလိုက်မယ်”

စကားကြီးစကားကျယ်တွေ ပြောနေပါသော ဟိုစောင်ကလေးနဲ့ ကိုးတန်းကလေးရဲ့စကားကိုယုံပြီး ကူညီဖို့စဉ်းစားနေတဲ့ ကျွန်တော့်ရဲ့ကလေးပေါက်ပါ။ မသိရင် ကိစ္စကြီးကြီးကျယ်ကျယ်ကို တိုင်ပင်နေကြတဲ့အတိုင်းပဲ။ ခေါင်းချင်ဆိုင် ဆွေးနွေးနေကြလေရဲ့။ ဘေးကကြည့်ရတဲ့ကိုယ်က တဖြည်းဖြည်းနဲ့ အမြင်ကပ်လာတယ်။

ဟိုစောင်‌ခလေးက လူကြည့်တော့ကိုးတန်း ကြီးကြီးကျယ်ကျယ်နဲ့ ကျွန်တော့်မုန်းလေးကို ဆရာကြီးလုပ်နေပြီး ဆရာကြီးဒီဇိုင်းနဲ့ ကျွန်တော်စီစဉ်ထားလိုက်မယ်ဆိုပဲ။ လူကသာ ကိုးတန်း အောင်သွယ်တော်က လုပ်နေသေးတယ်။ အောင်သွယ်တဲ့သူကို ကြည့်လိုက်ဦး သူ့အမွှာအစ်ကိုကို ပြန်အောင်သွယ်နေတာ။ ကျွန်တော့်မုန်းပေါက်ကိုလည်း အံ့ဩတယ်။ ဒီခလေးစကားကို သူက ဘာတွေယုံကြည်ပြီး ကူညီပေးနေပါလိမ့်။ သူ့ကိုဆရာကြီးလုပ်နေတာကိုလည်း မသိဘဲ မသိရှာတာလား သိရဲ့သားနဲ့ ငြိမ်ခံနေတာလား မသဲကွဲဘူး။ အရေးကြီးကိစ္စတိုင်ပင်နေတဲ့ သူတို့နှစ်ယောက်ကို အသာကြည့်နေလိုက်တော့တယ်။ လုပ်ချင်ရာသာ လုပ်ပါတော့ခလေးတွေ။

“အဲ့ဒါဆိုကိုမုန်း ကျွန်တော်ပြန်တော့မယ်နော်”

“အေးအေး ဂရုစိုက်လည်းပြန်ဦး”

“ဟုတ်ကဲ့ ပြန်ပြီနော်။ ဒီတစ်ပတ် တနင်္ဂနွေနော်။ စိတ်ချမယ်နော် ကိုမုန်း”

“အေးပါကွာ စိတ်ချပါ”

“အင်းပြီးရော ကိုကို့ ကျွန်တော်ပြန်ပြီ တာတာ့။ ကိုမုန်း တာ့တာ”

စကားကြီးစကားကျယ်တွေ ပြောတဲ့ခလေးလေး ပြန်သွားတော့မှ မုန်းကိုမေးရတယ်။

“မုန်း တကယ်ကူညီမလို့လား”

“အင်းလေ ဘာလို့”

“အဲ့ကိုးတန်းခလေးလေးပြောတဲ့စကားကို မုန်းကယုံတယ်လား”

“အင်း သုတလည်း ကြိုက်နေတယ်လို့ မုန်းလည်းထင်နေတာမို့ ကူညီမှာ။ ဘာလို့လဲ”

“ဘာမှမဖြစ်ပါဘူး ဒီတိုင်းမေးကြည့်တာ”

“အင်း”

“ဒါနဲ့မုန်းအိမ်ကို သူကဘယ်လိုသိတာလဲ”

“မြောင်းမြမှာတုန်းက အိမ်လိုက်စာပေးထားတာ”

“ဪ”

“ဒါနဲ့ ကိုကို့ မုန်းတို့ အတူတူနေရအောင်လေ”

“ဟမ်”

ကောက်ခါငင်ခါထပြောလာတဲ့ မုန်းရဲ့စကားကြောင့် လူကအံ့ဩသွားရတယ်။ ဒီကလေး နေရင်းထိုင်ရင်း ဘာဖြစ်တာပါလိမ့်။

“မဟမ်နဲ့ ကိုကိုက အောက်မှာနေ”

ဘုရား ဘုရား ကျွန်တော့်ကို အောက်မှာနေတဲ့။ သူအပေါ်မှာနေတုန်းက ကိုယ့်မှာ နာကျင်မှုကအပြည့်။ ကိုယ့်ပထမဦးဆုံးလေးက မချောမွေ့ခဲ့ဘူး။ အမယ်လေး သူပြောလိုက်တာလေးကတော့ လွယ်လိုက်တာ ပေါ့ပေါ့ပါးပါးပဲ အောက်မှာနေတဲ့။ မသိရင်ဘဲ သူကဒီလိုနေရာမှာ ဆရာကြီးလိုလို ဘာလိုလိုနဲ့။ ကျွန်တော့်ရဲ့မုန်းလေးကို အစလုပ်မိတာ မှားပြီထင်ပါတယ်ဗျာ။ မျောက် ပုလွေပေးမိတာထက် ဆိုးတော့မယ်။

“ကဲ ခလေးပေါက်စာလုပ်။ ခဏနေရင် နွေတို့ရောက်လာတော့မှာ။ လိမ္မာတယ်နော်”

“ကိုကိုကလည်း”

“ခလေးပေါက်ကလည်း”

“ကိုကို့”

“ခလေးပေါက်”

“ကိုကို မှတ်ထားနော်”

“ဘာကိုမှတ်ထားရမှာ”

“ကိုကိုလိုချင်လည်း မုန်းမပေးဘူးကြည့်နေ”

“ဟားဟား အေးပါကွာ အသဲပေါက်ရာ။ အဲ့ဒါကို ကလေးမုန့်ပူဆာသလို ပူဆာနေရသလား အသဲပေါက်ရဲ့။ ခဏနေရင် နွေတို့ရှားတို့လည်း ရောက်လာတော့မှာလေ မုန်းလေးရဲ့။ လိမ္မာတယ်နော် ခုတော့ စာလုပ်လိုက်ဦး။ နောက်မှ အားတဲ့အခါ မုန်းဖြစ်ချင်တာကို လိုက်လျောပေးမယ် Ok”

“တကယ်နော်”

“တကယ်ပါဗျာ ကတိ”

လက်သန်းလေး‌ထောင်ပြီး ကွေးပေးလိုက်တော့ ဝမ်းသာအားရ လာချိတ်ပါတယ်။ ထိုနေ့က တစ်နေကုန်စာလုပ်ရင်း ကျွန်တော့်မုန်းလေး ထိုကိစ္စကို မေ့သွားအောင် အမျိုးမျိုး ကြိုးစားခဲ့ရတယ်။ တစ်ခါတလေကြတော့လည်း ညာတာပါတေး ပြောတတ်ရတာပေါ့။

***************

တနင်္ဂနွေနေ့မနက်ကိုရောက်တဲ့အခါ နွေယံ‌ပြောထားတဲ့ အစီအစဉ်အတိုင်း သုတကို ရုပ်ရှင်ရုံကို အပါခေါ်ဖို့ စတင်ပြီး ကြိုစားလိုက်တယ်။

“သုတ ငါတို့ရုပ်ရှင်သွားကြည့်ရအောင်”

“မကြည့်ချင်ပါဘူး”

“ငါကြည့်ချင်လို့ လိုက်ခဲ့ပေးပါကွာနော်”

“ဟေ့ကောင် မင်းကိုကိုနဲ့မင်း သွားပါလားကွာ”

“ငါ့ကိုကိုက စာမေးပွဲနားနီးလို့ စာကျက်နေတာကွ”

“ဟ ဟေ့ကောင်ရ ငါလည်း စာမေးပွဲနား နီးနေပြီလေကွာ။ ငါလည်း စာကျက်ရဦးမယ်ကွ။ စာတွေမရသေးဘူး။ မင်း တော်တော် မျက်နှာလိုက်တဲ့ကောင်။ မင်းကိုကိုပဲ ကျောင်းသားလား။ ငါကရော”

“ဟ ငါ့ကိုကိုက ဆေးကျောင်းသားကွ။ မင်းက နည်းပညာကျောင်းသား။ စာအနည်းအများ ကွာတယ်။ မင်းကကိုကို့ထက် စာနည်းနည်း‌လေး နည်းပြီး ကိုကိုက မင်းထက် စာနည်းနည်း ပိုများတယ်ကွ။ အဲ့ဒါကြောင့် မင်းလိုက်ခဲ့ပေးပါကွာနော်”

“ဟေ့ကောင် မင်းကိုကိုက ဉာဏ်ကောင်းပြီး ငါက မင်းကိုကိုလောက် ဉာဏ်မကောင်းတာလေးလည်း ထည့်ပြောဦးလေကွာ”

“မင်းကလည်း”

မုန်းငိုမဲ့မဲ့ဖြစ်တော့ မုန်းအကြံကိုသိတဲ့အလင်းက ကြားထဲက ဝင်ကူပြီး ပြောပေးလိုက်တယ်။

“လိုက်သွားပေးလိုက်ပါ သုတရာ။ ခဏလေးပဲဟာကို မင်းကလည်း”

“မင်းတို့ လင်လင်တွေ တော်တော်လွန်တယ်။ ငါ့ကိုဆို နှစ်ယောက်ပေါင်းပြီး အနိုင်ကျင့်ကြတယ်။ ငါလည်း ရည်းစားမြန်မြန်ရမှ ဖြစ်မယ်။ FAဖြစ်ရတာ အနိုင်ကျင့်ပဲ ခံနေရတယ်။ ဟဲ့မိရှား ငါတို့တွဲရအောင်”

မုန်းနဲ့အလင်းကို မကျေမနပ်ပြောလိုက်ရင်း မိရှားကို လှည့်ပြောလိုက်တော့ ပြန်ရလိုက်တာက မိရှားရဲ့ကျိန်စာ။

“သေလိုက်”

“စေတနာနဲ့ ငါက အနစ်နာခံပေးမလို့ကို။ ဒီထဲမှာ နင်နဲ့ငါပဲ လူလွတ်နော်။ ငါမှနင့်ကို အနစ်နာခံပြီး တွဲမပေးရင် နင်တစ်ယောက်တည်း FAမကြီး ဖြစ်ကျန်ခဲ့မှာစိုးလို့။ ငါကနင့်ကိုသနားလို့ ကူညီပေးမလို့နော်”

“ထပ်ပြီး အရှမခံနိုင်ဘူးဟေ့။ မုန်းတစ်ယောက်နဲ့တင် ရှရာဗလပွနဲ့။ ငါ့ကိုတကယ်သနားရင် ဒဏ်ရာတွေထပ်ပေးဖို့ မစဉ်းစားနဲ့ငသု”

ငသုအကြောင်းကို မုန်းပြောပြထားလို့ ရှားကသိထားတာကြောင့် ဒဲ့စော်လိုက်ပါတော့တယ်။

“မသာမ ကူညီလို့ကို မရဘူး”

ငသုတစ်ယောက် အနာပေါ်ဒုတ်ကျပြီး ရှားကိုဆဲပါလေရော။

“ကဲ အမုန်းရောင် သွားမယ်ဆိုလည်းထ။ အင်္ကျီလေးဘာလေး လဲဝတ်။ ပြီးရင်သွားမယ်။ မင်းတို့အားလုံး ဒီကမ္ဘာမှာ ငါ့ကိုနှိပ်စက်ဖို့များ မွေးဖွားလာကြသလား မှတ်ရတယ်”

“နာမည်ခေါ်တာကြီးကလည်း ဘာလဲအမုန်းရောင်။ မှားခေါ်တာလား”

သုတက အမုန်းရောင်လို့‌ခေါ်လို့ မှားခေါ်တယ်ထင်ပြီး မုန်းက မေးလိုက်တာပါ။ ဒါပေမဲ့ ငသုပြန်ဖြေတဲ့ အဖြေက . . .

“မမှားဘူးဟေ့ ရွဲ့ခေါ်တာ။ မင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို ဒုက္ခပေးကြလွန်းလို့ မင်တို့လင်လင်နှစ်ယောက်ကို ပေါင်းခေါ်တာ။ ရှင်းပြီလား”

“မသိပါဘူး မှားများခေါ်သလားလို့”

“မမှားဘူး။ ထမြန်မြန်လုပ်။ သွားမယ်”

အားလုံးပြင်ဆင်ပြင်ပြီးတော့ လှည်းတန်းစင်တာကို ချီတက်ခဲ့ကြတယ်။ လှည်းတန်းစင်တာရောက်တော့ အမွှာနှစ်ကောင်က အဆင်သင့် စောင့်နေလေရဲ့။

“ကိုမုန်း ကျွန်တော်တို့ဒီမှာ”

နွေယံက မုန်းတို့ကို လက်လှမ်းပြတော့ သုတက မုန်းကိုမေးပါလေရော။

“ငါတို့နှစ်ယောက်တည်း ကြည့်မှာမဟုတ်ဘူးလားမုန်း။ သူတို့နှစ်ယောက်က ဘယ်ကရောက်လာတာလဲ”

သုတစိတ်ထဲမှာ သိပ်မသင်္ကာလို့ မေးကြည့်လိုက်တာပါ။ မုန်း တစ်ခုခုကို ကြံစည်နေတယ်လို့ စိတ်ထဲက သိနေတယ်။

“ဟို. . .‌သူတို့နှစ်ယောက်ကပါ ကြည့်ချင်တယ်ဆိုတာနဲ့ အတူတူကြည့်လို့ရအောင် ခေါ်လိုက်တာ”

“ဪ”

“နွေယံ လက်မှတ်ဖြတ်ပြီးပြီလား”

“ဟုတ် ကိုမုန်း ကျွန်တော်ဖြတ်ခဲ့ပြီးပြီ။ ရော့နေယံ ဒါကမင်းလက်မှတ်။ ရော့ ဒါက ကိုသုတလက်မှတ်။ ကျွန်တော်နဲ့ကိုမုန်းက အကုန်လုံးစားဖို့ မုန့်သွားဝယ်လိုက်ဦးမယ်နော်”

မုန့်ဝယ်ထွက်သွားတဲ့ နွေယံနဲ့မုန်းက ရုပ်ရှင်ပြခါနီးအထိ ပေါ်မလာတာကြောင့် ရုပ်ရှင်ရုံထဲကို အရင်ဝင်နှင့်ပြီး သူတို့အလာကိုစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရုပ်ရှင်ရုံထဲကိုရောက်တော့မှ သိလိုက်ရတာက ကျွန်တော်နဲ့နေယံအတွက် နွေယံပေးခဲ့တဲ့ လက်မှတ်က စုံတွဲခုံဖြစ်နေတာပါပဲ။

ထိုအခါမှ နွေယံနဲ့မုန်းရဲ့အကြံကို သတိထားလိုက်မိတယ်။ ကျွန်တော်သတိထားမိတဲ့အချိန်မှာမှ နေယံလည်း နွေယံ့ရဲ့အကြံကို ရိပ်မိသွားပုံရတယ်။ သူ့အမွှာညီအစား ကျွန်တော့်ကို တောင်းပန်ပါတော့တယ်။

“sorry နော်အစ်ကို။ နွေယံ့အစား ကျွန်တော်ကပဲ အစ်ကို့ကို တောင်းပန်ပါတယ်။ အားလည်းနာတယ်အစ်ကို”

“ရပါတယ်ကွာ။ ဒါနဲ့သူက ဘာလို့ဒီလိုလုပ်တာလဲ”

“သူက ကျွန်တော် အစ်ကို့ကို ကြိုက်နေတယ်ထင်နေတာ။ အစ်ကိုကလည်း ကျွန်တော့်ကို ကြိုက်နေတယ်ထင်ပြီး ဖွင့်မပြောရဲ ဖြစ်နေတယ်လို့ သူကထင်ပြီး ခုလို လုပ်ပေးတာနေမှာပေါ့”

“သူက ဘာလို့ အဲ့လိုထင်ရတာလဲ”

“အစ်ကိုသူ့ကိုကြိုက်နေတာကို သူမသိလို့နေမှာပေါ့”

“ဟင်”

ကျွန်တော့် အံ့ဩတကြီး နေယံ့ကိုကြည့်လိုက်မိတော့ နေယံက ကျွန်တော့်ကိုရယ်ပြီးတော့ ကြည့်လာတယ်။

“မအံ့သြပါနဲ့အစ်ကိုရာ။ ကျွန်တော်သိပါတယ်ဗျာ။ မြောင်းမြမှာထဲက ရိပ်မိနေတာ”

“ဟမ်! ဘယ်လိုသိတာလဲ”

“ဒီလိုပဲ သိတာပေါ့ဗျ။ အစ်ကို သူ့ကိုကြည့်တဲ့ အကြည့်တွေက မရိုးသားဘူးလေ။ နွေယံအရက်မူးတဲ့ညက အစ်ကိုနဲ့သူ အတူတူ အိပ်တယ်မို့လား။ အစ်ကိုသူ့နှုတ်ခမ်းလေးတွေကို ကိုင်ကြည့်ပြီး ပြုံးနေတာကို ကျွန်တော်တွေ့တယ်”

“ဟာကွာ”

ရှက်လိုက်တာဗျာ။ ကျွန်တော့်မှာတော့ ဘယ်သူမှမသိဘူးထင်ပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေခဲ့တာ။ နေယံက သိနေတယ်တဲ့လား။ မျက်နှာကြီး ဘယ်နားသွားထားရမှန်းတောင် မသိတော့ဘူး။

“ရှက်မနေပါနဲ့တော့ဗျာ”

“အေးပါကွာ ရှက်တာကတော့ ရှက်တာပဲကွ။ ဒါနဲ့ နေပါဦး နွေယံက မင်းငါ့ကို ကြိုက်နေတယ်လို့ ဘာလို့ထင်တာလဲ”

“အစ်ကို သူ့ကိုခိုးကြည့်တဲ့အချိန်တိုင်း ကျွန်တော်က သူ့ဘေးမှာလေ။ အစ်ကို သူ့ကိုကြည့်တာကို ကျွန်တော့်ကိုကြည့်နေတယ်လို့ ထင်လို့ နေမှာပေါ့။ ကျွန်တော့်မှာ ကောင်မလေးရှိတာလည်း သူမသိဘူး။ သူ့ကိုလည်း ပြောပြမထားဘူး။ သူသိရင် မေမေတို့သိမှာဆိုးလို့ မပြောပြတာ။ အဲ့ဒါကြောင့် ကျွန်တော်အစ်ကို့ကို ကြိုက်နေတယ်ထင်ပြီး သူက တလွဲတွေတွေးပြီး ခုလိုတွေ လျှောက်လုပ်နေတာ”

“ဪ”

“အစ်ကိုလည်းကြိုက်နေရင် ဖွင့်ပြောလိုက်ပါဗျာ။ အစ်ကိုကသာ ကျွန်တော်တို့ကို ကလေးထင်နေတာ။ ကလေးမို့ ငယ်သေးတယ် ဖွင့်ပြောလို့ မသင့်သေးဘူးလို့ တွေးနေတာ။ ကျွန်တော်ဆို ရည်းစားတောင်ရနေပြီ။ နွေယံဆို ကျွန်တော်နဲ့ အစ်ကို့ကိုတောင် အောင်သွယ်ပေးနေတာကို။ အချစ်မှာ ငယ်တယ်ကြီးတယ် မရှိပါဘူးဗျာ။ ချစ်ရင်ချစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါဗျာ”

“အေးပါကွာ မင်းတို့ခေတ်ပဲ လုပ်ကြပေါ့။ ငါ့မှာတော့ နွေယံက ငယ်‌လွန်းသေးတယ်။ ဆယ်တန်းအောင်မှ ဖွင့်ပြောမယ်လို့ စိတ်ကူးထားတာ။ ခုသူကတော့ ငါ့ကို သူ့အမွှာနဲ့တောင် ပြန်အောင်သွယ်ပေးနေရတယ်လို့။ မင်းတို့ ခုခေတ်ခလေးတွေ တကယ်မလွယ်ဘူး”

“ဒါနဲ့ အစ်ကို့ကိုမေးဦးမယ်။ ကျွန်တော်နဲ့နွေယံကိုတော်တော်များများက မခွဲတတ်ကြဘူး။ အိမ်မှာ ဖေဖေနဲ့ကိုကိုနဲ့ဆို ကျွန်တော်တို့နှစ်ယောက်ကို အမြဲမှားခေါ်တာ။ မေမေတစ်ယောက်ပဲ ကျွန်တော်တို့ကို လူမမှားဘဲ သေချာခွဲတတ်တာ။ အစ်ကိုကကြ ကြည့်လိုက်တာနဲ့ တန်းသိတယ်နော်။ ကျွန်တော်တို့ကို ဘယ်လိုခွဲသိတာလဲ”

“နှလုံးသားက အလိုလိုသိ‌နေတာ။ မင်းတို့ လူချင်း တူချင်‌တူမယ်။ ဒါပေမဲ့ ငါ့နှလုံးသားကို ရင်ခုန်အောင်လုပ်နိုင်တာက နွေယံပဲ။ မင်းနဲ့တွေ့ရင် ငါ့ရင်ခုန်သံက ပုံမှန်ပဲ။ ဒါပေမဲ့ နွေယံနဲ့တွေ့ရင် ငါ့ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲလာတယ်။ အဲ့တော့ မင်းတို့နှစ်ယောက်ကို ရင်ခုန်သံကို နားထောင်ပြီး ရင်ခုန်သံနဲ့ ခွဲလိုက်တယ်ကွာ”

“အေးပါဗျာ ခင်ဗျားကလည်း က‌‌ဗျာဆန်လိုက်တာ။ တော်ကီကလည်း ကြွယ်ပါ့”

“အချစ်က တော်ကီကြွယ်အောင် သင်ပေးလိုက်တာ။ ဒါနဲ့ မင်းကောင်မလေးကရော မင်းတို့ကို ခွဲတတ်လား”

“သူလည်း သိပ်မခွဲတတ်ဘူး။ သူ့ကို ဘယ်လိုခွဲလဲမေးတော့ အေးတာနဲ့ သွက်တာကိုကြည့်ပြီး ခွဲတာတဲ့။ ပြီးတော့ နားနောက်က မှည့်လေးကိုကြည့်ပြီး ခွဲတယ်လို့ပြောတာပဲ။ ကျွန်တော့်နားနောက်မှာ မှည့်ပါတယ်လေ။ ဒီမှာ”

နေယံက နားရွက်လေးကို ဆွဲပြီးလှန်ပြတော့ သုတလည်း ကြည့်လိုက်ပါတယ်။ အဟုတ်ပဲ နေယံ့မှာ မှည့်လေးပါနေတာပဲ။ ကျွန်တော် သတိမထားမိခဲ့ဘူး။

“အေးကွ။ မင်းမှာ မှည့်ပါတာကို ငါသတိမထားမိဘူး။ မင်တို့နှစ်ယောက်ကိုတွေ့ရင် နွေယံ့ကို ကြည့်မဝဖြစ်နေရတာနဲ့တင် မင်းကို သေချာမကြည့်မိဘူး။ မင်းကောင်မလေးကမင်းကို ငါနွေယံ့ကို ချစ်သလောက် မချစ်ဘူးထင်တယ်။ သူက မင်းတို့ကို အမူအရာနဲ့မှည့်နဲ့မှ ခွဲတတ်တာ။ ငါဆို အဲ့ဒါတွေမလိုဘူး။ နှလုံးသားကကို အလိုလိုသိတာ”

“အေးပါဗျာ ခင်ဗျား အဲ့လောက် တော်ကီကြွယ်တာ‌ကိုတောင် အခုထိ ရည်းစားမရသေးဘူးနော်”

“ဟ အချစ်စစ်ကိုတွေ့မှ ထားမယ်လို့ ဆုံးဖြတ်ထားလို့ ရည်းစားမထားတာကွ။ အချစ်စစ်ကိုတွေ့တော့လည်း အချစ်က ငယ်လွန်းသေးတယ်ဆိုပြီး စောင့်နေတာ။ ခုတော့ မစောင့်တော့ဘူးဟေ့ကောင်ရေ ငါအမြန်သွားပြီး ဖွင့်ပြောမှ ဖြစ်တော့မယ်”

“သွားပါဗျာ။ မြန်မြန်လေးလည်းသွား။ ရုပ်ရှင်က စ’တော့မှာ။ ခင်ဗျားသူ့ကို အမြန်ဖွင့်ပြောပြီး အမြန်ခေါ်လာခဲ့။ ကျွန်တော် သူလာတာနဲ့ လူချင်းလဲပေးမယ် Ok”

“Ok ကျေးဇူးပါကွာ”

သုတ ရုပ်ရှင်ရုံထဲက အမြန်ပြန်ထွက်လာပြီး နွေယံ့ကို ရှာရ‌တော့တယ်။ စင်တာအနှံ့ ရှာပြီးတဲ့အချိန်မှာတော့ တွေ့ပါပြီ ကျွန်တော့်ရဲ့အူကြူးလေးကို။ မုန့်ဆိုင်ရဲ့ ဘေးထောင့်စွန်းလေးမှာ နံရံကိုကပ်မှီရင်း မုန်းနဲ့လေတွေပေါပြီး မုန့်ထိုင်စားနေလေရဲ့။ ကျွန်တော်သူတို့အနားကို သွားလိုက်ပြီး နွေယံ့ဘေးကို ဝင်ထိုင်လိုက်တယ်။ ကျွန်တော်ဝင်ထိုင်လိုက်တော့ နှစ်ယောက်သား ကျွန်တော့်ကို မျက်လုံးလေးအပြူးသားနဲ့ ကြည့်နေလေရဲ့။

“သုတ မင်းရုပ်ရှင်မကြည့်ဘူးလား”

“ငါအတူကြည့်ချင်တဲ့သူက ငါနဲ့အတူမကြည့်ဘဲ တစ်ခြားတစ်ယောက်ကို ထည့်ပေးလိုက်တယ်လေ။ အဲ့ဒါကြောင့် ငါအတူမကြည့်ချင်တဲ့သူကို ရုပ်ရှင်ရုံထဲမှာ ထားခဲ့လိုက်တယ်”

သုတစကားကိုကြားတော့ နွေယံတစ်ယောက် ငြိမ်ကုတ်နေလေရဲ့။

သုတက နွေယံကိုကြည့်ပြီး ပြောနေတာမို့ မုန်းကြောင်အမ်းအမ်းလေး ဖြစ်သွားတယ်။ သုတ ဘာတွေပြောနေတာပါလိမ့်။

“သုတ မင်းပြောတာ ငါနားမလည်ဘူး။ ဘာတွေလည်း သေချာပြော”

“မုန်း မင်းဟာလေ ဒီအသက်အရွယ် ရောက်နေပြီ ဉာဏ်ကတိမ်တုန်း။ ကိုးတန်းခလေးပြောတဲ့ စကားကိုလည်း အကုန်ယုံပြီး လိုက်လုပ်ပေးနေရတယ်လို့”

“ဟမ် ဒါဆို မင်းကနေယံ့ကို ကြိုက်နေတာ မဟုတ်ဘူးလား”

“မဟုတ်ဘူး။ ငါနေယံ့ကို ကြိုက်နေပါတယ်လို့ မင်းကိုဘယ်သူပြောလဲ”

“သူပြောတာ”

မုန်းက နွေယံ့ကို လက်ညှိုးထိုးပြလိုက်တော့ နွေယံက ခေါင်းလေးငုံ့နေရှာတယ်။

“မင်းကလည်း သူပြောတာနဲ့ ယုံတာပဲလား”

“အင်း ငါလည်း မင်းနေယံ့ကို ကြိုက်နေတာထင်တာ”

“ကြိုက်တော့ ကြိုက်တယ်။ နေယံတော့မဟုတ်ဘူး နွေယံ။ တလွဲတွေထင်ပြီး တလွဲတွေလျှောက်လုပ်နေတဲ့ ဒီ‌ခလေးပေါက်ကို ကြိုက်တာ။ အူကြူး ကိုယ့်ကိုကြည့်စမ်း”

သုတအမိန့်ပေးလိုက်တော့ နွေယံက မျက်လုံးလေးပြူးပြီး သူ့ကိုယ်သူ လက်ညှိုးလေး ပြန်ထိုးပြကာ . . .

“ကျွန်တော့်ကို ပြောတာလား” . . .လို့မေးရှာပါတယ်။

“ဟုတ်တယ် မင်းကိုပြောတာ။ အူကြူးဆိုတာ မင်းကိုခေါ်တာ”

ကိုသုတက အူကြူးဆိုတာ ကျွန်တော့်ကိုခေါ်တာတဲ့။ ဒါဆို အစ်ကိုချစ်နေတာ ကျွန်တော်ပေါ့။ ‌ပျော်လိုက်တာဆိုတာ။ အစ်ကို့ နေယံ့ကို ကြိုက်နေတယ်ထင်ပြီး ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်ခဲ့ရလဲ အစ်ကိုသိလား။ အစ်ကိုကနေယံ့ကို ချစ်နေတယ်ထင်လို့ အစ်ကိုစိတ်ချမ်းသာပါစေဆိုပြီး နေယံနဲ့နီးစပ်ဖို့အတွက် ကျွန်တော်ကြိုးစားပေးခဲ့တာ။ ကျွန်တော်အစ်ကို့ကို ရင်နာနာနဲ့ နေယံ့လက်ထဲ ထည့်ပေးခဲ့တာ။ နေယံ့လက်ထဲထည့်ပေးဖို့ ကျွန်တော် ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။ ကျွန်တော်ဘယ်လောက်တောင် ရင်တွေနာပြီး အသဲကွဲခဲ့ရလဲ သိလားအစ်ကို။ အစ်ကိုပျော်ဖို့အတွက် ကျွန်တော်အသဲကွဲခံခဲ့တာ။ ကျွန်‌တော်ချစ်တဲ့အစ်ကို့ကို အမြဲပျော်ရွှင်ပြီး အမြဲပြုံးနေတာလေးပဲ မြင်ချင်ခဲ့တာ။

“ကဲ ကိုနွေယံ ပြောပါဦး။ ကျွန်တော်ထင်ရင် လွဲရိုးထုံးစံမရှိပါဘူးဆို။ မလွဲဘူးဘဲ။ အေးပေါ့ အမွှာတွေဆိုတော့ လွဲတော့မလွဲဘူးပြောရမှာပေါ့”

မုန်းအမြင်ကပ်ကပ်နဲ့ ရွဲ့ပြောလိုက်တော့ . . .

“ကိုမုန်းကလည်း” ဆိုပြီး ခေါင်းလေးငုံ့သွားတာ ပြန်ကိုဖော်မလာတော့ပေ။ လူကြည့်လိုက်တော့ အပျော်လုံး ဆို့နေတဲ့ရုပ်နဲ့။

အဲ့ဒါနဲ့ မုန်းလည်း အမြင်ကပ်ကပ်နဲ့ ဆက်ပြောလိုက်တယ်။

“လွဲမယ့်လွဲတော့လည်း မင်းနဲ့မှ တည့်တည့်ကြီးလွဲတာနော် အံ့ပါရဲ့။ သူ့ကိုယ်သူ ဆရာကြီးလိုလို ဘာလိုလိုနဲ့ ငါကဘာမသိညာမသိ ကူညီခဲ့ရသေးတယ်။ နွေယံတို့များ အံ့ဩပါ့”

“ငါလည်း မင်းကိုအံ့ဩတယ်။ မင်းထက် လေးနှစ်လောက်ငယ်တဲ့ ကလေးရဲ့စကားကို ယုံရတယ်လို့။ မင်းကမှ ပိုအံ့ဩဖို့ကောင်းတာ”

“ဟ . . သူကအတည်ကြီး ပြောနေတာကိုးကွ။ မင်းကလည်း ကြိုက်ရင် အစကတည်းက ပြောပါ့လား။ ဘာလို့ ခုလိုတွေလွဲအောင်လုပ်လဲ”

“သူ့ကို ကိုးတန်းမို့လို့ ငယ်သေးလို့ ဖွင့်မပြောတာလေ။ ဆယ်တန်းအောင်မှ ဖွင့်ပြောမလို့ဘဲ။ ငါကသာ ကလေးထင်နေတာ သူက ကလေးမဟုတ်တော့ဘူး။ အောင်သွယ်တော်တောင် လုပ်နေပြီဆိုတော့ ရည်းစားစကားပြောလို့ရနေပြီ။ ဟုတ်လားအူကြူး”

“ဟုတ်. . .ဟမ် မဟုတ်ပါဘူး”

“ခုမှ ဟုတ်တွေ မဟုတ်တွေလုပ်ပြီး မူမနေနဲ့”

မုန်းပြောလိုက်တော့ မုန်းကိုမျက်စောင်းထိုးလာသူက သုတပါ။ ကြိုက်တောင် မကြိုက်ရသေးဘူး။ ခုကတည်းက သူ့ကလေးဘက်ကနေ ငါ့ကိုမျက်စောင်းထိုးနေပြီ ကောင်စုတ်။ မုန်းလည်း အရှေ့က အလွဲကိုယ်တော်လေး ဘာဆက်ဖြစ်မလဲဆိုတာကို ထိုင်ပဲ ကြည့်နေလိုက်တော့တယ်။

“အူကြူး နောက်ဆို ထင်ရာတွေ လျှောက်မလုပ်နဲ့။ ကိုယ်ချစ်တာ နေယံမဟုတ်ဘူး မင်း။ အဲ့ဒါကို မင်းကိုယ်တိုင်ပဲ မသိတာ။ နေယံတောင်သိတယ်။ လူကြည့်တော့ လည်မလို ဝယ်မလိုနဲ့။ ဘာလုပ်လုပ် တလွဲကြီးပဲ။ ကိုယ်က မင်းကို ကလေးလေးမို့ ဖွင့်ပြောချိန် မတန်သေးလို့ ဖွင့်မပြောတာ။ ခုတော့ ဖွင့်မပြောလို့ မရတော့ဘူး။ မင်းရှေ့ဆက်လွဲနေမှာဆိုးလို့။ ‌ပြီးတော့ မင်းကိုကိုယ်ကသာ ကလေးထင်နေတာ မင်းက အောင်သွယ်တောင် လုပ်နေပြီဆိုတော့ ကလေးလေး မဟုတ်တော့ဘူးပဲ။ အဲ့ဒါကြောင့် အခု ကိုယ်ဖွင့်ပြောရတော့မှာပေါ့ ကိုယ်မင်းကိုချစ်တယ်။ မင်းရော ကိုယ့်ကိုချစ်လား”

“ဟို. . .ခုမှ ဖွင့်ပြောရုံပဲ ရှိသေးတာကို ကျွန်တော်က ဘယ်လိုပြန်ဖြေရမှာလဲ။ ခုနကအထိ အစ်ကို နေယံ့ကိုပဲ ကြိုက်နေတယ်လို့ သိထားတာ။ အဲ့ဒါကို အခု ကျွန်တော့်ကို ချစ်ပါတယ် ပြောလာတော့ ကျွန်တော်က ချက်ချင်းကြီး ဘယ်လို‌ပြန်ဖြေရမလဲ”

ဟုတ်တယ်လေ ကိုယ့်ကိုချစ်တယ်လို့ပြောလို့ ဘယ်လောက်ပဲ ပျော်နေပါစေ ချက်ချင်းကြီး အဖြေပေးစရာလား။ မဟုတ်ရင် ခုနကထိ ကိုယ်ကသူများနဲ့အောင်သွယ်နေပြီး သူ့ကိုမျှော်လင့်နေတယ်လို့ ထင်သွားမှာပေါ့။

“ဒါဆို မင်းက စဉ်းစားချင်သေးတာလား”

“ဟုတ်”

“ကိုယ်က မင်းစဉ်းစားတာကို မစောင့်နိုင်ဘူးဆိုရင်ရော”

“ဟို”

တဟိုဟို တဟုတ်ဟုတ်နဲ့ ဖြစ်နေတဲ့ နွေယံ့ကိုကြည့်ပြီး မုန်းစိတ်မရှည်တော့ပါဘူး။ သူလည်း မကြိုက်တာလည်း မဟုတ်ဘဲနဲ့။ သုတ သူ့ကို ဖွင့်ပြောတုန်းက ရုပ်က အပျော်ပန်းတွေပွင့်နေတာ ငါမမြင်တာကြနေတာပဲ။ အဲ့ဒါကို လာမူနေတယ်။ ကလေးစုတ်လေး။

“ဘာမှ တဟိုဟို လုပ်မနေနဲ့။ အဖြေပေးလိုက်တော့ ငါစိတ်မရှည်တော့ဘူး။ ခုနက သုတမင်းကိုဖွင့်ပြောတုန်းက ပျော်နေတဲ့ မင်းမျက်လုံးတွေကို ငါမြင်တယ်။ မင်းလည်း ကြိုက်နေတယ်မို့လား။ မျက်လုံးတွေက လင်းလက်ပြီး အရောင်တွေကို တောက်နေတာပဲ။ ကြိုက်နေရဲ့သားနဲ့ မူမနေနဲ့။ ကိုယ်ကြိုက်တာပဲ ကိုယ့်ဘာသာကိုယ် ဖွင့်ပြောပါ့လား။ ကိုယ်ချစ်တာကို ရအောင်ယူမယ်မရှိဘူး။ သူများလက်ထဲ အလွယ်တကူ ထိုးပေးနေသေးတယ်။ သုတစိတ်ရှည်ပေမယ့် ငါစိတ်မရှည်ဘူး။ စာကျက်ရအောင် ပြန်ရဦးမှာ။ မြန်မြန်အဖြေပေးလိုက်ကွာ ကြာတယ်။ ကိုယ်လည်း ကြိုက်နေရဲ့သားနဲ့ ကိုယ့်အမွှာနဲ့ အောင်သွယ်ပေးရတယ်လို့။ အံ့ဩတယ် ခုခေတ်ကလေးတွေ ဇွဲကိုမရှိဘူး”

ဟုတ်တယ်လေ မုန်းတုန်းကဆို ချစ်ရဲ့သားနဲ့ထွက်ပြေးနေလို့ မရ ရအောင်လိုက်ပြီး အမိဖမ်းခဲ့ရတာ။ အခု သုတက အလင်းလို ထွက်ပြေးနေတာတောင် မဟုတ်ဘူး။ တည့်တည့်ကြီး ဝင်လာနေတာကို သူကမူနေတယ်။

ဒါ‌တောင်မူနေပြီး ခေါင်းငုံ့နေတာ ပြန်ဖော်မလာတော့ပေ။ စိတ်က သိပ်မရှည်တော့ဘူး။ လွဲသွားတယ်ဆိုကတည်းက ကိုယ့်ဘာသာကိုယ် ရှက်နေရတာ။ ဒီက ရုပ်တည်ကြီးနဲ့ သေချာကိုစီစဉ်ခဲ့တာ။ အိမ်ကြရင်လည်း အကုန်ဝိုင်းပြီးလှောင်တာကို ခံရဦးမယ်။ မင်းကို ယုံစားမိလို့လေ။ သေနာလေး အမြန်အဖြေပေးလိုက်တော့။

“ဟ ဟေ့ကောင်လေး မူမနေနဲ့။ အမြန်လုပ်။ ကြာတယ်။ စာမေးပွဲနီးနေပြီ။ မင်းဘိုးတော်ရော ငါရော စာပြန်ကျက်ရဦးမှာ။ မင်ခုလိုတွေ အချိန်ဆွဲနေလို့ စာကျက်နောက်ကျပြီး မင်းဘိုးတော် စာမေးပွဲကျရင် မင်းအပြစ်မကင်းဘူးနော်။ အမြန်ပေးလိုက် မူမနေနဲ့။ မင်းကြိုက်နေတာ ငါသိတယ်။ ဒီတစ်ခါတော့ ငါထင်တာမလွဲဘူး သေချာတယ်။ မင်းမျက်နှာမှာပေါ်နေတာ အသိအသာကြီး”

“ကဲ အူကြူး ကိုကိုစာပြန်ကျက်ရဦးမယ်ကွာ အမြန်လုပ်။ ကိုယ့်ကို စာမေးပွဲကျစေချင်တာလား”

“ဟင့်အင်”

“ဒါဆို ကိုယ့်ကိုချစ်လား”

“အင်း”

မထူးတော့ဘူးလေ အဖြေပေးရတော့တာပေါ့။ ကိုမုန်းရှေ့မှာ မူနေရတာ အဆင်မပြေဘူး။ ကိုမုန်းနဲ့ မူလို့ကို မရဘူး။ နည်းနည်းပါပါး မူခွင့်ပေးပါဦးလား။ ဘယ်လိုလူကြီးမှန်းကို မသိဘူး။ နည်းနည်းတောင် မူလို့မရဘူး။

“အဲ့ဒါလေးပြောဖို့ကို အဲ့လောက်ကြာရလား။ အင်းချင်တာကြာနေပြီကို မူနေသေးတယ်။ ငါမသိတာကြ”

အဖြေပေးပြီးတော့လည်း အပြောခံ မလွတ်သေးပါဘူး။ ကိုမုန်းက ဘယ်ကတည်းက လူကိုမကျေနပ်နေမှန်းကို မသိဘူး။

“ကိုမုန်း ကျွန်တော့်ကို ဘယ်ကတည်းကများ ပြောချင်နေတာလဲဟင်”

“နေယံနဲ့မင်း လွဲသွားကတည်းကပဲ”

ထိုအချိန်မှာပဲ အနားကို နေယံက ရောက်လာပါတယ်။

“ရှာလိုက်ရတာဗျာ။ အစ်ကိုတို့နှစ်ယောက် ပြန်လာမယ်ထင်ပြီး ကျွန်တော့်မှာ စောင့်နေလိုက်ရတာ။ ရုပ်ရှင်တောင် တစ်ဝက်ပြီးနေပြီ အစ်ကိုတို့က ပြန်မလာဘူး။ ကျွန်တော်လည်း စိတ်မရှည်တာနဲ့ ထွက်လာလိုက်တာ”

“အေးကွာ အားနာလိုက်တာ။ မင်းညီဆီက အခုမှ အဖြေရတာလေ”

“အစ်ကိုကလည်း ကြာလိုက်တာ။ ခုနက ပြောသွားတုန်းကတော့ ဆရာကြီးအထာနဲ့။ ခုကြတော့ အဖြေလေးတစ်ခုရဖို့ အဲ့လောက်ကြာရလား”

“မင်းညီက မူနေလို့လေ။ ဒါတောင် ငါစိတ်မရှည်လို့ ကြားထဲကနေ ဝင်ပြောလိုက်လို့ ခုလေးမှ အဖြေရတာ။ ငါသာဝင်မပြောရင် ဘယ်ချိန်ထိ မူနေမလဲ မသိဘူး။ သုတအဖြေရဖို့ တစ်ပတ်လောက်ကြာနိုင်တယ်”

“ဟားဟား အေးပါဗျာ ကိုမုန်းရာ။ နွေယံမူတာကို မမြင်လိုက်ရတာ နာတယ်ဗျာ။ အဲ့လိုမှန်းသိရင် ကျွန်တော်စောစောထွက်ခဲ့ပါတယ်”

“အေး မင်းစောစောထွက်လာခဲ့သင့်တယ်။ မျက်နှာကြီး မဖုံးနိုင်မဖိနိုင် ပျော်နေပြီး မူရာပိုနေတဲ့ရုပ်ကို မင်းမြင်သင့်တယ်။ တကယ်ဆို မင်းတို့ ခဏလောက်ပဲဖြစ်ဖြစ် ချစ်သူလုပ်လိုက်ရမှာ။ ဒါမှ နွေယံ အသဲကွဲတဲ့ရုပ်ကို မြင်ဖူးမှာ”

“ဟုတ်သားပဲ။ ကျွန်တော် မတွေးမိလိုက်ဘူး ကိုမုန်းရ။ ဒီလိုမှန်းသိ သူစီစဉ်ပေးသလို ဇာတ်လမ်းရိုက်လိုက်ပါတယ်”

“နေယံနော် ကိုမုန်းပြောတိုင်း ငါ့ကို မတရားလိုက်ပြောမနေနဲ့။ ကိုမုန်းကလည်း တစ်ခါလေးမှားမိတာကို ပြောလို့ကို မပြီးတော့ဘူး”

“ဟုတ်ပါ့ကွာ။ မင်းတို့တွေ ငါ့အူကြူးလေးကိုပဲ ဝိုင်းပြောနေကြတယ်”

“ဘယ်လိုခေါ်လိုက်တာ အူကြူးတဲ့လား။ အသဲတွေ ယားလိုက်တာဗျာ။ ခင်ဗျား အဲ့တော်ကီတွေနဲ့တော့ ကျွန်တော့်ညီလေးကို မလှည့်စားနဲ့နော်”

“နေစမ်းပါ ချစ်လို့တောင်မဝတာကို လှည့်စားစရာလား”

“ဝေါ့. . .ဝေါ့”

“ဘာလဲမုန်း။ ကိုယ်ဝန်လား။ ဘယ်နှစ်လလဲ”

“ငါးလဟေ့”

“ထင်ပါတယ်။ အိမ်ရောက်မှ အလင်းကိုပြောရမယ်။ သိပ်မကြမ်းဖို့”

“မသာ သေလိုက်”

“ဒါနဲ့နွေယံ ငါနဲ့ကိုကိုနဲ့ကြိုက်သွားတာကို ကိုကို့ကိုပြန်မပြောနဲ့နော်”

“အမလေးကွာ ကိုကိုတဲ့။ ငါ့ရှေ့မှာ အဲ့လိုတွေ မခေါ်စမ်းပါနဲ့ကွာ။ အူတွေ အသဲတွေယားလို့”

“ခေါ်တော့ဘာဖြစ်လဲ နော်ကိုကို”

မခေါ်ပါနဲ့ဆိုမှ ပိုရွဲ့ပြီး ခေါ်ပြနေတဲ့ နွေယံပါ။ အမြင်ကို ကပ်ဖို့ကောင်းတယ်။ အဲ့လိုမှန်းသိ သူဆင်ပေးတဲ့ဇာတ်လမ်းကို မသိမသာ ကလိုက်ပါတယ်။ ငါကတော့ သူအသဲကွဲမှာဆိုးလို့ သူ့ဘဲကြီးကို အမြန်ဖွင့်ပြောဖို့ ပြောပေးခဲ့ရတာ။ ကျေးဇူးမတင် ဖင်လှန်ပြတဲ့ နွေယံ။

“ခေါ်လေ အိမ်ရောက်ရင် ကိုကို့ကိုပြောလိုက်မယ်။ ကိုသုတနဲ့ နွေယံနဲ့ ကြိုက်နေပါတယ်လို့”

“မင်းကလည်း မပြောနဲ့နော်။ မင်းဘာစားမလဲပြော”

“တကယ်နော်။ အဲ့ဒါဆို မင်းရတဲ့မုန့်ဖိုးကို နေ့တိုင်းငါ့ကိုတစ်ဝက်ပေး”

“ဘာ သေလိုက် မလွန်လွန်းဘူးလား နေယံ”

“အဲ့ဒါဆိုလည်း ကိုကို့ကိုပြောလိုက်မယ်လေ”

“ပြောချင်လည်း ပြောလိုက်တော့ကွာ။ နောက်လည်းသိမယ့်အတူတူ ခုသိလည်း မထူးဘူး”

“အဲ့ဒါဆို သနားသောအားဖြင့် သုံးရက်တစ်ခါ မင်းရဲ့မုန့်ဖိုးတစ်ဝက်ကို ပေးမလား”

“သုံးရက်မှ တစ်ခါပဲနော်။ တစ်နေ့ရတဲ့ မုန့်ဖိုးပဲ ခွဲပေးရမှာမို့လား”

“Yes”

“Ok သဘောတူတယ်။ မင်းကတိကို မင်းတည်”

“Ok ယောင်္ကျားကတိ”

“ကဲမင်းတို့ ‌ညီအစ်ကို အဆင်ပြေသွားပြီဆိုရင်လည်း ငါတို့ပြန်ဦးမယ်။ စာကျက်ရဦးမှာမို့လို့။ သုတပြန်မယ်”

“အူကြူး ကိုကိုပြန်တော့မယ်နော်။ နောက်မှ အေးဆေးတွေ့မယ်။ ညကြစာကျက်ပြီးရင် ကိုကိုဖုန်းခေါ်လိုက်မယ်”

“ဟုတ်ကိုကို တာ့တာ”

“ကိုကိုသွားပြီနော်။ နေယံ အစ်ကိုသွားပြီ”

“ဟုတ်အစ်ကို”

ထိုနေ့က သုတနဲ့နွေယံ ချစ်သူတွေဖြစ်သွားခဲ့ကြသလို ကျွန်တော်လည်း အိမ်ပြန်ရောက်တော့ ရှားတို့မေသူတို့ရဲ့ အလှောင်ကို ခံလိုက်ရပါတော့တယ်။ ကလေးရဲ့စကားကိုယုံပြီး လိုက်လုပ်ပေးလို့ လွဲခဲ့ရတာတဲ့လေ။ တော်သေးတယ် ညီအစ်ကိုချင်းလွဲ့လို့တဲ့ တခြားသူနဲ့လွဲရင် သုတတို့တော့ မုန်းလုပ်ပေးမှ မချစ်တဲ့သူကို ကြိုက်လိုက်ရမယ့်ကိန်းတဲ့။ ရုပ်တည်ကြီးနဲ့ ဟုတ်တိပတ်တိ အောင်သွယ်ပေးနေရှာတဲ့ မုန်းရုပ်ကို ပြန်စဉ်းစားကြည့်တိုင်း ရယ်ချင်တယ်ဆိုပြီး အားရပါရ ရယ်နေပါသော မေသူနဲ့ရှားရယ်ပါ။ မုန်းလိုက်တာဆိုတာ။ နောက်ဆို ဘယ်ကြားမှ မဝင်ဘူး။ မုန်းနာမည်ပျက်တယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now