အပိုင်း -၂၂

2.4K 250 5
                                    

Unicode Version

အပိုင်း -၂၂  ငါနင့်ကိုမုန်းတယ်

ယင်းရှောင်ကျဲ မျက်လုံးတွေကိုကျဉ်းမြောင်းလိုက်ပြီး
သူ နောက်လှည့်ကြည့်စရာမလိုအပ်ပဲ သူနောက်မှာ လူအများကြီးရှိ‌ နေတယ်ဆိုတာသိနေသည် သူရဲ့ဇနီးက သူကိုရှာနေတယ်ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ သူ့ပတ်၀န်းကျင်ကလူအားလုံးဟာတုန်လှုပ်သွားပြီးဘာတွေဖြစ်နေလဲဆိုတာသိချင်နေကြတာပင်

အကယ်၍ သူသာ ယခုအချိန်တွင် မုရှောင်းရှောင်ပြောသလို လုပ်လိုက်ပါက  မုရှောင်းရှောင်က သူ့ဇနီးဖြစ်ကြောင်းဘသက်သေပြသလိုဖြစ်သွားပေလိမ့်မည်

“ မရဘူး ဒီမှာ လူတွေ အများကြီးပဲ မင်းက ဘာမှမဖြစ်ပေမယ့် ငါကတော့ ငါ့ပုံရိပ်ကို ငါဂရုစိုက်တယ် "

ယင်းရှောင်ကျဲကငြင်းဆန်ဖို့အကြောင်းပြချက်တစ်ခုပေးလိုက်တော့ မုရှောင်း‌ရှောင်ကဒေါသပို ထွက်လာကာ နှုတ်ခမ်းဆူပြီး
အထွန့်တက်လိုက်သည်

“ ယင်းရှောင်ကျဲ နင်ပြောင်းလဲသွားပြီ နင်အရင်ကဒီလိုမဟုတ်ပါဘူး အရင်ကဆို ငါပြောရင် အကုန် မငြင်းပယ်‌ဘဲ လုပ်ပေးတယ် အခုတော့ မိန်းကလေးတစ်ယောက်ကြောင့် ငါ့လုပ်ခိုင်းတာကို ငြင်းတယ်  အိုကေလေ နှစ်ပေါင်းများစွာ  ရင်းနှီးခဲ့တဲ့ သံယောဇဉ်တွေက အခု အကုန် ပျက်ဆီးသွားပြီ  "

အရင်က မုရှောင်းရှောင် ယင်းရှောင်ကျဲကို သူတစ်ခုခုလုပ်‌ပေးဖို့ပြောတဲ့အခါ သူ့ပါးစပ် က 'မရဘူး' လို့မကြာခဏပြောပေမယ့် သူမနောက်ကွယ်က‌‌နေဖြစ်ဖြစ် အမြဲ လုပ်ပေးခဲ့လေသည်

ဒါကြောင့် အခုသူ့ကိုဒီလိုမျိုး ငြင်းတာကိုတွေ့လိုက်ရတော့ သူမရဲ့ နှလုံးသားက မသက်မသာဖြစ်တာကိုခံစားလိုက်ရသည်
သူမရဲ့ နှလုံးမှာ ခဲနေတဲ့ ကျောက်ခဲကြီးတစ်လုံး စိုက်၀င်နေသလိုပင်

"ယင်းရှောင်ကျဲ ငါနင့်ကိုမုန်းတယ်!"

မုရှောင်းရှောင် အရမ်းဒေါသထွက်လာပြီး
မျက်လုံးမှာ မျက်ရည်တွေ စိုစွတ်နေလာက ထိုနေရာက ထွက်သွားဖို့ လှည့်ထွက်လိုက်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now