အပိုင်း - ၆၄

2.2K 242 1
                                    

Unicode

အပိုင်း - ၆၄ မင်းကို ရှာတွေ့ရင် အသားစဉ်းသလို စဥ်းပစ်မယ်

ယင်းရှောင်ကျဲ နောက်ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားရင်း သူ့မျက်လုံး‌တွေ ကျဉ်းသွားသည် မုရှောင်းရှောင် သူဖုန်းနံပါတ်ကို Block ထားတာဖြစ်နိုင်မလား?

ထို့ကြောင့် သူ ကြိုးဖုန်းကို အသုံးပြု၍ မုရှောင်းရှောင် ဖုန်းနံပါတ်ကိုခေါ်လိုက်သည်

ဒီအချိန်တော့ လိုင်းမအား‌သေးပါ ဆိုတဲ့ အချက်ပြမှုမရှိပါ။

သူမသည် အမှန်ပင်သူ့ကို Block တဲ့ စာရင်းသွင်းခဲ့သည်!

ယင်းရှောင်ကျဲ အလွန်ဒေါသထွက်နေတဲ့အတွက် သူ့ရင်ဘတ်ကနိမ့်လိုက်မြင့်လိုက်နဲ့ အသက်သံတွေပါ
ပြင်းလာသည်

တကယ်လို့ သူ သူမကိုရှာတွေ့ရင် သူမရဲ့တင်းပါးကိုရက်ရက်စက်စက်ရိုက်နှက်ဦးမယ်လို့ကျိန်ဆိုလိုက်သည်

"ဟယ်လို"

ဖုန်း၀င်သွားပြီး  မုရှောင်းရှောင်ရဲ့ အသံချိုချို‌လေးကိုကြားခဲ့ရသည် သို့သော် သူမအသံက ပါးစပ်ထဲတွင် တစ်ခုခုရှိနေ၍ လုံးနေတဲ့ အသံလိုဖြစ်နေကြောင်း ယင်းရှောင်ကျဲ ခံစား လိုက်ရသည် ရယ

ယင်းရှောင်ကျဲ နဖူးတွန့်သွားကာ သူမတစ်ခုခုစားနေတာလား

"မင်းဘယ်မှာလဲ?"

မုရှောင်ူရှောင် အလွန်အံ့အားသင့်သွားမိသည် ယင်းရှောင်ကျဲအသံကို ရုတ်တရက် ကြားလိုက်ရလို့ နဲနဲလေးတော့ တွေဝေအေးခဲသွားသည်

“ငါနင့်ကိုမပြောပြဘူး နင်ရှာနိုင်ရင်ငါ့ကိုရှာကြည့်လေ နင်ဒီနေ့ အရမ်းတရားလွန်သွားပြီ ငါ့ကိုမတောင်းပန်မချင်း ငါနင့်ကိုစကားပြောမှာမဟုတ်ဘူး ဒါဘဲ နှုတ်ဆက်ပါတယ်  ဘိုင့်!"

မုရှောင်းရှောင် ပြောပြီးတာနဲ့ ဖုန်းကို ခွပ်ကနဲချလိုက်သည်

ယင်းရှောင်ကျဲ ဆက်သွယ်မှုပြတ်တောက်သွားတဲ့ ဖုန်းကို
ခဏတာစိုက်ကြည့်နေပြီး သူ၏နှုတ်ခမ်းများကဆိုးဝါးသောအပြုံးဖြင့် ပြုံးလိုက်ကာ

  “ မင်းကိုငါမတွေ့နိုင်ဘူးလို့ထင် နေတာလား မကြာခင်  မင်းမြင်ရလိမ့်မယ်”

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now