အပိုင်း - ၁၀၀

3.3K 211 2
                                    

Unicode

အပိုင်း - ၁၀၀ သူတကယ်ဂရုစိုက်တယ်

ယုကျန်က  စိုးရိမ်နေတဲ့အကြည့်နဲ့

"ရှောင်းရှောင် ၊ မင်းသတိမထားမိသေးလို့နော် လုရိချန် ကို အထင်ကြီးလေးစားသူတွေအများကြီးရှိတယ်  မင်းလုရိချန်ကို ချစ်ကြောင်းဝန်ခံတာ အောင်မြင်သွားတယ်လို့ သူတို့ထင်သွားရင် မကောင်းတာတွေ သူတို့လုပ်နိုင်တယ်"

မုရှောင်းရှောင်ကဝောာ့ သူမ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးလုံး၀စိတ်မပူဘဲ

"စိတ်မပူပါနဲ့ ဘယ်သူမှ ငါ့ကို ဘာမှမလုပ်ရဲဘူး?  "

သူမမှာ ကျောထောက်နောက်ခံအဖြစ် ယင်းရှောင်ကျဲတစ်ယောက်လုံးရှိသည်.... သူရဲ့အကာအကွယ်ကိုရထားတဲ့
သူမကိုဘယ်သူထိဝံ့ပါ့မလဲ။

သို့သော်လည်း သူမတစ်ချက် တော့မေ့သွားတယ်
သူမနဲ့ ယင်းရှောင်ကျဲရဲ့ ဆက်ဆံရေးအကြောင်းကိုဘယ်သူမှမသိထားပေ

“ နောက်တစ်ခုရှိသေးတယ်…”

ယုကျန်က ပြောပြန်သည်။  သူ့အမူအရာကကြည့်ရတာ
ပတ်၀န်းကျင်လူများကြားမှာ ကြောက်ရွံ့ နေသကဲ့သို့ အသံတိုးလိုက်ကာ သူမနှင့်ပိုမိုနီးကပ်လာပြီး

"သောကြာနေ့တုန်းက သခင်လေးကျဲကမင်းကိုရှာဖို့
တစ်ကျောင်းလုံးကိုလိုက်ရှာနေတယ်လို့ ငါကြားတယ်။
အဲဒါအမှန်လားဆိုတာတော့ ငါမသိဘူး။ မင်းတို့နှစ်ယောက်ကြားပြဿနာ တစ်ခုခု ဖြစ်ခဲ့သေးလို့လား ? "

"ပြီးတော့ သခင်လေးကျဲနဲ့ ပိုင်မိန်ကျောင်း အဲဒီနေ့မှာပဲလမ်းခွဲလိုက်တယ်လို့ငါကြားတယ်။ မင်းက သခင်လေးကျဲရဲ့ပစ်မှတ်အသစ်ပဲလို့လူတိုင်းကသတင်းဖြန့် နေကြတယ်။ သူကမင်းကို တွေ့ချင်နေတာထင်တယ်"

"ယင်းရှောင်ကျဲက ငါ့ကိုတစ်ကျောင်းလုံးမှာ ပတ်ရှာနေတယ်လို့ နင်ပြောနေတာလား?  " 

ယုကျန်ဆီကနေ ထိုစကားကိုကြားရသောအခါ  မုရေီာင်းရှောင်ရဲ့ မျက်လုံးများသည်တောက်ပသွားသည် ပြီးတော့မှ သဘောကျသလို လက်ခုပ်လက်ဝါး တီးပြီး ရယ်တော့သည်

ထိုလူယုတ်မာသည် တနေ့က သူမအားဂရုမစိုက်ဟန် ဆောင်ပြီး  သူမကို ချန်ကာ တစ်ယောက်တည်းထွက်သွားသည်။

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now