အပိုင်း - ၆၈

2.3K 260 2
                                    


Unicode

အပိုင်း - ၆၈ ငါ့မှာ အခုမင်းပဲ ရှိတော့တယ်

ယင်းရှောင်ကျဲက ရည်းစားထည်လဲ တွဲပြီး ပွေရှုပ်တတ်တာ‌ ကြောင့် ကောင်မလေးအကြောင်း နောကြေနေမှန်း သူမသိသည်

ယင်းရှောင်ကျဲ ငိုမလို ရယ်မလို ဖြစ်ရသည် သူမှားတယ်ဆိုတာကို သိပေမယ့်လဲ  မုရှောင်းရှောင်ကို ကြည့်ပြီး သက်ပြင်းသာချမိသည် ဒီကောင်မလေးက အခုအထိ ရည်းစားဆိုလို့ တစ်ယောက်မှ မရှိသေးပေ သူနဲ့တော့ ကွာခြားသည် သူက အနမ်းတောင်မပေးဖူးတတဲ့ အမည်ခံ ရည်းစားတွေ မှိုလိုပေါက်အောင်ကို ထားဖူးတယ် ဆိုပေမယ့်လဲ  သူနဲ့ စေ့စပ်ထားပြီ ဖြစ်တဲ့ မုရှောင်းရှောင် အတွက်တော့ မတရားမှန်းသူသိသည်

ယင်းရှောင်ကျဲ ရှောင်းရှောင်နဲ့ ဆက်ပြီး မငြင်းခုန်ချင်တော့တာကြောင့် စကားလမ်းကြောင်းလွှဲလိုက်ကာ

" အိုကေ ငါတို့ ဆက်လဲ မငြင်းတော့ဘူး ရန်လဲ မဖြစ်တော့ဘူး ဟုတ်ပြီလား ? ပြီးတော့ ငါလဲ ငါ့ကောင်မလေးနဲ့ ပြတ်သွားပြီ  အခုဆို  မင်းတစ်ယောက်တည်းကပဲ ငါနဲ့ ပတ်သတ်မှုရှိတဲ့ မိန်းကလေးပဲ ဒါဆ်ု ကျေနပ်ပြီမလား ?"

"ပြတ်သွားပြီ "

ယင်းရှောင်းကျဲဆီက မမျှော်လင့်ထားတဲ့ သတင်းစကားကို ကြားလိုက်ရတော့ တကယ်ကိုပဲ လန့်သွားသည်

" ဖြစ်နိုင်လို့လား ယင်းရှောင်ကျဲ ???? တနေ့တုန်းကတောင် ငါ နင့်ကို ရှာတုန်းက နင်နဲ့ နင့်ရည်းစား အတန်းထဲမှာ ကြည်နူးနေကြတာလေ ....ဘယ်လိုလုပ် အခု ပြတ်သွားတယ်ဆိုတာ ဖြစ်နိုင်မှာလဲ ? "

ယင်းရှောင်ကျဲ မကျေမချမ်းနဲ့ မုရှောင်းရှောင်ကို ကြည့်ကာ

"ဒီလို ပြတ်သွားတာ မင်းကြောင့်ပဲလေ "

"ဘာ ငါ့ကြောင့် ဘယ်လိုများ နင့်ပြဿနာထဲ ငါ့ကို ဆွဲထည့်ရတာလဲ ?"

ယင်းရှောင်ကျဲ ဒီအကြောင်းကို ဆက်ပြီး မဆွေးနွေးချင်တော့ပေ  ဘယ်လိုပဲ ဖြစ်ဖြစ် ပိုင်မိန်ကျောင်းက သူရဲ့ ရည်းစားဟောင်း စာရင်း၀င် ဖြစ်သွားပြီ ဒါ့ကြောင့် သူနဲ့ မသက်ဆိုင်တော့ပေ စိတ်လဲ မ၀င်စားတော့ပေ ပထမနှစ်တွေ ထဲမှာ အလှဆုံးတစ်ယောက်မို့ သူ့ရည်းစားလုပ်ဖို့ ရွေးခဲ့ရုံသာ
စဉ်းစားတတ်တဲ့ ဦးနှောက်လေးရှိကာ ဉာဏ်ကောင်းပြီး သူ့ကိုလဲ အနှောင့်အယှက် သိပ်မပေးတတ်တာကြောင့် ရက်ကြာကြာတွဲခဲ့ရုံလေးသာဖြစ်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now