အပိုင်း -၂၆

2.3K 234 0
                                    


Unicode




အပိုင်း -၂၆  နှုတ်က မဟုတ်ဘူးလို့ ငြင်းနေပေမယ့် နှလုံးသားကတော့ ထောက်ခံနေတယ်

မိနစ်အနည်းငယ်အကြာတွင်သူတို့ ကန်တင်းကို ရောက်ရှိလာခဲ့သည် မုရှောင်းရှောင် ကန်တင်းသို့ဝင်သောအခါ အေးမြလေပြေလေးကို သူမခံစားလိုက်ရသည် ကန်တင်းကတကယ်တော့ အေးအေးဆေးဆေး ငြိမ်သက်နေသည်  ဒါဟာတကယ်ပဲ အဆင့်မြင့်ကျောင်းတစ်ခုရဲ့ ကန်တင်းတစ်ခုပင်

"ဘယ်မှာစားကြမလဲ "  သူမမေးလိုက်တော့

" အဆင့်မြင့် ထမင်းစားခန်းက ဟိုးမှာရှိတယ် တကယ်တော့
ဒါကသာမန် ထမင်းစားခန်းပါပဲ မင်းသဘောကျမယ်ဆိုရင်တော့ ဒုတိယထပ်သို့သွားနိုင်တယ် ဒုတိယထပ်မှာ စားသောက်ဆိုင် ရှိတယ် အဲဒီမှာ မင်းကြိုက်တာ မှာလို့ရတယ်"

ဟု ယုကျန်ကညွှန်ပြသည်။

" ဒုတိယထပ်ကိုမသွား‌တော့ဘူး ဒီမှာပဲ စားကြရအောင်
အနံတွေ တော်တော် မွှေးနေတာပဲ "

သူတို့ထိုင်ဖို့နေရာရှာကြသောအခါသူတို့ အတန်းဖော် အချို့နဲ့ တွေ့ဆုံခဲ့သည် သူတို့ရဲ့ အတန်းဖော်များကသူတို့ကို အတူ ထိုင်ဖို့ လှမ်းခေါ်တာကြောင့် သူတို့နှစ်‌ယောက် အဲဒီကို သွားလိုက်သည်

မုရှောင်းရှောင်ကလူတွေကို သိပ်ပြီးမမှတ်မိပေ ထို့အပြင် တစ်မနက်ထဲ စာသင်ခန်းတစ်ခုက ကျောင်းသားတွေရဲ့ နာမည်အားလုံးကို  မှတ်မိနိုင်စွမ်းလဲ မရှိပေ ဒါကြောင့်
သူမက အားလုံးကို ပြုံးလိုက်တယ်

ကျောင်းသားတစ်ယောက်က မုရှောင်းရှောင်နဲ့ ယုကျန်ကို စနောက်လိုက်သည်

"မုရှောင်းရှောင်   ယုကျန်  မင်းတို့ အတူတူလာတာလား မနက်ကမှ သိတာကို အစောကြီးအချစ်မှာ ကျရှုံးသွားပြီး အတူတူတွဲနေကြပြီလား ? "

အခြားကျောင်းသားများက စိတ်မကောင်းသံနဲ့ ကြွေးကြော်လိုက်ကြသည် ပြီးတော့

"အတူတူတွဲ ! အတူတူတွဲ !"

လူအများအပြားက အတူတကွ အော်လိုက်ကြသည်
ဒါ့ကြောင့် ကန်တင်းမှာရှိနေတဲ့ လူတွေရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်သလိုဖြစ်သွားသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now