အပိုင်း - ၄၉

2K 205 4
                                    


Unicode

အပိုင်း - ၄၉ သူမကို တမင် လာရှာတာ

လုရိချန် မုရှောင်းရှောင်ရဲ့ ကွဲအက်အက် အသံကိုနားထောင်ပြီးမျက်မှောင်ကြီးကြုတ်လျက်

“ မင်းဒီမှာဘယ်လောက်ကြာကြာပုန်းပြီး ငိုနေတာလဲ?

ရှောင်း‌ရှောင် အသက်ပြင်းပြင်းရှူကာ စိတ်အခြေအနေများ‌ ကောင်းအောင် လုပ်ကာ  မျက်ရည်များကို လက်နဲ့ သုတ်ပြီး မတ်တပ်ရပ်လိုက်သည်။

"ရှင် ... ? "

လုရိချန် သူမကို တမင် လာရှာတာလာသလားဆိုတာကိုသူမသိချင်ယောင်ဆောင်ပြီးမေးချင်ခဲ့တယ်  ဒါပေမယ့်သူဒီတိုင်း ဖြတ်သွားတာလဲ ဖြစ်နိုင်တယ်ဆိုတာ သူမတွေးမိနေမိသည်။

လုရိချန် သူမ မေးချင်တဲ့ မေးခွန်းကိုသိပုံရပြီး လေသံတိုးတိုးလေးနဲ့

“ကိုယ်မှန်းလိုက်တာ  မင်းတကယ်ပဲ ကျောင်းအုပ်ကြီးကို သွားရှာမယ်လို့ မထင်ထားဘူး ဘာတွေ ဖြစ်ကုန်တာလဲ ? ကိုယ့်ကို ပြောပြလို့ရတယ် "

သူရဲ့ အသုံးအနှုန်းနဲ့ အပြုအမူက ဒီနေ့ မနက်ကပုံစံနှင့် အနည်းငယ်ကွာခြား‌ နေသည်၊ သူမအပေါ် မအေးစက်
တော့တဲ့အပြင် စိုးရိမ်စိတ်အနည်းငယ်ပင်ရှိ‌နေသည်။

မုရှောင်းရှောင်  လုရိချန်ကို ထူးဆန်းစွာကြည့်လိုက်ပြီး

"ရှင် ... ကျွန်မကို  လာရှာတာလား? "

"အင်း " 

လုရိချန် ဟန်ဆောင်မှုမျက်နှာဖုံး တစ်ခုမှ မပါဘဲ ဝန်ခံခဲ့သည်

မုရှောင်းရှောင် အဓိက အကြောင်းရာကို အခုမှ သတိရပြီးသူမရဲ့ ခေါင်းလေးငုံကာ 

“ စိတ်မကောင်းပါဘူး.......ကျွန်မ မအောင်မြင်ခဲ့ဘူးကျောင်းအုပ်ကြီးကို နဂိုအတိုင်း ဂိတ်စောင့် ဦးလေးကြီးကို ပြန်ခန့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း…”

မျှော်လင့်မထားတဲ့ လူဆိုးကောင် ယင်းရှောင်ကျဲ
ရုတ်တရက် ပေါ်လာကာ  ကျောင်းအုပ်ကြီးကိုသူမအားကူညီခွင့်မပြုခဲ့ပေ

လုရိချန်  ကသူမကိုခဏလောက်ကြည့်ပြီး

"ဒါအရေးမကြီးပါဘူး၊ ဒါမင်းရဲ့အမှားလဲ မဟုတ်ဘူး"

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now