အပိုင်း - ၃၁

2.3K 228 13
                                    

Unicode

အပိုင်း - ၃၁  သူ့အပေါ်ဘာခံစားချက်မှ မရှိဘူးဆိုတာ မယုံဘူး

စေ့စပ်ပွဲမှာပဲ ယင်းမိသားစုအိမ်‌တော်ဘက်ကနေ ယင်းရှောင်ကျဲနဲ့ မုရှောင်းရှောင်တို့ နှစ်ယောက်က တရား၀င် စေ့စပ်လိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်သည်

"အခုလောလောဆယ်ကဝောာ့ သူတို့လူငယ်နှစ်ယောက် ရင်းနှီးဆက်ဆံရေး တိုးတက်စေဖို့ အချိန်လိုအပ်တဲ့အတွက်ကြောင့် လက်ထပ်ပွဲကို  အလျင်စလိုမလုပ်‌ဘဲ ယာယီ ခေတ္တ ခဏ ဆိုင်းငံ့ထားမယ် ရှေ့လျောက် သူတို့ လူငယ်နှစ်ယောက်လုံး လက်ထပ်ရမယ့် အရွယ် ရောက်မှပဲ လက်ထပ်ပွဲကျင်းပပေးဖို့စီစဉ်ထားပါတယ် "

ယင်းရှောင်ကျဲ အခုမှ စိတ်အေးသွားသလို ခံစားရတဲ့ အချိန်မှာပဲ မေမေယင်းက ပြုံးပြုံးလေးနဲ့ ထဖောက်ပြန်သည်

"နိုင်ငံခြားမှာဆိုရင် အသက်၁၈ နှစ်ဆိုတာ လက်ထပ်လို့ရတဲ့ အရွယ် ဖြစ်နေပြီလေ "

ယင်းရှောင်ကျဲ သူ့အမေကို သူမျက်လုံးပြူး မျက်ဆန်ပြူးကြီးနဲ့ ကြည့်မိသွားသည်

တော်သေးတာက မုရှောင်းရှောင် သူ့ကို တစ်နေရာကို ဆွဲခေါ်သွားပြီး မကျေမနပ်လေသံနဲ့

"ယင်းရှောင်ကျဲ နင် အဲလောက်ကြီး ငါ့ကို မယူချင်တဲ့ပုံစံ လုပ်မနေစမ်းပါနဲ့ဟာ "

ယင်းရှောင်ကျဲ ‌အဲစကားကြားလိုက်ရတော့ နတ်ဆိုးဆန်ဆန် ပြုံးလိုက်မိတဲ့အပြင်  မုရှောင်းရှောင်ရဲ့ ပခုံးလေးကို ကိုင်လိုက်ကာသူမရဲ့ နားရွက်နားကို ကပ်လိုက်ပြီး သူအသက်ရှုထုတ်လိုက်တဲ့ လေနွေးနွေးလေးကို သူမနားထဲ မှုတ်လိုက်သည် ပြီးမှ

"မုရှောင်းရှောင် မင်း ငါ့ကို ကြိတ် ကြိုက်နေတာ မှတ်လား ဟုတ်တယ်ဟုတ် အဲဒါကြောင့် ငါ့ကို လက်ထပ်ချင်နေတာမလား? "

ပထမတော့ မုရှောင်းရှောင်း ယင်းရှောင်ကျဲရဲ့ အပြုအမူကြောင့် ရင်တွေတုန်ကာ နှလုံးခုန်သံတွေ မြန်လာရသည်သို့သော် သူပြောတဲ့ စကားကြားပြီးတဲ့နောက်မှာတော့ သူခေါင်းကို လက်နဲ့ တွန်းထုတ်လိုက်ကာ တည့်တည့် စိုက်ကြည့်လိုက်ပြီး

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now