အပိုင်း - ၁၂

3K 300 2
                                    


Unicode Version

အပိုင်း - ၁၂  – စေ့စပ်ရ‌တော့မှာ

မုရှောင်းရှောင်အဲဒီတော့မှ ရုတ်တရက်မှတ်မိပြီး ပြုံးလိုက်တယ်

“ အိုက်ယား ငါမေ့သွားတယ်၊ ငါ့အိတ်ကလုံခြုံရေးအစောင့်ဆီမှာ  အခုငါ သွားယူလိုက်မယ် ... ”

လို့ ပြောပြီးနောက်သူမအပြင်ထွက်လိုက်ပေမယ့် ယင်းရှောင်ကျဲကသူမရဲ့လက်ကိုဆွဲကာရပ်လိုက်သည်

"ဆင်းသွားစရာမလိုပါဘူး၊ သူတို့ကိုငါ ဒီကို လာပေးခိုင်းလိုက်မယ်"

ယင်းရှောင်ကျဲ သူမရဲ့ခန္ဓာကိုယ်ပေါ်က အင်္ကျီလေးကိုကြည့်လိုက်ပြီးအနည်းငယ်မကျေမနပ်ဖြစ်နေသည်

"နင် ဒီနေ့ဘယ်လို‌တွေဝတ်ပြီး အပြင်ကို ထွက်လာဖို့ စိတ်ကူးပေါက်ရတာလဲ "

မုရှောင်းရှောင် ခေါင်းကိုခါလိုက်ကာ

"မဟုတ်ဘူး။ ငါပြန်လာတုန်းက‌ တော့ ကုတ်အင်္ကျီလေးတစ်ထည် ၀တ်ထား‌သေးတယ်၊ ဒါပေမယ့်တရုတ်ပြည်မှာရာသီဥတုအရမ်းပူတယ် ငါမခံနိုင်ဘူး အဲတော့ငါကုတ်အင်္ကျီကိုချွတ်လိုက်တာ "

ယင်းရှောင်ကျဲ သူမရဲ့ စကားကိုနားထောင်ခဲ့ပြီးနောက်မှာတော့  အနည်းငယ်စိတ်သက်သာရာရသွားပြီး

“ တရုတ်မှာဒီလိုမဝတ်နဲ့. တအားဖော်ထားသလိုပဲ အကုန် မြင်‌ နေရတယ် "

မုရှောင်းရှောင် နှာခေါင်းရှုံ့လိုက်မိတယ်

"ဒါကို နင်က ဖော်ထားတယ်လို့ ထင်တယ်။ နင်‌ ဘယ်လိုဟာက ထားတယ် ဆိုတာကိုမတွေ့ဖူးသေးဘူးထင်တယ် "

ယင်းရှောင်ကျဲ မုရှောင်းရှောင်ကို ကြည့်လိုက်ပြီး

"ငါပြောချင်ဝာာက  တရုတ်ပြည်ကလူတွေဟာ ပိုပြီးရှေးရိုးစွဲဆန်တယ် အဲဒါကို  မင်းသိပြီးသားပဲမဟုတ်လား?"

ထို့အပြင် မုရှောင်းရှောင်က ပိန်ပေမယ့် သူမရဲ့ ရင်ဘတ်က တော့ သေးငယ်နေသည်မဟုတ် မုရှောင်းရှောင် ဒီလိုမျိုး ၀တ်စားတာဟာ အခြားသူများအတွက်သာ အကျိုးရှိသွား‌ ပေလိမ့််
မည်

ယင်းရှောင်ကျဲ သူ့နဖူးသူကိုင်လိုက်ပြီး စိတ်ဓာတ်ကျစွာ တွေးမိသည် မုရှောင်းရှောင် ဘယ်လို၀တ်၀တ် ဒါကသူနဲ့လုံးဝမဆိုင်ပါပေ ဒါပေမယ့်  ဘာကြောင့် ဒီလောက်ဂရုစိုက်နေမိသလဲ စဉ်းစား၍မရပါ မည်သို့ပင်ဖြစ်စေ မုရှောင်းရှောင် ပြဿနာတစ်ခုရှိသည်ဆိုရင်တောင်မှ သူတို့ဟာ ကလေးဘဝကတည်းက ခင်လာကြတာဖြစ်တာကြောင့် ‌ကြည့်ရှု့စောင့်ရှောက်ရပေမည်
သူတင်မက သူ၏မိသားစုသည်လဲ သူမကိုဂရုစိုက်စောင့်ရှောက်ကြလိမ့်မည်၊ အဲဒီလိုမလုပ်ပါက သူ့ကိုဒုက္ခရောက်သွားစေနိုင်သည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now