အပိုင်း -၂

4.4K 416 3
                                    


Unicode Version

အပိုင်း-၂ သူ့ကို အမိန့်ပေးရဲတဲ့ မိန်းကလေး

'' သခင်လေးကျဲ " ယောက်ျားတွေရဲ့ နှလုံးသားကို အရည်ပျော်သွားစေနိုင်တဲ့ အသံတိုးတိုးလေးနဲ့ ငြင်ငြင်သာသာလေးခေါ်လိုက်တယ်

ဒါပေမယ့် အဲဒီလိုမျိုး အသံတွေဟာ ယင်းရှောင်ကျဲ အပေါ်မှာတော့ အလုပ်ဖြစ်မနေပါဘူး

သူ့နှုတ်ခမ်းကို အနမ်းပေးဖို့ ကြိုးစားလိုက်ချင်းချင်းပဲ ယင်းရှောင်ကျဲဟာ ဇတ်ခနဲသူမကိုတွန်းထုတ်လိုက်တယ်
ပြီးတာနဲ့ မျက်၀န်းတစ်စုံဟာ ပွင့်လာခဲ့ပြီး စူးရှနက်မှောင်တဲ့ မျက်၀န်းတစ်စုံနဲ့ သူမကို ကြည့်လိုက်တယ်

တစ်စက္ကန့်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာပဲ သူမကို မ‌‌ကျေနပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပေမယ့် သနားငြာတာမှု တစ်စုံစတရာကို မတွေ့လိုက်ရဘူး ပြီးတာနဲ့ သူမကို တွန်းထုတ်လိုက်ပြီး

''မင်း ငါနဲ့ ဝေးတဲ့နေရာမှာ သွားနေလိုက် "

သူသောက်ထားတာ အရမ်းကိုများသွားတဲ့ အတွက်
နေထိုင်ရတာ မသက်မသာဖြစ်နေတယ် သူ့နှာဖူးကို လက်နဲ့ ကိုင်လိုက်ပြီး ဖိနှိပ်လိုက်ပေမယ့် သူရဲ့အသံကတော့ အာဏာ အပြည့်ဖြစ်နေတုန်းပဲ

ဟန်ယွမ်အာ နှုတ်ခမ်းဆူလိုက်ပြီးတော့ သူ့ရဲ့ လက်မောင်းကို တွဲလိုက်တယ် ''သခင်လေးကျဲ သောက်တာ အရမ်းများသွားပြီထင်တယ် ကျွန်မကူညီပေးပါ့မယ် "

ယင်းရှောင်ကျဲ မျက်မှောင်ကြုတ်လိုက်ပြီးတော့ သူ့ ဘောင်းဘီအိတ်ကပ်ထဲမှာ တစ်ခုခုကို ရှာနေပေမယ့် ရှာလို့ မတွေ့ဘူး
ဒါကြောင့် သူခက်ထန်တဲ့အသံနဲ့ အော်လိုက်တယ် ''ငါ့ရဲ့ ဖုန်း ဘယ်မှာလဲ "

မနီးမဝေးမှာထိုင်နေတဲ့ လူက အပြေးအလွှားရောက်လာပြီးတော့
လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ဖုန်းကို ကမ်းပေးလိုက်ပြီး '' သခင်လေးကျဲ သခင်လေးရဲ့ ဖုန်းက ဒီမှာပါ ကျွန်တော် သိမ်းထားပေးပါတယ် "

ပြီးတာနဲ့ ချက်ချင်းပဲ ဖုန်းတစ်ကော ၀င်လာခဲ့ကြောင်း အစီရင်ခံလိုက်တယ်

အဲဒီအချိန်မှာပဲ ဖုန်းသံထမြည်လာခဲ့တယ်

မရင်းနှီးတဲ့ နံပါတ်စိမ်းကို ကြည့်လိုက်ကာ ယင်းရှောင်ကျဲ သူ့မျက်လုံးတွေ မှေးစင်းသွားပြီး ဖုန်းပြန်‌ဖြေလိုက်တယ်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now