အပိုင်း - ၄၅

2K 196 9
                                    

Unicode

အပိုင်း - ၄၅ စောစော ၀န်ခံဖို့လာတာ

အထက်တန်းကျောင်း S အတန်း တံခါးရှေ့

မုရှောင်းရှောင်က ကောင်လေးတစ်ယောက်ကို တားလိုက်ကာ

  "မင်္ဂလာပါ လုရိချန်ကို ခေါ်ပြီး ပြောပေးပါလား?
မုရှောင်းရှောင်ကသူ့ကိုရှာနေတယ်လို့  ကျေးဇူးတင်ပါတယ် နော် "

ကောင်လေးကသူမကို အံ့အားသင့်စရာကောင်းတဲ့အသံနဲ့ သူမကို သဲသဲမဲမဲစိုက်ကြည့်လိုက်ပြီး

"မင်းပဲကိုး မင်းဒီနေ့စောစောလာသားပဲ  ချစ်ရေးဆိုဖို့ တက်ကြွ‌ နေလိုက်တာ မဆိုးဘူး မဆိုးဘူး ရိုးသားမှုရှိတယ် "

တိုက်ဆိုင်စွာပဲ သူမ တားလိုက်တဲ့သူက သူမ မနေ့က တွေ့ခဲ့တဲ့ ကောင်လေးပင်ဖြစ်နေသည်

မုရှောင်းရှောင် ကခါးသီးစွာပြုံးပြလိုက်ပြီး

  "ချစ်ရေးဆိုဖို့ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ်  ကျေးဇူးပြုပြီး လုရိချန်ကိုခေါ်‌ ပေးပါ၊ ကျေးဇူးတင်ပါတယ်။ "

"အိုကေ ကောင်းပါပြီ မင်းကအရမ်းချစ်စရာကောင်းတဲ့ အတွက် မင်းကိုငါကူညီပါ့မယ်  မင်းမှာ အဲဒီရေခဲတုံးကြီး အရည် ပျော်သွားအောင် လုပ်နိုင်မယ့် နည်းလမ်း ရှိမယ်လို့ ငါယုံတယ် ကြိုးစားထား "

သူကကတိပေးပြီးနောက် အလွန်ရွှင်လန်းစွာဖြင့် မုရှောင်းရှောင်ကို ကြည့်လိုက်ပြီး စာသင်ခန်းထဲ ၀င်ကာ

“ လုရိချန်  မင်းကို ရှာနေတဲ့မိန်းကလေးတစ်ယောက်ရှိတယ် အရမ်းချစ်စရာကောင်းတာပဲ သူမက မုရှောင်းရှောင်လို့ခေါ်တယ်"

မုရှောင်းရှောင် အပြင်ဘက်မှာ စောင့်နေပြီး လုရိချန်
ထွက်မလာမည်ကို စိုးရိမ်မိသည် ဒါပေမယ့် သူမ လုရိချန် သေချာပေါက် ထွက်လာရန်မမျှော်လင့်ထားခဲ့ပါ

လုရိချန် တကယ်ကြီးထွက်လာတာကို တွေ့လိုက်ရတော့သူမအံ့သြသွားမိသည်

"ရှင်  ... ထွက်လာတယ် ?  "

"ကောင်းပြီ ပြော  ကိစ္စတစ်ခုခုရှိလို့လား"

  လုရိချန်ရဲ့ သဘောထားသည် မုရှောင်းရှောင်ကို အခုထိ အနည်းငယ် စိတ်မချမ်းမသာဖြစ်‌စေတာကြောင့် သူမ စိတ်ဓာတ်ကျသွားမိသည် ဒါ့ကြောင့် သူမကို နားလည်မှုလွဲနေတာကို သူမ သေသေချာချာ ရှင်းလင်းလိုသည်

ချစ်ခြင်းဘီလီယံ  ( Billion of Pampering Only For You)Where stories live. Discover now